Go with Su Collect Your Moments

𝐌𝐨 𝐂𝐡𝐢𝐭 𝟐 𝐁𝐮𝐬 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥 𝐎𝐫 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐁𝐮𝐬 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥  🇹🇭 ထိုင်းနိုင်ငံအနှံ့ ဘယ်ကိုပဲ ခရီးဆက်ဆက် Bangkok ရဲ့ အကြီးဆုံး Mochit 2...
18/09/2026

𝐌𝐨 𝐂𝐡𝐢𝐭 𝟐 𝐁𝐮𝐬 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥 𝐎𝐫 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐁𝐮𝐬 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥

🇹🇭 ထိုင်းနိုင်ငံအနှံ့ ဘယ်ကိုပဲ ခရီးဆက်ဆက် Bangkok ရဲ့ အကြီးဆုံး Mochit 2 Bus Terminal ကို အရောက်လာဖို့ လိုပါလိမ့်မယ်ရှင့်

အရောက်တော့ လာခဲ့ပြီ.. ဘယ်မှာ လက်မှတ်လဲပြီး ဘယ်ကို သွားရမလဲ မသိသေးဘူးဆိုရင် Mochit 2 မှာဘယ်နား ဘာရှိ သိဖို့ ဖတ်ထား/သိမ်းထားလိုက်တော့နော်

🖨 လက်မှတ်ဝယ်ရန် or လက်မှတ် ထုတ်ရန်
🎟️ Ticket Counter 2️⃣ နေရာ ရှိပါတယ်
➺ ပထမထပ် (𝑭𝒍𝒐𝒐𝒓 𝟏)
⤷ မြောက် (ချင်းမိုင်၊ မယ့်ဟောင်ဆောင်၊ မဲဆောက်၊ ...)
⤷ အလယ် (Phetchabun, Sukhothai, Phitsanulok, ..)
⤷ အရှေ့ပိုင်း (Rayong, Trat, Prachinburi,..) ဖက် သွားတဲ့ လက်မှတ်ကောင်တာ..
➺ တတိယထပ် (𝑭𝒍𝒐𝒐𝒓 𝟑)
⤷ အရှေ့မြောက် Isan (Khon Kean, Mukdahan, Ubon, .. စတဲ့ မြို့တွေကို သွားတဲ့ လက်မှတ်ကောင်တာ

🍜 ဗိုက်မဖြည့်လာတဲ့ သူတွေအတွက် 𝑭𝒐𝒐𝒅 𝑪𝒐𝒖𝒓𝒕
Food Court လဲ ပထမထပ်နဲ့ တတိယထပ် 2 ခုလုံးမှာ ရှိပါတယ်.. Coupon နဲ့ပဲ ၀ယ်သုံးရပြီး ပိုနေရင် ငွေသားပြန်လဲလို့ ရပါတယ်ရှင့်

🧳 တခြား 𝑭𝒂𝒄𝒊𝒍𝒊𝒕𝒊𝒆𝒔 တွေကတော့
🔋 Free သွင်းလို့ရတဲ့ Charging Stations
🪠 Free Toilet
🚿 Shower - 10 THB
🎒 Luggage Lockers၊ Locker မသုံးချင်ရင် Storage place အသေးလေးတွေမှာလဲ အပ်လို့ရပါတယ်
👶 Nursing Room

🏪 Mochit But Terminal က 24 နာရီ ဖွင့်ပါတယ်
🧑‍💻Ticket Counter တွေကဝောာ့ မနက် 5:00 ကနေ ည 10:00 နာရီ (NCA 11.00 PM)အထိ ဖွင့်ပါတယ်ရှင့်

🚏 𝑷𝒖𝒃𝒍𝒊𝒄 𝑻𝒓𝒂𝒏𝒔𝒑𝒐𝒓𝒕 နဲ့ 𝑴𝒐 𝑪𝒉𝒊𝒕 𝟐 ကို ဘယ်လိုသွားမလဲ?
🚆 BTS ဆို Mo Chit Station/ MRT ဆို Chatuchak Park မှာ ဆင်းပြီး Mochit 2 Bus Terminal ကို လိုင်းကား or Bike နဲ့ ဆက်သွားပါရှင့်..
❗သွားနေကျ မဟုတ်ရင် Taxi/bike သာ စီးပါရှင့်❗

✈️ 𝐀𝐢𝐫𝐩𝐨𝐫𝐭 🔁 𝐁𝐮𝐬 𝐓𝐞𝐫𝐦𝐢𝐧𝐚𝐥 ကိုဆိုရင်
Don Mueang Airport to Mochit 2 - A1
Suvarnabhumi Airport to Mochit 2 - S6 (555)

📌 Taxi Pin ထောက်မယ်ဆိုရင်
𑣲𝐆rab: 𝗕𝗮𝗻𝗴𝗸𝗼𝗸 𝗕𝘂𝘀 𝗧𝗲𝗿𝗺𝗶𝗻𝗮𝗹 (𝗠𝗼𝗰𝗵𝗶𝘁 𝟮)
🚗 Grab Car: ကားက ဂုန်းကျော်ပေါ် တက်ခွင့်ရလို့ တတိယထပ် အပေါက်၀ ရှေ့ကို ရောက်သွားတတ်ပါတယ် (စု customer တွေ အမြဲ တိုင်ပတ် 😁) ချင်းမိုင် သွားမဲ့သူဆို အောက်ထပ် 1st Floor ကို ဓါတ်လှေကား (or ရိုးရိုးလှေကား) နဲ့ပြန်ဆင်းပြီး physical Ticket လဲရမှာပါ
🏍️ Grab Bike: သူကတော့ အထဲလဲ ၀င်မရ၊ အပေါ်လဲ တက်ခွင့် မရတာကြောင့် ဘတ်စ်၀င်း အပြင်ဖက် ချပေးပါလိမ့်မယ်ရှင့်
𑣲𝐁olt: ရွေးစရာ 2 ခု ပေးထားပါတယ်.. 𝗠𝗼𝗰𝗵𝗶𝘁 𝟮 𝗕𝘂𝘀 𝗧𝗲𝗿𝗺𝗶𝗻𝗮𝗹 (ဘတ်စ်၀င်း အပြင်ဖက်) 𝗢𝗿 𝗞𝗮𝗺𝗽𝗵𝗮𝗲𝗻𝗴𝗽𝗵𝗲𝘁 𝟮 𝗥𝗱 𝗘𝗻𝘁𝗿𝗮𝗻𝗰𝗲 (တတိယထပ်) အဆင်ပြေရာ ရွေးပါရှင့်

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻






18/09/2026

Wat Mani Phraison

1785 မှာ တည်ထားခဲ့တဲ့ မဲဆောက်မြို့ရဲ့ သက်တမ်း အကြီးဆုံး ဘုရားကျောင်း
ဒီသိမ်ကျောင်းက နှစ်ပေါင်း 200 သက်တမ်းရှိပြီလို့ ပြောပါတယ်.. တံခါးမှာ မွန်စာတွေပါ တွေ့နိုင်ပါတယ်






CJ မှာ Buy 1 Get 1 promotion လေးတနင်္လာနဲ့ ဗုဒ္ဓဟူး (ပုံထဲက အတိုင်း) ရက်တွေမှာ ရပါတယ်နော် ဒီနေ့ ကော်ဖီ ၀င်၀ယ်တော့ B1 G1 ...
18/09/2026

CJ မှာ Buy 1 Get 1 promotion လေး
တနင်္လာနဲ့ ဗုဒ္ဓဟူး (ပုံထဲက အတိုင်း) ရက်တွေမှာ ရပါတယ်နော်
ဒီနေ့ ကော်ဖီ ၀င်၀ယ်တော့ B1 G1 promotion လဲ မရှိဘူးလို့ ပြောတာ ၀န်ထမ်းလေး ကြားသွားတော့ တခွက်၀ယ်ရင် နောက်တခွက်ကို 20 ဘတ်လျှော့ပေးတယ်တဲ့.. ဆိုတော့ တခွက်ကို 30 (ပုံမှန် 40) နဲ့ ရလာတယ် 🤭

စကားမစပ် မဲဆောက်မှာ စားကောင်းတဲ့ ဆိုင်လေးတွေ ညွှန်းပေးပါဦး.. တမနက်လုံးတော့ ဗိုက်ထဲဆန့်သလောက် လက်ထဲလဲ အိတ်ပိစိတွေနဲ့ စားခဲ့ သယ်ခဲ့တာပဲ 😂😂



17/09/2026

မကောင်းတာတွေ ဟိုးအဝေး ပြေးပြေး
ကောင်းတာမှန်သမျှ အမြန်လာ လာ 😁
ဘယ်လို ကောင်းတဲ့အရာတွေ နောက်ထပ်လာ‌စေချင်လဲ ပြောကြည့်ကြည့်

Crd

🏮 Mᨵׁׅᨵׁׅꪀׁׅᥣׁׅ֪ꪱׁׅᧁׁhׁׅ֮tׁׅ ɑׁׅ֮tׁׅ Lυׁׅꫀׁׅܻꪀׁׅꭈׁׅꪱׁׅtׁׅ  🌝 Yaowarat ကLuenrit Community ရဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော် (...
16/09/2026

🏮 Mᨵׁׅᨵׁׅꪀׁׅᥣׁׅ֪ꪱׁׅᧁׁhׁׅ֮tׁׅ ɑׁׅ֮tׁׅ Lυׁׅꫀׁׅܻꪀׁׅꭈׁׅꪱׁׅtׁׅ 🌝

Yaowarat ကLuenrit Community ရဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော် (Mid-Autumn Festival)

⛩️ Chinatown တရုတ်ရိုးရာ ယဉ်ကျေးမှု၊ အစားအစာ၊ တေးဂီတနဲ့ ပျော်ရွှင်စရာ Activities တွေ
🏮 မီးပုံးလေးတွေနဲ့ မီးအလှဆင်
🎶 တရုတ်ရိုးရာ ဂီတနဲ့ ဖျော်ဖြေပွဲ
🎨 တရုတ်စတိုင် Workshop & လက်မှုပညာများ

📅 24 - 26 September 2026
⏰ 4.30 to 9.00 PM
📍 Luenrit Community, Yaowarat

🚇 MRT Sam Yot – Exit 1 ကနေ ထွက်ပြီး လမ်းလျှောက်သွားလို့ ရပါတယ်ရှင့်
🎟️ **ဝင်ကြေး အခမဲ့!**

🏆အထူးအစီအစဉ် အနေနဲ့
25 Sept, 7:00–8:30 PM မှာ Moon Worship Table Competition
🥮 26 Sept - Mooncake Workshop

ထိုင်းမှာရှိတဲ့ တရုတ်လူမျိုးတွေရဲ့ လမုန့်ပွဲကို သွားမယ်ဆိုရင်တော့ date လေးကို သေချာသာ မှတ်ထားလိုက်တော့နော်

Photo Crd

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻






🌊 ဖူးခက်ကို ရောက်လို့ နေ့လည်နေ့ခင်း အေးဆေး နားရင်း အသစ်အဆန်းဖြစ်မဲ့ နေရာလေးတခု ရှာနေလား .. ပုံမှန် Aquarium နဲ့မတူပဲ ကို...
16/09/2026

🌊 ဖူးခက်ကို ရောက်လို့ နေ့လည်နေ့ခင်း အေးဆေး နားရင်း အသစ်အဆန်းဖြစ်မဲ့ နေရာလေးတခု ရှာနေလား .. ပုံမှန် Aquarium နဲ့မတူပဲ ကိုယ့်ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကဖန်တီးမှုထားတာကို အဆင့်မြင့် နည်းပညာနဲ့ သက်၀င်လှုပ်ရှားစေမဲ့ Experience တစ်ခုရှာနေတယ်ဆိုရင် 𝐌𝐀𝐘𝐀 𝐌𝖾ᑯ𝗂α 𝐀𝗋𝗍 𝐌υ𝗌𝖾υꭑ လေး ရှိနေပါတယ်

🪐 MAYA Media Art Museum ကို ဝင်လိုက်တာနဲ့စိတ်ကူးထဲက ကမ္ဘာငယ်တခုဆီ ရောက်သွားသလို ခံစားရစေမဲ့ နေရာလေး
🔮 “𝐖𝐚𝐥𝐤 𝐈𝐧𝐭𝐨 𝐃𝐫𝐞𝐚𝐦𝐬 – 𝐁𝐞𝐲𝐨𝐧𝐝 𝐑𝐞𝐚𝐥𝐢𝐭𝐲” ဆိုတဲ့ Concept နဲ့ ဖန်တီးထားတဲ့ ဒီပြတိုက်လေးထဲမှာ အလင်း၊ အရောင်၊ အသံနဲ့ Visual Effects တွေ ပေါင်းစပ်ဖန်တီး ပေးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာငယ်လေးကို Zone 7 ခုနဲ့ ပြပေးထားပါတယ်ရှင့်
🐉 ကောင်းကင်ဘုံရဲ့ နဂါး
🦅 Golden Griffin
🦌 Aurora Deer
🐰 Moon Rabbit အပြင် ကိုယ်တိုင် အရုပ်ဆွဲပြီး animation ပုံ လုပ်တာနဲ့ တခြား activities တွေလဲ ရှိပါသေးတယ်

⏰ Open daily (10:30 AM - 7:00 PM)
(Last entry 6:00 PM)
📍 Central Floresta, B1 Floor
(Aquaria Phuket zone ထဲမှာ ရှိပါတယ်ရှင့်)
🎟️ Promotion Period (Tourist ဈေး)
Adult 450B/Child 270B (30 Sept 2026 ထိ)

Photo Crd

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻






🇪🇸 𝐎𝐍𝐄 𝐒𝐌𝐀𝐋𝐋 𝐖𝐎𝐑𝐋𝐃 – 𝐎𝐍𝐄 𝐒𝐇𝐀𝐑𝐄𝐃 𝐖𝐎𝐑𝐋𝐃 𝐒ρα𐓣𝗂𝗌ɦ 𝐍𝗂𝗀ɦ𝗍 𓄀 စပိန်နဲ့ ကမ္ဘာတစ်ဝန်းက ယဉ်ကျေးမှု၊ ခရီးသွားအတွေ့အကြုံ၊ အစားအစာ၊ တေ...
14/09/2026

🇪🇸 𝐎𝐍𝐄 𝐒𝐌𝐀𝐋𝐋 𝐖𝐎𝐑𝐋𝐃 – 𝐎𝐍𝐄 𝐒𝐇𝐀𝐑𝐄𝐃 𝐖𝐎𝐑𝐋𝐃 𝐒ρα𐓣𝗂𝗌ɦ 𝐍𝗂𝗀ɦ𝗍

𓄀 စပိန်နဲ့ ကမ္ဘာတစ်ဝန်းက ယဉ်ကျေးမှု၊ ခရီးသွားအတွေ့အကြုံ၊ အစားအစာ၊ တေးဂီတနဲ့ ပျော်ရွှင်စရာ Activities တွေကို တစ်နေရာတည်းမှာ စုစည်းထားတဲ့ Event

🪭 ဒီပွဲလေးကို EmQuartier မှာ 4 ရက် ကျင်းပမှာ ဖြစ်ပြီး လူကြီးတွေတင် မက ကလေးလေးတွေပါ ၀င်ဆော့လို့ရမဲ့ ပျော်စရာ Activities လေးတွေ ထည့်ပေးထားပါတယ်.. စပိန်စာကို သင်နေတာပဲဖြစ်ဖြစ် Authentic စပိန် အစားအသောက်၊ ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်ဆိုတဲ့သူတွေအတွက် အခွင့်အရေးလေးပါရှင့်

🇪🇸 Special Spanish Night ကိုတော့ 19 Sept 2026 မှာ လုပ်မှာပါ.. စပိန်ရဲ့ ယဉ်ကျေးမှုအငွေ့အသက်တွေဖြစ်တဲ့
🍽️ Spanish Food
🍷 W**e
🎶 Live Music
💃 Live Performances တွေကို စပိန်ထိ သွားစရာ မလိုပဲရနိုင်မဲ့ Replica Spanish Night လေးပါရှင့် 🤭

ပွဲတော်ရက်ကတော့
📅 17–20 Sept 2026
⏰ 10.00 AM to 10.00 PM
📍 EmQuartier

4 ရက်တာကျင်းပမယ့် ဒီ Event မှာ လူကြီးရော ကလေးပါ ပါဝင်ဆင်နွှဲနိုင်တဲ့ Activities တွေ ထည့်သွင်းပေးထားပါတယ်

🥘 မတူညီတဲ့ အစားအစာ၊ ယဉ်ကျေးမှု၊ အသစ်အဆန်း‌ တွေ ရှာဖွေရတာ ကြိုက်တဲ့သူတွေအတွက် 💕

Crd to Spanish Embassy in Thailand

🧳જ⁀➴ ထိုင်းနိုင်ငံထဲ ဘယ်ပဲ သွားသွား လိုအပ်တဲ့ ရထား/ကား/လေယာဉ်လက်မှတ်က စလို့ အပန်းဖြေ ကစားကွင်း လက်မှတ်၊ Dinner Cruise၊ ကားစီးလုံးငှားတာအပြင် MMK to THB to MMK အဆုံး တနေရာထဲ One Stop ရနိုင်တဲ့ 𝓖𝓸 𝔀𝓲𝓽𝓱 𝓢𝓾 မှာ ၀န်ဆောင်မှု ရယူနိုင်ပါပြီရှင့် ✌︎㋡

𝓒𝓸𝓵𝓵𝓮𝓬𝓽 𝓨𝓸𝓾𝓻 𝓜𝓸𝓶𝓮𝓷𝓽𝓼 𝔀𝓲𝓽𝓱 𝓢𝓾 🌻






13/09/2026

10 နှစ်သားလေးရဲ့ Show




ที่อยู่

Bangkok
10200

เบอร์โทรศัพท์

+66829599329

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Go with Suผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Go with Su:

ทางลัด

แชร์