တော်လှန်ရန်ကုန် တိုက်ပွဲဇုန်

တော်လှန်ရန်ကုန် တိုက်ပွဲဇုန် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก တော်လှန်ရန်ကုန် တိုက်ပွဲဇုန်, จำหน่ายบัตร, Bangkok.

06/03/2025

တော်လှန်ရန်ကုန်တိုက်ပွဲဇုန် ကံစမ်းလက်မှတ်များဝယ်ယူအားပေးခဲ့သော မိဘပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

တိုက်ပွဲဇုန် ပေါက်မဲများဖြစ်ကြသော
ပထမဆု - ပြင်ဦးလွင် မြေကွက်
ဒုတိယဆု - အမေစု ပုံရွှေလောကတ်
တတိယဆု- ပလတ်တီနမ် လောကတ်
တို့ကို ဆွတ်ခူးသွားကြသော မိဘပြည်သူများအတွက်လဲ ဝမ်းမြောက်ပါကြောင်း တိုက်ပွဲဇုန် မောင်နှမများမှ လေးစားစွာ အသိပေးအပ်ပါသည်။

ဆုများထဲတွင် ဒုတိယဆုကို ကြော်ငြာစဥ်အခါတည်းကမှ အမေစုပုံလောကတ် ပဲကြောငြာရမည့်အစား ဆွဲကြိုးပါ ထည့်သွင်းမှားရွင်းရေးမိသောကြောင့် အထင်မှားမှုများဖြစ်သွားရစေတာကို အနူးအညွတ်တောင်းပန်အပ်ပါသည်။
ထို ဆုများမှာ စေတနာရှင်ပြည်သူများမှ ပေးပို့ လှူတန်း ထားသော ပစ္စည်းများဖြစ်ပါသည်။

ဆုမဲများပေးပို့လှုတန်းပေးသော စေတနာရှင်များကိုလည်း များစွာ ကျေးဇူးတင်ရှိပါကြောင်း တိုက်ပွဲဇုန်မောင်နှမများမှ ပြောကြားလိုပါသည်။

ယခုလိုတော်လှန်ရေးကြီး အချိန်ကြာ လာသည်နှင့်အမျှ မဆုတ်မနစ် ကျွနုပ်တို့နှင့် အတူ ကြံ့ကြံ့ခံ ရပ်တည် ထောက်ပံ့ အားပေး ကြသည့် ကျေးဇူးရှင်မိဘပြည်သူများအပေါ် သစ္စာမဖောက်ပဲ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် တည့်မတ်စွာ ဆက်လက်လျောက်လှမ်းသွားပါမည့်အကြောင်း ကတိပေးအပ်ပါသည်။

01/11/2024

၂၀၂၃ ဒီဇင်ဘာ15ရက် မှာစတင်မိတ်ဆက်ပေးခဲ့တဲ့ ရန်ကုန်သိမ်းကူမြေကွက်ယူ ပန်းမြိုတော်မှာအနားယူ ဆိုတဲ့ ကမ်ပိန်းအတွက် ကံစမ်းမဲနှိုက်အစီစဉ်လေးစတင်ပါပြီ။ရင်ခုန်ကြည်ရှူ့ရင်း ကံထူးကြပါစေ။

#တော်လှန်ရန်ကုန် တိုက်ပွဲဇုန် #ပြင်ဦးလွင် #တော်လှန်ရေး #ရန်ကုန်UG

01/11/2024

ကံအကောင်းဆုံး မဲလက်မှတ် ပိုင်ရှင် ဘယ်သူဖြစ်မလဲဆိုတာကို မြန်မာစံတော်ချိန် ည ၈:၀၀ နာရီ မှာကျွန်တော်တို့ page ရဲ့ live မှာလာရောက်ကြည့်ရှူ့ရင်ခုန်ပေးကြပါခင်ဗျာ

27/10/2024

၂၀၂၃ ဒီဇင်ဘာ15ရက် မှာစတင်မိတ်ဆက်ပေးခဲ့တဲ့ ရန်ကုန်သိမ်းကူမြေကွက်ယူ ပန်းမြိုတော်မှာအနားယူ ဆိုတဲ့ ကမ်ပိန်းလေးကိုတော့ ၃၀.၁၀.၂၀၂၄ ( ဗုဒ္ဓဟူးနေ့ ) မှာ မဲလက်မှတ် အရောင်းပိတ်သိမ်းမှာဖြစ်ပြီး ၁.၁၁.၂၀၂၄ ( သောကြာနေ့ ) မြန်မာစံတော်ချိန် ည ၈:၀၀ နာရီတိတိမှာ တော့ တော်လှန်ရန်ကုန်တိုက်ပွဲဇုန် page ကနေ live လွှင့်ပြီး ပေါက်မဲများကို မဲနှိုက်ကြော်ငြာပေးသွားမှာဖြစ်ပါတယ်။ဘယ်မဲနံပါတ်က ကံထူးရှင်ဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်တို့ live မှာ အားလုံးဝင်ရောက်ကြည့်ရှု ရင်ခုန်ပေးကြပါဦးလို့ တိုက်တွန်းပါရစေ။

#တော်လှန်ရန်ကုန် တိုက်ပွဲဇုန် #ပြင်ဦးလွင် #တော်လှန်ရေး #ရန်ကုန်UG

08/08/2024

ရန်ကုန်တိုင်းအတွင်း အခြေစိုက်သော ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၏ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ယခု “တော်လှန်ရန်ကုန် တိုက်ပွဲဇုန်” ဆိုတဲ့ကမ်းပိန်းလေးကို ပြည်သူများအနေဖြင့် အားဖြည့်ကူညီပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်ခင်ဗျာ။

ကျပ်ငွေစျေးတွေ ကျနေပေမဲ့ လက်မှတ်စျေးနှုန်းများကို
ပုံမှန်အတိုင်းပဲ ရောင်းချပေးထားပါတယ်ခင်ဗျာ။

မြန်မာ - 30,000 Ks
Thai - 350 Baht
Australia- 15 AUD
US - 10$
UK - 10£
Korea- 13000 ₩
Singapore - 15$
Japan - 1500 ¥

တို့ပဲဖြစ်ပါတယ်

ပထမဆု
ပြင်ဦးလွင် မြေကွက်

ဒုတိယဆု
အမေစုပုံ လော့ကတ်နှင့် ရွေဆွဲကြိုး

တတိယဆု
ပလက်တီနမ် လော့ကတ်

ဆု (3) ဆု ရွေးချယ်ပေးမှာ ဖြစ်ပြီး ကံထူးရှင် ထံသို့
ဘေးကင်းလုံခြုံစွာ အပ်နှံပေးဖို့ စီစဥ်ပေးထားတာကြောင့်
စိတ်ချယုံကြည်စွာ ကံစမ်းနိုင်ပါတယ်..

မဲအစောင်ရေ အများကြီးကျန်ရှိနေသေးတာကြောင့်၊ စက်တင်ဘာ ၃၀ ရက်နေ့ မတိုင်ခင်အထိ ကျွန်တော်တို့
ကမ်းပိန်းလေးကို ထောက်ပံ့ကူညီပေးကြပါဦး ခင်ဗျ။

မဲဝယ်ယူရန်...
m.me/revolutionaryygnfundraiserteam

https://www.facebook.com/profile.php?id=100071898333078&mibextid=ZbWKwL

နှင့် “တော်လှန်ရန်ကုန် တိုက်ပွဲဇုန်” page messenger တွင် ဝယ်ယူထောက်ပို့ နိုင်ပါပြီ။

#ရံပုံငွေကံစမ်းမဲ
#တော်လှန်ရန်ကုန်တိုက်ပွဲဇုန်
#ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ
#ပြင်ဦးလွင်မြေကွက်ယူဖို့
#မဲဝယ်ယူရင်းကူကြစို့
#ရန်ကုန်

ရန်ကုန်မှာပြန်စုံဖို့ တပ်မဟာကို ပံ့ပိုးစို့
04/07/2024

ရန်ကုန်မှာပြန်စုံဖို့ တပ်မဟာကို ပံ့ပိုးစို့

13/06/2024

ကူကြအုံးစို့

05/06/2024

ထုတ်ပြန်ကြေညာစာတမ်း
စာအမှတ်။ ။ ( ၀၁/၂၄)
နေ့စွဲ ။ ။ (၅) ရက်၊ (၆) လ၊ (၂၀၂၄) ခုနှစ်
ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ စစ်ရေးလှုပ်ရှားမှုကြေငြာချက်
အကြောင်းအရာ။ ။အာဏာရှင်စစ်တပ်‌ထောက်တိုင်များအားတိုက်ခိုက်ခြင်း
-၄ရက်၊ ဇွန်လ၊ ၂၀၂၄ခုနှစ် ည(၉:၀၃)နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင် MEC နို့ချက်စက်ရုံ
- ၄ရက်၊ ဇွန်လ၊ ၂၀၂၄ခုနှစ် ည(၁၀:၁၁)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်( ၂)ရပ်ကွက် အုပ်ချုပ်ရေးရုံး
ပစ်မှတ်များအား အဝေထိန်းမိုင်းများဖြင့် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ ၏တပ်ခွဲ
Slayers of Tyrants တပ်ခွဲမှ အောင်မြင်စွာ တိုက်ခိုက်ခဲ့ပါသည်။
ပြည်သူလူထုတစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ်ပြတ် ခြေမှုန်းရန်အလို့ငှာ ၎င်း၏ စီးပွားရေးထောက်တိုင်များကို တိုက်ခိုက်ခြင်းမှာလည်း အဓိကျသောကြောင့် ပြည်သူများအနေဖြင့် ပစ်မှတ်များနှင့် ဝေးဝေးနေကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူဟုဆိုရာတွင် လူတန်းစားမရွေး မြန်မာပြည်တွင်းနေထိုင်သူများအားလုံးကိုဆိုလိုသည်။

အရေးတော်ပုံ အောင်ရမည်။
မှန်သည့်ဘက်သာ နိုင်ရမည်။

သတင်းနှင့်ပြန်ကြားရေးဌာ

16/05/2024

`

ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ

YANGON DISTRICT PEOPLE’S BRIGADE(YDPB)
1ရရ
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)
စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး‌(ခေါင်လွမ်း) (Rukhkyawng Hkawng Lum)၏ ဈာပနသို့
ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာမှ ပေးပို့သော
ဝမ်းနည်းကြောင်း သဝဏ်လွှာ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း အသက်(၆၂)နှစ်သည် ၂၀၂၄ခုနှစ်၊ မေလ၊ ၁၃ရက်နေ့တွင် ခရစ်တော်၌ အိပ်စက်အနားယူ အနားယူသွားခဲ့ပြီဖြစ်ကြောင်း ကြားသိရသဖြင့် လွန်စွာဝမ်းနည်း နှမြောတသဖြစ်ရပါသည်။

KIO ၏ အမြဲတမ်းဗဟိုကော်မတီဝင်၊ KIA စစ်ဦးစီးချုပ် အမှတ် (၁) စစ်ဒေသ၊ စစ်ဒေသမှူးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌ တော်လှန်ရေးတာဝန်များကို စတင်ထမ်းဆောင်သည့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်းမှစ၍ ကွယ်လွန်ချိန်အထိ တော်လှန်ရေးတာဝန်များကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ကချင်ပြည်နယ်သာမက ‌မြန်မာတစ်နိုင်ငံလုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသည့် တော်လှန်ရေးကာလ လမ်းခုလတ်တွင် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်းသည် အဖိနှိပ်ခံ ပြည်ထောင်စုသား အားလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။
စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ကချင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကာလအတွင်း အနစ်နာခံ ပေးဆပ်စွန့်လွှတ်မှုနှင့် လုပ်ဆောင်ချက်များအား လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုလျက် ဒူကမ္ဘာ ငြိမ်းချမ်းသောဘုရားသခင်ရဲ့ရင်ခွင်တော်မှာအနားယူနိုင်ပါစေရန် ရန်ကုန်တိုင်း ပြည်သူ့တပ်မှ နောက်ဆုံး ဂါရဝပြု ဆုတောင်းလိုက်ပါသည်။
Du Kaba Hkawng Lum Ngwi Pyaw ai Karai Kasang ah Jamung Dan hta ban sa nga u ga.

ရက်စွဲ။ ။၁၆၊၅၊၂၀၂၄

01/05/2024
06/04/2024

ရန်ကုန်တိုင်းတပ်မဟာအတွက် မဲလက်မှတ်များ ဝယ်ယူလိုပါက အောက်က Link ကိုနှိပ်ပြီး ကံစမ်းမဲများဝယ်ယူအားပေးနိုင်ပါတယ်။

m.me/revolutionaryygnfundraiserteam

ပြင်ဉီးလွင်မြေကွက်- လက်မှတ် ticket စေ◌ျးလေးတွေပါ။စစ်ကျွန်မခံဖို့ ရန်ကုန်ကိုကူညီရင်း မြေကွက်လက်မှတ်လေးတွေ ပါဝင် အားဖြည့်ပ...
20/03/2024

ပြင်ဉီးလွင်မြေကွက်- လက်မှတ် ticket စေ◌ျးလေးတွေပါ။
စစ်ကျွန်မခံဖို့ ရန်ကုန်ကိုကူညီရင်း မြေကွက်လက်မှတ်လေးတွေ ပါဝင် အားဖြည့်ပေးကြဖို့ CB ကိုလာခဲ့ကြနော်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ တော်လှန်ရန်ကုန် တိုက်ပွဲဇုန်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์


Bangkok บริการวางแผนกิจกรรมอื่นๆ

แสดงผลทั้งหมด