20/04/2026
၂၀၂၆ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလအတွင်း ကျွန်တော်တို့အဖွဲ့အနေနဲ့ TMF:LIQUID BLOOM ဂီတပွဲတော်ကြီးမှာ စင်မြင့်ဒီဇိုင်း၊ အသံ၊ အရုပ်၊ အလင်း စတဲ့ နည်းပညာဆိုင်ရာလုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ခွင့်ရခဲ့ကြပါတယ်။
ကျွန်တော်တို့အနေနဲ့ ပွဲတော်ရဲ့ ဦးတည်ချက်နဲ့လိုက်ဖက်ညီတဲ့ စင်မြင့်ဒီဇိုင်း၊ အသံ၊ အရုပ် နဲ့ အလင်းပိုင်းဆိုင်ရာ နည်းပညာတွေကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ပွဲတော်မတိုင်မီနှင့် ပွဲတော်ကာလအတွင်း နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကို အချိန်နဲ့တပြေးညီ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ မြန်မာ့အတာသင်္ကြန်အတက်နေ့အထိ အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ DM-4၊ LMH Stage and Truss၊ Phoe Kyaw Decoration နဲ့ နည်းပညာရှင်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
အထူးသဖြင့် မိမိတို့အား ယခုပွဲတော်ကြီးရဲ့ နည်းပညာ ပံ့ပိုးသူ လက်တွဲဖက်အဖြစ် တာဝန်ယူဆောင်ရွက်ခွင့်ပေးခဲ့တဲ့ H-Life Entertainment ကို အထူးကျေးဇူးတင်ရှိပြီး နောင်မှာလည်း အတူလက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံသားများအားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
#2026