22/03/2024
အာဘွားရနေပေမယ့် ရည်းစားတော့မဟုတ်ဘူးတဲ့လား 🫣
ဒါဆို ကိုယ့်ကိုဘယ်လိုသဘောထားနေတာပါလိမ့်🤔
ဒီလို အခြေအနေမျိုးရောက်နေတာကို situationship ဆက်ဆံရေးလို့ပြောကြပါတယ်။ Situationship ဆိုတာ relationship လို့ခေါင်းစဉ်မတပ်ဘဲ commitment တွေပေးစရာမလိုတဲ့ ဆက်ဆံရေးတစ်ခုကိုခေါ်တာဖြစ်ပါတယ်။ တချို့ကလည်း ချစ်သူရည်းစားလို့ခေါင်းစဉ်တပ်ဖို့ အဆင်သင့်မဖြစ်သေးလို့ situationship ထဲမှာနေပြီးမှ အဆင့်တက်ကြတာမျိုးလည်း ရှိကြပါတယ်။ relationship ထဲရောက်နေတာမဟုတ်ပေမယ့် ချစ်သူလို ရည်းစားလို ဂရုစိုက်တာ ကြင်နာတာတွေတော့ ခံရမှာပါ။ 🤪
တကယ်တော့ situationship ထဲမှာအကြာကြီးရောက်နေတာက ကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ကိုယ့်အပေါ် commitment သေချာမပေးနိုင်ဘဲနဲ့ အချိန်ကြာလာရင် ကြိုးရှည်ရှည်နဲ့လှန်ထားသလိုဖြစ်နေမှာပါ။ တစ်ခါတစ်လေမှာ ရှေ့ဆက်တိုးဖို့ မသေချာမရေရာတာမျိုးလည်းဖြစ်တတ်တာကြောင့် စိတ်မလုံခြုံတာမျိုးတွေ၊ စိတ်ဖိစီးရတာမျိုးတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ပြီးတော့ တစ်ဖက်လူက ခံစားချက်မရှိပေမယ့် ကိုယ်က ခံစားချက်တွေရှိသွားပြီး ပွင့်ပွင့်လင်းလင်းမရှိကြရင် ပြဿနာရှိလာနိုင်ပါတယ်။ ဘာလဲဆိုရင်တော့ အသည်းကွဲပြီး move on ဖို့ကြိုးစားရတဲ့ပြဿနာပေါ့နော်🤧
ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးက relationship ထဲတန်းဝင်ဖို့ အဆင်မပြေသေးလို့ အစပိုင်းမှာ situationship လုပ်ဖို့သဘောတူထားကြပေမယ့် အချိန်ကြာတဲ့အထိ အဆင့်မတက်သေးဘူးဆိုရင်တော့ နှစ်ဦးကြားက ဆက်ဆံရေးကိုပြန်ဆန်းစစ်ဖို့အတွက် အကြံပေးချင်ပါတယ်။ ကိုယ့်ကိုအပျင်းပြေအပျော်ကြံတာလား တကယ်ပဲ အဆင်သင့်မဖြစ်သေးတာလားဆိုတာကို သေချာစောင့်ကြည့်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်ကအဲ့လိုဆက်ဆံရေးထဲမှာ ရောက်နေတယ် ဒါမှမဟုတ် ရောက်တော့မယ်ဆိုရင် တစ်ဖက်လူနဲ့လည်း သေချာ communicate လုပ်ဖို့လိုပါလိမ့်မယ်။ တအားတွေအစွဲအလမ်းမကြီးဖို့လည်း သတိပေးလိုက်ပါတယ်နော် 🧏♀️
အဲ့လိုဆက်ဆံရေးတွေမဟုတ်ဘဲ တစ်ဆင့်ချင်းသွားပြီး ရည်းစားလိုချင်တဲ့သူတွေကတော့ A Date မှာ လာဒိတ်လို့ရနေပါပြီ။ A Date မှာဆိုရင် Virtual Blind Date, Coffee Date, Movie Date, Craft Date အဆင့်ဆင့်ရှိတာကြောင့် သေချာလေ့လာပြီး ဒိတ်လို့ရမှာနော်။ 😍
စိတ်ဝင်စားတယ်ဆို ခုပဲ register လာလုပ်လိုက်တော့ 🤩
https://forms.gle/6nhcKvPyEE5Zs96M7