တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံ

  • Home
  • တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံ

တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံ ချစ်ရတဲ့သတို့သတို့သမီးတွေရဲ့ အလှတရားကို ပိုမိုပေါ်လွင်အောင် ဖန်တီးပေးနိုင်တဲ့ တစ်ခုတည်းသော နေရာ

အငှားဈေးနှုန်းလေးတွေနဲ့ ရောင်းချပေးသွားမယ့်အလှဆုံးအထည်ဆုံး ထိုင်မသိမ်းကြီးတွေကိုရွေးချယ်ဝယ်ယူနိုင်မယ့် အခွင့်အရေးကြီးလာပ...
29/11/2024

အငှားဈေးနှုန်းလေးတွေနဲ့ ရောင်းချပေးသွားမယ့်

အလှဆုံးအထည်ဆုံး ထိုင်မသိမ်းကြီးတွေကို

ရွေးချယ်ဝယ်ယူနိုင်မယ့် အခွင့်အရေးကြီးလာပါပြီ

ခုနှစ်ထဲ မဂ်လာပွဲကျင်းပမယ့် သတို့သမီးလေးတွေအတွက်ကတော့

တကယ့်ကို ကံကောင်းစေတဲ့ အစီအစဥ်ကြီးပါပဲ

အပိုင်ရပြီး အသစ်တွေကို ဝတ်ဆင်ရတဲ့အပြင်

အငှားဈေးနှုန်းလောက်နဲ့ ဝတ်ဆင်ခွင့်ရမှာဖြစ်ပါတယ်

ဈေးနှုန်းလေးတွေအစားစားရှိလို့ ကြိုက်တဲ့ ဝတ်စုံလေးကို

Page Messenger ကနေ လာရောက်မေးမြန်းလို့ရပါတယ်ရှင်

ဈေးနှုန်းတွေကလည်း ၇ သိန်းတောင်မကျော်ဘဲ

၃သိန်းကနေစပြီး အစားစားရှိလို့

စိတ်ချလက်ချ လာမေးလိုက်ပါတော့နော်

✨ မြန်မာ့ရိုးရာ ထိုင်မသိမ်းဝတ်စုံဆိုတာ ဟိုးရှေးခေတ်ကတည်းက မိဖုရားများ၊နန်းတွင်းသူအပျိုတော်များနဲ့ မြန်မာ့အမျိုးသမီးများ ...
16/08/2024

✨ မြန်မာ့ရိုးရာ ထိုင်မသိမ်းဝတ်စုံဆိုတာ ဟိုးရှေးခေတ်ကတည်းက
မိဖုရားများ၊နန်းတွင်းသူအပျိုတော်များနဲ့ မြန်မာ့အမျိုးသမီးများ
ခေတ်အဆက်ဆက် ဝတ်ဆင်လာကြတဲ့ တင့်တယ်လှပလွန်းသော
ဝတ်စုံဖြစ်ပါတယ်ရှင်။

ယနေ့ခေတ်မှာဆိုရင်လည်း ပွဲလမ်းသဘင်များနဲ့ မင်္ဂလာယူကြတဲ့အချိန်အခါမျိုးတွေမှာ အလေးအမြတ် တန်ဖိုးထားဝတ်ဆင်လျက်ရှိပါတယ်နော်။

🔶မြန်မာ့ရိုးရာ ထိုင်မသိမ်းဝတ်စုံဟာ ကုန်းဘောင်ခေတ်လည်မှာ ထင်ရှားလာခဲ့ပြီး

🔶အမရပူရခေတ်

🔶ရတနာပုံခေတ်

🔶လွတ်လပ်ပြီးခေတ် တောက်လျောက်ကနေ ယနေ့ချိန်ထိ အမျိုးသမီးလေးတို့ ကျက်သရေဆောင် ဝတ်စုံလေးအဖြစ် ထင်ရှားနေဆဲဖြစ်ပါတယ်။

ရှေးယခင်က ထိုင်မသိမ်းကို ကိုယ်ကျပ်၊လက်ကျပ်၊ရင်စည်း၊ပုဝါတို့နဲ့ အတူ
ထဘီကို မြေမှာချပြီး ရေသီနားနဲ့ ဝတ်ဆင်ခဲ့ကြပါတယ်။

အင်္ကျီကို ခါးထောင်၊လည်ထောင်၊ ရွှေခြည်ထိုး၊ငွေခြည်ထိုးများနဲ့
အလှဆင်ပြီး ဇာနဲ့တွဲဖက်ကာ ချုပ်လုပ်ခဲ့ကြပါတယ်။

အခုခေတ်မှာတော့ ထိုင်မသိမ်းအင်္ကျီကို ရင်ခွက်အခံနဲ့ တွဲချုပ်ကြပြီး
ခါးထောင်ကို အနေတော်လေးထည့်သွင်းပြီး ရေသီနားကို လိုသလို
အတိုအရှည်ညှိပြီး ဝတ်ဆင်လေ့ရှိကြပါတယ်။

ဘယ်ဝတ်စုံတွေ ဘယ်လောက်လှလှ မင်္ဂဆောင်အချိန်အခါမှာတော့
ထိုင်မသိမ်းဝတ်စုံလောက် မြန်မာအမျိုးသမီးလေးတို့ကို ကျက်သရေရှိရှိ
ခမ်းနားထည်ဝါစေတဲ့ ဝတ်စုံမျိုး မရှိပါဘူးရှင်။

ဒါကြောင့် တစ်သက်မှာတစ်ခါသာ ဝတ်ဆင်ရတဲ့ အမှတ်တရဝတ်စုံလေးကို
မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ထိုင်မသိမ်းကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

🏡တော်၀င်သတို့သမီး ဆိုင်လိပ်စာ - အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

☎️ဖုန်းနံပါတ် - 09 764 236 533/ 09 650 000 407

#တော်ဝင်သတို့သမီး #မင်္ဂလာဝတ်စုံ #မင်္ဂလာဝတ်စုံအငှားဆိုင်

❤️တစ်သက်မှာ တစ်ခါပဲ ဝတ်ရတဲ့သတို့သမီးထိုင်မသိမ်းလေးကို အခမ်းနားဆုံးနဲ့ အထည်ဝါဆုံးဖြစ်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပ...
15/08/2024

❤️တစ်သက်မှာ တစ်ခါပဲ ဝတ်ရတဲ့သတို့သမီးထိုင်မသိမ်းလေးကို
အခမ်းနားဆုံးနဲ့ အထည်ဝါဆုံးဖြစ်ချင်ကြတာ
မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါရှင်။

✨မြန်မာအမျိုးသမီး တစ်ယောက်အနေနဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့
ထိုင်မသိမ်းနဲ့ မင်္ဂလာယူရခြင်းဟာ အင်မတန်မှ ကျက်သရေရှိလှပါတယ်နော်။

ကျွန်မတို့ တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံဆိုင်မှာဆိုရင်…

🌸ခေတ်မီဆန်းသစ်တဲ့ ထိုင်မသိမ်းဒီဇိုင်းမျိုးစုံ

🌸လင်းလက်တောက်ပနေစေမယ့် အကောင်းဆုံး Crystals များ

🌸အသားအရည်အတွက် အထူးသင့်တော်တဲ့ ပိတ်သားမျိုးစုံ

🌸ဒီဇိုင်နာလက်ရာ မင်္ဂလာဝတ်စုံဒီဇိုင်းမျိုးစုံတို့ကို တစ်နေရာထဲမှာ
စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီရှင်။

🔰ဒါ့အပြင် ထိုင်မသိမ်းငှားရမ်းတဲ့ သတို့သမီးလေးတွေအတွက်
မိတ်ကပ်ပြင်တဲ့အခါမှာ အဆင့်အတန်းမြင့်မြင့်လေးလှနေစေဖို့
အပေါ်ထပ် ဖဲဂါဝန်လေး အငှားလက်ဆောင်ထည့်ပေးပါတယ်။

🔰 ပြီးတော့ အရုပ်မလေးနဲ့ ဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ချင်တဲ့
သတီု့သမီးလေးတွေအတွက်လည်း ဝတ်စုံ Stand လေး
အငှားလက်ဆောင်ထည့်ပေးပါသေးတယ်နော်။

🔰ဒါတင်မကသေးဘဲ…လက်ကိုင်ပန်းအစစ်မကိုင်ချင်တဲ့
သတို့သမီးလေးတွေအတွက် ဝတ်စုံနဲ့ လိုက်ဖက်မယ့်
လက်ကိုင်ပန်းအခြောက်လေးတွေကို အငှားလက်ဆောင်
ပြင်ဆင်ပေးထားပါသေးတယ်ရှင်။

ဒါကြောင့် သတို့သမီးလေးတို့အတွက် အခမ်းနားဆုံးနဲ့
အလှပဆုံး ထိုင်မသိမ်းကိုမှ စိတ်ကြိုက်ရွေးချယ်ချင်တယ်ဆိုရင်
တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံဆိုင်ကို သတိရလိုက်ပါနော်။

🏡တော်၀င်သတို့သမီး ဆိုင်လိပ်စာ - အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊
သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

☎️ဖုန်းနံပါတ် - 09 764 236 533/ 09 650 000 407


#တော်ဝင်သတို့သမီး
#မင်္ဂလာဝတ်စုံ
#မင်္ဂလာဝတ်စုံအငှားဆိုင်

တော်၀င်သတို့သမီးရဲ့ အထူး၀တ်စုံတစ်စုံနဲ့ မိတ်ဆက်ပေးပါရစေ သတို့သမီးလေးတို့ရေဒီ၀တ်စုံလေးက တော်၀င်သတို့သမီးရဲ့ အထူး၀တ်စုံလေး...
21/07/2024

တော်၀င်သတို့သမီးရဲ့ အထူး၀တ်စုံတစ်စုံနဲ့ မိတ်ဆက်ပေးပါရစေ သတို့သမီးလေးတို့ရေ

ဒီ၀တ်စုံလေးက တော်၀င်သတို့သမီးရဲ့ အထူး၀တ်စုံလေးတစ်စုံပါပဲ

မင်မင်တို့ ဆိုင်ရဲ့ ပိုင်ရှင်မမ ကိုယ်တိုင် စိတ်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်

စိတ်ကူးစိတ်သန်းလေးက နူးညံ့လွန်းတာကတော့ ပ၀ါလေးကို ကြည့်လိုက်တာနဲ့သိသာပါတယ်နော်

နူးညံ့တဲ့ ငှက်မွေးလေးတွေကို လွင့်နေအောင် အနားကွပ်အလှဆင်ထားပြီး

ငှက်မွေးလေးတွေရဲ့သိမ်မွေ့ခြင်း ၊ ထည်၀ါခြင်း ၊ နူးညံ့ခြင်း ၊ ခမ်းနားခြင်းတွေ ပျောက်ကွယ်မသွားအောင်

Accessories နည်းနည်းလေးနဲ့ သပ်သပ်ရပ်ရပ်ဖန်တီးထားတဲ့ အထူး၀တ်စုံလေးဖြစ်ပါတယ်ရှင်

ကဲ သတို့သမီးလေးရဲ့မဂ်လာနေ့ရက်မှာ အထူးဖြစ်သွားစေမယ့် ဒီ၀တ်စုံလေးကို လာရောက်ရွေးချယ်လိုက်ပါနော်

တော်၀င်သတို့သမီး - အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ် - ၀၉ ၇၆၄-၂၃၆၅၃၃ ၊ ၀၉ - ၆၅၀၀၀၀-၄၀၇

တူတူအဖြေရှာကြည့်ကြမယ်တစ်ခါတစ်လေ မင်မင်တို့ မိန်းမသားတွေဘ၀က တကယ်မလွယ်ပါဘူးနော်သတို့သားက ရိုးရှင်းသလောက်မင်မင်တို့သတို့သမီ...
20/07/2024

တူတူအဖြေရှာကြည့်ကြမယ်

တစ်ခါတစ်လေ မင်မင်တို့ မိန်းမသားတွေဘ၀က တကယ်မလွယ်ပါဘူးနော်

သတို့သားက ရိုးရှင်းသလောက်

မင်မင်တို့သတို့သမီးလေးတွေမှာ ဘာရောင်၀တ်ရမလဲ ၊ မိတ်ကပ်ဘယ်လိုပြင်ရမလဲ ၊ ဆံပင်ကရော ဘယ်လိုလုပ်ရမှာလဲ ဆိုတဲ့ များလှစွာသော စဥ်းစားစရာတွေက အပြည့်နော်

တစ်ခါတစ်လေ တစ်ယောက်တည်းစဥ်းစားပြီး ခေါင်းတွေပါမူးနှောက်လာတဲ့အထိပါပဲ

ဒါ့ကြောင့် မင်မင်တို့က ချစ်ခင်ရင်းနှီးစွာ ဖြင့် သတို့သမီးလေးတွေ စဥ်းစားနေတာတွေကို တူတူ အဖြေရှာကြည့်ချင်ပါတယ်

ကဲ သတို့သမီးလေးတို့ရေ ဘာတွေများ ဦးနှောက်ခြောက်နေရလဲ

Comment မှာ ပြောပေးခဲ့ပါဦးနော်

မင်မင် ဖြေပေးဖို့ အသင့်စောင့်နေပါပြီရှင်

မိန်းကလေးတိုင်းမှာ အိမ်မက်ထဲက မဂ်လာ၀တ်စုံဆိုတဲ့ စိတ်ကူးလေးတော့ရှိကြမှာအမှန်ပါပဲမင်မင်ရဲ့ စိတ်ကူးထဲက မဂ်လာ၀တ်စုံလေးကတော့ ...
19/07/2024

မိန်းကလေးတိုင်းမှာ အိမ်မက်ထဲက မဂ်လာ၀တ်စုံဆိုတဲ့ စိတ်ကူးလေးတော့ရှိကြမှာအမှန်ပါပဲ

မင်မင်ရဲ့ စိတ်ကူးထဲက မဂ်လာ၀တ်စုံလေးကတော့

" အရောင်စပ်ထားတာလေးက ရိုးရှင်းပြီး ပ၀ါအရှည်ကြီးနောက်မှ ချထားရတဲ့ သတို့သမီး၀တ်စုံမျိူးလေး ၀တ်ပြီး မဂ်လာပွဲကျင်းပမယ့်လို့ အိမ်မက်တွေမက်ထားတာပေါ့။ "

ချစ်ရတဲ့ သတို့သမီးလေးတွေမှာရော မင်မင်လို ချစ်စရာကောင်းတဲ့ အိမ်မက်တွေရှိရင် Comment မှ မျှ၀ေပေးခဲ့ပါဦးနော်

ဒို့တွေ အိမ်မက်တွေများတူနေကြမလားပေါ့

မဂ်လာ၀တ်စုံရွေးချယ်ဖို့ သင့်ကိုစိတ်ချမ်းသာအောင် ဖန်တီးပေးနိုင်မယ့် နေရာလေးတစ်ခု ရှိပါတယ်ဒါ့ကြောင့် သတို့သမီးလေးတွေရဲ့ အက...
18/07/2024

မဂ်လာ၀တ်စုံရွေးချယ်ဖို့ သင့်ကိုစိတ်ချမ်းသာအောင် ဖန်တီးပေးနိုင်မယ့် နေရာလေးတစ်ခု ရှိပါတယ်

ဒါ့ကြောင့်

သတို့သမီးလေးတွေရဲ့ အကောင်းဆုံး၀တ်စုံကို ရှာဖွေမယ်ဆိုရင်တော့

တော်၀င်သတို့သမီး - အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ် - ၀၉ ၇၆၄-၂၃၆၅၃၃ ၊ ၀၉ - ၆၅၀၀၀၀-၄၀၇

သို့လှမ်းလာခဲ့လိုက်ပါနော်

မဂ်လာ၀တ်စုံရွေးချယ်တော့မယ်ဆိုရင် သတို့သမီးလေးတွေသတိထားသင့်တဲ့ အချက် (၅) ချက်၁. အရောင်လူတိုင်းမှာ လိုက်ဖက်တဲ့အရောင်ဆိုတာ ...
17/07/2024

မဂ်လာ၀တ်စုံရွေးချယ်တော့မယ်ဆိုရင် သတို့သမီးလေးတွေသတိထားသင့်တဲ့ အချက် (၅) ချက်

၁. အရောင်

လူတိုင်းမှာ လိုက်ဖက်တဲ့အရောင်ဆိုတာ ရှိကိုရှိပါတယ် အသားရေ နဲ့ လည်းမဆိုင်ပါဘူး တစ်ချိူ့က အသားဖြူနေတာတောင် မလိုက်ဖက်တဲ့ အရောင်ဆိုတာ ရှိပါတယ်

ဒါကို လူတိုင်းလည်းသိကြပါတယ် ငါ ဒီအရောင်လေး၀တ်လိုက်ရင် ပိုလှသွားသလိုပဲလို့ ခံစားမိတဲ့ အရောင်မျိူးပေါ့

နောက်တစ်ခုကတော့ မဂ်လာရောင်ပါ ကိုယ်က ကာလာဆန်းတွေကြိုက်တယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့ မဂ်လာပွဲနဲ့ လိုက်ဖက်တဲ့ မဂ်လာရောင်တော့ ရွေးချယ်သင့်ပါတယ်

ဒါမှ လူတွေရဲ့ မျက်လုံးထဲမှာ အသားကျပြီး ကိုယ့်ရဲ့ အလှက ပိုမိုထင်ရှားပေါ်လွင်စေမှာ ဖြစ်ပါတယ်

၂. ကိုယ်နေဟန်ထားနဲ့ လိုက်ဖက်ညီမယ့်ပုံစံ

လူတိုင်းမှာ ပိန်သည်ဖြစ်စေ ၀သည်ဖြစ်စေ ကိုယ်ပိုင်ဟန်ဆိုတာ ရှိပြီးသားပါ ဒီကိုယ်ပိုင်ဟန်ကို ဖျောက်ပြီး မလိုက်ဖက်တာတွေ ၀တ်ဆင်မိမှသာ အထူးဆန်းကြီး ဖြစ်သွားလေ့ရှိကြတာပါ

၀လို့မလှဘူး ပိန်လို့ မလှဘူးဆိုတာ မရှိပါဘူး အစကတည်းက ကျက်သရေ အပေါင်းနဲ့ ပြည့်စုံပြီးသား သတို့သမီးလေးမလို့ ကိုယ့်ရဲ့ ကိုယ်နေဟန်ထားနဲ့ လိုက်ဖက်တာကိုသာ ရွေးချယ်လိုက်ရင် အဲ့နေ့မှာ အလှဆုံးက ကိုယ်ဆိုတာ သေချာပါတယ်

၃. တီထွင်မှု့နဲ့ လက်ရာ

သတို့သမီးထိုင်သိမ်းရဲ့ အဓိက အကျဆုံးကတော့ လက်ရာပါပဲ ပွဲလည်တင့်ပြီးခမ်းနားထည်ဝါနေစေဖို့ဆိုတာ စီးကွင့်တွေ Accessories တွေရဲ့ ထိုးချက်လက်ရာပါပဲ

ဒီလိုထည်၀ါတဲ့ ၀တ်စုံမျိူးကို ၀တ်ဆင်မိမှ ကိုယ့်ရဲ့ အလှတရားကလည်းပိုမိုကြွား၀ါလာမှာ ဖြစ်ပါတယ်

၄. ပိတ်စအသား

သတို့သမီးထိုင်မသိမ်းကို ရွေးချယ်ကြတဲ့အခါ လှဖို့ ဦးစားပေးရွေးချယ်ကြတယ်ဆိုပေမယ့် ဟောင်းနွမ်းနေတဲ့ ပိတ်စအသားမျိူးတွေ

လူကို အလွန်အမင်းပူစေတဲ့ ပိတ်စအသားမျိူးတွေ

အကောင်းစား မဖြစ်နေတဲ့ ပိတ်စအသားမျိူးတွေက ပွဲမှာ ကိုယ့်ကို မျက်နှာငယ်စေရတာမို့ ပိတ်စအသားကိုပါ ထည့်သွင်းစဥ်းစားသင့်ပါတယ်

၅. Budget

မဂ်လာ၀တ်စုံဆိုတာ တစ်သက်မှာ တစ်ခါပဲ ၀တ်ရတယ်ဆိုတာ မှန်ပေမယ့် ၀တ်စုံတစ်မျိူးတည်းနဲ့ မဂ်လာပွဲကျင်းပလို့ရတာမျိူးတော့ မဟုတ်ပါဘူး

ကျန်တဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်ကည်း မသေးတာမို့

လှလှထည်ထည်လေးနဲ့ စျေးနှုန်းသင့်တင့်တဲ့ မဂ်လာ၀တ်စုံမျိူးဆို လုံလောက်ပါပြီ

ဒီလို ပြီးပြည့်စုံတဲ့ ၀တ်စုံမျိူးကို စျေးနှုန်းအတွက် စိတ်မပူရချင်ဘူးဆိုရင်တော့

တော်၀င်သတို့သမီး - အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ် - ၀၉ ၇၆၄-၂၃၆၅၃၃ ၊ ၀၉ - ၆၅၀၀၀၀-၄၀၇

သို့ လှမ်းလာခဲ့လိုက်ပါရှင်

အလှတရားကို ပိုမိုပြည့်စုံစေရုံမက 💯💯ကိုယ်ရွေးချယ်ထားတဲ့ သတို့သမီးဝတ်စုံနဲ့ လိုက်ဖက်မယ့် လက်ဝတ်ရတနာအလှကိုရှာနေတယ်ဆို ငွေသေ...
15/07/2024

အလှတရားကို ပိုမိုပြည့်စုံစေရုံမက 💯💯
ကိုယ်ရွေးချယ်ထားတဲ့ သတို့သမီးဝတ်စုံနဲ့ လိုက်ဖက်မယ့်
လက်ဝတ်ရတနာအလှကိုရှာနေတယ်ဆို ငွေသောာင်းဂဏန်းဝန်းကျင်နဲ့ တန်ဖိုးမြင့် လက်ဝတ်ရတနာများကိုငှားရမ်းပေးနေတဲ့ တော်ဝင်သတို့သမီးဆိုင်ရှိပါတယ် ❤

အလှဆုံးအခိုက်အတန့်ကို
တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံတွေနဲ့ ဖန်တီးလိုက်ပါ .....

အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

☎ဖုန်းနံပါတ် - ၀၉ ၇၆၄-၂၃၆၅၃၃ ၊ ၀၉ - ၆၅၀၀၀၀-၄၀၇

New  arrival ✨✨အသစ်စက်စက်ရောက်ထားတဲ့ သေသပ်လှပတဲ့ ပိုးထည်ချိတ်တွေက ပိုင်ရှင်သတို့သမီးလေးတွေကို မျှော်နေပါပြီနော် ❤🥰အလှဆုံ...
15/07/2024

New arrival ✨✨

အသစ်စက်စက်ရောက်ထားတဲ့ သေသပ်လှပတဲ့ ပိုးထည်ချိတ်တွေက
ပိုင်ရှင်သတို့သမီးလေးတွေကို မျှော်နေပါပြီနော် ❤🥰

အလှဆုံးအခိုက်အတန့်ကို
တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံတွေနဲ့ ဖန်တီးလိုက်ပါ .....

အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

☎ဖုန်းနံပါတ် - ၀၉ ၇၆၄-၂၃၆၅၃၃ ၊ ၀၉ - ၆၅၀၀၀၀-၄၀၇

တော်ဝင်သတို့သမီးရဲ့ မင်္ဂလာဝတ်စုံနဲ့ နတ်ဖက်လွန်းတဲ့ မင်္ဂလာဇနီးမောင်နှံတွေ 👨‍❤️‍💋‍👨👩‍❤️‍👩ရင်ခုန်ပျော်ရွှင်ရဆုံး မင်္ဂလာအ...
14/07/2024

တော်ဝင်သတို့သမီးရဲ့ မင်္ဂလာဝတ်စုံနဲ့
နတ်ဖက်လွန်းတဲ့ မင်္ဂလာဇနီးမောင်နှံတွေ 👨‍❤️‍💋‍👨👩‍❤️‍👩

ရင်ခုန်ပျော်ရွှင်ရဆုံး မင်္ဂလာအချိန်မှာ
အလှဆုံးဖြစ်ဖို့အတွက်ဆို တော်ဝင်သတို့သမီးကို သတိရလိုက်ပါနော်

အလှဆုံးအခိုက်အတန့်ကို
တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံတွေနဲ့ ဖန်တီးလိုက်ပါ

အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ် - ၀၉ ၇၆၄-၂၃၆၅၃၃ ၊ ၀၉ - ၆၅၀၀၀၀-၄၀၇

ခေတ်ပေါ်ဖက်ရှင်တွေ ဘယ်လောက်လှတယ်ပြောပြော မြန်မာ့မှုအပြည့်နဲ့ ပိုးထည်အလှတွေကို မှီပါ့မလား ?? အလှဆုံးအခိုက်အတန့်ကို တော်ဝင...
14/07/2024

ခေတ်ပေါ်ဖက်ရှင်တွေ ဘယ်လောက်လှတယ်ပြောပြော
မြန်မာ့မှုအပြည့်နဲ့ ပိုးထည်အလှတွေကို မှီပါ့မလား ??

အလှဆုံးအခိုက်အတန့်ကို
တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံတွေနဲ့ ဖန်တီးလိုက်ပါ

အမှတ်(၃၅၉), ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။

☎ဖုန်းနံပါတ် - ၀၉ ၇၆၄-၂၃၆၅၃၃ ၊ ၀၉ - ၆၅၀၀၀၀-၄၀၇

Address

အမှတ် (၃၅၉) ၊ ဆင်မလိုက်စျေးအနီး ၊ သရက်တော (၅) လမ်းထိပ် ၊ ကြည့်မြင်တိုင်မြို့နယ်

11111

Telephone

+959404230403

Website

Alerts

Be the first to know and let us send you an email when တော်ဝင်သတို့သမီး မင်္ဂလာဝတ်စုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Event Planning Service?

Share