Myanmar SF Bay Area

Myanmar SF Bay Area All the Burmese Events from San Francisco Bay Area, California USA

🌹🌹🌹The Distant Cafe🌹🌹🌹နွေဦးမှာ ဝေမြဲဝေမယ်ငါတို့ကရပ်မသွားဘူးဆက်သွားဦးမှာ ….- လွန်း‌မြေကျနော်တို့တိုင်းပြည်က လူငယ်ထုကို ဘယ...
09/19/2025

🌹🌹🌹The Distant Cafe🌹🌹🌹

နွေဦးမှာ ဝေမြဲဝေမယ်
ငါတို့ကရပ်မသွားဘူး
ဆက်သွားဦးမှာ ….
- လွန်း‌မြေ

ကျနော်တို့တိုင်းပြည်က လူငယ်ထုကို ဘယ်အာဏာရှင်အောက်မှ အကြောက်တရားမရှိစေရအောင် ဒီနေ့ ပြည်ပကိုခဏာတာ ရှောင်နေကြတဲ့ အနုပညာရှင်လူငယ်တွေစုပေါင်းပြီး ပြည်ပရောက်လူထုက ဝန်းရံကြတယ်။ သူတို့ရဲ့တော်လှန်သံတွေ လူတကာမြင်ခွင့်ရအောင် ဝိုင်းပြီးဖန်းတီးပေးကြတယ်။
ဒါကို အကြောင်းပြုပြီး အာဏာရှင်ကို ဆန့်ကျင်လဲ ငါတို့ရဲအလုပ်တွေ လုပ်ခွင့်ရတယ်။ လူထုဆက်ထောက်ခံကြတယ်ဆိုတဲ့ပြသခွင့်ကို အားလုံးမြင်ကြခြင်းဖြင့် အနာဂါတ် လူငယ်တွေက ဖိနှိပ်မူ့မှန်သမျှ ဆန့်ကျင်ရဲကြမယ်။ အမှန်တရားကို လုပ်နေသမျှဘယ်နေရာရောက်ရောက် ဘယ်တော့မပျောက်ကွယ်သွားဘူးဆိုတဲ့ နိုင်ငံရေးအသိကို ပေးဘို့ ဒီပွဲကို ခက်ခက်ခဲခဲ ဝိုင်းကြိုးစားကြတယ်။ အဆိုတော်လူငယ်တွေရဲ့ ကြိုးစားမူ့က လူကြီး လူငယ် ကလေးပါမကျန် ပျော်ရွင်ဖွယ်ကောင်းတဲ့ ရသပြည့်စုံတဲ့ညတည ဖြစ်ခဲ့တယ်လို့ဆိုရမယ်။ မိတ်ဆွေများအားလုံးကို အထူးလေးစားပါတယ်လို့ ဦးဆောင်သူများကိုယ်စားပြောပါရစေ။

🌹🌹🌹ပြည်သူမှ ပြည်သူသို့🌹🌹🌹

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာ
၀၉.၁၃.၂၀၂၅

#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်
#အရေးတော်ပုံမုချအောင်ရမည်
#တော်လှန်းရေး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ ဘာကလေမြို့တော်ခမ်းမရှေ့တွင်မြောက်ပိုင်းကယ်လီဖိုးနီးယား...
08/11/2025

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ ဘာကလေမြို့တော်ခမ်းမရှေ့တွင်
မြောက်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိဘပြည်သူများရဲ့
ရှစ်လေးလုံး အရေးတော်ပုံကြီး ၃၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် Burma Day အလံတင်ပွဲ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဗေးဧရိယာ
၀၈/၀၉/၂၀၂၅
#၃၇နှစ်မြောက်၈၈၈၈အထိမ်းအမှတ်
#မပြီးဆုံးသေးတဲ့၈လေးလုံး
#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်
#အရေးတော်ပုံမုချအောင်ရမည်
#တော်လှန်းရေး
#တော်လှန်မျိုးဆက်ပုန်ကန်ရုန်းထွက်
#၃၇နှစ်မြောက်၈၈၈၈အထိမ်းအမှတ်
#ကမ္ဘာလုံးဆိုင်ရာ၈၈၈၈ထီးသပိတ်လှုပ်ရှားမှု



၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ထီးသပိတ် လှုပ်ရှားမှု. Global Action - 8888 Umbrella Strike  အ...
08/08/2025

၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ထီးသပိတ် လှုပ်ရှားမှု.
Global Action - 8888 Umbrella Strike

အမေရိကန်ပြည်ထောင်စု
ကယ်လီဖိုးနီးယားပြည်နယ်
ဆန်ဖရန်စစ္စကိုမြို့
၈/၈/၂၀၂၅

"You should never let your fears prevent you from doing what you know is right."
— Aung San Suu Kyi

#၃၇နှစ်မြောက်၈၈၈၈အထိမ်းအမှတ်
#မပြီးဆုံးသေးတဲ့၈လေးလုံး
#နွေဦးတော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်
#အရေးတော်ပုံမုချအောင်ရမည်
#တော်လှန်းရေး
#တော်လှန်မျိုးဆက်ပုန်ကန်ရုန်းထွက်
#ကမ္ဘာလုံးဆိုင်ရာ၈၈၈၈ထီးသပိတ်လှုပ်ရှားမှု

ရောင်နီ Family နှင့် Free Burma Action Committee- San Francisco  ရဲ့ "ရောင်နီ Live in San Francisco"  ရန်ပုံငွေ ဂီတပွဲတေ...
06/22/2025

ရောင်နီ Family နှင့် Free Burma Action Committee- San Francisco ရဲ့ "ရောင်နီ Live in San Francisco" ရန်ပုံငွေ ဂီတပွဲတော်။
ရရှိလာမယ့် ရန်ပုံငွေများကို တော်လှန်ရေးမိသားစုဝင်များရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်များ၊ CDM မိသားစုများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ မိသားစုဝင်များ၊ နိုင်ငံရေးအကျဥ်းကျ မိသားစုဝင်များ၊ ငလျင်ဒဏ်ခံရသောဒေသများကို ဦးစားပေးထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ဗေးဧရိယာ
San Mateo Performing Arts Center
၀၆.၁၄.၂၀၂၅

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြ...
06/19/2024

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွါးရေးအကြံပေး Professor Sean Turnell ၏ “An Unlikely Prisoner” စာအုပ်လက်မှတ်ရေးထိုးပွဲနှင့် မြန်မာပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို Free Burma Action Committee-Northern California မှ စည်းကားသိုက်မြိုက်စွာ ကျင်း ပ ခဲ့သည်။

အခမ်းအနားသို့ Former Ambassador of Myanmar Scot Merciel နှင်ဇနီးတို့ မှတက်ရောက်ပြီး အမေးအဖြေကဏ္ဍ တစ်ရပ်ကိုလည်း ဆောင်ရွက်ပေးပြီး၊
အခမ်းအနားတွင် အကျဉ်းခံဘဝ Dr Sean ၏ အတွေ့အကြုံကိုအခြေခံပြီး နာမည်ကြီးပန်းချီဆရာ Wooh ရဲ့ပန်းချီကားတစ်ချပ်ကိုလည်း လေလံတင်ရောင်းချ။

𝐇𝐚𝐩𝐩𝐲 79𝐭𝐡 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 ပါအမေစု, State Counselor of Myanmar 🙏🙏🙏

အမေစုနှင့်တစ်ကွ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ပါစေ
🙏🙏🙏

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဗေးဧရိယာ
၀၆.၁၆.၂၀၂၄

“ငါတို့ပြည်ကို ငါတို့လှူမယ်” FBAC-Northern California ၏ ရုပ်ရှင်နှင့် စျေးရောင်းပွဲတော် မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှား...
05/23/2023

“ငါတို့ပြည်ကို ငါတို့လှူမယ်”

FBAC-Northern California ၏ ရုပ်ရှင်နှင့် စျေးရောင်းပွဲတော်

မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား)ရဲ့ (၁၃)ကြိမ်မြောက်နွေဉီးတော်လှန်ရေးရံပုံငွေ ရုပ်ရှင်နဲ့စျေးပွဲတော် ကို
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဘေးဧရီယာ ဒေးလီးစီတီမြို့မှာ
“မပြီးသေးဘူး၊ ငါတို့အလှည့်ကျန်သေးတယ်” နဲ့
“ရှိခဲ့သည်” ဇာတ်ကားတို့ကို ရုံတင်ပြသ။
၀၅/၂၀/ ၂၀၂၃

May 20,2023

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်







Burma's Federal Union Day Celebration, 2023Sacramento State Capitol California, USA တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား...
02/15/2023

Burma's Federal Union Day Celebration, 2023
Sacramento State Capitol
California, USA

တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စုပေါင်းညီညာစွာ ကျင်းပပြုလုပ်တည့်
၂၀၂၃ခုနှစ် ဖယ်ဒရယ်ပြည်ထောင်စုနေ့ အခမ်းအနား
နှင့်
မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် တောင်ကိုရီးယား နိုင်ငံမှ ချီးမြှင့်သော ကင်မ်ဂွန်းထယ် ဒီမိုကရေစီဆု ( ၂၀၂၂ ခုနှစ်) ဆုရ မပန်ဆယ် လိုအား မှတ်တမ်းတင် ဂုဏ်ပြုပွဲနှင့် ညစာ ဧည့်ခံပွဲ ကို ညနေ ၆ နာရီမှ ၈ နာရီ ထိ ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် စက်ကရက်မက်တို မြို့တွင် ကျင်းပခဲ့ရာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာပြည် ဒီမိုကရေစီပြန်လည်ထွန်းကားရေး တပ်ပေါင်းစု မဟာမိတ် ( Alliance for Democracy in Myanmar ) အဖွဲ့ အသီးသီးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာပြည် ဖယ်ဒရယ်ဒီမိုကရေစီ စနစ် ထွန်းကားရေး ဆောင်ရွက်နေသူများ၊ ပံ့ပိုးထောက်ပံ့နေသူများ၊ မပန်ဆယ်လို ၏ ပရိသတ်များ ဂုဏ်ပြုချီးမြှင့်ကြပါသည်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စက်ကရက်မက်တိုမြို့

⭐️East, West and The Middle
Let's Meet at the State Capitol!!⭐️

✊🏽ဖဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ
တွဲလက်ညီညီ အရောက်ချီတက်မည်။ ✊🏽

🚩Feb 11, 23 (Sat)
🚩1-5pm
🚩Sacramento State Capitol (West Steps),
1315 10th Street, Sacramento, CA

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်







(၈၃) ကြိမ်မြောက်လူထုသပိတ်တိုက်ပွဲ Free Burma Action Committee စစ်မိစ္ဆာတွေရဲ့အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့အားနဲ့ ပြတ...
11/23/2022

(၈၃) ကြိမ်မြောက်လူထုသပိတ်တိုက်ပွဲ Free Burma Action Committee

စစ်မိစ္ဆာတွေရဲ့အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့အားနဲ့ ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျတ်ကြ။

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့တွင် Free Burma Action Committee မှ (၈၃) ကြိမ်မြှောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ၁၁.၁၉.၂၀၂၂

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်







ဒါရိုက်တာ ကိုပေါက်ရဲ့ 🎬💄မသောက်မိသော မိုးခါးရေ ရုပ်ရှင် 🍿🎥 Free Burma Action Committee -Northern California မှစီစဉ် ပြီး ...
11/18/2022

ဒါရိုက်တာ ကိုပေါက်ရဲ့
🎬💄မသောက်မိသော မိုးခါးရေ ရုပ်ရှင် 🍿🎥

Free Burma Action Committee -Northern California မှစီစဉ် ပြီး ကိုပေါက် မပန်ဆယ်လို ဆရာမ နုယဉ် ကိုပေါက်ရုပ်ရှင်စီစဉ်ရေးအဖွဲ့သားများမှ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင်
နွေဦးမိသားစုညီအကိုမောင်နှမများ မိဘပြည်သူများရဲ့ပူးပေါင်းပါ၀င်ကူညီမှုများကြောင့် ရုံပြည့်ရုံလျှံ လူပေါင်း (၇၀၀) ကျော်ဖြင့်

🗓11/13/2023 Sunday
🎬Historic BAL Theatre မှာ အောင်မြင်စွာရုံတင်ပြသနိုင်ခဲ့ပါပြီ။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို ဘေဧရိယာ ၁၁.၁၃.၂၀၂၂

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်







မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား)ရဲ့(၈၁)ကြိမ်မြောက်အလံမလိပ်အသံမတိတ်ဆန်ဖရန်လူထုသပိတ...
10/31/2022

မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား)ရဲ့(၈၁)ကြိမ်မြောက်အလံမလိပ်အသံမတိတ်ဆန်ဖရန်လူထုသပိတ်တိုက်ပွဲ...

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့ရှိ ဒီမိုကရေစီအင်အားစုများ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားအင်အားစုများ၏ ကချင်ပြည်နယ် အနန့်ပါဒေသတွင် မြန်မာ့စစ်ကောင်စီ မှ လေယာဉ်ဗုံးကြဲသတ်ဖြတ်မှုကြောင့် ကျဆုံးသွားသောအာဇာနည် သူရဲကောင်းများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ၊

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ၁၀.၂၉.၂၀၂၂

United Multi-Ethnic Action against Myanmar Mililiary SAC's Airstrikes on Civilians in Kachin State, 10/29/22,
San Francisco, California USA

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်








မြန်မာပြည်သူပြည်သားအပေါင် အမြန်ဆုံး အေးချမ်းသာယာပါစေ 🙏
10/24/2022

မြန်မာပြည်သူပြည်သားအပေါင် အမြန်ဆုံး အေးချမ်းသာယာပါစေ 🙏

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့တွင် Free Burma Action Committee မှ (၇၆) ကြိမ်မြှောက် မြေပြင်လူထုသပိတ်တိုက်ပွဲ အမေ...
09/26/2022

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့တွင် Free Burma Action Committee မှ (၇၆) ကြိမ်မြှောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ ၀၉.၂၄.၂၀၂၂

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်







Address

San Francisco
San Francisco, CA
94102

Website

Alerts

Be the first to know and let us send you an email when Myanmar SF Bay Area posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar SF Bay Area:

Share