18/07/2026
DJ တစ်ယောက်ဖြစ် ဖို့ ဘာတွေ ပြင်ဆင်သင့်လဲ?
Rekordbox က ဘယ်လောက်အရေးပါလဲ? စက်ကိုင်ရတာရော ခက်လား?
(အပိုင်း ၁)
ဒီ post က DJ စလုပ်မဲ့ သူတွေ အတွက် နဲ့ စက်က ခလုတ်တွေ အများကြီး မြင်ပြီး လန့်မသွားဖို့ပါ။
ဘယ် DJ မှ ရှိသမျှ ခလုတ် အကုန် မနှိပ်ပါဘူး။
နှိပ်စရာလဲမလိုပါဘူးခင်ဗျာ။
ခြုံငုံ ပြောရရင်...
သီချင်း ရွေးတတ် (စီတတ်)ဖို့နဲ့၊ ကိုယ်ပြချင် တဲ့ သီချင်းတွေ ကို တစ်ပုဒ် ကနေ နောက် တစ်ပုဒ် ကူးရာ(mixing) မှာ seamless ဖြစ်နေ(မသိသာ)ဖို့ သာ အဓိက ပါ။ ပြီးမှ performance ကိစ္စ လာတာပါ။
Preparation (ပြင်ဆင်ခြင်း)
အခု ခေတ်မှာတော့ iTunes, spotify တို့လို streaming platform တွေကနေ တိုက်ရိုက် ဖွင့်လို့ရနေပြီ ဆိုပေမဲ့၊ သီချင်းတွေ ready ရှိနေမှ(သိနေမှ) ဖွင့်လိုရမှာပါ။
ဟုတ်တယ်မလား? အဲ့တော့ မထူးပါဘူး၊ သီချင်းတွေ download ဆွဲကြတာပေါ့။
(DJ ဖြစ်ချင်တဲ့ သူတစ်ယောက်အနေနဲ့ EDM သီချင်း တွေ Genre တွေနဲ့ မစိမ်းဘူး လို့ ကျနော်ယူဆပါတယ်။ *သီချင်းများများနားထောင်ပါ)
ကျွန်တော်က SoundCloud user ပါ။ စသိကတည်းက သုံးပါတယ်။
အခုမှစမယ်ဆို SoundCloud Application ဖုန်း/laptop ထဲ သွင်းပါ။ ဘာလို့ ညွှန်းရလဲဆိုတော့ ကျန်တဲ့ platform အများစုကဝယ်ခိုင်းလို့ပါ။ SoundCloud မှာ က free download တွေများပါတယ်။
သီချင်းတွေ့ပြီဆိုရင် laptop ကနေ *Buy icon 👉🏽🛒 ခြင်းတောင်း ကို နှိပ်ပြီး download gate တွေက နေတစ်ဆင့် free download ယူလို့ရပါတယ်။