ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၆

ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၆ (တော်ဝင်ဒေါင်းတပ်ရင်း P29913 ၊ ၃၇၀၃တပ်ရင်း P23703 ၊ တောကျီးကန်းတပ်ရင်း P29912)

အမှတ် -၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၂၆) ကွပ်ကဲမှုအောက်ရှိ တောကျီးကန်း(၇)ကောင် စစ်ကြောင်း ဖြစ်ပေါ်လာပ...
01/08/2026

အမှတ် -၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၂၆) ကွပ်ကဲမှုအောက်ရှိ တောကျီးကန်း(၇)ကောင် စစ်ကြောင်း ဖြစ်ပေါ်လာပုံ နှင့် လှုပ်ရှားမှုပုံရိပ်များ။

တောကျီးကန်း(၇)ကောင် စစ်ကြောင်းကိုကရင်ပြည်နယ် တပ်မဟာ (၇) နယ်မြေတွင်
သန္ဓေတည် စတင်ဖွဲ့စည်းခဲ့သည်။

(၂၀၂၃) ခုနှစ်မတ်လတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားဝင်အသိအမှတ်ပြု တပ်ရင်းကုဒ်နံပါတ်ကျလာသည့်အတွက် တောကျီးကန်းတပ်ရင်းအဖြစ်စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

တောကျီးကန်းတပ်ရင်းသည် ၂၀၂၃ ခုနှစ် ဧပြီလမှစ၍ ဒီဇင်ဘာလအထိ ကရင်ပြည်နယ် တပ်မဟာ (၁) ကျိုက်ထို - ဘီးလင်းတွင် ၈ လခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုမှတဆင့် စစ်တောင်မြှစ်ဝှမ်း လွင်ပြင်ဒေသသို့ (၂၀၂၃) ဒီဇင်ဘာလတွင် စတင်ရောက်ရှိပြီး စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ တိုက်ပွဲကြီးငယ်ပေါင်း (၅၀) ကျော်ကို ဖော်ဆောင်ထားသည့် တပ်ရင်းလည်းဖြစ်သည်။

တောကျီးကန်း (၇) ကောင်တပ်ရင်းသည် လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံကွပ်ကဲမှုအောက်ရှိ အမှတ် -၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၂၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများဖြစ်သော တော်ဝင်ဒေါင်းတပ်ရင်း၊ ပဲခူးခရိုင်အမှတ် (၃) (၃၇၀၃) မီးနဂါးတပ်ရင်းတို့နှင့်အတူ စစ်တောင်းမြစ်ဝှမ်း ဒေသစစ်ဆင်ရေးများအား ညွှန်ကြားချက်နှင့်အညီ မြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ရင်းလည်းဖြစ်သည်။

#‌တောကျီးကန်းတပ်ရင်း
#ဗျူဟာအမှတ်(၂၆)

29/07/2026

ဗျူဟာအမှတ် ၂၆၊ ပဲခူးတိုင်းစစ်ဌာနမှ ရဲဘော်စစ်ငြိမ်း (ဗျူဟာမှူး) ပြောပြထားတဲ့ လက်ရှိပဲခူးတိုင်း စစ်ဒေသရှိ တပ်ရင်းများအခြေအနေနဲ့ ရာဇတောဝါကမ်ပိန်းကို အားဖြည့်ဖို့အကြောင်းပဲ ဖြစ်ပါတယ်။

❝ ရာဇတောဝါ ❞ ကမ်ပိန်းပြုလုပ်ခဲ့တဲ့ ၂ လကျော်အတွင်း ကမ္ဘာတဝှမ်းရှိ တော်လှန်ပြည်သူများ နေထိုင်သော နိုင်ငံပေါင်း ၁၆ နိုင်ငံကို ရည်ရွယ်ပြုလုပ်ခဲ့ရာ ၃၀ ရာခိုင်နှုန်း (သိန်း ၆၀၀) သာ ရရှိပါသေးတယ် ခင်ဗျာ။

ကမ်ပိန်းရက်ကလည်း သိပ်မကျန်တော့တာဖြစ်လို့ လကုန်ရက်လေးတွေမှာ ရာဇတောဝါကို အားစိုက်ဝန်းရံပေးကြဖို့ အနူးအညွှတ် မေတ္တာရပ်ခံပါတယ်။

ပဲခူးတိုင်းစစ်ဒေသမှာရှိတဲ့ တပ်ရင်း (၁၉) ရင်းအတွက် ရည်ရွယ်ပြုလုပ်တဲ့ ဒီကမ်ပိန်းမှာ ရရှိငွေပမာဏ သိန်း ၆၀၀ ကျော်ဆိုတာ ရဲဘော်တွေအတွက် အင်မတန်နည်းနေသေးတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဝန်းရံပေးကြပါ။ ပါဝင်ပေးကြပါ။ အားစိုက်ဖြည့်ကူပေးကြပါဦးခင်ဗျာ။ ကမ်ပိန်းမှာ မိမိတို့ နိုင်သလောက် ပမာဏနဲ့ ဝင်ရောက်အားဖြည့်ပြီးရင် ကျနော်တို့ဘက်မှ ❝ ရာဇတောဝါ ❞ ကဗျာရုပ်ရှင်ခံစားမှု ကြည့်ရှုနိုင်ရန်အတွက် မေတ္တာလက်ဆောင် လက်မှတ်တစ်စောင်ကို ပြန်လည်ပေးအပ်ပါမယ်ဗျ။

ကောမန့်ရှိ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ Fundraisers များထံမှာ ရဲဘော်တွေကို အားဖြည့်ထောက်ကူရင်း လက်မှတ်များ ရယူနိုင်ပါပြီ ခင်ဗျာ။

#ဗျူဟာ၂၆
#ရာဇတောဝါ
#ကဗျာရုပ်ရှင်ပေါင်းစပ်ခံစားမှု





နောက်ကွယ်က ချွေးစက်တိုင်းမှာ အဓိပ္ပာယ်ရှိတယ်။ပူလောင်တဲ့ နေ့ရက်တွေ၊ မိုးရွာတဲ့ ညတွေ၊ မအိပ်ရတဲ့ အချိန်တွေ၊ ပင်ပန်းနွမ်းနယ်...
26/07/2026

နောက်ကွယ်က ချွေးစက်တိုင်းမှာ အဓိပ္ပာယ်ရှိတယ်။

ပူလောင်တဲ့ နေ့ရက်တွေ၊ မိုးရွာတဲ့ ညတွေ၊ မအိပ်ရတဲ့ အချိန်တွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ… အားလုံးက ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေပါ။

ဒီပုံတွေက အလှပြဖို့ မဟုတ်ဘူး။
တစ်ချိန်က ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်၊ ဘယ်လောက်အထိ သည်းခံခဲ့ရတယ်ဆိုတာကို ပြန်အမှတ်ရစေမယ့် မှတ်တမ်းတွေပဲ။

အချိန်တွေ ဘယ်လောက်ပြောင်းသွားပါစေ…
ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေရဲ့ တန်ဖိုးကတော့ ဘယ်တော့မှ မလျော့သွားဘူး။

စိတ်ပိုင်းကြံ့ခိုင်မှု နဲ့ ခန္ဓာကြံ့ခိုင်မှုတွေဟာ အရွေ့တစ်ခုကို ဦးဆောင်လာခဲ့ပြီ သက်လုံကောင်းမှ အောင်မြင်ပါလိမ့်မယ်။

https://www.facebook.com/share/1BW3XLHu3n/

တော်ဝင်ဒေါင်းတပ်ရင်း၏ သင်တန်းကာလအတွင်း လှုပ်ရှားခဲ့သော ပုံရိပ်များ
#ဗျူဟာ (၂၆)
#တော်ဝင်ဒေါင်းတပ်ရင်း
#နွေဦးတော်လှန်ရေး
#ပြည်သူ့ကာကွယ်ရေးတပ်မတော်

19/07/2026

(၇၉)ကြိမ်မြောက် အာဇာနည်နေ့၊ပဲခူးတိုင်း စစ်ဌာန ၊ဗျူဟာ အမှတ် (၂၆) ဗျူဟာမှူး ရဲဘော် စစ်ငြိမ်း မှ ပြည်သူများနှင့် ရဲဘော်များသို့ ပြောစကား။
Youtube Link
https://youtu.be/gJeB5-roeK0


#အာဇာနည်နေ့
#ဗျူဟာ၂၆
#၁၉ဇူလိုင်

19/07/2026

(၇၉) နှစ်မြောက် အာဇာနည်နေ့ ကို အောက်မေ့
သတိရသောအားဖြင့် ကျွန်တော်တို့ ဗျူဟာ ၂၆ ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်း တပ်ရင်း၊ ၃၇၀၃ (မီးနဂါး)တပ်ရင်းများမှ အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို တစ်ဝက်လွှင့်ထူခဲ့ကာ အာဇာနည်ခေါင်းဆောင် (၉) ဦးနှင့်တကွ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများကို လွှမ်းဆွတ်သတိရ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (၁) မိနစ်ငြိမ်သက်ခဲ့ပါသည်။
#ဗျူဟာ၂၆
#တော်ဝင်ဒေါင်း
#တောကျီးကန်း
#3703မီးနဂါး
#အာဇာနည်နေ့
#အမှတ်(၂၆)ဗျူဟာ
#တော်လှန်ရေး

ที่อยู่

395, Moo2 Tha Sai Luat, Mae Sot, Tak
Ban Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၆ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์