Myanma Goal

Myanma Goal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanma Goal, Ticket sales, Yangon.

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးတွင် ကလပ်အသင်းတွေကြားကမှ ချယ်လ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို အကြိမ်ရေအများဆုံး တတ်လှမ်း...
14/04/2021

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးတွင် ကလပ်အသင်းတွေကြားကမှ ချယ်လ်ဆီးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို အကြိမ်ရေအများဆုံး တတ်လှမ်းနိုင်တဲ့အပြင် နိုင်ပွဲရာခိုင်နှုန်း အများဆုံးထဲက စတုတ္ထအကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရပါတယ်။

Congratulations: Chelsea F. C




Photo:Credit

လီဗာပူးလ်အသင်းအနေနှင့် Red Bull Salzburg အသင်းမှ  ခေါ်ယူထားသော Takumi Minamino ကို (7.25 )သန်းဖြင့်ခေါ်ယူခဲ့ပြီး လီဗာပူး...
15/03/2021

လီဗာပူးလ်အသင်းအနေနှင့် Red Bull Salzburg အသင်းမှ ခေါ်ယူထားသော Takumi Minamino ကို (7.25 )သန်းဖြင့်ခေါ်ယူခဲ့ပြီး လီဗာပူးလ်အသင်းကို ဂိုးဘယ်လောက်များများဖန်တီးပေးနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။


Photo: Credit

Tottenham အသင်းကြီးရဲ့နည်းပြတစ်ဦးဖြစ်တဲ့ Jose Mourinho ကတော့ ​​မြန်မာပြည်သူတွေကို အခုလိုပဲအားပေးခဲ့ပါတယ်. . .Tottenham ...
08/03/2021

Tottenham အသင်းကြီးရဲ့နည်းပြတစ်ဦးဖြစ်တဲ့ Jose Mourinho ကတော့ ​​မြန်မာပြည်သူတွေကို အခုလိုပဲအားပေးခဲ့ပါတယ်. . .
Tottenham အသင်းနှင့် Proto အသင်းတို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Tottenham ကအနိုင်ရရှိခဲ့ပါတယ်. . . ဒါကြောင့် မြန်မာပြည်သူတွေကိုလည်း အနိုင်ရနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်. . .

Source: Jose Mourinho







Photo: Credit

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူးဟယ်ရီကိန်းကတော့  ဥရောပရဲ့ ထိပ်တန်းလိဂ်များတွင် ဂိုးသွင်းအများ ဆုံးကစားသမားအဖြစ်ရပ်...
01/03/2021

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူးဟယ်ရီကိန်းကတော့ ဥရောပရဲ့ ထိပ်တန်းလိဂ်များတွင် ဂိုးသွင်းအများ ဆုံးကစားသမားအဖြစ်ရပ်တည်လျှက်ရှိပါတယ်။ ဟယ်ရီကိန်းက ပွဲစဥ်တိုင်းမှာ အသင်းအတွက် နိုင်ဂိုးတွေကိုသွင်းယူခဲ့သောကြောင့် စပါးအသင်းရဲ့အဓိကအားထားရသော တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ကာဗာနီ၊ ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရိုနယ်လ်ဒို၊ ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီတို့နှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ 2021 ဘောလုံးရာသီရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Source : Timeayeyar

မန်စီးတီးအသင်းဝင် စပိန်​ကစားသမားတစ်​ယောက်ဖြစ်သော​ အိန်ဂျယ်လီနိုကို လိုက်ပ်ဇစ်အသင်းက စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပါတယ်။မန်စီး...
15/02/2021

မန်စီးတီးအသင်းဝင် စပိန်​ကစားသမားတစ်​ယောက်ဖြစ်သော​ အိန်ဂျယ်လီနိုကို လိုက်ပ်ဇစ်အသင်းက စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပါတယ်။

မန်စီးတီး၊ ပီအက်စ်ဗွီအသင်းတို့မှာ ကစားခွင့်နည်းပါးခဲ့တာကြောင့် အိန်ဂျယ်လီနိုရဲ့ ခြေစွမ်းကို သိပ်မသိခဲ့ကြပါဘူး။ လိုက်ပ်ဇစ်အသင်းမှာ အငှားခေါ်ယူကစားခဲ့သောကြောင့် အိန်ဂျယ်လီနိုရဲ့ခြေစွမ်းကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ပါတယ်။ ဒါကြောင့် ဂျာမန်ဘွန်ဒက်လီဂါက အိန်ဂျယ်လီနိုကို (5 ) နှစ်စာချုပ်ချုပ်ဆိုပြီး လိုက်ပ်ဇစ်အသင်းအတွက်ခေါ်ယူလိုက်ပါတယ်။

အိန်ဂျယ်လီနိုရဲ့ ခြေစွမ်းကို ကြည့်ဖူးတဲ့သူဆိုရင်တော့ ဒီနှစ်အတွက်ဘောလုံးရာသီမှာလိုက်ပ်ဇစ် အသင်းက ဂိုးဘယ်လောက်များများနှင့် အနိုင်ယူမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Source : Sport News



ဂရီးလစ်ရှ် က ဗီလာအသင်းရဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဗီလာအသင်းကြီး၌  စတင်ကစားခဲ့ပါတယ်။ ဗီလာအသင်းရဲ့ ပရီး...
08/02/2021

ဂရီးလစ်ရှ် က ဗီလာအသင်းရဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဗီလာအသင်းကြီး၌ စတင်ကစားခဲ့ပါတယ်။
ဗီလာအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် အသင်းကြီးများရဲ့ တန်းကြေးမြင့်မြင့်ပေးပြီးခေါ်ယူချင်သော ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ရာသီ လိဂ်ချန်ပီယံရှစ်ပွဲစဥ်များတွင် ခြေစွမ်းပြကစားနိုင်သောကြောင့် လီဗာပူးလ်အသင်းနှင့်အာဆင်နယ်အသင်းတို့ကလည်းဗီလာကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားလျှက်ရှိပါတယ်။

ဒီနှစ်ရာသီပွဲစဥ်မှာတော့ ဂရီးလစ်ရှ်ကို ဘယ်အသင်းကခေါ်ယူမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Chalse အသင်းရဲ့နည်းပြအသစ်နေရာကိုရောက်ရှိလာတဲ့သောမတ်စ်တူချယ်ကတော့ နာမည်ကြီးနည်းပြတွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်. . .တူချယ်က Ch...
01/02/2021

Chalse အသင်းရဲ့နည်းပြအသစ်နေရာကိုရောက်ရှိလာတဲ့သောမတ်စ်တူချယ်ကတော့ နာမည်ကြီးနည်းပြတွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်. . .

တူချယ်က Chalse အသင်းကို ဆုတွေရအောင် ဘယ်လိုကစားကွက်တွေနဲ့ အသင်းသားတွေကို ကစားခိုင်းမလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် . .

⚽ချယ်လ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ် မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ပေါ်တိုအသင်းတို့ရဲ့ တချိန်ကနည်းပြတစ်ယောက်ဖြစ်ပြီး ဘေ...
26/01/2021

⚽ချယ်လ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ် မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ပေါ်တိုအသင်းတို့ရဲ့ တချိန်ကနည်းပြတစ်ယောက်ဖြစ်ပြီး ဘောလုံးလောကရဲ့ နာမည်ကြီး နည်းပြတစ်ယောက်ဖြစ်သော (Jose mourinho) ဟိုဆေး မော်ရင်ဟို ရဲ့ (58) နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

🎉Happy Birthday Jose mourinho

Harvey Scott Elliott Harvey Scott Elliott ဟာ လက်ရှိ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး (၂၀၁၉) ခုနှစ်မှ စ...
25/01/2021

Harvey Scott Elliott

Harvey Scott Elliott ဟာ လက်ရှိ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး (၂၀၁၉) ခုနှစ်မှ စတင်ပြီး ဖူလ်ဟမ်အသင်းမှ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ပွဲကစားခွင့် နည်းပါးပေမယ့် ကစားခွင့်ရရှိသောပွဲစဉ်တိုင်းမှာလည်း ခြေစွမ်းပြ ကစားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

EFL ဖလားတွင် ခြေစွမ်းပြကစားခဲ့သောကြောင့် နာမည်ရလာသော အငယ်ဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ Elliott က (2019) ခုနှစ်တွင် ကျင်းပခဲ့သော Syrenka ဖလားပွဲစဉ်မှာ အင်္ဂလန်အသင်းနှင့် ပိုလန်အသင်းကစားပွဲတွင် ခြေစွမ်းပြအနိုင်ယူခဲ့သောကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသော အသက်အငယ်ဆုံးကစားသမားတစ်ဦးဆိုလည်း မမှားပါဘူးနော်။

ကဲ Harvey Elliott ကို အားပေးတဲ့သူဘယ်နှစ်ယောက်ရှိလဲ ?



⚽ ဘောလုံးကစားရာမှာ ဘယ်တောင်ပံတိုက်စစ်ကစားခြင်း၊ ညာတောင်ပံတိုက်စစ်ကစားခြင်း၊ ကွင်းလယ်ထိုးဖောက်ကစားခြင်း၊ ညာထောင့်ကန်၊ ဘယ်...
18/01/2021

⚽ ဘောလုံးကစားရာမှာ ဘယ်တောင်ပံတိုက်စစ်ကစားခြင်း၊ ညာတောင်ပံတိုက်စစ်ကစားခြင်း၊ ကွင်းလယ်ထိုးဖောက်ကစားခြင်း၊ ညာထောင့်ကန်၊ ဘယ်ထောင့်ကန်၊ ရှေ့တန်း၊ နောက်တန်း စသဖြင့် ကစားရာမှာ အကွက်ကျကျ ကစားမှသာလျှင် တစ်ဖက်အသင်းကို အနိုင်ကစားနိုင်မှာဖြစ်ပါတယ်။

⚽ Premier league ပွဲစဉ်တွေမှာ ဘယ်တောင်ပံတိုက်စစ်ကစားပြီး ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ပေးနိုင်တဲ့ ကစားသမားအချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

⚽ Neymar ၊ Ronaldo၊ Sadio Mané၊ Eden Hazard၊ Son Heung-min၊ Raheem-sterling ၊ Kevin De Bruyne တို့ဖြစ်ပါတယ်။

နောက်ထပ်ကစားသမားတွေသိသေးရင် ment ခဲ့လိုက်ဦးနော်။

💰💰💰ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားတွေရှိပါတယ်။ ဘယ်သူတွေဖြစ်မယ် ထင်ပါသလဲ ။ သူတို့ဟာ ဘောလုံးလောကမှာ ချမ်းသာကြသလို ကိုယ်ပိုင...
11/01/2021

💰💰💰ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားတွေရှိပါတယ်။ ဘယ်သူတွေဖြစ်မယ် ထင်ပါသလဲ ။ သူတို့ဟာ ဘောလုံးလောကမှာ ချမ်းသာကြသလို ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း အောင်မြင်မှုတွေ ရရှိပြီး ချမ်းသာပြီးရင်းကို ချမ်းသာနေသူတွေပါ။ ချမ်းသာတဲ့ ဘောလုံးသမားများထဲမှ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

⚽ ⚽ ⚽ Cristiano Ronaldo၊ David Beckham ၊ Iniesta ၊ Totti ၊ Ozail ၊ Messi ၊ Neymar ၊ Hazard တို့ ဖြစ်ပါတယ်။

Photo : Credit

(December 27) ရက် ဒူဘိုင်းတွင် ကျင်းပခဲ့သော Globe Soccer Awards 2020 ဆုပေးပွဲကြီးကတော့ တစ်နှစ်တစ်ခါ အာရှနိုင်ငံအသီးသီးမှ...
04/01/2021

(December 27) ရက် ဒူဘိုင်းတွင် ကျင်းပခဲ့သော Globe Soccer Awards 2020 ဆုပေးပွဲကြီးကတော့ တစ်နှစ်တစ်ခါ အာရှနိုင်ငံအသီးသီးမှ အကောင်းဆုံးဘောလုံးသမားများကို ရွေးချယ်ပြီး ဆုများပေးခဲ့ပါတယ်။

(2020) ခုနှစ်အတွက် အကောင်းဆုံးဆုတွေ ဆွတ်ခူးခဲ့သူတွေကတော့ အကောင်းဆုံးဘောလုံးသမားဆု - Cristiano Ronaldo (Juventus)၊ တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆု – Robert Lewandowski (Bayern Munich) ၊ တစ်နှစ်တာအကောင်းဆုံးနည်းပြဆု - Hans-Dieter Flick (Bayern Munich)၊ တစ်နှစ်တာအတွက် အကောင်းဆုံးအသင်းဆု – Bayern Munich ၊ ရာစုနှစ်တစ်ခုလုံးအတွက် အကောင်းဆုံးအသင်းဆု Real Madrid အသင်းတို့က အသီးသီးရရှိခဲ့ပါတယ်။

Source : Globe Soccer Awards 2020

Photo : Credit



Address

Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30

Telephone

+959259822606

Alerts

Be the first to know and let us send you an email when Myanma Goal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanma Goal:

Share

Category