23/01/2014
Star Event Production မှ John Lwin စီစဉ်ကျင်းပသော မြန်မာနိုင်ငံ၏ ကြီးကျယ်ခမ်းနားသည့် Myanmar International Fashion Week 2014 ပွဲကြီးကျင်းပရန်
16 ရက်သာလိုတော့သည် ဖြစ်၍ Fashion ချစ်သူပရိတ်သတ်များအားလုံး ကြွလှမ်းလာရန် ဖိတ်ခေါ်အပ်ပါသည်။
ဤ ပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကြီး Designer များ၊ နာမည်ကြီး Brand များ၊ နာမည်ကြီး မော်ဒယ်များ၊ မိတ်ကပ်ပညာရှင်၊ ဆံပင်ပညာရှင်များ နှင့် ထူးခြားပေါ်လွင်စွာ တင်ဆက်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ထို့အပြင် ဥပရောပမှ မော်ဒယ်များ မှ လည်း မြန်မာDesigner များ၏
လက်ရာများနှင့် တမူထူးခြားစွာ ဆင်ယင်ပြသသွားမည်ဖြစ်၍ Fashion
ချစ်သူပရိတ်သတ်အပေါင်း ကြွရောက်ကြည့် ရှုနိုင်ရန်
ထပ်လောင်း ဖိတ်ခေါ်အပ်ပါသည် ။
ဤပွဲသို့ ကြွရာက်ကြည့်ရှု လိုသော ပရိသတ်များအနေဖြင့် VIP Ticketများကို သက်ဆိုင်ရာမှ Sponsor ပေးထားသော နေရာများနှင့် www.mmjunction.com,
www.myanmarinternationalfashionweek.com တို့တွင် ဆက်သွယ်ပြီး အခမဲ့ ထုတ်ယူနိုင်ပါသည်။ ထို့အပြင် ပွဲစီစဉ်ကျင်းပသည့် အချိန်၊ ကျင်းပရာနေရာများ တွင်လည်း အလွယ်တကူထုတ်ယူပြီး အခမဲ့ကြည့်ရှုနိုင်ပါသည်။
VIP Ticket မရရှိသော ပရိသတ်များလည်း အခကြေးငွေပေးစရာ မလိုဘဲ နေရာထိုင်ခင်း၊ ထိုင်ခုံများနှင့် အခမဲ့ ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။ ဤပွဲနှင့်ပတ်သတ်သော အချက်အလက်များအား အောက်ပါလိပ်စာများတွင် စုံစမ်းသိရှိနိုင်ပါသည်။
[email protected]
www.myanmarinternationalfashionweek.com
လေးစားစွာဖြင့်
John Lwin
Star Event Production
Bldg-90, 8th Floor, Kabaaye Pagoda Road, Bahan Tsp, Yangon, Myanmar.
Tel : 551143, 553711, 400760,
[email protected], [email protected]
www.starbizgroup.biz, www.myanmarmodelagency.com,
www.myanmareventproduction.com
Facebook : Myanmar Model Agency, Myanmar Event Production, Myanmar Event Organizer, Myanmar Event Planner