15/05/2021
နှစ်ယောက်အတူ ကဖေးဆိုင်ထိုင်ချင်တဲ့စိတ်ကနေ
ကိုယ်တို့နေဖို့ အိမ်တစ်လုံးဆောက်ချင်တဲ့
စိတ်အနေထားထိ
ချစ်လို့ ..ဆိုးပြီး စိတ်ကောက်ချင်တာထက်
ချစ်တာမို့လို့ ဘယ်လိုစိတ်ရှည်ရမလဲ တွေးမိလာတဲ့အထိ
ချစ်စိတ်ဟာ လူတွေကို လူပီသစွာ အနုပညာဆန်စေတယ် ထင်ပါတယ်
စာဖတ်တဲ့ဝါသနာ.. မင်းမှာရှိတယ် ရုပ်ရှင်ကြိုက်တဲ့ ဗီဇ ... သူ့မှာရှိတယ်
but ..တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တောင်စဥ်ရေမရ ပြောနေရတဲ့ အခိုက်တွေကိုပဲ
ပိုနှစ်သက်လာတာမျိုးပေါ့
ရွေးချယ်စရာတွေများနေချိန်မှာ မင်း ဖမ်းဆုပ်ချင်တဲ့လက်.. ပြီးတော့ ဝမ်းနည်းချိန်မှာ ပြေးဝင်ချင်တဲ့ရင်ဘက်
စကားအပိုတွေလည်း မပြောချင်တော့ဖူး
နင်နဲ့ငါနဲ့တော့ တွေ့ပြီပေါ့လို့ကြိမ်းဝါးပြီး
သူ့မျက်နှာမြင်တော့ မင်း ..ပြုံးသွားတာလဲ
Hey..... ဒါ အချစ်ပဲပေါ့ ။
Credit💚