06/05/2026
TR-909 Drum Machine 🥁 🎛️
Rolandကဒီ Project ကို Fail ခဲ့တယ်။
Detroit က လူငယ်တွေက ကတော့ပြန်ပြီးအသက်သွင်းပေးခဲ့ တယ်။
ကျန်ခဲ့တာကတော့ ကျွန်တော်တို့သိတဲ့ Techno Music ရဲ့သမိုင်းအစပါပဲ။
Roland TR-909 ဟာ စထွက်ချိန်မှာ Commercial Failure တစ်ခုဖြစ်ခဲ့တယ်။ Roland ကိုယ်တိုင် ထုတ်လုပ်မှုကို ရပ်လိုက်ပြီး ကျန်ရှိတဲ့ Stock တွေကို လစ်ဟာတဲ့ ဈေးနဲ့ ရောင်းချလိုက်ကြတယ်။ တစ်လုံးကို ဒေါ်လာ ၁၀၀ အောက်တောင် ကျဆင်းသွားတဲ့ အချိန်မျိုး ရှိခဲ့တယ်။
အဲ့ဒီ Second-hand TR-909 တွေကို Detroit မြို့က လူငယ် Producer သုံးယောက်ဖြစ်တဲ့ Juan Atkins၊ Derrick May၊ Kevin Saunderson ၊ နောင်မှာ "The Belleville Three" လို့ သမိုင်းမှတ်တမ်းတင်ခံရမဲ့ သူ ၃ ယောက်က ဝယ်ယူကာ Experiment လုပ်စတင်ခဲ့ကြတယ်။ သူတို့ဟာ TR-909 ကို Roland က ရည်ရွယ်ပြီးထုတ်ထားတဲ့ အတိုင်း သုံးခဲ့ကြတာ မဟုတ်ဘူး။ Machine ရဲ့ Tempo ကို အရင်လူတွေ သုံးမဖူးတဲ့ BPM အမြင့်တွေဆီ တွန်းပို့ ၊ Rhythm Pattern တွေကို ထပ်မံ Reprogram လုပ်ပြီး၊ TR-909 ကို တခြား Synthesizer တွေနဲ့ Chain ဆက်ကာ Sound Design အသစ်တွေ ဖန်တီးခဲ့ကြတယ်။ Roland က Fail ခဲ့တဲ့ Machine ကနေ သူတို့ ဆန်းသစ်တဲ့ အသံ တွေကို ဖန်တီးယူနိုင်ခဲ့တယ် ၊ ဒါဟာ နောင်မှာ Techno ရဲ့ အဓိက Signature ဖြစ်လာမယ့် အသံတွေပဲ ဖြစ်တယ်။
TR-909 ရဲ့ Kick Drum Sound ကို တခြား Drum Machine တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသိသာသာ ကွဲပြားနေတယ်။ Roland TR-808 ဖြစ်တဲ့ Predecessor ဟာ Soft ဖြစ်ပြီး Round ဖြစ်တဲ့ Kick Sound ထုတ်ပေးတယ်။ Hip-Hop နဲ့ R&B တွေမှာ အသုံးများတဲ့ ပုံစံပါ။ ဒါပေမဲ့ TR-909 ရဲ့ Kick ကတော့ တစ်မျိုးကွဲတယ် ၊ Analog Circuit ကနေ ထွက်လာတဲ့ အဲ့ဒီ Kick ဟာ Attack တိုတယ်၊ Tail ရှည်တယ်၊ ပြီးတော့ Frequency အနိမ့်တွေမှာ Sub-Bass Energy တွေ ပါဝင်နေတဲ့အတွက် High Volume Sound System ကြီးကြီးတွေမှာ ဖွင့်လိုက်တဲ့အခါ လူရဲ့ Chest ထဲ ဒဲ့ရိုက်တဲ့ ခံစားရတဲ့ Physical Impact ဖြစ်ပေါ်လာတယ်။ နားနဲ့ကြားရုံမဟုတ်ဘဲ ကိုယ်တစ်ခုလုံးနဲ့ ခံစားရတဲ့ Kick ၊ ဒါကပဲ 909 ကို အခြားသူတွေနဲ့ မတူအောင် ဖြစ်စေတဲ့ အချက်ပါ။ ဒါကြောင့်ပဲ ယနေ့ထိ Techno Producer အများစုဟာ Software နဲ့ 909 Kick ကို Emulate လုပ်ဖို့ ကြိုးစားနေကြဆဲပဲ ဖြစ်တယ် ၊ ဒါပေမဲ့ Original Hardware ရဲ့ Analog Warmth ကိုတော့ ဘယ်သူမှ တိတိကျကျ မကူးယူနိုင်သေးဘူးလို့ Techno Community က ဆိုကြတယ်။
TR-909 ကို ဘယ်သူထက်မဆို တစ်မူထူးကဲစွာ အသုံးချနိုင်ခဲ့တဲ့ Artist တစ်ယောက်ကို ပြောရမယ်ဆိုရင် Detroit Techno ရဲ့ Legend တစ်ယောက်ဖြစ်တဲ့ Jeff Mills ကို ကျွန်တော်တို့ ချန်လှပ်လို့ မရဘူးဗျ။ Jeff Mills ဟာ TR-909 ကို လက်နှစ်ဖက်နဲ့ တစ်ပြိုင်တည်း Real-Time Control လုပ်ရင်း Live Performance တွေမှာရှယ်ဖြုတ်တာ ကိုမြင်တွေ့ နိုင်မှာပါ။ သူ့ရဲ့ နာမည်ကြီး Track ဖြစ်တဲ့ "The Bells" မှာ TR-909 ရဲ့ Kick Pattern တွေကို Hypnotic Melody တစ်ကြောင်းနဲ့ ပေါင်းစပ်ထားပုံဟာ ကျွန်တော့် အတွက်တော့ တော်တော် ကြီးခမ်းနားပါတယ်။
Si6th Sense အနေနဲ့ Events တွေ စီစဉ်တဲ့အခါ Sound System set up နဲ့ calibration လုပ်တဲ့အခါမှာ အမြဲတမ်း ဒီ 909 Kick ရဲ့ Physical Impact ကို အဓိကထားဂရုစိုက်ရပါတယ်။ အဲ့ဒီ Kick က Floor ကို ထိတဲ့အချိန် လူ တွေရဲ့ လှုပ်ရှား မှု ကို တိုက်ရိုက် အချိုးကျစေတဲ့ အချက်ကလုံးဝကို အနှစ်ကျပါတယ်။
TR-909 ရဲ့ အသံကို တကယ်ခံစားချင်တယ်ဆိုရင် ဒီ Track တွေကို အရင်ဆုံး နားထောင်ကြည့်ပါ
▪ Jeff Mills — The Bells
▪ Jeff Mills — Cycle 30
▪ Derrick May — Strings of Life
▪ Juan Atkins — No UFOs
▪ Kevin Saunderson — Reese & Santonio
Headphone ကောင်းကောင်းလေးနဲ့ သေချာနားထောင်ကြည့်ပါ ။ ဒါပေမဲ့ Sound System ကောင်းကောင်း နဲ့ ကြားရမှသာ 909 Kick ရဲ့ တကယ့် Physical Impact ကို ခံစားနိုင်မှာပါ။
နောက်အပတ်မှာလည်း ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ ပြန်လာခဲ့မှာမို့ စောင့်မျှော်ဖတ်ရှူအားပေးပါအုံးခင်ဗျ။ မိတ်ဆွေတို့အနေနဲ့ ဗဟုသုတရတယ်၊ ကြိုက်တယ်ဆိုရင် Page ကို Like လုပ်ထားပြီး Page မှာတင်ထားတဲ့ Post တွေကို လည်းလွတ်လပ်စွာ Share လုပ်ပြီးဝေမျှနိုင်ပါတယ်။ ဒီအထိဖတ်ရှူပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို Si6th Sense အနေနဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။