02/06/2026
ဆိုင်ခွဲအသစ်နှင့် လုပ်ငန်းတိုးချဲ့ရန်အတွက် အောက်ပါ ရာထူးနေရာများစွာကို ခေါ်ယူနေခြင်း ဖြစ်ပါသည်။
F&B ပိုင်း၊ Catering ကပိုင်း၊ Japan စားသောင်ဆိုင်ပိုင်း၊ Office ပိုင်း တွေကို စိတ်ဝင်စားသူတွေ၊ Service ပိုင်းနဲ့ ရုံးပိုင်း တွေနဲ့ Familiar ဖြစ်တဲ့သူတွေကို ပိုဦးစားပေးလိုချင်ပါတယ်။
မိမိနှင့် ကိုက်ညီမည့် ရာထူးနေရာကို ကြည့်ရှုပြီး The LunchBox Viber နှင့် Email သို့ CV ပေးလို့ရပါတယ်။
CV ပေးပို့ရန်
📞 Phone — 09670378843
📲 Viber — 09675366096
📧 Email — [email protected]
📍 Location - Yangon, Ngwe Saung
JOB DESCRIPTIONS
Operation Manager (Male/Female - 1)
Job Title : Operation Manager (F&B Industry)
Department : Operation
Reports To : General Manager
Age : 35+
Salary Range - 1,000,000+
Office Staff (Male - 1)
Job Title : Office Staff (F&B Industry)
Department : Admin Department
Reports To : HR & Admin Manager
Age : 23 - 27
Salary Range - 400,000 - 550,000
Driver (Male - 2)
Job Title : Driver
Department : Administration / Logistics
Reports To : Admin Executive / Operations Manager
Salary Range - 450,000
Junior Accountant (Female - 6)
Job Title: Junior Accountant
Department: Finance & Accounts
Reports To: Senior Accountant / Finance Manager
Salary Range : 400,000 - 550,000
Data Entry (Male/Female - 4)
Job Title: Data Entry
Department: Finance & Accounts
Reports To: Senior Accountant / Finance Manager
Salary Range : 250,000 - 350,000
Accountant (Female - 3)
Job Title: Accountant
Department: Finance & Accounts
Reports To: Senior Accountant / Finance Manager
Salary Range : 450,000 - 650,000
Cashier (Female - 3)
Job Title: Cashier
Department: Finance
Reports To: Senior Accountant / Operation Manager
Salary Range : 250,000 - 400,000
Senior Cashier (Female - 2)
Job Title: Senior Cashier
Department: Finance
Reports To: Senior Accountant / Operation Manager
Salary Range : 300,000 - 500,000
Head Waiter (Male/LGBT - 5)
Job Title: Head Waiter / Service Captain
Department: Food & Beverage (F&B) Service
Reports To: Restaurant Manager / F&B Manager
Salary Range : 350,000 - 500,000
Service Staff (Male/LGBT - 3)
Job Title:Service Staff
Department: Food & Beverage (F&B) Service
Reports To: Restaurant Manager / F&B Manager
Salary Range : 250,000 - 350,000
Junior Service Staff (Male/LGBT - 3)
Job Title:Junior Service Staff
Department: Food & Beverage (F&B) Service
Reports To: Restaurant Manager / F&B Manager
Salary Range : 250,000+
Commis (Male - 2)
Job Title: Commis
Department: Kitchen / Food Production (Culinary)
Reports To: Demi Chef de Partie / Chef de Partie / Sous Chef / Executive Chef
Salary Range : 300,000 - 400,000
Demi Chef (Male - 2)
Job Title: Demi Chef
Department: Kitchen / Food Production (Culinary)
Reports To: Chef de Partie / Sous Chef / Executive Chef
Salary Range : 350,000 - 500,000
Security (Male - 4)
Job Title: Security
Department: Security
Reports To: Management Department/ MD
Salary Range : 350,000 - 400,000
Inventory Account (Female/LGBT - 1)
Job Title: Inventory Account
Department: Admin
Reports To: St3
Salary Range : 350,000 - 450,000
Purchasing Assistant (Female/LGBT - 1)
Job Title: Purchasing Assistant
Department: Admin
Reports To: Admin Manager
Salary Range : 350,000 - 450,000
JOB DESCRIPTIONS
Operation Manager
Description
ဆိုင်ဖွင့်/ဆိုင်ပိတ် လုပ်ငန်းစဉ်များ၊ Kitchen ၊ Bar နှင့် Floor အပိုင်းများကို စံနှုန်းအတိုင်း အနီးကပ် ကြီးကြပ်ရမည်။
အစားအသောက်၊ ကော့တေး/အဖျော်ယမကာများနှင့် ဧည့်ဝတ်ပြုမှု အရည်အသွေး အမြဲတမ်း ကောင်းမွန်နေစေရန် စစ်ဆေးရမည်။
Food & Beverage Cost (ကုန်ကြမ်းစရိတ်) များကို တွက်ချက်စောင့်ကြည့်ခြင်း၊ လေလွင့်မှု လျှော့ချခြင်းနှင့် ကုန်ကျစရိတ် ထိန်းညှိရမည်။
အရက်၊ ဘီယာ၊ ဝိုင်၊ ကော့တေးကုန်ကြမ်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် Inventory နှင့် Procurement ကို စနစ်တကျ ကိုင်တွယ်ရမည်။
ဆိုင်ဝန်ထမ်းများ၊ စားဖိုမှူးများနှင့် Bartenders များ၏ KPI သတ်မှတ်ခြင်း၊ Shift (ဂျူတီအလှည့်ကျ) ရေးဆွဲခြင်းနှင့် ဝန်ဆောင်မှုသင်တန်းများ ပေးနိုင်ရမည်။
Happy Hours၊ အထူးပရိုမိုးရှင်းများနှင့် Menu အသစ်များကို စီစဉ်ဖော်ဆောင်နိုင်ရမည်။
သန့်ရှင်းရေး (Hygiene) နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများကို တိကျစွာ လိုက်နာနိုင်ရမည်။
မြို့တွင်းဆိုင်ခွဲအားလုံး၊ နယ်ဆိုင်ခွဲများသို့ မိမိအစီအစဥ်ဖြင့် သွားလာနိုင်သူဖြစ်ရမည်။
Requirements
F&B စားသောက်ဆိုင်၊ ဟိုတယ် သို့မဟုတ် Bar/Club လုပ်ငန်းများတွင် မန်နေဂျာအဆင့် အတွေ့အကြုံ အနည်းဆုံး (၃) နှစ်မှ (၅) နှစ် ရှိရမည်။
Hospitality, F&B Management, Business Administration (သို့မဟုတ်) သက်ဆိုင်ရာ ဒီပလိုမာ/ဘွဲ့ တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
အစားအသောက်၊ ဝိုင်၊ ဘီယာ၊ အရက် နှင့် ကော့တေး (Cocktails) ဆိုင်ရာ ဗဟုသုတများ ရှိရမည်။
ဆိုင်သုံး POS စနစ်များနှင့် Stock ထိန်းချုပ်သည့် ဆော့ဖ်ဝဲလ်များကို ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
Office Staff
Description
ရုံးတွင်း စာရွက်စာတမ်းများ သိမ်းဆည်းခြင်း၊ ဖုန်းနှင့် အီးမေးလ်များ ပြန်ကြားခြင်းနှင့် ရုံးသုံး/ဆိုင်သုံး ပစ္စည်းများကို စောင့်ကြည့်မှာယူပေးခြင်း။
ဆိုင်ခွဲများ၏ နေ့စဉ် အရောင်းစာရင်းများကို စနစ်အတွင်း ရိုက်သွင်းခြင်း၊ ကုန်ပစ္စည်းပေးသွင်းသူများ (Vendors) ၏ ဘေလ်ဗောက်ချာများကို စစ်ဆေးလုပ်ဆောင်ခြင်းနှင့် ကုန်ကျစရိတ်များကို မှတ်တမ်းတင်ခြင်း။
အစားအသောက်နှင့် ကုန်ကြမ်း ပေးသွင်းသူများနှင့် ဆက်သွယ်ပြီး ပစ္စည်းရောက်ရှိမည့်အချိန်ကို ခြေရာခံခြင်း၊ မှာယူမှု လွဲချော်မှုများရှိပါက ဖြေရှင်းခြင်း။
ဆိုင်ဝန်ထမ်းများ၏ အချိန်ဇယားများ၊ ခွင့်ရက်နှင့် တက်ရောက်မှု (Attendance) မှတ်တမ်းများကို ထိန်းသိမ်းပေးခြင်း။
စားသောက်ဆိုင်ဆိုင်ရာ လိုင်စင်များ၊ စည်ပင်သာယာခွင့်ပြုချက်များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးထောက်ခံချက်များကို စနစ်တကျ စာရင်းပြုစုပြီး သက်တမ်းတိုးရန် ပြင်ဆင်ခြင်း။
Requirements
Admin, Office Assistant သို့မဟုတ် အထွေထွေရုံးလုပ်ငန်း ဝန်ထမ်းအဖြစ် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ် ရှိရမည်။ (F&B ဆိုင်ရုံးခန်းများတွင် လုပ်ကိုင်ဖူးသူကို ဦးစားပေးမည်)။
Microsoft Office (Word, Excel, PowerPoint) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
အီးမေးလ် (Email) အသုံးပြုခြင်း၊ ရုံးစာရေးသားခြင်းနှင့် ကွန်ပျူတာ စာရိုက်မြန်ဆန်ခြင်း။
ဆိုင်တွင်းဝန်ထမ်းများ၏ တက်ရောက်မှုစာရင်း (Attendance)၊ ဂျူတီဇယား (Roster) နှင့် လစာ (Payroll) တွက်ချက်မှုများကို ကူညီပေးနိုင်ရမည်။
ကုန်ကြမ်းမှာယူမှုအတွက် Suppliers (ပစ္စည်းသွင်းသူများ) နှင့် ဆက်သွယ်ခြင်း၊ ဘောက်ချာနှင့် အဝယ်စာရင်းများကို စနစ်တကျ ဖိုင်တွဲသိမ်းဆည်းနိုင်ရမည်။
အတွေ့အကြုံမရှိသူများလည်း သင်ယူလိုစိတ်/ကြိုးစားလိုစိတ်ရှိပါက လျှောက်ထားနိုင်ပါသည်။
Driver
Description
ဝန်ထမ်းများနှင့် ပါဆယ်/စာရွက်စာတမ်းများကို သတ်မှတ်နေရာသို့ စိတ်ချရပြီး ဘေးကင်းစွာ မောင်းနှင်ပို့ဆောင်ပေးရန်။
ခရီးစဉ်မစတင်မီ စက်ဆီ၊ ရေ၊ တာယာ၊ ဘရိတ် နှင့် ဆီ အခြေအနေများကို နေ့စဉ် စစ်ဆေးရန်။
ကားအတွင်း/အပြင် သန့်ရှင်းရေးလုပ်ရန်နှင့် ပုံမှန် Service သွင်းခြင်း၊ အင်ဂျင်ဝိုင်လဲခြင်းများ အချိန်မီလုပ်ရန်။
သွားရောက်ခဲ့သည့် ခရီးစဉ်၊ မိုင်နှုန်းနှင့် ဆီစားနှုန်း မှတ်တမ်းများကို တိကျစွာ ရေးသွင်းရန်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတ်မှတ်မိုင်နှုန်းများကို လိုက်နာရန်။
Requirements
အထက်တန်းအဆင့် (သို့မဟုတ်) ၎င်းနှင့် ညီမျှသော ပညာအရည်အချင်း ရှိရမည်။
သက်တမ်းရှိ မြန်မာနိုင်ငံ ကားမောင်းလိုင်စင် အနည်းဆုံး ‘ခ’ လိုင်စင် ရှိရမည် (ဃ သို့မဟုတ် င လိုင်စင်ရှိပါက ပိုဦးစားပေးမည်)။
ယာဉ်မောင်းအဖြစ် လုပ်ငန်းအတွေ့အကြုံ (၃) နှစ်မှ (၅) နှစ် ရှိရမည်။ (Corporate/ကုမ္ပဏီကြီးများတွင် လုပ်ကိုင်ဖူးသူ ဦးစားပေးမည်)။
ရန်ကုန်မြို့တွင်း လမ်းကြောင်းများကို ကောင်းမွန်စွာ ကျွမ်းကျင်နားလည်ရမည်။
လမ်းခရီးတွင် ကားအသေးစား ချို့ယွင်းမှုဖြစ်ပါက အခြေခံ ပြင်ဆင်နိုင်စွမ်း (Basic Mechanic Skills) ရှိရမည်။
Junior Accountant
Description
ငွေရ/ငွေပေး ဘောက်ချာများနှင့် ကုန်ကျစရိတ်များးကို Ledger ထဲသို့ စနစ်တကျ သွင်းရန်။
Sales Invoices များ ထုတ်ပေးရန်၊ Client များဆီမှ ရရန်ရှိငွေများကို စာရင်းပြုစုရန်နှင့် Suppliers တောင်းခံလွှာများကို စစ်ဆေးရန်။
အသေးသုံးငွေ (Petty Cash) များကို မှတ်တမ်းတင်ရန်နှင့် ငွေပေးချေမှု ဘောက်ချာများကို Supporting Documents များဖြင့် စစ်ဆေးရန်။
Bank Statement နှင့် ကုမ္ပဏီတွင်းစာရင်းများ တိုက်ဆိုင်စစ်ဆေးရန်နှင့် လစဉ် အခွန်/Audit စာရွက်စာတမ်း ပြင်ဆင်ရာတွင် ကူညီရန်။
Requirements
B.Com၊ B.A (Economics) ဘွဲ့ရ သို့မဟုတ် LCCI Level I/II အောင်မြင်ထားသူ ဖြစ်ရမည်။
Bookkeeping သို့မဟုတ် အကူစာရင်းကိုင် အတွေ့အကြုံ (၁) နှစ်မှ (၂) နှစ် ရှိရမည်။ (Freshers များကိုလည်း ကြိုဆိုပါသည်)။
Double-entry စနစ်ကို နားလည်ပြီး Microsoft Excel (VLOOKUP, Pivot Tables) အခြေခံ သုံးနိုင်ရမည်။
စာရင်းကိုင်အသုံးအနှုန်းများနှင့် System ပိုင်းအတွက် အခြေခံအင်္ဂလိပ်စာ (ဖတ်/ရေး) ရရမည်။
ဂဏန်းများနှင့် စာရွက်စာတမ်း စစ်ဆေးရာတွင် စေ့စပ်သေချာပြီး လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။
Data Entry
Description
Daily financial transactions၊ invoices များနှင့် ပြေစာများကို စာရင်းကိုင် ဆော့ဖ်ဝဲလ် (Accounting System) ထဲသို့ တိကျစွာ ရိုက်နှိပ်ထည့်သွင်းရန်။
ဘောက်ချာများ၊ ငွေရပြေစာများနှင့် ဘဏ်သွင်းစလစ်များကို သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ စနစ်တကျ ပြင်ဆင်စစ်ဆေးရန်။
ဘဏ္ဍာရေးမှတ်တမ်း၊ အခွန်စာရွက်စာတမ်းများနှင့် ပြေစာများကို လွယ်ကူစွာ ပြန်ရှာနိုင်အောင် ရုံးတွင်း (Hard Copy) နှင့် ကွန်ပျူတာထဲတွင် (Digital File) စနစ်တကျ ဖိုင်တွဲသိမ်းဆည်းရန်။
Requirements
အထက်တန်းအဆင့်အောင်မြင်ပြီးသူ သို့မဟုတ် LCCI Level II (Accounting) ရှိသူ ဖြစ်ရမည်။
Data Entry သို့မဟုတ် စာရင်းရေးသွင်းခြင်း လုပ်ငန်းအတွေ့အကြုံ (၁) နှစ်ဝန်းကျင် ရှိရမည်။ (ကွန်ပျူတာကျွမ်းကျင်သော Fresh Graduates များလည်း လျှောက်ထားနိုင်ပါသည်)။
ကွန်ပျူတာ စာရိုက် (Typing Speed) မြန်ဆန်ရမည်ဖြစ်ပြီး ဂဏန်းအချက်အလက်များ အမှားနည်းအောင် အထူးသတိပြုနိုင်သူ ဖြစ်ရမည်။ Microsoft Excel ကို အခြေခံ ကိုင်တွယ်နိုင်ရမည်။
ဂဏန်းများနှင့် စာရွက်စာတမ်းများကို အသေးစိတ် ဂရုတစိုက် ကြည့်ရှုနိုင်သူ ဖြစ်ပြီး၊ ကုမ္ပဏီ၏ လုပ်ထုံးလုပ်နည်းများကို တက်ကြွစွာ သင်ယူလိုစိတ် ရှိရမည်။
Accountant
Description
နေ့စဉ် ငွေရ/ငွေပေး ဘောက်ချာများ၊ ဘဏ်စာရင်းများနှင့် အရောင်း/အဝယ် စာရင်းများကို Accounting Softwareအတွင်း တိကျစွာ ရေးသွင်းစစ်ဆေးရန်။
Debtors (ရရန်ရှိစာရင်း) နှင့် Creditors (ပေးရန်ရှိစာရင်း) များကို စနစ်တကျ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်ပစ္စည်းပေးသွင်းသူ (Suppliers) များ၏ တောင်းခံလွှာများကို စစ်ဆေးရန်။
နေ့စဉ် ရုံးသုံးအသေးသုံးငွေများကို စနစ်တကျ မှတ်တမ်းတင်ခြင်းနှင့် အသုံးစရိတ်တိုင်းတွင် တရားဝင်ပြေစာ/ထောက်ခံချက် ပါရှိစေရန် စစ်ဆေးရန်။
လစဉ် အခွန်ပေးဆောင်ခြင်းနှင့် နှစ်ချုပ်စာရင်းစစ် (Audit) အစစ်ဆေးခံရန် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ရာတွင် စီနီယာအဖွဲ့ကို ကူညီပေးရန်။
Requirements
B.Com (စီးပွားရေးတက္ကသိုလ်ဘွဲ့)၊ B.A (Economics) သို့မဟုတ် LCCI Level III (Accounting) အောင်မြင်ထားသူ ဖြစ်ရမည်။
Experience: Accountant ရာထူးနေရာတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်မှ (၃) နှစ် ရှိရမည်။
Technical Skills: Accounting Software တစ်ခုခု အသုံးပြုဖူးရမည်ဖြစ်ပြီး Microsoft Excel (VLOOKUP, Pivot Tables နှင့် အခြေခံ Formula များ) ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
စာရင်းကိုင်အသုံးအနှုန်းများနှင့် System ပိုင်းများကို နားလည်နိုင်ရန် အခြေခံအင်္ဂလိပ်စာ (ဖတ်/ရေး) ကျွမ်းကျင်ရမည်။
ဂဏန်းများနှင့် စာရွက်စာတမ်းများကို စစ်ဆေးရာတွင် အသေးစိတ် ဂရုတစိုက်ရှိသူ ဖြစ်ရမည်ဖြစ်ပြီး၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးအချက်အလက်များကို လျှို့ဝှက်ချက် လုံခြုံစွာ ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။
Cashier
Description
POS System ကိုသုံးပြီး Cash, Cards နှင့် Mobile Wallets (KBZPay, WaveMoney, CBPay) ဖြင့် ငွေပေးချေမှုများကို တိကျစွာ လက်ခံရန်။
Customer များကို နွေးထွေးစွာ နှုတ်ဆက်ရန်၊ အော်ဒါများကို Scan ဖတ်/ဈေးနှုန်းစစ်ဆေးရန်နှင့် Receipts၊ ပြန်အမ်းငွေများကို မှန်ကန်စွာ ပေးရန်။
Shift မစတင်မီနှင့် အလုပ်ဆင်းချိန်တွင် ကောင်တာရှိ ငွေသားပမာဏ မှန်ကန်မှု ရှိ/မရှိ စနစ်တကျ ရေတွက်စစ်ဆေးရန်။
ငွေကိုင်ကောင်တာကို အမြဲ သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရန်နှင့် ငွေစက္ကူအတု သို့မဟုတ် မသင်္ကာဖွယ်ရာရှိပါက Supervisor ထံ ချက်ချင်းတင်ပြရန်။
Requirements
အထက်တန်းအဆင့် အောင်မြင်ပြီးသူ သို့မဟုတ် LCCI Level I/II ရှိသူ ဖြစ်ရမည်။
Cashier, Teller သို့မဟုတ် F&B Shop ပိုင်းတွင် အတွေ့အကြုံ (၁) နှစ်မှ (၂) နှစ် ရှိရမည် (POS System နှင့် Barcode Scanner သုံးဖူးသူ ဦးစားပေးမည်)။
အခြေခံသင်္ချာတွက်ချက်မှု ကောင်းမွန်ပြီး ပြည်တွင်း Mobile Banking စနစ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားရမည်။ Peak Hours (လူစည်ကားချိန်) ဖိအားဒဏ်ခံနိုင်ပြီး အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နိုင်ရမည်ဖြစ်ကာ Shift အချိန် တိကျရမည်။
Senior Cashier
Description
Cashier အဖွဲ့၏ လုပ်ငန်းဆောင်တာများကို ကြီးကြပ်ရန်နှင့် Customer Complaints (မကျေနပ်မှုများ) ရှိလာပါက စိတ်ရှည်စွာ ကူညီဖြေရှင်းပေးရန်။
နေ့စဉ် အလုပ်ဆင်းချိန် (Shift Closing) တွင် Cash Drawers အားလုံးမှ ငွေစာရင်းများနှင့် POS System ဒေတာများကို တိကျမှန်ကန်စွာ စစ်ဆေးပိတ်သိမ်းရန်။
ကောင်တာတွင် ကူပွန်များ၊ Promo Codes များနှင့် Special Discounts များ ထည့်သွင်းမှုကို စနစ်တကျ ပြန်လည်စစ်ဆေးရန်။
အလုပ်ချိန်တစ်ခုစီအတွက် အကြွေနှင့် လှည့်ပတ်ငွေ (Float Money) လုံလောက်မှု ရှိစေရန် စီမံခန့်ခွဲရန်။
Requirements
B.Com၊ Eco ဘွဲ့ သို့မဟုတ် စာရင်းကိုင်ဘွဲ့/LCCI Level II/III ရရှိထားသူ ဖြစ်ရမည်။
F&B သို့မဟုတ် Retail Industry တွင် Cashier အဖြစ် အတွေ့အကြုံ အနည်းဆုံး (၂) နှစ်မှ (၃) နှစ်အထက် ရှိရမည် (Supervisory အတွေ့အကြုံရှိပါက ပိုဦးစားပေးမည်)။
POS Advanced Functions များနှင့် စာရင်းပိတ်ခြင်းလုပ်ငန်းစဉ်များကို ကျွမ်းကျင်ရမည်။ ငွေအမြောက်အမြား ကိုင်တွယ်ရာတွင် သေချာစေ့စပ်ပြီး ဂဏန်းအချက်အလက် ကွာဟမှုမရှိအောင် ထိန်းချုပ်နိုင်ရမည်။
ခေါင်းဆောင်မှု အရည်အချင်းရှိပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။ အလွန်ရိုးသားဖြောင့်မတ်ပြီး လုပ်ငန်းခွင်ဖိအားနှင့် Strict Shift Timings များကို စနစ်တကျ လိုက်နာနိုင်သူ ဖြစ်ရမည်။
Head Waiter
Description
ဆိုင်တွင်း စားပွဲဝိုင်းများကို စောင့်ကြည့်ပြီး ဝန်ဆောင်မှုများ မြန်ဆန်ချောမွေ့စေရန် အနီးကပ်ကြီးကြပ်ရန်။
VIP/Regular ဧည့်သည်များကို ကြိုဆိုရန်နှင့် ဧည့်သည်များ၏ မကျေနပ်မှုများ၊ အထူး တောင်းဆိုချက်များကို ကျွမ်းကျင်စွာ ဖြေရှင်းပေးရန်။
Service Staff များကို လုပ်ငန်းခွင်သင်တန်းပေးရန်၊ တာဝန်ကျမည့် Stations များ ခွဲဝေပေးရန်နှင့် ဝတ်စားဆင်ယင်မှု စစ်ဆေးရန်။
ဟင်းလျာများနှင့် လိုက်ဖက်မည့် Drink Pairings များကို လမ်းညွှန်ပေးရန် (Upselling) နှင့် ဟင်းပွဲများ ဧည့်သည် စားပွဲသို့မရောက်မီ မီးဖိုချောင်တွင် Quality ကြိုတင်စစ်ဆေးရန်။
POS System တွင် ဘောက်ချာဖျက်ခြင်း (Voids) သို့မဟုတ် Voucher ခွဲခြင်း (Splitting bills) များကို ကူညီဆောင်ရွက်ပေးရန်။
Requirements
အထက်တန်းအဆင့်အောင်မြင်ပြီးသူ သို့မဟုတ် Hospitality၊ Hotel & Tourism၊ F&B Service ဆိုင်ရာ သင်တန်းဆင်းလက်မှတ် ရှိရမည်။
F&B Service တွင် အတွေ့အကြုံ (၃) နှစ်မှ (၅) နှစ် ရှိရမည်ဖြစ်ပြီး၊ အနည်းဆုံး (၁) နှစ်မှ (၂) နှစ်သည် Senior/Captain Level ဖြစ်ရမည်။
Fine Dining Etiquette နှင့် အခြေခံ Beverage/Wine ဗဟုသုတ ရှိရမည်။ POS နှင့် Delivery Merchant စနစ်များ ကျွမ်းကျင်ရမည်။
Peak Hours ဖိအားများကြားတွင် စိတ်အေးချမ်းသာစွာဖြင့် ပြဿနာဖြေရှင်းနိုင်ပြီး အဖွဲ့ကို ဦးဆောင်နိုင်ရမည်။ Shift အချိန်များ (စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ အပါအဝင်) ဆင်းနိုင်ရမည်။
Service Staff
Description
ဧည့်သည်များထံမှ အစားအသောက်အော်ဒါများကို စနစ်တကျ လက်ခံပြီး ဆိုင်၏ အထူးဟင်းလျာများကို လမ်းညွှန်အရောင်းမြှင့်တင်ရန်။
မှာယူထားသော အစားအသောက်နှင့် အဖျော်ယမကာများ အပူ/အအေး အခြေအနေ မှန်ကန်စွာဖြင့် ဧည့်သည်စားပွဲသို့ သွက်လက်စွာ ချပေးရန်။
ဧည့်သည်များ အဆင်ပြေချောမွေ့စွာ စားသောက်နိုင်ရေး ကူညီပေးရန်နှင့် စားပွဲဝိုင်းများ လှည့်ပတ်မှု မြန်ဆန်စေရန် ဆောင်ရွက်ရန်။
ဧည့်သည်များ ငွေရှင်းရာတွင် လိုအပ်သည်များကို POS စနစ်ဖြင့် အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးရန်။
Requirements
စားသောက်ဆိုင် သို့မဟုတ် ဟိုတယ် F&B ပိုင်းတွင် အတွေ့အကြုံ (၁) နှစ်မှ (၂) နှစ်ဝန်းကျင် ရှိရမည်။
မြန်မာဘာသာစကားဖြင့် သွက်လက်ပြေပြစ်စွာ ပြောဆိုနိုင်ရမည်။ Restaurant POS စနစ်များကို အခြေခံ ကိုင်တွယ်နိုင်ရမည်။
ဧည့်ဝတ်ပြုခြင်းကို ဝါသနာပါပြီး ဖောက်သည်များကို စိတ်ကျေနပ်မှု ပေးနိုင်ရမည်။ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်/လမ်းလျှောက် အလုပ်လုပ်နိုင်ရမည်။
Shift အချိန်များ (စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ အပါအဝင်) ဆင်းနိုင်ရမည်။
Junior Service Staff
Description
ဆိုင်မဖွင့်မီနှင့် ဆိုင်ပိတ်ပြီးနောက် ဧည့်သည် စားသောက်ခန်းမတစ်ခုလုံးကို သန့်ရှင်းသပ်ရပ်အောင် လုပ်ဆောင်ရန်နှင့် Checklists များအတိုင်း ပစ္စည်းများ အဆင်သင့်ပြင်ဆင်ရန်။
စားပွဲဝိုင်းများမှ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းသန့်ရှင်းရန် (Busby duties) နှင့် စီနီယာဝန်ထမ်းများ၏ လမ်းညွှန်မှုအတိုင်း ဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် ကူညီရန်။
ကုမ္ပဏီမှ သတ်မှတ်ထားသော ဝတ်စားဆင်ယင်မှု စည်းကမ်းအတိုင်း အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ရန်။
Requirements
အထက်တန်းအဆင့် ရှိရမည် (F&B သင်တန်းတက်ရောက်ဖူးသူများ ကြိုဆိုပါသည်)။
အတွေ့အကြုံမလိုပါ (သင်ယူလိုစိတ်ရှိပြီး တက်ကြွဖျတ်လတ်သူ ဖြစ်ရမည်)။
အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရိုးသားကြိုးစားသူ ဖြစ်ရမည်။ ဖိအားများသော အချိန်များတွင် စိတ်ရှည်စွာ လုပ်ကိုင်နိုင်ပြီး Flexible Shifts (စနေ၊ တနင်္ဂနွေ နှင့် ပိတ်ရက်များ အပါအဝင်) အလှည့်ကျ ဆင်းနိုင်ရမည်။
Commis
Description
ားဖိုမှူးများ ညွှန်ကြားချက်အတိုင်း အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဆေးကြော၊ အခွံနွှာ၊ လှီးဖြတ်ပြီး စနစ်တကျ ပြင်ဆင်ရန်။
Chef de Partie ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် အခြေခံဟင်းပွဲများ၊ Sauces များနှင့် အရန်ဟင်းများကို ဝိုင်းဝန်းချက်ပြုတ်ရန်။
ဟင်းချက်ကောင်တာ၊ စဉ်းတီတုံး၊ ဓားများနှင့် အိုးခွက်ပန်းကန်များကို အမြဲတမ်း ဆေးကြောသန့်စင် ပိုးသတ်ရန်။
ကုန်ကြမ်းများ ရောက်ရှိပါက လတ်ဆတ်မှု စစ်ဆေးလက်ခံပြီး Chillers/Freezers ထဲ စနစ်တကျ သိမ်းဆည်းရန်နှင့် အမှိုက်များကို နည်းစနစ်တကျ စွန့်ပစ်ရန်။
Kitchen Safety စည်းကမ်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (Uniform, Hairnet, Safety Shoes ဝတ်ဆင်ခြင်း) ကို တိကျစွာ လိုက်နာရန်။
Requirements
အထက်တန်းအဆင့် သို့မဟုတ် ဟင်းချက်သင်တန်းဆင်း ဖြစ်ရမည်။ Restaurant/Hotel Kitchen တွင် အတွေ့အကြုံ (၁) နှစ်မှ (၂) နှစ် ရှိရမည် (ဝါသနာပါပြီး သင်ယူလိုစိတ်ရှိသည့် Freshers များကိုလည်း ကြိုဆိုပါသည်)။
ဓားကို ဘေးကင်းစွာ ကိုင်တွယ်တတ်ပြီး အခြေခံ Food Safety ကို နားလည်ရမည်။ Order Tickets များ ဖတ်နိုင်ရန် အခြေခံအင်္ဂလိပ်စာ ဖတ်နိုင်ပါက ပိုကောင်းပါမည်။
ပစ္စည်းအလေးအပင်မနိုင်ရမည် (Up to 20kg)၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နိုင်ရမည်ဖြစ်ပြီး ပူပြင်းအလုပ်ရှုပ်သော Kitchen အခြေအနေတွင် ခံနိုင်ရည်ရှိရမည်။
Shift အချိန်များ (နံနက်စောစော၊ ညဉ့်နက်ပိုင်း၊ ပိတ်ရက်များနှင့် ရုံးပိတ်ရက်များ အပါအဝင်) အလှည့်ကျ ဆင်းနိုင်ရမည်။
Demi Chef
Description
မိမိတာဝန်ကျရာ Kitchen Section ၏ နေ့စဉ်လည်ပတ်မှုနှင့် အစားအသောက်ထုတ်လုပ်မှုကို ဦးဆောင်ရန်။
ဟင်းပွဲများ ဧည့်သည်စားပွဲသို့မရောက်မီ standard recipe အတိုင်း အရသာမှန်ကန်ခြင်း၊ အပူချိန်နှင့် ပုံစံတကျ ပြင်ဆင်မှု လှပခြင်း ရှိ/မရှိ သေချာစွာ စစ်ဆေးရန်။
လက်အောက်ရှိ Commis/Kitchen Helpers များ၏ အစားအသောက်ပြင်ဆင်မှုများကို ကြီးကြပ်ရန်၊ လမ်းညွှန်ပြသရန်နှင့် ဓားကို စနစ်တကျ ကိုင်တွယ်တတ်စေရန် ကြီးကြပ်ရန်။
မိမိ Station ရှိ ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် Stock Level ကို စစ်ဆေးခြင်းနှင့် Freshness အမြဲရှိနေစေရန် စီမံရန်။
မီးဖိုချောင်သုံးပစ္စည်းများ၊ ကောင်တာများ သန့်ရှင်းရေးနှင့် အစားအသောက် ညစ်ညမ်းမှုမရှိစေရေး (Food Safety) စံနှုန်းများကို တင်းကျပ်စွာ ကြီးကြပ်ရန်။
Requirements
Culinary School/ဒီပလိုမာ သို့မဟုတ် သက်ဆိုင်ရာ ဟင်းချက်သင်တန်းဆင်း ဖြစ်ရမည်။ Commercial Kitchen တွင် အတွေ့အကြုံ အနည်းဆုံး (၃) နှစ်မှ (၄) နှစ်အထက် ရှိရမည်။ (၁ နှစ်ခန့် Senior Commis သို့မဟုတ် Demi Chef အဆင့်ဖြင့် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်)။
Culinary Techniques (ချက်ပြုတ်နည်းစနစ်များ)၊ Sauces များနှင့် Recipe Cards များကို ကျွမ်းကျင်စွာ နားလည်ကိုင်တွယ်နိုင်ရမည်။ ဟင်းချက်နည်းလမ်းညွှန်များနှင့် ကွန်ပျူတာစနစ်များအတွက် အခြေခံအင်္ဂလိပ်စာ သေချာစွာ ဖတ်ရှုနားလည်နိုင်ရမည်။
Fast-paced environment တွင် ဖိအားဒဏ်ခံနိုင်ပြီး ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်ရမည်။ ခေါင်းဆောင်မှုအရည်အချင်း အနည်းငယ်ရှိရမည်ဖြစ်ပြီး Flexible Shifts (Weekends & Public Holidays အပါအဝင်) ဆင်းနိုင်ရမည်။
Security
Description
ဆိုင်/ရုံးဝင်းအတွင်း၊ အဝင်အထွက်ဂိတ်များနှင့် CCTV မော်နီတာများကို စနစ်တကျ ပုံမှန် လှည့်ပတ်စစ်ဆေး စောင့်ကြည့်ရန်။
လာရောက်သူ ဧည့်သည်များနှင့် ကားအဝင်အထွက်များကို စနစ်တကျ စစ်ဆေးမှတ်တမ်းတင်ရန်နှင့် လမ်းညွှန်ပေးရန်။
မသင်္ကာဖွယ်ရာများ၊ လုံခြုံရေးချို့ယွင်းချက်များနှင့် မတော်တဆမှုများ ဖြစ်ပွားပါက အထက်လူကြီးထံ ချက်ချင်း အစီရင်ခံတင်ပြရန်။
မီးဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများအတိုင်း လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရန်။
ရုံးဖွင့်ချိန်/ပိတ်ချိန်များတွင် တံခါးများ၊ သော့များနှင့် လုံခြုံရေးစနစ်များကို စနစ်တကျ ပိတ်/ဖွင့် တာဝန်ယူရန်။
Requirements
အလယ်တန်း (သို့မဟုတ်) အထက်တန်းအဆင့် ရှိရမည်။
လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ် ရှိရမည်။
ကိုယ်ခန္ဓာ တောင့်တင်းကြံ့ခိုင်ပြီး အရပ်အမောင်း ကောင်းမွန်ရမည်။
အကျင့်စာရိတ္တ ကောင်းမွန်ရမည်၊ ရိုးသားပြီး စည်းကမ်းရှိသူ ဖြစ်ရမည်။ အရက်၊ မူးယစ်ဆေးဝါးနှင့် လောင်းကစား ကင်းရှင်းသူ ဖြစ်ရမည်။
အလှည့်ကျစနစ် (Day/Night Shift) များ၊ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် ပုံမှန် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
Inventory Account
Description
Daily Stock In/Out (ပစ္စည်းအဝင်/အထွက်) စာရင်းများနှင့် ကုန်ပစ္စည်းအပြောင်းအလဲများကို Accounting System ထဲသို့ တိကျစွာ ရိုက်နှိပ်ထည့်သွင်းရန်။
ကွန်ပျူတာစနစ်ထဲရှိ Stock စာရင်းများနှင့် ဂိုဒေါင်ရှိ ပစ္စည်းအစစ်အမှန်များကို တိုက်ဆိုင်စစ်ဆေးရန် (System vs Physical Stock Reconciliation)။
စာရင်းနှင့် ပစ္စည်းအစစ်အမှန် ကွာဟမှုများ ရှိပါက အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး Management ထံ Report တင်ပြရန်။
ကုန်ပစ္စည်းများ၏ တန်ဖိုးတွက်ချက်မှု (Inventory Valuation) ကို စစ်ဆေးရန်နှင့် ပျက်စီး/သက်တမ်းကုန်ဆုံးသည့် ပစ္စည်းများ (Damaged/Expired Stock) ကို စနစ်တကျ စာရင်းပယ်ဖျက်ရန်။
Requirements
B.Com (စီးပွားရေးတက္ကသိုလ်ဘွဲ့)၊ စာရင်းကိုင်ဘွဲ့ သို့မဟုတ် LCCI Level III (Accounting) အောင်မြင်ထားသူ ဖြစ်ရမည်။
Inventory/Stock Accounting သို့မဟုတ် Warehouse စာရင်းကိုင်အဖြစ် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်မှ (၃) နှစ် ရှိရမည်။
Microsoft Excel (VLOOKUP, Pivot Tables, Formulas) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
ဂဏန်းအချက်အလက်များနှင့် ပစ္စည်းစာရင်းများကို စစ်ဆေးရာတွင် အလွန်စေ့စပ်သေချာပြီး ဇွဲရှိရှိ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ ရိုးသားဖြောင့်မတ်ပြီး လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်ရမည်။
ကုန်ပစ္စည်းစာရင်း ကွင်းဆင်းစစ်ဆေးရန်အတွက် Warehouse/Outlet များသို့ သွားရောက်နိုင်သူ ဖြစ်ရမည်။
Shift အချိန်များ (နံနက်စောစော၊ ညဉ့်နက်ပိုင်း၊ ပိတ်ရက်များနှင့် ရုံးပိတ်ရက်များ အပါအဝင်) အလှည့်ကျ ဆင်းနိုင်ရမည်။
Purchasing Assistant
Description
လိုအပ်သော ကုန်ပစ္စည်းများအတွက် Suppliers များထံမှ ဈေးနှုန်းနှင့် အချက်အလက်များ တောင်းခံခြင်း (Quotations စုဆောင်းခြင်း) နှင့် ဈေးနှုန်းနှိုင်းယှဉ်ခြင်း။
ရုံးတွင်းခွင့်ပြုချက်ရရှိပါက အဝယ်စာလွှာ (Purchase Orders - PO) များ စနစ်တကျ ထုတ်ပြန်ပေးရန်နှင့် ပစ္စည်းများကို သတ်မှတ်ရက်အတိုင်း အရောက်ပို့ရန် Suppliers များနှင့် ညှိနှိုင်းရန်။
မှာယူထားသော ပစ္စည်းများ အချိန်မှန်ရောက်ရှိရေးနှင့် ပစ္စည်းရောက်ရှိပါက အရေအတွက်နှင့် အရည်အသွေး မှန်ကန်မှု ရှိ/မရှိ စစ်ဆေးလက်ခံရန်။
အဝယ်ဘောက်ချာ (Invoices) များကို သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ စနစ်တကျ စစ်ဆေးပြီး ငွေရှင်းပေးနိုင်ရန် Finance Department သို့ လွှဲပြောင်းပေးရန်။
Suppliers များ၏ အချက်အလက်များ၊ ပစ္စည်းဈေးနှုန်းမှတ်တမ်းများနှင့် အဝယ်စာချုပ်များကို စနစ်တကျ File တွဲသိမ်းဆည်းရန်။
Requirements
ဘွဲ့ရရှိပြီးသူ (သို့မဟုတ်)LCCI Level II/III ရှိသူ ဖြစ်ရမည်။
Purchasing, Procurement သို့မဟုတ် Admin အဝယ်ပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ် ရှိရမည် (F&B သို့မဟုတ် Retail Industry အတွေ့အကြုံရှိပါက ပိုကောင်းပါမည်)။
Microsoft Excel, Word ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
Suppliers များနှင့် စကားပြောဆို ညှိနှိုင်းရာတွင် ပြေပြစ်သွက်လက်ရမည်ဖြစ်ပြီး၊ အခြေခံအင်္ဂလိပ်စာ (ဖတ်/ရေး) ရရမည်။
ဈေးနှုန်းနှင့် စာရွက်စာတမ်းများ စစ်ဆေးရာတွင် စေ့စပ်သေချာပြီး၊ အကျင့်စာရိတ္တ အထူးရိုးသားဖြောင့်မတ်သူ ဖြစ်ရမည်။
Shift အချိန်များ (နံနက်စောစော၊ ညဉ့်နက်ပိုင်း၊ ပိတ်ရက်များနှင့် ရုံးပိတ်ရက်များ အပါအဝင်) အလှည့်ကျ ဆင်းနိုင်ရမည်။
🎁 ရရှိမည့် အကျိုးခံစားခွင့်များ (Benefits)
LGBT Support: ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ အခွင့်အရေးပေးသော အလုပ်ပတ်ဝန်းကျင်
Competitive Benefit: အရည်အချင်းအပေါ် မူတည်ပြီး ဆွဲဆောင်မှုရှိသော လစာ
Accommodation & Free Meals: နေထိုင်စားသောက်ရေး အခမဲ့ စီစဉ်ပေးခြင်း
Flexible Schedule: တနင်္ဂနွေနေ့ အပါအဝင် အလှည့်ကျစနစ်ဖြင့် လုပ်ငန်းချိန် ညှိနှိုင်းပေးခြင်း
Worry no more!
TheLunchBox TLB is here to cater your Daily Tasty Needs.✨