MEMO Wedding Planning Services

MEMO Wedding Planning Services Wedding and Event Planning Services

အဲလိုမလုပ်နဲ့နော်....အသဲတို့ 🤭😁ငါ့မဂ်လာဆောင်မှာငါနဲ့တည့်တဲ့သူပဲဖိတ်မှာငါ့မဂ်လာဆောင်👇👇👇
24/07/2024

အဲလိုမလုပ်နဲ့နော်....အသဲတို့ 🤭😁
ငါ့မဂ်လာဆောင်မှာငါနဲ့တည့်တဲ့သူပဲဖိတ်မှာ

ငါ့မဂ်လာဆောင်👇👇👇

Romatic Photo Ideas ❤️
21/07/2024

Romatic Photo Ideas ❤️

ပါရမီဖြည့်ဖက်ဆိုတာ လင်နဲ့မယားကိုမှ ပါရမီဖြည့်ဖက်လို့ ပြောတာ မဟုတ်ဘူး။ လင်မယား ဖြစ်သွားရုံနဲ့လည်း ပါရမီဖြည့်ဖက် မဖြစ်နိုင...
22/06/2024

ပါရမီဖြည့်ဖက်ဆိုတာ လင်နဲ့မယားကိုမှ ပါရမီဖြည့်ဖက်လို့ ပြောတာ မဟုတ်ဘူး။ လင်မယား ဖြစ်သွားရုံနဲ့လည်း ပါရမီဖြည့်ဖက် မဖြစ်နိုင်ဘူး။

စုံတွဲတွေ တော်တော်များများ ထင်ထားတာမျိုးက နှစ်ကာလ အကြာကြီး တွဲတိုင်း၊ လက်ဆောင်တွေ အများကြီး ပေးတိုင်း ရတိုင်း၊ ကိုယ်ချစ်တဲ့သူနဲ့ ညားတိုင်း ပါရမီဖြည့်ဖက် ဖြစ်ပြီ ဆိုပြီး လက်ခံထားကြတာ များတယ်။

တကယ်က ဒီ့ထက်တောင် နက်နဲသေးတယ်။ ဒါ့ကြောင့် ဒီ Topic ထဲမှာ ပါရမီဖြည့်ဖက် ဖြစ်ဖို့အတွက် လူအများသိကြတဲ့ ပါရမီဆယ်ပါးကို ဘယ်လို ဖြည့်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး Relationship ရှုထောင့်ကနေ တင်ပြချင်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ကောင်းမွန်တဲ့ အလုပ်တွေ ပိုပိုပြီး လုပ်ဖြစ်အောင် ကူညီပံ့ပိုးပေးမှ ပါရမီဖြည့်ဖက်လို့ ခေါ်တာ။

ကောင်းမွန်တဲ့ အလုပ်ဆိုတာက ...

(၁) Donation - ပေးကမ်းတာ။

တစ်ဖက်လူ အဆင်ပြေစေဖို့ ကိုယ့်မှာ မရှိ ရှိတာလေးကနေ Sharing လုပ်ပေးတာပါ။ ကိုယ်က ဘာပေးလိုက်ပါတယ်ဆိုတဲ့အပေါ် ငါပေးမှ သူရမှာဆိုတဲ့ မာနမျိုး မထားဘူး၊ ပြန်ရဖို့လည်း မမျှော်လင့်ဘူး။ ဒါကို ဗုဒ္ဓဓမ္မမှာတော့ ဒါနပါရမီဆိုပြီး ခေါ်တာပေါ့။

(၂) Moral conduct - အကျင့်ကောင်းအောင် နေတာ။

စုံတွဲတွေမှာ ဖြစ်နေကျ Conflict က ခြံခုန်ရတာနဲ့၊ စနိုင့်မိသွားနဲ့၊ ကြာကူလီရိုက်တာနဲ့။ စုံလို့ပဲ။ တကယ့်တကယ် ဘယ်သူက,စ ရေလာမြောင်းပေးလုပ်လုပ်။ ကိုယ့်စိတ်က မပါရင် ဖောက်ပြန်နေစရာ ဘာအကြောင်းမှ မရှိဘူး။ ဒီတော့ မဖောက်ပြန်မိအောင် နေခြင်းသည်ပင်လျှင် ကိုယ့် ကိုယ်ကျင့်သီလကို ကောင်းမွန်အောင် ထိန်းခြင်းပဲ ဖြစ်တယ်။

(၃) Renunciation - ကိုယ့်ကျိုး မငဲ့တာ။

ကိုယ်ပဲ ကောင်းစားဖို့ မတွေးနေဘူး။ ကိုယ် ကောင်းစားနေရင် တစ်ဖက်က Partner ကို ကောင်းစားစေချင်တာမျိုး။ ကောင်းစားစေချင်တယ်ဆိုတဲ့ ဆန္ဒကိုလည်း ဆန္ဒချည်းသက်သက် မထားဘဲ အကောင်အထည်ဖော်ပေးတာမျိုး။ တိုတိုပြောရင် ကိုယ့်ချစ်သူ အဆင်ပြေစေဖို့ပဲ အဓိကထားပြီး အလုပ်လုပ်ပေးတာကို ဆိုလိုတာ။

(၄) Wisdom - ဉာဏ်အမြော်အမြင်ရှိတာ။

Man ဖြစ်ဖြစ်၊ Lady ဖြစ်ဖြစ် သင့်အနေနဲ့ ကိုယ့်ဘာကိုယ် ပါရမီဖြည့်ဖက်လို့ ခံယူထားတယ်ဆိုရင် ထိုက်သလောက်တော့ ဉာဏ်ရှိဖို့ လိုပါတယ်။ အမြော်အမြင် ရှိမှပဲ ကိုယ့် Partner ကို လမ်းမှားတွေ မလျှောက်မိဖို့ Recommend ကောင်းတွေ ပေးနိုင်မှာကိုး။ ဒီဟာက ထိခိုက်စေတယ်၊ မထိခိုက်စေတယ်ဆိုပြီး ကိုယ်၌က မစဉ်းစားတတ်သရွေ့ ပါရမီဖြည့်ဖက်လို့ မမှတ်ယူသင့်ပါ။

(၅) Perseverance - စိတ်အားထက်သန်တာ။

တကယ်ဆို အပေါ်က လေးချက်စလုံးကို ထိန်းချုပ်ထားတာ ဒီအချက်ကပဲ။ ပေးကမ်းဖို့၊ တစ်ဖက်လူ အဆင်ပြေဖို့ အဓိက ဦးစားပေးဖို့၊ ဉာဏ်အမြော်အမြင် ရှိဖို့၊ အကျင့်ကောင်းအောင်နေဖို့က စိတ်အားထက်သန်မှပဲ ရမှာပါ။ စိတ်ပါရင် ဘယ်သူ ခွဲခွဲ လွဲမှာ မဟုတ်ဘူး။ မပါတဲ့အခါ ဘယ်သူ တွဲတွဲ မြဲမှ မဟုတ်တော့။

(၆) Patience - သည်းခံတာ။

ခန္တီပါရမီပေါ့။ သည်းခံရတာ အပြောက လွယ်တယ်၊ လုပ်ဖို့ကသာ ခက်တယ်ဆိုပေမဲ့ ကြုံတွေလာရတဲ့ အကောင်းအဆိုး အမျိုးမျိုးသော လောကဓံတွေကြောင့် ဖောက်ပြန်မသွားဘဲ ကောင်းမွန်မှန်ကန် အကျိုးရှိတဲ့ အလုပ်တွေကို ပြီးဆုံးအောင်မြင်,အောင် လုပ်ဆောင်တာဟာ ပါရမီဖြည့်သူတို့ရဲ့ စိတ်ဓာတ်ပါပဲ။

(၇) Truthfulness - ကတိတည်တာ(သစ္စာ)

မှန်ကန်တဲ့ အလုပ်ကို မှန်မှန်ကန်ကန်ပဲ လုပ်တယ်။ ကြော်ငြာထားတဲ့အတိုင်း မှန်မှန်ကန်ကန် လုပ်တယ်။ လုပ်ပေးနိုင်တာကိုသာ ပြောတယ်။ လုပ်နိုင်ရုံလေးပဲ လုပ်တယ်။ လုပ်မပေးနိုင်တာတွေအတွက် လေကြီးလေကျယ် အာမချောင်ဘူး။ တစ်နည်းပြောမယ်ဆို တစ်ဖက်လူကို မျှော်လင့်ချက် မပေးတာမျိုးပေါ့။

(၈) Determination - ဆုံးဖြတ်ချက် ခိုင်မာတာ။

ဒီအချက်က နံပါတ် ခုနစ်အချက်နဲ့ ဆက်စပ်နေတယ်လို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ်ပေးမယ်ပြောတာ တစ်ခုကို ပေးဖို့၊ လုပ်မပေးနိုင်တဲ့ ကိစ္စ တစ်ခုကို ယဉ်ကျေးစွာ ငြင်းဆိုဖို့၊ တစ်ဖက်လူကောင်းစားဖို့ ကိုယ်စွမ်းသလောက် ကူညီစွမ်းဆောင်ပေးဖို့ဆိုတာ ချလိုက်တဲ့ ဆုံးဖြတ်ချက်က ခိုင်မာပြတ်သားမှ အဆင်ပြေမှာပါ။

(၉) Loving-kindness်-မတ်ေတာထားတာ

ဒါကိုတော့ မေတ္တာလို့ ပြောနိုင်ပါတယ်။ တစ်ဖက်လူကို အဆင်ပြေ ချမ်းသာစေလိုသောစိတ်ထား ထားရှိပြီးတော့ အဆင်ပြေ ချမ်းသာအောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးကို မေတ္တာနဲ့ ပါရမီဖြည့်ပေးတာပဲ ဖြစ်တယ်။

(၁၀) Equanimity - ဥပေက္ခာ ပြုတတ်တာ။

တချို့က ဥပေက္ခာဆိုတာကို Neglect လို့ ဆိုကြတယ်။ တချို့က Mute လို့ ထင်တယ်။ တကယ့် ဥပေက္ခာတရားဆိုတာက Positive View ရှိမှ အဆင်ပြေတာ။ ဆင်းရဲရဲ ချမ်းသာသာ မတုန်လှုပ်တော့တာ၊ ကဲ့ရဲ့လည်း မခံစားတော့သလို ချီးမွမ်းလည်း မမြှောက်ကြွတော့တာကိုမှ ဥပေက္ခာလို့ ခေါ်တာပါ။ ကိုယ်က ကိုယ့်လက်တွဲဖော်အတွက် ပါရမီဖြည့်ဖက်လို့ ခံယူထားတယ် ဆိုရင်တော့ တစ်ဖက်လူ ချစ်နေသည်ဖြစ်စေ၊ မုန်းနေသည် ဖြစ်စေ ကိုယ်လုပ်ပေးရမယ့် အလုပ်ကို မပိုမလို လုပ်ဖို့ လိုပါမယ်။

ဒီ ၁၀ ချက်နဲ့ ကိုက်ညီနေရင်တဲ့ သင့်ဘေးက ပါတနာကို ပါရမီဖြည့်ဖက်ဆိုပြီး သတ်မှတ်နိုင်ပါပြီ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

Credit to original 🙏🙏🙏

 #အနာဂါတ် မှာ လက်ထပ်ရမယ့် သူ ကို တွေ့ တဲ့ အိမ်မက်။ပေါ်ပြူလာ နည်းတွေ ဖြစ်တဲ့ ဆန်စေ့ ၇စေ့၊ ကြက်သွန်ဖြူ၊ နှင်းဆီနီ တွေလည်း ...
21/03/2024

#အနာဂါတ် မှာ လက်ထပ်ရမယ့် သူ ကို တွေ့ တဲ့ အိမ်မက်။

ပေါ်ပြူလာ နည်းတွေ ဖြစ်တဲ့ ဆန်စေ့ ၇စေ့၊ ကြက်သွန်ဖြူ၊ နှင်းဆီနီ တွေလည်း မကြိုက်ဘူး ဆိုတော့ အနောက်တိုင်းနည်း လေး တခု ပေး လိုက်ပါတယ်။

နည်းလမ်း။
* ဘယ်နေ့ ဘယ်ရက် မဆို လုပ်နိုင်ပါတယ်။
* သန့်ရှင်းတဲ့ ရေ ကို အရောင်၊ ဒီဇိုင်းမပါ တဲ့ ဖန်ခွက် ထဲ ထည့်ပါ။
* မအိပ်ခင်မှာ ရေ တ၀က်ကို သောက်ပါ။ ဆုတောင်းပါ။ အနာဂါတ် မှာ လက်ထပ် ရမယ့် သူကို တွေ့ချင်ပါတယ်လို့။
* ရေဖန်ခွက် ကို အိပ်ယာနဘေး ထားပြီးအိပ်လိုက်ပါ။
* အိပ်ယာက နိုးရင် ကျန်တဲ့ ရေတ၀က်ကို သောက်လိုက်ပါ။
* ပထမရက်မှာ အိမ်မက် မမက်ရင် နောက်တရက် ဆက်လုပ်ပါ။ သုံးရက်အထိ လုပ်ကြည့်ပါ။
* မအိပ်ခင် သုံးနာရီ အတွင်း အရက်သေစာ သောက်စာခြင်း နဲ့ အစားများ စားသောက်ခြင်းမပြုပါနဲ့။

မိတ်ဆွေ များလည်း အိမ်မက်ကောင်းလေးများ မက်ကြပါစေနော် ....

❣️Design ခပ်ဆန်းဆန်းလေး နဲ့ ကိုယ်ကောင်မလေးကို ကြွေအောင် လုပ်လို့ ရတယ်နော် 🌟Valentine အမှီဆို အခုကတည်းက ကြို အော်ဒါ တင်ပေ...
20/01/2022

❣️Design ခပ်ဆန်းဆန်းလေး နဲ့ ကိုယ်ကောင်မလေးကို ကြွေအောင် လုပ်လို့ ရတယ်နော်
🌟Valentine အမှီဆို အခုကတည်းက ကြို အော်ဒါ တင်ပေးပါနော်

📌 လက်ရာ အာမခံ ပါတယ်ရှင်

✅ဈေးနှုန်း Cb မှာ မေးပေးပါနော် Size ကွာရင် ဈေးကွာလို့ပါရှင် ....

✅Online သီးသန့်

✅ရန်ကုန် အိမ်အရောက် ငွေချေစနစ်ပါ။
‼️မြို့နယ်အလိုက် ပို့ခပေးရပါမယ်ရှင်...

အခုချိန် အသုံးဝင်ပြီး Idea ကောင်းတဲ့ ပြန်ကမ်းလက်ဆောင်လေးတွေ ဈေးနှန်းသက်သာစွာဖြင့် မှာယူနိုင်ပါတယ်ရှင်..
21/06/2021

အခုချိန် အသုံးဝင်ပြီး Idea ကောင်းတဲ့ ပြန်ကမ်းလက်ဆောင်လေးတွေ ဈေးနှန်းသက်သာစွာဖြင့် မှာယူနိုင်ပါတယ်ရှင်..

Wedding Checklist....🥰🥰
23/02/2020

Wedding Checklist....🥰🥰

Address

Pazundaung Township
Yangon
01

Telephone

+959402971178

Website

Alerts

Be the first to know and let us send you an email when MEMO Wedding Planning Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category