Silver King Travel & Tour

Silver King Travel & Tour No (693/701) ,Room No. 9A(9F), Corner of 27th Street & Strand Road, Pabedan Tsp; Classic Strand Condominium, Yangon.

Hot Line : 09785165001
Phone : 01 - 371736 (Ext : 106)

"ကဆုန်ညောင်ရေသွန်းပွဲတော် ရုံးပိတ်ရက် အသိပေးခြင်း"(၂၀၂၃) ပြည့်နှစ်၊ မေလ (၃) ရက်နေ့ ဗုဒ္ဓဟူးနေ့သည် "ကဆုန်လပြည့် - ဗုဒ္ဓနေ...
02/05/2023

"ကဆုန်ညောင်ရေသွန်းပွဲတော် ရုံးပိတ်ရက် အသိပေးခြင်း"

(၂၀၂၃) ပြည့်နှစ်၊ မေလ (၃) ရက်နေ့ ဗုဒ္ဓဟူးနေ့သည် "ကဆုန်လပြည့် - ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲတော်)နေ့" အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Silver King Travel & Tour ရုံးပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွန်းပွဲကို ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့တွင်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကဆုန်လပြည့် ဗုဒ္ဓနေ့မှအစပြု၍ မြန်မာပြည်သူအပေါင်း ကုသိုလ်ဒါနများ ဆတိုးပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏🙏🙏

King Travel & Tour

'' ရုံးပိတ်ရက် အသိပေးကြော်ငြာခြင်း ''( ၂၀၂၃ ) ပြည့်နှစ်၊ မေလ (၁) ရက် တနလ်ာနေ့သည် Happy Labour Day ဖြစ်သောကြောင့် ရန်ကုန်...
29/04/2023

'' ရုံးပိတ်ရက် အသိပေးကြော်ငြာခြင်း ''

( ၂၀၂၃ ) ပြည့်နှစ်၊ မေလ (၁) ရက် တနလ်ာနေ့သည် Happy Labour Day ဖြစ်သောကြောင့် ရန်ကုန်ရုံးပိတ်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
မေလ (၁) ရက်နေ့တွင် ကျရောက်မည့် “အလုပ်သမားနေ့” အား Silver King Travel & Tour မိသားစု မှ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

" ရုံးပိတ်ရက်ကြော်ငြာခြင်း "၂၀၂၃ ခုနှစ် ၊ မတ်လ (၂) ရက်နေ့တွင်ကျရောက်သော "တောင်သူလယ်သမားနေ့"  မှာတောင်သူလယ်သမားဉီးကြီးမျာ...
01/03/2023

" ရုံးပိတ်ရက်ကြော်ငြာခြင်း "

၂၀၂၃ ခုနှစ် ၊ မတ်လ (၂) ရက်နေ့တွင်ကျရောက်သော
"တောင်သူလယ်သမားနေ့" မှာ
တောင်သူလယ်သမားဉီးကြီးများ သီးနှံထွက်တိုးကာ
ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း
(SK Myanmar) မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

✨ မင်္ဂလာပါခင်ဗျာ ✨☀️ New Year အပြီး ဟိန္ဒူရိုးရာဓလေ့ထုံးတန်းစဉ်လာအရ   ဒုတိယပွဲတော်ဖြင့်သော  မဟာသျှီဝရာတြီဘုရားပွဲတော်ကြ...
16/02/2023

✨ မင်္ဂလာပါခင်ဗျာ ✨

☀️ New Year အပြီး ဟိန္ဒူရိုးရာဓလေ့ထုံးတန်းစဉ်လာအရ

ဒုတိယပွဲတော်ဖြင့်သော မဟာသျှီဝရာတြီဘုရားပွဲတော်ကြီးသို့ သွားရောက်ဖူးမြော်နိုင်ရန်👏👏

✈️ Yangon - Lashio ✈️

အသွားအပြန်လက်မှတ်အားစျေးနူန်းသက်သာစွာစီစဉ်ပေးနေကြောင်းသတင်းကောင်းပါးအပ်ပါသည်။ 🙏🙏

✈️‌ေလယာဥ်လက်မှတ် စုံစမ်းရန်နှင့် ဝယ်ယူဖို့အတွက် Flight Ticketing Deparment ကို ဆက်သွယ်မေးြမန်းနိုင်ပါသည်။

🏫 Address - Room No-9A, Classic Strand Condo (9th Floor)
Building No. 693-701, Corner of Strand Road and 27th Street,
Pabedan Township, Yangon.

📲 Phone:+95-1-372597,+95-1-371736 Ext : 0,123
📲 Viber and HP: +95-9-254 136 846

“ရုံးပိတ်ရက် အသိပေးကြေညာခြင်း"31.7.2020 ရက် သောကြာနေ့ကို အစ္စလာမ်ဘာသာဝင်တို့၏ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အစ်နေ့  အစားထိ...
30/07/2020

“ရုံးပိတ်ရက် အသိပေးကြေညာခြင်း"

31.7.2020 ရက် သောကြာနေ့ကို အစ္စလာမ်ဘာသာဝင်တို့၏ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အစ်နေ့ အစားထိုးရုံပိတ်ရက်

1.8.2020 ရက် စနေနေ့ "အစ်"နေ့

2.8.2020 ရက် တနင်္ဂနွေနေ့

မြန်မာသက္ကရာဇ် (၁၃၈၂)ခုနှစ်၊ ဒုတိယဝါဆိုလပြည့်၊ တနင်္လာနေ့ 3.8.2020 ရက်နေ့သည် "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို" ဆိုတဲ့အတိုင်း ဗုဒ္ဓဘာသာ၀င်များအတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သလို ဝါတွင်းကာလ စတင်သည့် "ဓမ္မစကြာအခါတော်နေ့”ဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါသောကြောင့် အဆိုပါနေ့များတွင် ရုံးပိတ်ထားမည်ဖြစ်ပါကြောင်း မိတ်ဟောင်း၊ မိတ်သစ်များအား Silver King Travel & Tour မှ လေးစားစွာ ကြိုတင်အသိပေးကြေညာအပ်ပါသည်။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ - ရက်ကောင်း ရက်မြတ် မင်္ဂလာရှိသော အခါသာမယမှာ ကောင်းသော တွေးခြင်း၊ ကောင်းသော ပြောခြင်း ၊ ကောင်းသော ဆက်ဆံခြင်းဖြင့်သာ ပြုမူနေထိုင်နိုင်ကြပါစေ ...

ကျန်းမာလှပ အောင်မြင်ပျော်ရွှင်တဲ့ဘဝနဲ့ အလှူရေစက် လက်နဲ့မကွာ လှူတန်းနိုင်ပြီး .. ကံကောင်းခြင်းများသာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းချွေလိုက်ပါတယ် ... 🙏🙏🙏

King Travel & Tour

🌄လောကမှာ အရင်းနှီးတစ်ခုကို ငွေနဲ့စမှအရင်းနှီးဖြစ်တာ မဟုတ်ပါဘူးသင့်မှာ အကောင်းဆုံး ဥာဏ်အားတွေရှိတယ်ကိုယ့်အားတွေရှိတယ်ဝီရိ...
25/07/2020

🌄လောကမှာ
အရင်းနှီးတစ်ခုကို ငွေနဲ့စမှ
အရင်းနှီးဖြစ်တာ မဟုတ်ပါဘူး
သင့်မှာ အကောင်းဆုံး ဥာဏ်အားတွေရှိတယ်

ကိုယ့်အားတွေရှိတယ်
ဝီရိယ အားတွေရှိတယ်
လုပ်ပိုင်ခွင့်တွေ ရှိနေတယ်

အဲဒါ သင့်ရဲ့အကောင်းဆုံး အရင်းနှီးပဲဆိုတာ မမေ့ပါနဲ့

🌄သင့်ကို အားပေးသူ မရှိလို့လား

မျှော်လင့်မနေပါနဲ့
အကောင်းဆုံး အဖော်ဆိုတာ
ကိုယ်ကလွဲပြီး အခြားသူမရှိနိုင်ပါဘူး

သင်သာ
သင့်ရဲ့ အကောင်းဆုံးအဖော်
တစ်ယောက်ပါ........

🌄သင့်ကို သနားသူ မရှိလို့လား

အားကိုးမနေပါနဲ့
ကိုယ်သာ ကိုယ့်ဘဝအတွက်
သနားတတ်ဆုံးသူပဲ ဖြစ်ရမယ်

အားကိုးနေရင်
သူများနိုးမှ
သင် ထရလိမ့်မယ်

သူများနိုးမှ ထရမယ့်အဖြစ်မျိုး
သင်မခံယူချင်စမ်းပါနဲ့

ကိုယ့်အသိနဲ့သာ
ကိုယ့်ကိုကိုယ် နိုးထလိုက်စမ်းပါ

🌄ဆင်းရဲလို့ အားငယ်နေတာလား

အားမငယ်လိုက်ပါနဲ့
ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာ
ငွေနဲ့တိုင်းတာလို့ မရဘူး

ရိုးသားခြင်းနဲ့ ဖြောင့်မတ်ခြင်းနဲ့ပဲ
တိုင်းတာလို့ရတယ်

ငွေရှိပြီး မရိုးသားဘူးဆိုရင်
သူခိုးများနဲ့ ဘာထူးမှာလဲ

ငွေရှိပြီး မဖြောင့်မတ်ဘူးဆိုရင်
လူလိမ် လူညာတွေနဲ့ရော ဘာထူးမှာလဲ

ငွေရှိခြင်း မရှိခြင်းထက်
ရိုးသားခြင်း မရိုးသားခြင်းကသာ
ပိုအရေးကြီးတာပါ

သင် သိထားဖို့က
ခိုးစားပြီး အကျိုးများနေသူတွေထက်
ရိုးသားပြီး ကြိုးစားနေသူတွေအတွက်
အကျိုးတရားတွေ များစွာရှိနေတယ်ဆိုတာ

ဂုဏ်ယူတတ်ဖို့ လိုပါတယ်

🌄အမြင့်မတက်နိုင်လို့ စိတ်ညစ်နေတာလား

လောကမှာ
အမြင့်တက်ပြီး
မရင့်ကျက်တဲ့ အပြင်
ရက်စက်နေကြတဲ့သူတွေ အများကြီး

သင်တွေ့လား
ကောင်းကင်ပေါ် ပျံဝဲနေတဲ့
သိမ်းငှက်ကြီးက
သင့်ကို သက်သေအဖြစ်
ပြနေတယ်

ဒါ မရိုးသာသူတွေရဲ့
အကျင့်စရိုက်တစ်ခုပဲ

🌄ဒါကြောင့်
ရိုးသားပါ ကြိုးစားပါ နိုးကြားပါ

ရိုးသားခြင်း မရိုးသားခြင်း
ကြိုးစားခြင်း မကြိုးစားခြင်း
အောင်မြင်ခြင်း မအောင်မြင်ခြင်း
ဆိုတာကတော့.......
ကိုယ်နဲ့ပဲ သက်ဆိုင်နေတယ်

လေးစားစွာဖြင့် ✍✍✍
အရှင်သောဟဇ္ဇ (တကူ)

Silver King Travel & Tour

စိတ်ကောင်းနှလုံးကောင်းထားနိုင်ဖို့ နည်းလမ်း ၅ သွယ်သင့်အနေနဲ့ ဖော်ရွေကြင်နာတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းကို ဖော်ပြဖို့ အခ...
07/07/2020

စိတ်ကောင်းနှလုံးကောင်းထားနိုင်ဖို့ နည်းလမ်း ၅ သွယ်

သင့်အနေနဲ့ ဖော်ရွေကြင်နာတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းကို ဖော်ပြဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် နောက်ကိုခြေတစ်လှမ်းသာဆုတ်ပေးလိုက်ပါ။ အခြားသူတွေအပေါ် ချစ်ခင် ကြင်နာစိတ်ရှိကြောင်းဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ သူတို့တွေ ဘဝမှာပိုအဆင်ပြေသွားမယ်ဆိုရင် သင်လည်းချစ်ခင်ကြင်နာမှုကိုရောင်ပြန်ရရှိနိုင်မှာပါ။
သင့်ရဲ့စိတ်နှလုံးကောင်းကိုဖော်ပြနိုင်မယ့် နေ့စဉ်လေ့ကျင့်ခန်း ၅ခုရှိပါတယ်-

၁) မီးနီအဆင့်မှာရပ်လိုက်ပါ
သင့်စိတ်ကမီးနီအဆင့်(ဘာကိုမှဆက်မကြားလို၊မပြောလို၊ အားလုံးရပ်တန့်သွားစေလိုတဲ့ စိတ်မကျေနပ်မှုအခြေအနေ) ကိုရောက်နေတဲ့အချိန်တိုင်း အသက်ကိုပြင်းပြင်းရှူပြီး ကိုယ်ဘယ်လိုခံစားနေရသလဲဆိုတာကို သတိထားတွေးကြည့်ပြီးမှ ကိုယ့်အတွက်ရော၊ တခြားသူအတွက်ပါ အဆင်ပြေစေဖို့ဆုတောင်းပေးပါ။ “ပျော်ရွှင်ပါစေ။ အဆင်ပြေပါစေ”ဆိုတဲ့ စကားတွေကို စိတ်မပြေမချင်းစိတ်ထဲကနေပြောနေပါ။ နောက်တစ်ကြိမ် မီးနီအဆင့် ရောက်ပြန်ရင်လည်းဒီအတိုင်းထပ်လုပ်ပါ။ လုံလောက်တဲ့အထိအကြိမ်ကြိမ်လုပ်ဆောင်ပြီးတဲ့အခါ မီးနီအဆင့်က စိတ်ကောင်းနှလုံးကောင်းမွေးမြူရာမှာ သဲလွန်စတစ်ခုဖြစ်လာပြီး စိတ်နှလုံးကောင်းထားရှိတဲ့အလေ့အကျင့်ကို ဖြစ်တည်စေပါတယ်။

၂) ကုန်စုံဆိုင် အရောင်းဝန်ထမ်းတွေနဲ့ ခင်မင်အောင် ပေါင်းထားပါ
ကုန်စုံဆိုင်သွားတဲ့အခါ ၊ ရုပ်ရှင်လက်မှတ်ဝယ်ဖို့ တန်းစီတဲ့အခါ၊ ဒါမှမဟုတ် ဓါတ်ဆီဆိုင်မှာဆီထည့်ချိန်မှာ တခြားလူတွေနဲ့ ချိတ်ဆက်ပေါင်းသင်းပါ။ စိတ်ထဲကနေလည်းသူတို့အတွက် ကောင်းကျိုးကို ဆန္ဒပြုထားပါ။ သူတို့ စကားပြောတဲ့အခါ နားထောင်ပေးပြီး နူးညံ့တဲ့အပြုံးနဲ့ဆက်ဆံပါ။ အသေးအဖွဲအမူအရာလေးတချို့ကလည်းလူတွေကိုပွင့်လင်းမှုပိုရှိစေပြီးေ ဖာ်ရွေကြင်နာစိတ်ဖြစ်စေဖို့ လုံလောက်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရင်း ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပေါင်းသင်းနိုင်တာပါပဲ။

၃) ကိုယ့်ခရီးဖော်တွေအပေါ် သဘောကောင်းပေးလိုက်ပါ
သင်ဟာဘတ်စ်ကား၊ ရထား ဒါမှမဟုတ် လေယာဉ်ကိုပုံမှန်စီးနေကျလူတစ်ယောက်ဖြစ်ခဲ့ရင် ထိုင်ခုံနေရာယူတဲ့အခါမှာလည်း ကိုယ့်ရဲ့ခရီးဖော်တွေအပေါ် ဖော်ရွေတဲ့စိတ်သဘောကောင်းတွေ၊ စာနာရိုင်းပင်းမှုတွေထားရှိပေးဖို့ လေ့ကျင့်နိုင်တဲ့အခွင့်အရေးတွေပါပဲ။ ကိုယ်နဲ့အတူခရီးသွားသူတွေအားလုံးကို သိရှိအောင်လုပ်ပြီး သူတို့ရဲ့ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းစရာတွေ ၊ စိတ်ချမ်းသာချင်နေတာတွေ၊ အေးချမ်းချင်တာ၊ ဒုက္ခတွေကနေလွတ်မြောက်ချင်တာတွေအကြောင်း သူတို့မျှဝေသမျှကို တုံ့ပြန်ဖလှယ်ပါ။ သူတို့ကိုပျော်ရွှင်စေလိုတဲ့ ဆန္ဒရှိနေကြောင်းကို ကိုယ့်ဘက်ကဖော်ပြပါ။ “ပျော်ရွှင်ပါစေ။ ဘေးကင်းပါစေ။ ထိခိုက်နစ်နာမှုမှကင်းလွတ်ပါစေ။ ဘဝမှာအဆင်ပြေပါစေ” လို့ပေါ့။

၄) အချက်ပေးသံကိုနားစွင့်ပါ
ကျွန်ုပ်တို့မှာ နေ့တိုင်းအီးမေးလ်တွေနဲ့ ပြက္ခဒိန်အချက်ပေးစာတွေ အများကြီးလက်ခံရရှိတတ်ပါတယ်။ သူတို့ကို သတိပေးအချက်ပြတဲ့အရာတွေအဖြစ် အသုံးချပါ။ ကွန်ပျူတာတွေ အတော်များများမှာတော့ တရားထိုင်အချိန်မှတ် ခေါင်းလောင်းသံမျိုးလိုတောင် အချက်ပေးသံထားရှိလို့ရနေပါပြီ။ အချက်ပေးသံကိုကြားမိတိုင်း ဒါမှမဟုတ် အချက်ပေးစာကိုမြင်မိတိုင်း ခဏလေးရပ်ပြီး အသက်ကိုတစ်ချက်နှစ်ချက်ရှိုက်ရှူကာ စိတ်နှလုံးကောင်းမွေးဖို့အတွေးတွေ စတင်ပါ။ ရေချိုးရင်းနဲ့လည်းဒီလိုမျိုးလုပ်နိုင်ပါတယ်။ သင့်ခန္ဓါကိုယ်ပေါ်မှာ ရေတွေကျလာတာကိုခံစားကြည့်ရင်းနဲ့လည်း ခဏလေးရပ်ပြီး အသက်ကိုရှိုက်ရှူကာ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေအတွက် ကောင်းစေလိုတဲ့စိတ်ထားလေးမေတ္တာပို့ကြည့်ပါ။

၅) အကူအညီလိုအပ်နေသူတစ်ယောက်ယောက်နဲ့ ဆက်သွယ်ပါ
လမ်းမှာ အကူအညီလိုအပ်နေသူ တစ်ယောက်ယောက်နဲ့ ဆုံတဲ့အခါတိုင်း သဘောထားကြီးကြီး၊ ကြင်နာသနားစိတ်တို့နဲ့ တုံ့ပြန်ကူညီပေးဖို့ သင့်စိတ်ထဲမှာရည်ရွယ်ချက်တစ်ခုတည်ဆောက်ပါ။ ခဏလေးရပ်ပြီး သူ သို့မဟုတ် သူမနဲ့ စကားပြောကြည့်၊ ဘာတွေဖြစ်နေလဲမေးမြန်း၊ ဆန္ဒရှိရင် ငွေတချို့ပေးခဲ့လိုက်ပါ။ ဒါမှမဟုတ် အိမ်ရာမဲ့တွေကိုထောက်ပံ့နေတဲ့အဖွဲ့တစ်ခုခုဆီကို ငွေလှူတာက ပိုအထောက်အကူဖြစ်စေမယ်လို့ယူဆရင်တော့ သီတင်းပတ်အကုန် ဒါမှမဟုတ် လကုန်တဲ့အခါ ချက်လက်မှတ်တစ်စောင်လောက်ရေးပေးလိုက်ဖို့ ကတိပြုခဲ့ပါ။

စေတနာမေတ္တာထားပေးတဲ့ ဒီနည်းလမ်းတွေကို အလုပ်ထဲမှာ၊ အိမ်မှာ၊ လမ်းမှာ၊ ခရီးသွားတဲ့လမ်းမှာ၊ စတိုးဆိုင်မှာ၊ သူငယ်ချင်းအိမ်မှာ၊ ဒါမှမဟုတ် မိသားစုဝင် တစ်ယောက်ယောက်ရဲ့ အိမ်မှာနေရာမရွေးအချိန်မရွေး လုပ်ဆောင်လို့ရပါတယ်။ သင်ဟာတစ်နေ့တာတလျှောက်မှာ ဒါမျိုးတွေကို အလေ့အကျင့်လုပ်ရင်းနဲ့ စတင်နိုင်ပြီးသင့်ဘဝတလျှောက်မှာပါ လုပ်ဆောင်နိုင်ပါတယ်။ အထက်ပါအချက်တွေ အားလုံးဟာသင့်ဘဝအတွက်တင်မကဘဲ သင့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ ပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးနိုင်ပါတယ်။

Silver King Travel & Tour

အကျင့်စရိုက်ဒါဟာ တစ်ကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တယ်။လူသား မိန်းကလေးတစ်ယောက်ကိုလူတွေ ရှာတွေ့ခဲ့ချိန်မှာသူဟာ လူ...
27/06/2020

အကျင့်စရိုက်

ဒါဟာ တစ်ကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တယ်။

လူသား မိန်းကလေးတစ်ယောက်ကို
လူတွေ ရှာတွေ့ခဲ့ချိန်မှာ

သူဟာ လူတွေလို ခြေထောက်နှစ်ချောင်းနဲ့ မတ်တပ် မရပ်တတ်ဘဲ ဝံပုလွေတစ်ကောင်လို လေးဖက်ထောက်ပဲ သွားတတ်ခဲ့တယ်။

လူစကား ကိုလည်း တစ်ခွန်းမှ မပြော တတ်ခဲ့ဘဲ ဝံပုလွေလိုပဲ အူတတ်ခဲ့တယ်။

တတ်ကျွမ်းသူ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ သူဟာ ၁၂နှစ် အရွယ်ဖြစ်တယ်။

ဖြစ်ပုံက သူဟာ မွေးဖွားပြီးစ ကလေးအရွယ် ကတည်းက တောနက်ထဲ အစွန့်ပစ်ခံခဲ့ရတယ်။

သူ့ကို ဝံပုလွေတစ်ကောင်က တွေ့ပြီး ဝံပုလွေ စရိုက်အတိုင်း ကျွေးမွေးခဲ့လို့ အခုလို ဝံပုလွေ တစ်ပိုင်း မိန်းမရိုင်းဖြစ်ခဲ့ရတယ်။

ဒါဟာ လူ့လောကရဲ့
ဝမ်းနည်းစရာ အဖြစ်တစ်ခုပါ။

လူသား ဖြစ်တဲ့သူဟာ ဝံပုလွေကြားမှာ ကြီးပြင်းခဲ့ရပြီး သူမြင်သမျှ သင်ယူသမျှ
ဟာလည်း ဝံပုလွေစရိုက်ပဲ ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် သူဟာ လူသားတစ်ဦးပဲ
မဟုတ်လား။ သူဟာ မွေးဖွားလာကတည်းက ဝံပုလွေ တစ်ကောင် မဟုတ်ခဲ့ပါဘူး။

တကယ်လို့ သူဟာ လူသားတွေကြားမှာ ကြီးပြင်းလာခဲ့ရရင် ဒီပုံပြင်မှာ သူဘဝဟာ အဆင့်အတန်း တစ်ခုမှာရှိမယ်။

ရုပ်ရည်ရှိမယ်။ ပျော်စရာကောင်းတဲ့
မိသားစုနဲ့ အတူနေရမယ်။

လူရယ်လို့ဖြစ်ခဲ့ရင် မိဘမေတ္တာရဲ့ နွေးထွေးမှု အောက်မှာ သူ့ရဲ့နေ့ရက်တွေက သာယာချမ်း မြေ့စွာနဲ့ ဖြတ်ကျော်နေရတယ်လို့ ပြောင်းသွား နိုင်တယ်။

ဒါပေမယ့် ထူးဆန်းတဲ့ အဖြစ်တစ်ခုက တကယ်ဖြစ်ပျက်ခဲ့ပါတယ်။

စစချင်းမှာ အဲဒီကောင်မလေးရဲ့ မျက်လုံး တွေဟာ သားရဲရဲ့ မျက်လုံးအတိုင်း စူးရှတယ်။ ဝံပုလွေလိုပဲ တဝူးဝူးနဲ့ အော်နေတတ်တယ်။

ဒါပေမယ့် လူ့ပတ်ဝန်းကျင်ကို ရောက်လာ
တော့ ဝံပုလွေလို သိပ်မအော်တော့ဘဲ

ခြေနှစ်ချောင်းနဲ့ တဖြေးဖြေး ရပ်နိုင်ဖို့ သွားလာတတ်ဖို့ သင်ယူခဲ့တယ်။

လူတွေရဲ့နွေးထွေးတဲ့ အပြုံး နူးညံ့တဲ့
အကြင်နာကြားမှာ

သူ့ရဲ့ရိုင်းစိုင်းတဲ့ အပြုအမှုတွေက တဖြေးဖြေး သိမ်မွေ့လာခဲ့သလို ပြုံးတတ်လာခဲ့တယ်။

ဒါဟာ ပတ်ဝန်းကျင် နဲ့ အကျင့်စရိုက်
ကို သက်ရောက်စေတဲ့ အကောင်းဆုံး
ဥပမာ ဖြစ်တယ်။

မကောင်းတဲ့ အကျင့်စရိုက်နဲ့ ကိုယ့်ကိုယ်ကို လူရိုင်းတစ်ယောက်အဖြစ် ပုံသွင်းနေမိပြီလား။

ကိုယ့်ရဲ့စိတ်ကို မှောင်မည်းတဲ့
တောနက်ထဲ လှောင်ပိတ်ထားမိပြီလား။

ကိုယ့်ကံကြမ္မာကို ရက်စက်တဲ့ နယ်နမိတ်ထဲ အရောက် တွန်းပို့နေမိပြီလား။

ဆေးလိပ်သောက်လို့
နီကိုတင်း အဆိပ်တက်တယ်။

အရက်သောက်လို့
အသည်းကျွမ်းတယ်။

ဒါတွေဟာ လိုတာထက် ပိုသုံးစွဲလို့ ဖြစ်တဲ့ အတွက် ငါကံခေလိုက်တာ ငါသက်ဆိုး မရှည်ပါလားလို့ ငိုညည်းနေစရာ မလိုဘူး။

ဒါတွေဟာ အလေ့အထ အကျင့်
ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေပါ။

လူ့ဘဝက အမြဲမဖြောင့်ဖြူးပါဘူး။

ဒါပေမယ့် တချို့လူတွေက ကံမကောင်းခြင်း တွေနဲ့ အမြဲရေစက်ဆုံနေတတ်တယ်။ ဒုက္ခ
ဆိုရင် သူ့အတွက် အမြဲဝေစုရှိနေသလိုပဲ။

အထင်အမြင်တွေ လွဲမှားပြီး အစွပ်စွဲခံနေရ တတ်တယ်။ ဒါတွေဟာ ကံနဲ့မဆိုင်သလို ဘုရားက အပြစ်ပေးနေတာလဲမဟုတ်ဘူး။

ဒါတွေဟာ နည်းမမှန်တဲ့အကျင့် အလေ့အထနဲ့ ပြဿနာကို ဖြေရှင်းခဲ့လို့ ဖြစ်တယ်။

ကံဆိုးခြင်း ကံကောင်းခြင်းဆိုတာ
နေ့စဉ် ကိုယ်ဖြစ်ပျက်နေတဲ့အဖြစ်ကို

အကောင်းဖက် တွေးတောမလား
အဆိုးဖက် တွေးတောမလား စတဲ့ ကိုယ့်ရဲ့တွေးတောမှု အလေ့အထနဲ့ ဆိုင်သလို

အရာတစ်ခု သို့မဟုတ် လူတစ်ဦးကို
ဘယ်လို ပြုမှုဆက်ဆံမလဲဆိုတဲ့ ကိုယ့်ရဲ့ စိတ်အလေ့အထနဲ့လည်း ဆိုင်တယ်။

ကံကောင်းတဲ့ လူတစ်ဦးဖြစ်ချင်ရင် ကောင်းတဲ့အကျင့်တွေကို မွေးမြူပါ။

ကောင်းတဲ့ အကျင့်တွေကို မွေးမြူဖို့ရာ မခက်ပါဘူး။ ဥပမာ

အကောင်းမြင်မယ်။ အကောင်းဖက်ကို တွေးတောမယ်။

ကိုယ့်စိတ်ကို ဝံပုလွေတွေရဲ့ မည်းမှောင်တဲ့ တောနက်မှာ လှောင်ပိတ်မထားဘဲ ရင်ကို
စွင့်ပြီး စိတ်ပြတင်းပေါက်ကို ဖွင့်လိုက်မယ်။

ဝံပုလွေလို ရိုင်းစိုင်းတဲ့ အကြည့်တွေနဲ့ တစ်ဖက်သားကို လွဲမှားတဲ့ အထင်အမြင်နဲ့ မကြည့်ဘူး။

ကိုယ့်စိတ်ကို နေရောင်ခြည်တွေ ပက်ဖြန်း ထားတဲ့ လှပတဲ့တောအုပ်ထဲ ရောက်နေသလို မေတ္တာ အကြင်နာအပြည့်နဲ့ နွေးထွေးစေမယ်။

ကောင်းတဲ့ အကျင့် ကောင်းတဲ့အလေ့အထကို စုပ်ယူခြင်းဖြင့် ကောင်းတဲ့ကံတွေက ကိုယ့်ဆီ ရောက်လာပါလိမ့်မယ်။

ကံကောင်းခြင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit to 99စနေ

Silver King Travel & Tour

 #အမေစု ၇၅နှစ်ပြည့်မွေးနေ့ အမှတ်တရဆုတောင်း/////////////////////////////////////////////////////////////////////ပြည်သူချစ...
19/06/2020

#အမေစု ၇၅နှစ်ပြည့်မွေးနေ့ အမှတ်တရဆုတောင်း
/////////////////////////////////////////////////////////////////////

ပြည်သူချစ်တဲ့ အ့မေစုအနေနဲ့
တပြည်လုံးရဲ့မေတ္တာတွေကိုပေးဝေနေတုံးဆိုတာသိခဲ့ရတယ်။

ဒီမိုကရေစီခရီးလမ်းတစ်လျောက်
မိခင်တစ်ယောက်အနေနဲ့
ပြည်သူကို အထိအခိုက်မရှိအောင်
တဖက်သားလူတွေကို မိန်းမသားအသွင်နဲ့ ခပ်ပါးပါးလေးချဉ်းကပ်တာ ပညာသားပါပါ ရာနှုန်းပြည့်အောင်မြင်တာသိခဲ့ရတယ်။

ခု နိုင်ငံတော်အတိုင်ပင်ခံလူမှုကွန်ယက်ပေါ်မှာနေပြီးမိတ်ဆွေကောင်းတို့ကို ပညာအမျိုးမျိုးပေးခြင်းဖြင့်မိမိအတွက် အကျိုးများတာ သိခဲ့ရတယ်။

အထက်တန်းစားမိခင်ဟာ ခု ၇၅ နှစ်သက်တမ်းမှာပေးဆပ်ခြင်း။
အနစ်နာခံခြင်းခေါင်းဆောင်ကောင်းပီသစွာစည်းစိမ်တွေကို စွန့်လွှတ်ခဲ့တာသိခဲ့ရမိတယ်။

ခု နေပြည်တော် ခြံထဲမှာ ကပ်ရောဂါကျချိန် ပြည်သူနဲ့ အတူနေ့စဉ် ဗွီဒီယို live လွှင့်ပြီး တိုင်းပြည်အတွက်
လိုလေသေးမရှိစီမံခန့်ခွဲတဲ့ ပညာပေးအစီအစဉ်များ
လွတ်လပ်ခွင့်တွေ ချပြတာခဲ့ရတယ်။

စိန်ရတုငွေရတု ရွှေရတုပွဲအမြင့်ဆုံးကျင်းပမယ့် နိုင်ငံတကာအသီးသီးနဲ့မြန်မာပြည်တွင်းမှတပြည်လုံး စကားလုံးတွေရှာမရတဲ့ မွေးနေ့ဆုတောင်းပွဲမှာ
ကျနော်တို့ပြည်သူ သန်းခြောက်ဆယ်နဲ့အတူ ၇၅နှစ်မွေးနေ့ပွဲသို့ ဦးတည်ရင်း

၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
နိုင်ငံ့ကောင်းကျိုး သယ်ပိုးနိုင်ပါစေ၊

ဘယ်လိုအခက်အခဲကြုံကြုံ
အပြုံးမပျက် မေတ္တာဓာတ်ဖြင့်
ရှေ့ဆက်နိုင်သော
မြန်မာနိုင်ငံရဲ့
မိခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။

Silver King Travel & Tour

"ကဆုန်လပြည့် - ဗုဒ္ဓနေ့ ရုံးပိတ်ရက် အသိပေးခြင်း"(၂၀၂၀) ပြည့်နှစ်၊ မေလ (၆) ရက်နေ့ ဗုဒ္ဓဟူးနေ့သည် "ကဆုန်လပြည့် - ဗုဒ္ဓနေ့ ...
05/05/2020

"ကဆုန်လပြည့် - ဗုဒ္ဓနေ့ ရုံးပိတ်ရက် အသိပေးခြင်း"

(၂၀၂၀) ပြည့်နှစ်၊ မေလ (၆) ရက်နေ့ ဗုဒ္ဓဟူးနေ့သည် "ကဆုန်လပြည့် - ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲတော်)နေ့" အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Silver King Travel & Tour ရုံးပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

ကဆုန်လပြည့် - ဗုဒ္ဓနေ့ ရက်ကောင်း ရက်မြတ် မင်္ဂလာရှိသော အခါသာမယမှာ ကောင်းသော တွေးခြင်း၊ ကောင်းသော ပြောခြင်း ၊ ကောင်းသော ဆက်ဆံခြင်းဖြင့်သာ ပြုမှုနေထိုင်နိုင်ကြပါစေ ...

ကျန်းမာလှပ အောင်မြင်ပျော်ရွှင်တဲ့ဘဝနဲ့ အလှူရေစက် လက်နဲ့မကွာ လှူတန်းနိုင်ပြီး .. ကံကောင်းခြင်းများသာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းချွေလိုက်ပါတယ် ... 🙏🙏🙏

&Tour

"ရုံးပိတ်ရက် အသိပေးကြေငြာခြင်း"(၂၀၂၀) ပြည့်နှစ်၊ မေလ (၁) ရက် သောကြာနေ့ " အလုပ်သမားနေ့ " မှ မေလ (၃) ရက် တနင်္ဂနွေနေ့အထိရု...
30/04/2020

"ရုံးပိတ်ရက် အသိပေးကြေငြာခြင်း"

(၂၀၂၀) ပြည့်နှစ်၊ မေလ (၁) ရက် သောကြာနေ့
" အလုပ်သမားနေ့ " မှ မေလ (၃) ရက် တနင်္ဂနွေနေ့အထိ
ရုံးပိတ်မည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

မေလ(၁)ရက်နေ့တွင် ကျရောက်မည့် “အလုပ်သမားနေ့” အား Silver King Travel & Tour မိသားစု မှ ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။

“ကမ္ဘာပေါ်ရှိ ကာယဉာဏ လုပ်သားအားလုံး COVID – 19 ကပ်ရောဂါဘေး မှ ကင်းဝေးကျော်လွှားနိုင်ကြပါစေ”
လို့ ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏

&Tour

၁၃၈၂ ခုနှစ် မြန်မာ့နှစ်သစ်အခါသမယတွင် ပြည်သူအပေါင်းကျန်းမာချမ်းသာကြပါစေကြောင်း Silver King Travel & Tour မှ ဆုမွန်ကောင်းတ...
17/04/2020

၁၃၈၂ ခုနှစ် မြန်မာ့နှစ်သစ်အခါသမယတွင် ပြည်သူအပေါင်းကျန်းမာချမ်းသာကြပါစေကြောင်း
Silver King Travel & Tour မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နှစ်သစ်မှသည် တစ်ဦးနှင့်တစ်ဦး လေးစားချင်ခင်မှု ၊ စည်းလုံးညီညွတ်မှုများနှင့်အတူ စိန်ခေါ်မှုများကို ကျော်လွှားရန် ခွန်အားများ ပိုမိုတိုးပွားကြပါစေ။
နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်ခြင်းနှင့်အတူ
အဆိုးကံများကင်းပျောက်၍ ကောင်းခြင်းသုခတွေရောက်ရှိပါစေ။
မိသားစုစိတ်ရှိသည့် မိတ်ဆွေကောင်းနှင့်တွေ့စုံပါစေ
စီးပွါးရေးလာဒ်လာဘများလဲ ဖွင့်ဖြိုးတိုးတက်ကြပါစေ
လုပ်ငန်းခွင်တွင် ကတိတည်သူများနှင့်တွေ့စုံပါစေ
မေတ္တာအရာတံင် သစ္စာရှိသူများနှင့်တွေ့စုံပါစေ
ကံဇာတာအထူးကောင်းမွန်သောနှစ်တစ်နှစ်ဖြစ်၍
ကပ်ဆိုးရောဂါဘေးမှကင်းဝေးလျက် သက်ရှည်ကျန်းမာပြီး
သာယာအေးချမ်းသောဘဝကိုပိုင်ဆိုင်လျက်
သာသနာပြုနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

King Travel & Tour

Address

27 Street
Yangon
111111

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 14:00

Telephone

+959785165001

Website

Alerts

Be the first to know and let us send you an email when Silver King Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Silver King Travel & Tour:

Share

Category