19/09/2017
မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေကြောင်း မှ ဆုမွန်တောင်းလိုက်ပါတယ်ရှင်
ဒီတစ်ခေါက် မင်္ဂလာမောင်မယ်များ စိတ်အဝင်စားဆုံးဖြစ်မည့် အရောင် (Colors) တွေအကြောင်း ရေးပေးဖို့ ရွေးချယ်ထားပါတယ်။ များပြားလှတဲ့အရောင်တွေရဲ့ ဆိုလိုရင်းကို သေချာအချိန်ပေးရှာယူလေ့လာထားတာကြောင့် အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင်။
အရောင်လေးတွေမှာ ပင်ကိုယ်အရည်သွေးရှိပြီး ထူးခြားတဲ့စွမ်းအင်တွေကို ပိုင်ဆိုင်ထားတာကြောင့် မင်္ဂလာမောင်မယ်တို့ မိမိနှင့် ကိုက်ညီမည့်အရောင်ကိုရွေးချယ်လျှင် အကောင်းဆုံးစွမ်းအင်တွေကို ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်ရမှာမို့ အဆင်ပြေချောမွေ့စေမှာပါ။
၁။ အစဉ်အမြဲ ခေတ်မီနေသော ရွှေရောင် ( Gold, Golden Brown, Yellow)
အထက်ပါ ရွှေရောင်အုပ်စုဝင် colorsတို့နှင့် ပြင်ဆင်ထားပါက အကောင်းမြင်ခြင်းကို ဦးတည်ပြီး အားပေးခြင်းဆိုတဲ့ ဝေါဟာရကို လေးနက်စေပါတယ်
ရွှေရောင်နှစ်ခြိုက်သူများသည်လည်း ပွင့်လင်းခြင်း ၊ ဥာဏ်ပညာရှိခြင်း၊ ခွန်အားပြည့်စုံခြင်း အသွင်ကိုဖော်ဆောင်နေပါတယ်
ဘဝတစ်လျှောက်လုံး အလျှံအပယ်ဖြစ်ခြင်းဆိုသောအခြေနေနှင့် ချမ်းသာကြွယ်ဝမှုကို ဖြစ်ထွန်းစေပါတယ်။
သက်တောင့်သက်သာဖြစ်ခြင်း နှင့် ဘဝတစ်လျှောက် ပျော်ရွှင်ဖွယ်ကောင်းခြင်းကို ခံစားရမှာဖြစ်လို့ ထူးခြားလေးနက်သော အဓိပ္ပါယ် အရှိဆုံးအရောင်အဖြစ် ပထမဆုံးရွေးချယ်လိုက်ပါတယ်နော် :)
၂။ တော်ဝင်ဆန်သော ခရမ်းရောင် (purples, violet, light purple, lavender )
ထူးဆန်းသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသော အရောင်လေးတစ်ရောင်ပါ။
�တော်ဝင်ဆန်ပြီး ဂန္တဝင်ကို ဖော်ဆောင်နေသော အရောင်လေးဖြစ်ပြီး တသသဖြစ်စေခြင်း အနက်အဓိပ္ပါယ်ကိုလည်း ပိုင်ဆိုင်ထားပြန်ပါတယ်ရှင်
လွန်စွာ Romantic ဆန်ပြီး လျို့ဝှက်စွာတည်ရှိနိုင်ကာ ပြီးပြည့်စုံခြင်းနှင့် ဆန်းသစ်တည်ထွင်မှု ကို ကွန့်မြူးစေသော အရောင်လည်းဖြစ်ပါတယ်ရှင်။
ခရမ်းရောင် နှစ်ခြိုက်သူများသည် မျက်လှည့်ဆန်သောစိတ်ထားမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပြန်ပါသတဲ့။
�တော်ဝင်ဆန်သော မင်္ဂလာအခမ်းအနားများမှာ အသုံးပြုလေ့ရှိသလို နှက်ခြိုက်သူများတဲ့ အရောင်လေးဖြစ်တာကြောင့် ဒုတိယဦးစားပေးတင်ပြလိုက်ပါတယ်ရှင်။
၃။ နူးညံ့ညင်သာ ပန်းသွေးခြယ် (pink, dark pink, pale pink, baby pink)
�နှစ်လိုဖွယ်ကောင်းသောအရောင်လေးအဖြစ် လူအများက အသိမှတ်ပြုထားပါတယ်ရှင်။
ပန်းရောင်လေးဟာ နူးညံ့ခြင်း, ပျော့ပြောင်းခြင်း, ညင်သာခြင်း နှင့် နှစ်လိုဖွယ်ကောင်းခြင်းဆိုသော ခံစားမှုမျိုးကို ဖြစ်ပေါ်စေသောအရောင်လေးဆိုတာ မြင်သူတိုင်းခံစားရသော ခံစားမှုမျိုးပါ။
ပန်းရင့်ရောင်ခေါ်တွင်ရမည့် အရောင်လေးများကတော့ စိတ်ကြည်နူးစွတ်ပျံ့စေပြီး တက်ကြွမှုအသွင်ကို ဖော်ဆောင်စေပါတယ်ရှင်။
ပန်းအဖျော့လေးတွေက စိတ်အစဉ်ကို နူးညံ့ပျော့ပြောင်းစေကာ ရာသီမရွေးနှစ်လိုဖွယ်ကောင်းပြန်ပါသတဲ့ရှင်။ Outdoor weddingတွေမှာသုံးရင်ဖြင့် နတ်ဘုံနတ်နန်းမှ နတ်သမီးလေးတွေ တလွင့်လွင့်ဆင်းသက်လာသလို ခံစားကြရမှာပါရှင်
�ရွေးချယ်ရှင်းပြပေးချင်တဲ့ အရောင်လေးတွေက များလို့ တဆက်တည်း ရေးရင် စာအရမ်းရှည်သွားမှာစိုးတာကြောင့် အပိုင်းတွေ ခွဲပြီး ဆက်လက်တင်ပြပေးသွားပါမယ်နော် 😘😘😘
Ph : 09445157188, 09792567181