03/02/2024
စာလေး ဖတ်ပြီး ပန်းစည်းလေးတွေ မှာချင်လာရင် ဆက်သွယ်လိုက်ပါနော်
Zun Floral
09791898567
လူတစ်ယောက်ကို အရည်ပျော်သွားအောင် လုပ်နိုင်တာက
စျေးကြီးတဲ့အဖိုးတန်လက်ဆောင်
ပစ္စည်းတွေ မဟုတ်ဘူးဆိုတာ
အချစ်ကို နက်ရှိုင်းစွာ ခံစားမိတဲ့အချိန် သင်အလုံးစုံ သိလာပါလိမ့်မယ်။ဟုတ်တယ်။တချို့တော့ထင်လိမ့်မယ်။
စျေးကြီးတဲ့ Luxury ပစ္စည်းတွေ
ဝယ်ပေးနိုင်မှ အချစ်ဘောင်ဝင်တယ်။တကယ်တမ်း ဟုတ်မနေပါဘူး။
အချစ်မှာ လူသုံးမျိုးပဲရှိတယ်။
ပထမလူမျိုးက အချစ်စစ်ရပေမဲ့
လက်ဆောင်ပစ္စည်းမရဘူး။
ဒုတိယလူမျိုးကျ အဖိုးတန်လက်ဆောင်ရပေမဲ့ အချစ်စစ်မရပြန်ဘူး။
တတိယလူမျိုး အချစ်စစ်ရော လက်ဆောင်ပစ္စည်းရော ရကြတယ်။
တတိယလူမျိုးအကြောင်း အနည်းငယ်ထပ်ပြောချင်တယ်။
အချစ်စစ်ရော ရတယ်။လက်ဆောင်ပစ္စည်းရောရတယ်ဆိုတာ စျေးနှုန်းကို ပြောတာမဟုတ်ဘူး။အလုပ်လာကြိုတဲ့အခါ လမ်းဘေးက သံပုရာရည်တစ်ခွက်ဝယ်လာပေးတယ်။ခရီးသွားတဲ့အခါ ဆံပင်ညှပ်ကလစ်လေးဝယ်လာပေးတယ်။ဓာတ်လှေကားတက်တဲ့အခါ လက်ကို ကိုင်ထားပေးတယ်။ဘုရားသွားတဲ့အခါ ပုံလှလှလေးရိုက်ပေးတယ်။ချိန်းတွေ့တဲ့အခါ အိမ်ရှေ့က အမေစိုက်ထားတဲ့ပန်းတစ်ပွင့် ခူးလာပေးတယ်။အလုပ်ကိစ္စနဲ့ ခရီးသွားမယ်ဆို မသွားခင် ကြိုအသိပေးတယ်။မိုးရွာတဲ့အခါ ကိုယ့်ဘက်ပဲ ထီးအများကြီး
မိုးပေးတယ်။အို....ပြောရင် မကုန်လောက်ဘူး သိလား။ဒီလိုအရာတွေက ဘာမှမဟုတ်ဘူးထင်ရပေမဲ့ လူတစ်ယောက်ကို သိပ်ချစ်လာအောင် အရည်ပျော်သွားအောင် လုပ်နိုင်စွမ်း ပြုစားနိုင်စွမ်းရှိပါတယ်။
True love starts from small things.
အချစ်စစ်ဆိုတာ အသေးအမွှားက
စတယ်။ဒီလိုအသေးအမွှားကအစ
လုပ်ပေးတယ်ဆိုတာ အပိုမဟုတ်ဘူး။
ဒါဟာ အချစ်ဖြစ်တယ်။
#နူးနူးအောင်