Great Diamond Organization

Great Diamond Organization Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Great Diamond Organization, Event Planner, Thiri Street, Yangon.

10/12/2024

တခါတလေး စိတ်ကုန်လာပြီ

09/12/2024
09/12/2024

မတူလို့ မတုတာပါ
******************

တစ်နေ့မှာ ခွေးလေခွေးလွင့်တစ်ကောင်ဟာ တောထဲမှာရှိတဲ့ အခြားတိရိစ္ဆာန်တွေကိုပတ်ပြီးစိန်ခေါ်နေတယ်။

လူ‌တွေလိုပြောရရင်တော့
"မိုက်တဲ့ကောင် ထွက်ခဲ့ သတ္တိရှိတဲ့ကောင် ထွက်ခဲ့"
စသဖြင့် "လူ့တိရိစ္ဆာန်"တွေသုံးတဲ့စကားလိုပေါ့။
ဒါပေမယ့် သူ့ကို အခြားဘယ်တိရိစ္ဆာန်ကမှ အဖက်မလုပ်ခဲ့ဘူး။

ဒီလိုနဲ့ တစ်နေရာရောက်တော့ ခြင်္သေ့ သားအဖကိုသွားတွေ့တယ်။အဲ့ဒီတော့ ခွေးလေခွေးလွင့်က ခြင်္သေ့ကိုပါစိန်ခေါ်ပါတယ်။

ခြင်္သေ့ကိုခွေးစကားတွေ အများကြီးပြောပြီးစိန်ခေါ်တာပေါ့။
" သတ္တိရှိရင် သူနဲ့ပြိုင်မယ် "
" သတ္တိရှိရင် သူနဲ့ပြိုင်ကိုက်မယ် "
ဘာညာပေါ့ ။

ခြင်္သေ့ကသူ့ကိုလှည့်တောင်မကြည့်သလို သူ့သားလေးရဲ့ကျောကိုပွတ်သပ်ပြီး ငြိမ်နေတယ် ။

"အဲ့ဒါကိုခွေးလေခွေးလွင့်က" ပြောတော့တောဘုရင်တဲ့ သတ္တိမရှိပါဘူးကွာလို့ပြောပြီး သူ့ကိုယ်သူ အောင်နိုင်သူတစ်ယောက်လို မော်ကြွားပြီးထွက်သွားတယ်။

ခွေး ထွက်သွားတော့ ခြင်္သေ့သားလေးက သူ့အဖေခြင်္သေ့ကြီးကိုမေးတယ်
"အဖေ ဒီခွေးကို အဖေက‌ ကြောက်လို့လား"
အဖေကိုက်ရင် တစ်ကိုက်စာတောင်မရှိတဲ့ ဒီခွေးကို ဘာလို့ ဘာတစ်ခုမှ ပြန်မလုပ်တာလဲအဖေ။
"အဖေသူနဲ့ပြိုင်ပြီး မကိုက်ရဲလို့လား"လို့မေးတယ်။အဲ့ဒီအခါ ခြင်္သေ့ကြီးက ပြန်ပြောတယ်။

"အဲ့ဒီခွေးလေခွေးလွင့်နဲ့ ပြိုင်လို့ အဖေနိုင်တော့ရော အဖေ ဂုဏ်တက်မှာမို့လို့လား"တဲ့ ။

"ဒီပုံပြင်လေးကို သေချာပြန်ဖတ်ကြည့်ပါ"

လောကမှာ"ခွေးလေခွေးလွင့်"စိတ်ဓာတ်ပဲရှိတဲ့"လူ"တွေအများကြီးရှိတယ်။
ခွေးတစ်ကောင်လို ဟောင်ဖို့လောက်ပဲသိတဲ့"လူ"တွေရှိတယ်။

အဲ့ဒီလူတွေက သူတို့ကိုမတူလို့မတုတာကို သူတို့ကို ကြောက်နေတယ်လို့ ထင်တတ်ကြတယ်။

"ခွေး"တစ်ကောင်နဲ့ပြိုင်ကိုက်ရင် "ခြင်္သေ့"ဟာ နိုင်မှာမှန်း သူသိတယ်။ဒါပေမဲ့ သူဟာ"ခြင်္သေ့"ဖြစ်တယ်။
"ခွေး"ကို ပြိုင်ကိုက်လို့နိုင်သွားတာ သူ့အတွက် ဂုဏ်ယူစရာမဟုတ်ဘူးလို့ သူတွေးတဲ့အတွက်
‌"‌ခွေး"ကို ဖက်မကိုက်ဘူး။

"ခြင်္သေ့"တစ်ကောင်ဟာ ဘယ်"ခွေး"ကိုမှအဖက်လုပ်ပြီး ပြန်မကိုက်တာဟာ အရှုံးပေးတာမဟုတ်ဘူး။
"မတူလို့ မတုတာပါ"

Crd :

08/12/2024

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါရှင်
ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ

“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ပမာဏဟာ ၈၀% ခန့် လျော့ကျသွားပါသတဲ့။
တစ်ည မစိမ်နိုင်ရင်လည်း ၃-၄ နာရီပေါ့။

Arsenic ဟာ heavy metal စာရင်းထဲမှာ ပါနေပါတယ်။
“Heavy metal refers to any metallic chemical element that has a relatively high density and is toxic or poisonous at low concentrations”

Arsenic ၏ ဘေးရန်
Arsenic အဆိပ်သင့်ရင် နှလုံးရောဂါ/ဆီးချို/ကင်ဆာရောဂါ များနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ကလေးတွေရဲ့ပုံမှန် သိမြင်မှု ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ နှောင့်နှေးစေတတ်ပါတယ်တဲ့။(cognitive development)
(WHO )

Arsenic ဟာ ဘယ်လိုကြောင့် ဆန်ထဲမှာ ရောက်နေရတာပါလဲ?
ဆန်စပါး စိုက်ပျိုးတဲ့အခါ စပါးပင်တွေဟာ အခြားအပင်တွေထက် Arsenicကို ပိုပြီး စုတ်ယူတတ်ပါတယ်တဲ့။
မြေကြီးထဲက ဖြစ်စေ/စပါးပင်တွေကို ပေးတဲ့ရေထဲက ဖြစ်စေ/
အချို့သော ဓာတ်မြေဩဇာထဲက ဖြစ်စေ/ ပိုးသတ်ဆေး ပေါင်းသတ်ဆေး စသည်ဖြင့်ကနေ ဖြစ်စေ စပါးထဲကို ရောက်ပါသတဲ့။

ဆန်ကို မချက်ခင် ဆေးပြီးတဲ့အခါ ရေစိမ်သင့်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ လုပ်နေကျဆိုရင် ကျင့်သား ရသွားပါလိမ့်မယ်။

အခြားအကြောင်းတွေကတော့ ထမင်းချက်ဖို့ ကြာချိန်ဟာ လည်း လျော့သွားပါတယ်။ ဆန်အစေ့တွေဟာ ရေနဲ့ဝလာပြီး ပျော့ပြောင်းလာပါတယ်။

Sushi rice / Basmati rice from California, Pakistan, and India
ဟာ Arsenic နည်းပါသတဲ့။
According to Consumer Report

မြန်မာပြည်မှာလည်း “ဒေသအလိုက်” Arsenic level အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။

ကိုယ်လုပ်ရမဲ့ တာဝန်ကတော့ ဆန်ကို ရေဆေးပြီးတဲ့အခါ ရေစိမ်ဖို့ပါ။
ရေစိမ်ထားတဲ့ဆန်ဟာ ချက်ရင်လဲ ပိုလှတယ်/ နူးနူးညံ့ညံ့လဲ ရှိတယ်။
Heavy metal Arsenic လျော့နည်းမယ်ဆိုတော့လဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါပဲ။

အစစ အရာရာမှာ ဗဟုသုတနဲ့ပြည့်စုံနေတာ ကိုယ်အတွက် သာမက မိသားစု အတွက်ပါ အလွန်ကောင်းပါတယ်နော်။
ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း

08/12/2024
29/10/2024

"အားနာခြင်းဟာ...ဆုံးရှုံးခြင်းတစ်မျိုးပါ"

အားနာတပ်ခြင်းဟာ ဆုံးရှုံးခြင်းကိုသာဖြစ်စေပါတယ်

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီစကားလုံးတွေကို အမြဲ ကြားဖူးကြမှာပါ

📚အားနာလို့သာ လိုက်သွားရတာ..
တကယ်တော့လိုက်ချင်တာ မဟုတ်ဖူး။

📚အားနာလို့သာ စားလိုက်ရတာ..
တကယ်တော့ကြိုက်တာ မဟုတ်ဖူး။

📚တကယ်တော့ငါအလုပ်က ပြီးသွားပြီ
အားနာလို့သာသူအလုပ်တွေ လုပ်ပေးနေတာ။

📚အားနာလို့ ဒီစျေးနဲ့ပေးလိုက်တာ..တစ်ကယ်တော့ရောင်းလို့ မကိုက်ဖူး။

📚အားနာလို့သာ ပိုက်ဆံချေးလိုက်တာ..သူကအကျင့်ကောင်းတာမဟုတ်ဖူး။

သေချာစဥ်းစားကြည့်ရင်

ဒီစကားလုံးတွေက ဆုံးရှုံးခြင်းကိုသာ ညွှန်ပြနေတာ ဖြစ်ပါတယ်

🌿ကိုယ်မလုပ်ချက်တဲ့အရာတစ်ခုကို ကိုမလုပ်နိုင်ဘူးလို့ပြောလိုက်တာဟာ

🌿ကိုယ်နဲ့မကိုက်ညီတဲ့အရာကို ကိုယ်စီမလာအောင်ကာကွယ်လိုက်တာနဲ့အတူတူပါပဲ

ဒီ အထိဖတ်ပြီးပြီဆီုရင်

💁စာဖတ်သူက ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးလို့ရပါပြီ

💁ငါကရော အားနာတပ်သူတွေထဲက တစ်ဦးလား...ဆိုပြီးပေါ့

နေပြည်တော်
29/10/2024

နေပြည်တော်

Address

Thiri Street
Yangon

Website

Alerts

Be the first to know and let us send you an email when Great Diamond Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category