Eaint Floral

Call Directions

Eaint Floral We always provide our customers with quality flowers and floral arrangements at a fair price. ďż˝

မင်မင် ဟိုရက်ပိုင်တုန်းက giveaway post လေး တင်ခဲ့ပါတယ် ❤️Eaint Floral ရဲ့ 4 နှစ်ပြည့်တဲ့နေ့လေးကို ခန့်မှန်းပေးဖို့ပါအဖြေ...
22/10/2026

မင်မင် ဟိုရက်ပိုင်တုန်းက giveaway post လေး တင်ခဲ့ပါတယ် ❤️

Eaint Floral ရဲ့ 4 နှစ်ပြည့်တဲ့နေ့လေးကို ခန့်မှန်းပေးဖို့ပါ

အဖြေမှန်တဲ့သူကို giveaway တွေ ပေးဖို့ ကြည့်လိုက်တဲ့ အခါမှာ ... အဖြေမှန်တဲ့သူလေးဟာ တယောက်မှ မရှိခဲ့ပါဘူး 🥺

မင်မင်တို့ ရဲ့ Eaint Floral ဆိုပြီး စတင် ဖြစ်တည်တဲ့နေ့ဟာ Oct 23 ပါရှင် ❤️

ပါဝင်ကံစမ်းပေးတဲ့ တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင် 🙏

20/10/2026

သီတင်းကျွတ်ဆိုတော့လည်း အိမ်တအိမ်လုံး ငွေစက္ကူတွေ အပြည့်ပေါ့ ... ဘယ်နေရာကြည့်ကြည့် တစုတစည်းထဲ မြင်နေရတာတွေလည်း ငွေသားတွေ ... လုပ်လက်စတွေလည်း ငွေသားတွေ 💙

ရွှေပင် ငွေပင်တွေ ပေါက်လာသလိုပါပဲ 💙

အခုလည်း ခေါက်ပေတော့ပဲ လိပ်ပြာပြာလှလှလေးတွေ 😁💙✨ ( လက်ချောင်းထိပ်ကလေးတွေဆို ကြိမ်းနေရောပဲ )

ရှုပ်ပွနေတဲ့ လုပ်လက်စ ငွေသားအလုပ်တန်းလန်းတွေတော့ မပြတော့ဘူး ... အနုပညာဆန်ဆန်လှနေတဲ့ ဒါလေး အရင်ကြည့်နှင့် 😚💙

အခုလို တခဲနက် ယုံယုံကြည်ကြည်နဲ့ လာမှာပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင် 💙

(Order မှာ မှ လုပ်ပေးတာမို့ ... ကိုယ်ထည့်ချင်တဲ့ ပိုက်ဆံ / လိုချင်တဲ့အရောင် / ပန်း decoration ထည့်ချင်တာ မထည့်ချင်တာတွေက အစ customized အကုန် မှာလို့ ရပါတယ်ရှင် ❤️)

ပိုက်ဆံပန်းစည်း ထက် ... Money box ပဲ သဘောကျတာမို့ money box ပဲ လိုချင်တယ်ဆ်ုလည်းရ✅
အခု ခေတ်စားနေတဲ့ ပိုက်ဆံ ပန်းခြင်း လိုချင်တယ်ဆိုလည်းရ✅

Box တွေရော ခြင်းတွေရော instock အကုန် ဖြည့်ထားတာမလို့ လိုချင်တာအကုန်ရ ✅

သီတင်းကျွတ် order လေးတွေ ကျပ်လို့ မှာမယ်ဆို ကြိုတော့ မှာပေးပါနော်
အသေးစိတ်ဖတ်ရှုရန် link
https://www.facebook.com/share/p/1DYswRyDw3/

ယနေ့အချိန်ထိ ယုံယုံကြည်ကြည်နဲ့ အားပေးမှုများအတွက်ကျေးဇူးတင်ပါတယ်ရှင်❤

(🚫 ပုံများ vd များကို ကူးယူသုံးစွဲခွင့်မပြုပါ)

ပန်းစည်းကို urgent မှာယူလိုပါက
ph no - 09260922866 ကို
ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်

cb ကနေလည်းမှာလို့ရပါတယ်






#ပိုက်ဆံပန်းစည်း

19/10/2026

သီတင်းကျွတ်အခါသမယမှာ -

လူကြီး ၊ မိဘတွေကို ကန်တော့မယ်
အထက်လူကြီးတွေကို လက်ဆောင်ပေးမယ်
မိတ်ဆွေ ၊ သူငယ်ချင်း ၊ ချစ်ရတဲ့လူတွေကို လက်ဆောင်ပေးမယ်
ကိုယ်က အဝေးရောက်နေလို့ ဒီမှာရှိတဲ့ ချစ်သူလေးကို လက်ဆောင်ပေးမယ်
နိုင်ငံခြားမှာ ကိုယ်ကအလုပ်လုပ်နေလို့ ဒီမှာ ရှိနေတဲ့ မိသားစု ၊ ချစ်ရသူတွေကို လက်ဆောင်ပေးမယ်
ဝါကျွတ်ကာလ မဂ်လာဆောင်တွေမှာ လက်ဖွဲ့ပစ္စည်း ပေးမယ်

ဒီလို ပေးဖို့အတွက် ဘာပေးရင် သင့်တော်မလဲ စဉ်းစားရခက်နေပြီလား...???

လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးလေး admin ညွှန်းပေးပါရစေရှင် 🥰

" Money bouquet (ပိုက်ဆံပန်းစည်း)" လေးပေးပါနော် 💸🎁

မျက်နှာပန်းလည်းလှ ... ပန်း decoration တွေ ဆင်ပြီးသားဆိုတော့ လှလည်းလှ ...
ကြီးကြီးကြွားကြွားလည်းဖြစ်

ဒါကတော့ admin တို့ရဲ့ Eaint Floral ကနေ လုပ်ပေးခဲ့ဖူးတဲ့ ပိုက်ဆံပန်းစည်း လေးတွေပါရှင် ... နမူနာကြည့်လို့ရပါတယ်ရှင် 🥰
(မှာ မှ လုပ်ပေးတာမို့ ... ကိုယ်ထည့်ချင်တဲ့ ပိုက်ဆံ / လိုချင်တဲ့အရောင် / ပန်း decoration ထည့်ချင်တာ မထည့်ချင်တာတွေက အစ customized အကုန် မှာလို့ ရပါတယ်ရှင် ❤️)

ပိုက်ဆံပန်းစည်း ထက် ... Money box ပဲ သဘောကျတာမို့ money box ပဲ လိုချင်တယ်ဆ်ုလည်းရ✅
အခု ခေတ်စားနေတဲ့ ပိုက်ဆံ ပန်းခြင်း လိုချင်တယ်ဆိုလည်းရ✅

Box တွေရော ခြင်းတွေရော instock အကုန် ဖြည့်ထားတာမလို့ လိုချင်တာအကုန်ရ ✅

သီတင်းကျွတ် order လေးတွေ ကျပ်လို့ မှာမယ်ဆို ကြိုတော့ မှာပေးပါနော်
အသေးစိတ်ဖတ်ရှုရန် link
https://www.facebook.com/share/p/1DYswRyDw3/

ယနေ့အချိန်ထိ ယုံယုံကြည်ကြည်နဲ့ အားပေးမှုများအတွက်ကျေးဇူးတင်ပါတယ်ရှင်❤

(🚫 ပုံများ vd များကို ကူးယူသုံးစွဲခွင့်မပြုပါ)

ပန်းစည်းကို urgent မှာယူလိုပါက
ph no - 09260922866 ကို
ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်

cb ကနေလည်းမှာလို့ရပါတယ်






#ပိုက်ဆံပန်းစည်း

giveaway post လေး​ပါရှင့်✨❤Eaint's floral ကိုဒီနေ့အထိရပ်တည်လာခဲ့တာ 4 years ပြည့်ပါတော့မယ်✨giveaway အစီအစဉ်လေးကတော့ Eaint...
17/10/2026

giveaway post လေး​ပါရှင့်✨❤

Eaint's floral ကိုဒီနေ့အထိရပ်တည်လာခဲ့တာ 4 years ပြည့်ပါတော့မယ်✨

giveaway အစီအစဉ်လေးကတော့ Eaint's floral
4 year ပြည့်မယ့်ရက်လေးကိုခန့်မှန်းပြီး comment မန့်ပေးရမှာဖြစ်ပါတယ်

မှန်ကန်တဲ့လူ 2 ယောက်ကို price 28000တန်
3 roses နဲ့အရံပန်းပါ ပါတဲ့ပန်းစည်း ပေးသွားမှာဖြစ်ပါတယ် 🥰
(အဖြေမှန်တဲ့သူ 2 ယောက်ထက်ပိုရှိလာခဲ့ရင် random comment picker နဲ့ရွေးချယ်ပြီးပေးသွားမှာဖြစ်ပါတယ်ရှင်😍)

giveaway မှာ ဘယ်လိုပါဝင်ရမလဲဆ်ုတော့
ဒီ post ကို react ပေးပြီး public နဲ့ share ပေးပါ

အဖြေမှန်သူ 2ယောက်ထက်ပိုရှိလာခဲ့ရင် Random number picker နဲ့ ဖောက်ပေးမှာဖြစ်ပါတယ်

အဲ့အတွက်ကြောင့်မို့ public နဲ့ share ထားတဲ့ ss လေးတွေကို post အောက်မှာ လာပြပေးဖိူ့တော့လိုပါမယ်... ss လာပြရင်မင်မင်တို့ဘက်က number ပြန်ရေးပေးမှာပါ🤗

မဲပေါက်တဲ့အခါကျရင် ကိုယ့် number လေးတွေ မဲပေါက်မပေါက်ပြန်ကြည့်ဖို့တော့လိုမယ်နော်

oct ည 21 ရက်နေ့ အထိပဲ comment မန့်ပေးပါရှင့်...oct 22 ရက်နေ့ကျရင်ပန်းစည်းပေးပါ့မယ်❤️💐

giveaway ပေးတဲ့ ပန်းစည်းလေးတွေကို ...မဲပေါက်တဲ့လူတွေက deli ခ တော့ကိုယ့်ဘက်က ကိုယ့်ဘာသာပေးရပါမယ်... (deli ခဖိုးကျခံနိုင်မှ cmtမန့်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်)
အကယ်၍ လာယူချင်တယ်ဆိုရင်လည်းရပါတယ် လာယူရင်တော့ deli ခ ပေးရန်မလိုပါ🤩

giveaway ပေးမယ့် price 28000 တန် 3 roses bouquet က ပန်းအစစ်နဲ့ပါရှင်🥰
💖💖
(ပန်းအစစ်နဲ့ဆိုတော့...22 ရက်နေ့ ယူနိုင်မှ အဆင်ပြေပါမယ်ရှင်...နောက်ရက်တွေမှ ယူရင် ပန်းအစစ်ဆိုတော့ ပန်းလတ်ဆတ်မှုနည်းသွားနိုင်ပါတယ်ရှင်...)

ခု ပုံလေးတွေကတော့ နမူနာကြည့်လို့ရအောင် pinterest ကပါ
💖💖

(အကယ်၍ မဲပေါက်တဲ့ လူတွေထဲက အကြောင်းအမျိုးမျိုးကြောင့် cancel တာမျိုးရှိခဲ့ရင်...အဖြေမှန်တဲ့လူ နောက်တယောက်ကို ထပ်ပေးသွားမှာဖြစ်ပါတယ်...ဒါကြောင့်မို့...မင်မင်တို့ ဘက်က အဖြေမှန်သူ 2 ယောက်ကို ပေးကိူပေးသွားမှာဖြစ်ပါတယ်ရှင်...giveaway လက်ခံရရှိမယ့် အဖြေမှန်သူ 2 ယောက်ထဲက တယောက်က cancel ပြီး...မင်မင်တိူ့က နောက်ထပ်အဖြေမှန်တဲ့လူကို လိုက်ရှာမှာပါ...နောက် ထပ် အဖြေမှန်သူ လုံးဝ ထပ်မရှိတော့ရင်တော့...မင်မင်တို့က giveaway ကို တယောက်ပဲ ပေးလို့ရတော့မှာဖြစ်ပါတယ်ရှင်)...

(giveaway က ဒီတခုပဲ ရှိတာလားဆိုရင်...မဟုတ်သေးပါဘူး...နောက်ထပ် giveaway တွေ ထပ်ပေးဖို့ကို ရှိပါသေးတယ်...ဒါကြောင့်မို့...Page ကို like and follow လေး လုပ်ထားပေးပါဦးနော်...😘)
Eaint floral တွင်
ပန်းစည်းကို urgent မှာယူလိုပါက
ph no 09260922866 ကို ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်

cb ကနေလည်းမှာလို့ရပါတယ်





15/10/2026

သီတင်းကျွတ်မှာ အမှန်အကန်ရောင်းမယ် လုပ်ထားတာ ... အခုကျ မနည်းလုံးလည် ချာပလတ်နဲ့ မနည်းရပ်တည်နေရလိူ့ ငြိမ်နေရတယ် 🥺😓

မင်မင်တို့ Eaint Floral က အထူးအစီအစဉ်လေး တခုကို စီစဉ်ပေးထားပါတယ်ရှင် 🩷မင်မင်တို့ဆီကနေ မှာယူဖူးတဲ့ customer က ... တခြား c...
13/10/2026

မင်မင်တို့ Eaint Floral က အထူးအစီအစဉ်လေး တခုကို စီစဉ်ပေးထားပါတယ်ရှင် 🩷

မင်မင်တို့ဆီကနေ မှာယူဖူးတဲ့ customer က ... တခြား customer အသစ် တယောက်ကို မင်မင်တို့ Eaint Floral ကနေ မှာဖို့ ညွှန်ပေးလိုက်ရင်း ... Customer အသစ်က မင်မင်တို့ ဆီက မှာဖြစ်သွားတယ်ဆိုတာနဲ့

ညွှန်ပေးလိုက်တဲ့လူက အလိုလိုနေရင်း " 5000 ကျပ် " ရသွားမှာ ဖြစ်ပါတယ်ရှင် 🩷

Customer အသစ်ကလည်း မင်မင်တို့ဆီက မှာယူလိုက်တဲ့ order ရဲ့ တန်ဖိုးရဲ့ 5% ကို cashback အနေနဲ့ ပြန်ရမှာ ဖြစ်ပါတယ်ရှင် 🩷 ( order အကြီးဖြစ်လေလေ Cashback ပြန်ရမယ့် ငွေ ပမာဏ က ပိုများလေ ဖြစ်ပါ‌တယ် )

ညွှန်ပေးလိုက်တဲ့သူရော ဝယ်ယူတဲ့ customer အသစ်ရော 2 ဦး 2 ဖက်လုံး အကျိုးအမြတ်ခံစားခွင့်ရမှာ ဖြစ်ပါတယ်ရှင် 🩷

မင်မင်တို့ ဆီ က မှာဖူးတဲ့ customer က ... သူကတော့ order မှာဖို့ မရှိသေးပေမယ့် ... သူညွှန်ပေးလိုက်တဲ့လူတိုင်းက အဆင်ပြေပြေဖြစ်သွားတယ်ဆိုရုံနဲ့တင် ... တခါတခါကို 5000 ဝင်ငွေ ဝင်နေမှာဖြစ်ပါတယ် 🩷

မင်မင်တို့ ဆီကို customer အသစ်က လာမှာတဲ့ အခါ
" မောင်*** / မ*** က ညွှန်ပေးလိုက်လို့ပါ " ဆိုပြီး ပြောပြီး လာမှာရင် ရပါပြီရှင် 🩷

ဒီ idea လေးကို ဘယ်က ရခဲ့လဲ ဆိုတော့ ... "မင်မင်တို့ page ကနေ မှာဖူးတဲ့ customer တိုင်းက အဆင်ပြေသွားကြတော့ သူတို့က တခြားတယောက်ကို မင်မင်တို့ page က ‌ဘယ်လ်ုအဆင်ပြေတယ် ဘယ်လို service ကောင်းပါတယ် ဆိုပြီး ညွှန်ပေးတတ်ကြတယ် " ဒီလိုမျိုး ညွှန်ပေးတယ်ဆိုတာကလေ သူတို့အကျိုးစီးပွားတပြားတချပ်မှ မပါဘဲကို " စေတနာ " နဲ့ လုပ်ပေးတယ်ဆိုတာ မင်မင် ခံစားမိလိုက်တယ်ပေါ့နော် ... စေတနာကို တနိုင်တပိုင် အသိအမှတ်ပြုပေးချင်တဲ့ အနေနဲ့ ဒီလိုအထူးအစီအစဉ်လေးကို စတင်စီစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ် 🩷

အဆုံးထိ ဖတ်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ✨🙏

ယနေ့အချိန်ထိ ဆက်တိုက်မှာယူအားပေးမှုများအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏

Discount post ✅✅✅" နှင်းဆီ အနီ အစစ် ၃ ပွင့် ပန်းစည်း / ၅ ပွင့်ပန်းစည်း / ၇ ပွင့်ပန်းစည်း" ဝယ်ယူရုံနဲ့ 10% discount နဲ့ရမ...
12/10/2026

Discount post ✅✅✅

" နှင်းဆီ အနီ အစစ် ၃ ပွင့် ပန်းစည်း / ၅ ပွင့်ပန်းစည်း / ၇ ပွင့်ပန်းစည်း" ဝယ်ယူရုံနဲ့ 10% discount နဲ့ရမှာပါရှင် ✅✅✅

ဒီနေ့ /မနက်ဖြန် / သဘက်ခါ ... 3 ရက်ထဲသာ ရပါမယ်ရှင့် 😍 ( Oct 12/ 13/ 14 အတွက်သာ )

နှင်းဆီပန်းအနီအစစ် ပန်းစည်းလေးတွေ ကို admin တို့ page က ပုံလေးတွေကိုပဲ နမူနာ အဖြစ် ပြ ပေးထားပါတယ်ရှင်
(အရံပန်းတွေ မထည့်ဘဲ ရိုးရိုးရှင်းရှင်းလေးကလည်း တမျိုးလေးလှတာပဲလေနော်...ဘယ်လိုမျိုးပဲ ဖြစ်ဖြစ် admin တို့က အလှဆုံးဖြစ်အောင်သာဖန်တီးပေးပါတယ်✨)

နှင်းဆီပန်းလတ်လတ်ဆတ်ဆတ်တွေပဲသုံးပေးပါတယ်ရှင့်...

( နမူနာ ပုံစံအတိုင်း ယူလို့ရသလို... ပန်းစည်းစက္ကူအရောင် change ချင်ရင်လည်းရပါတယ်ရှင်🥰)

(🚫 ပုံများကို ကူးယူသုံးစွဲခွင့် လုံးဝ မပြုပါ)

ပန်းစည်းကို urgent မှာယူလိုပါက
ph no - 09260922866 ကို
ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်

cb ကနေလည်းမှာလို့ရပါတယ်





သီတင်းကျွတ်အခါသမယမှာ -လူကြီး ၊ မိဘတွေကို ကန်တော့မယ်အထက်လူကြီးတွေကို လက်ဆောင်ပေးမယ်မိတ်ဆွေ ၊ သူငယ်ချင်း ၊ ချစ်ရတဲ့လူတွေကိ...
11/10/2026

သီတင်းကျွတ်အခါသမယမှာ -

လူကြီး ၊ မိဘတွေကို ကန်တော့မယ်
အထက်လူကြီးတွေကို လက်ဆောင်ပေးမယ်
မိတ်ဆွေ ၊ သူငယ်ချင်း ၊ ချစ်ရတဲ့လူတွေကို လက်ဆောင်ပေးမယ်
ကိုယ်က အဝေးရောက်နေလို့ ဒီမှာရှိတဲ့ ချစ်သူလေးကို လက်ဆောင်ပေးမယ်
နိုင်ငံခြားမှာ ကိုယ်ကအလုပ်လုပ်နေလို့ ဒီမှာ ရှိနေတဲ့ မိသားစု ၊ ချစ်ရသူတွေကို လက်ဆောင်ပေးမယ်
ဝါကျွတ်ကာလ မဂ်လာဆောင်တွေမှာ လက်ဖွဲ့ပစ္စည်း ပေးမယ်

ဒီလို ပေးဖို့အတွက် ဘာပေးရင် သင့်တော်မလဲ စဉ်းစားရခက်နေပြီလား...???

လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးလေး admin ညွှန်းပေးပါရစေရှင် 🥰

" Money box" လေးပေးပါနော် 💸🎁

မျက်နှာပန်းလည်းလှ ... ပန်း decoration တွေ ဆင်ပြီးသားဆိုတော့ လှလည်းလှ ...
ခေတ်ကာလအရနဲ့ဆို money box လေးနဲ့ဆို သယ်သွားတာလည်းလုံလုံခြုံခြုံရှိ

ဒါကတော့ admin တို့ရဲ့ Eaint Floral ကနေ လုပ်ပေးခဲ့ဖူးတဲ့ money box လေးတွေပါရှင် ... နမူနာကြည့်လို့ရပါတယ်ရှင် 🥰
(မှာ မှ လုပ်ပေးတာမို့ ... ကိုယ်ထည့်ချင်တဲ့ ပိုက်ဆံ / လိုချင်တဲ့ box အရောင် / ပန်း decoration ထည့်ချင်တာ မထည့်ချင်တာတွေက အစ customized အကုန် မှာလို့ ရပါတယ်ရှင် ❤️)

Money box ထက် ... ပိုက်ဆံပန်းစည်းပဲ သဘောကျတာမို့ ပိုက်ဆံပန်းစည်းပဲ လိုချင်တယ်ဆ်ုလည်းရ✅
အခု ခေတ်စားနေတဲ့ ပိုက်ဆံ ပန်းခြင်း လိုချင်တယ်ဆိုလည်းရ✅

Box တွေရော ခြင်းတွေရော instock အကုန် ဖြည့်ထားတာမလို့ လိုချင်တာအကုန်ရ ✅

သီတင်းကျွတ် order လေးတွေ ကျပ်လို့ မှာမယ်ဆို ကြိုတော့ မှာပေးပါနော်
အသေးစိတ်ဖတ်ရှုရန် link
https://www.facebook.com/share/p/1DYswRyDw3/

နောက်နေ့ ပိုက်ဆံပန်းစည်းလေးတွေလည်း collection လုပ်ပြီး တင်ပေးမယ်နော်ရှင် 😚❣️

ယနေ့အချိန်ထိ ယုံယုံကြည်ကြည်နဲ့ အားပေးမှုများအတွက်ကျေးဇူးတင်ပါတယ်ရှင်❤

(🚫 ပုံများ vd များကို ကူးယူသုံးစွဲခွင့်မပြုပါ)

ပန်းစည်းကို urgent မှာယူလိုပါက
ph no - 09260922866 ကို
ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်

cb ကနေလည်းမှာလို့ရပါတယ်





Royal express ရဲ့ bad review လာပါပြီသူတို့ system က လုံးဝလုံးဝ အသုံးမကျ လွန်းလို့ ... သူတို့နဲ့ တခါမှ လက်တွဲပြီး အလုပ်မလ...
08/10/2026

Royal express ရဲ့ bad review လာပါပြီ

သူတို့ system က လုံးဝလုံးဝ အသုံးမကျ လွန်းလို့ ... သူတို့နဲ့ တခါမှ လက်တွဲပြီး အလုပ်မလုပ်ခဲ့ဘူးနော်
သူတို့နဲ့ စာချုပ်ချုပ်လက်တွဲထားပီး သူတို့နဲ့ ရန်ဖြစ်တယ် ထင်နေကြမှာ စိုးလို့

အခုက တဖက်ကနေ မင်မင်တို့ဆီကို ပစ္စည်းပို့လို့ မင်မင်တို့က လက်ခံ ယူဖို့ အရေးကို ပြသနာတက်ကြတာ

Parcel 1
ပြင်ဦးလွင်ကနေ ygn ကို ပို့တာပါ
အများဆုံးကြာချိန် - 4 days တဲ့
တကယ့် တကယ်တမ်းကျ 7 ရက်ကြာတယ်
7 ရက်က ဘာလို့ ကြာလဲဆိုတော့ ... 4 ရက်နဲ့ ရောက်တဲ့ ကိစ္စက သောက်ကျင့် ယုတ်ပြီး ရုံးမှာ 3 ရက်ထားထားတာ
ပစ္စည်းက 5 ရက်မြောက်နေ့မှာ မင်မင်တို့ဆီကို သူတို့ ရုံးက မိန်းမက pH လှမ်းဆက်တယ် ဒီညနေ ပစ္စည်းလေး လာပို့ချင်လို့ပါ ဆိုပြီး ... ဘယ်မှမသွားဘဲ စောင့်နေပေးပါလို့ပြောပြီး အဲ့နေ့ တနေ့လူံး မလာ
နောက် တရက် ထပ်စောင့်တယ် ... ‌ညနေ ထိကို စာမလာ သတင်းမကြားပြန်ရော ... အဲ့ကျ စိတ်တွေက တိုတော့
သူတို့ရုံးကို complaint လှမ်းတက်တော့မှ
ပစ္စည်း ကို note မှာ ရေးထားတာက
" လိပ်စာ မပါ ... ရုံးလာယူမည် " ဆိုပဲ 🤣🤣🤣
လိပ်စာနဲ့ ပေးပြီး မှာတာကို ပြင်ဦးလွင် ဘက်က deli ပစ္စည်းကောက်တဲ့ အကောင်က လိပ်စာ မယူလာခဲ့ဘူး ...
မင်မင့် name ရယ် pH no ရယ် ... Address နေရာမှာ hlaing township, Yangon တဲ့ 🤣
ခပ်တည်တည်နဲ့ သွာ့သူကောက်ထည့်ပြီး " ရုံးလာယူ " ဆိုပြီး လုပ်ချထားတာ
အရမ်း အသုံးမကျတာနော်
အဲ့တော့ 4 ရက်နဲ့ ရောက်ရမယ့် ပစ္စည်းက ...
5 ရက်မြောက်နေ့မှာ လာပို့မယ်လို့ pH ဆက်ထားပြီး ... မရောက်လာ
6 ရက်မြောက်နေ့အထိ ဘာလို့ မပို့ရသလဲ မေးတော့ ... ရုံး လာ ယူ လို့ ရေးထားလို့ 6 ရက်မြောက်နေ့ way ထဲ မပါတာပါတဲ့ ... မိုက်ရိုင်းလိုက်တာနော်
7 ရက်မြောက်နေ့ကျ လာပို့ပေးပါ့မယ်တဲ့ မနက်ပိုင်း way ထဲ လာပို့ပေးပါ့မယ်တဲ့ ....
အဲ့ 7 ရက်မြောက်နေ့မှာ နေ့လည် 1 နာရီသာ ကျော်သွားတယ် way ထဲ မပါတော့ ... စိတ်တွေတို pH တွေ ဆက်တော့မှ ... Deli သမားက နေမကောင်းလို့ပါတဲ့ ( ဒဲ့လိမ်တာ အဲ့ သတောင်းစားက )
" နင်တို့ deli သမားက တယောက်ထဲ မဟုတ်မှန်းသိတယ် ... 4/5 ယောက်တော့ ရှိတာပဲ မလား " ဆိုပြီး ထဖြဲတော့
" မနက် way မာ 10 ယောက် ... ညနေ way မာ 10 ယောက် " တဲ့
အဲ့လောက် လူတွေ အများကြီးရှိနေတာကို သက်သက် မပို့တာပါတဲ့
အဲ့ကျမှ ပြင်ဦးလွင်က အကောင်မမှတ်လာတဲ့ မင်မင်ရဲ့ လိပ်စာကို အဲ့ ကျမှ လှမ်းတောင်းတယ်
" Deli သမား နေမကောင်းရင် နင်တို့ရုံးမာ ငါ့ပစ္စည်းကို ဆက်မထားနိုင်တော့ဘူး ... Deli သမားမရှိရင် နင်တို့ရုံးက လူတွေ လာပို့ " ဆိုပြီး အခြေအတင်တွေ ပြောကြတော့
8 ရက်မြောက်နေ့ လာပို့ပါမယ် တဲ့
" 8 ရက်မြောက်နေ့ မလ်ုချင်ဘူး ဒီနေ့ ချက်ချင်း လာပို့ လိုက်တော့ ... ခု ညနေ way ထဲ ထည့်ပေးလိုက် ... လာပို့မယ့် deli သမားရဲ့ pH no ပါပြော " ဆိုပြီး ပြောတော့
ဝူးရှားဝါးရှား ရှူးရှူးရှဲရှဲနဲ့ ဇာတိက ပြလာပီး လေသံကမာရေကြောရေ မိုက်ရိုင်း ရိုက်စိုင်း လူပါးတွေက ဝလာရော
" နင်တို့ အတော် တရားလွန်တာ ... တော်တော်နေ့ရွေ့ လုပ်တဲ့ အကောင်တွေလို့ ... Deli fees ကို တန်ရာတန်ကြေးပေးမှာတာပဲ နင်တ့်ုကို အလကားပို့ပေးဆ်ုပီး ပြောတာလည်းမဟုတ်တာကို နင်တို့ system က အဲ့လောက်ညံ့ရသလား လုပ်ငန်းအကြီး လုပ်နေပြီး စည်းပျက်ကမ်းပျက် ကိုယ့် customer ကိုယ် မာရေကြောရေ နဲ့ဆက်ဆံရတာနဲ့ နေ့ရွေ့ ညရွေ့လုပ်ရတာနဲ့ " ဆိုပီး ပြောတော့မှ ...
" အဆင်ပြေအောင် ကြည့်‌လုပ်ပေးပါ့မယ်" တဲ့
" အဆင်ပြေအောင် လုပ်တာ မလ်ုချင်ဘူး ... နောက်ဆုံးတခေါက်မေးမယ် ... ခု ညနေ ပို့မှာလား မပို့နိုင်ဘူးလား ဒါပဲဖြေ ... ဒါပဲ ကြားချင်တယ် " ဆိုတော့မှ
" အခု ညနေ ထည့်ပေးလိုက်မယ် ရပီမလား " တဲ့

အဲ့ ရန်ဖြစ်တာ နေ့လည် တနာရီနော် ...
လာပို့တာ ညနေ 5 နာရီမှ

ရန်ဖြစ်တော့မှ 7 ရက်မြောက်နေ့နဲ့တင် ကိစ္စပီးသွားတာ မဟုတ်ရငိ 8 ရက်မြောက်နေ့ အထိ ကိစ္စက ပြတ်မယ် မထင်သေး

( အဲ့နေ့က အချေအတင် ရန်ဖြစ်တာတွေ အကုန် voice recording ဖမ်းထားတာမို့ အကုန် details ရှ်တယ်နော် 🙃🙃🙃 )

နောက်ထပ် မိုက်ရိုင်းတာ တခု ပြောပြမယ် ... မင်မင့် parcel ရဲ့ အပေါ်မာ ... Complain Complain Complain ဆိုပီး စာတွေ လိုက်ရေးထားတာ ... မိုက်ရိုင်းလိုက်တာ အဆင့်မရှ်လိုက်တာ ... 👎👎👎

အဲ့နေ့က royal call center ကို ဖုန်းဆက်ပီး မေးကြည့်ရာကနေ ... Royal က လှိုင်မာ ရုံးခွဲ ၂ ခုရှိတာကို မင်မင့်ပစ္စည်းက royal သုခ မှတ်တိုင်က ရုံးနဲ့ royal သီရိလမ်းက ရုံးနဲ့ ကြားကို ဘောလီဘောပုတ်နေကြသေးတယ်တဲ့

ကိုယ့်ပစ္စည်းနဲ့ ကိုယ် ... ကိုယ့် deli fees နဲ့ ကိုယ်မှာတာကို စိတ်ပင်ပန်း လေတွေကုန် energy drain လိုက်ရတာ ... တော်တော်အဆင့်မရှ်တဲ့လူတွေနဲ့ ဖက်ဖြစ်ရတာ

Parcel 2

Ygn to Ygn
4 ရက်တောင် ကြာတာပါတဲ့
ဘယ်ကနေ ဘယ်ကို ပို့လို့လဲဆိုတော့ ကမာရွတ်ကနေ လှိုင်ကို ပို့တာ 4 ရက်ကြာတယ် 🙃
အဲ့တာလည်း pH ဆက်မှ ရောက်လာတဲ့ ကိစ္စပဲ ... 4 ရက်တောင် ကြာနေပီကို့ ပို့စရာရှိတာ မပို့ဘူး

4 ရက်က ဘာလို့ ကြာရတာလဲမေးကြည့်တော့
ပစ္စည်းကောက်တာ တရက်
ကမာရွတ် ရုံး ရောက်တာ က တရက်
ပို့တာက တရက် ( ကမာရွတ်ရုံးကနေ လှိုင်ရုံးကို ပို့တာ)
လှိုင်ရုံးရောက်တာ တရက် ... အဲ့တာတောင် 4 ရက်နဲ့ ရတာ ကံကောင်းတာတဲ့ ... တကယ်ဆို ၅ ရက်ကြာတာတဲ့ .... လှိုင်ရူံးရောက်ရင် ချက်ချင်းမပို့သေးဘဲ နောက်ရက်မှပို့တာပါတဲ့ 🙃🙃🙃

တောင်းပန်ဖို့ မပြောနဲ့ ... အရမ်းအရမ်းလူပါးဝ တာ royal express က ....
Deli ခ လည်း ပေးရသေးတယ် ပြသနာလည်းရှင်းရသေးတယ်

မင်မင့် page ညစ်နွမ်းမှာစိုးလို့ မင်မင့်ဆီကို လာမှာပြီး customer လုပ်သွားတဲ့ customer တွေကိုတောင် တခါမှ bad review မတင်ဖူးဘူးနော် ( page ထောင်လာတဲ့ ၄ နှစ်တာ ကာလပတ်လုံး top fan တွေဆို သိကြမယ် ... Blessings ဖြစ်တာလေးတွေပဲ တင်တာ )

အခုဟာကတော့ တခါလည်း မဟုတ် ၂ ခါကိုမှ ၇ ရက်လောက် ရန်ဖြစ်ရတာကြီးကျ ... အတော်ဆ်ုးရွားလွန်းလို့ကို အားလုံးသိအောင် bad review တင်ပေးတာပါ

တောင်းပန်ခံချင်လို့ တင်တာလည်း မဟုတ်ဘူးနော်
သူတို့ မတောင်းပန်မှန်းလည်း သိတယ်
အရမ်းလူပါးဝပီး ဗလောင်းဗလဲ တအားပြော တဲ့ deli ဆိုတော့ ရှောင်လို့ရအောင်ကို တင်ပေးတာပါ

Royal express call center က pH 2 လုံးရယ်
Royal express လှိုင် ရုံး 2 ခုရဲ့ pH no. 3 ခုရယ်
Deli သမားရဲ့ pH no ရယ်

pH no 6 လုံးရှိပါတယ် လိုချင်ရင် လာတောင်းလို့ရပါတယ်

။
။
။
မင်မင်တို့့လည်း floral ဆိူတာ online shop တမျိုးထဲ ပါနေတာပါပဲ ... Deli နဲ့ မကင်းပါဘူး

မင်မင်တို့ နဲ့ လက်တွဲလာတဲ့ deli ဆို ... Ygn to ygn ပို့ရင် 2 ရက်ပဲ ကြာတယ် ... လှိုင်ရုံးကနေ မနက် 10 နာရီကားထွက်တာမို့ မနက် 10 နာရီမတိုင်ခင် ပစ္စည်းတွေ အကုန် လာကောက်တယ် ... မနက် 10 နာရီ ကားနဲ့ အမှီရအောင်တင်ပေးတယ် ... အဲ့ကားက မင်မင်တို့ပို့ချင်တဲ့ မြို့နယ်ဆီကို အဲ့နေ့ချင်း အတွင်းရောက်တယ်
နောက်နေ့ ဆိုတာနဲ့ ပစ္စည်းတွေ လိုက်ပို့ပြီ
Total မှ 2 days ပဲ ကြာတာရယ်

Ygn to ygn ပို့တာကို 5 ရက်ကြာအောင်ပို့တယ်ဆိုတော့ လုပ်စားမနေနဲ့တော့ အကောင်တွေရဲ့ 🙃👎
လိပ်စာပါအောင် မထည့်
ရုံးလာယူလို့ ရေးချင်ရာ ရေးနေရင်လည်း လုပ်စား မနေနဲ့တော့ 🙃👎
နယ်ကနေ ygn ပို့တဲ့ပစ္စည်းကို ပို့ချင်တဲ့ရက်မှပို့မယ်ဆိုလည်း လုပ်စားမနေနဲ့တော့ 🙃👎
ပါဆယ်ထုပ်ပေါ်မာ complain Complain Complain လို့ စာတွေလိုက်ရေးပြီး အဆင့်မရှ်တဲ့အလုပ်တွေ လုပ်‌တာလည်း တအားအောက်တန်းကျတယ်နော် စရိုက်ဆန်တာ တအား
အထဲက ပစ္စည်းတွေ ကြေမွ ဗက်လဘိုင်လိုက်တဲ့ကိစ္စတော့ ထည့်မပြောတော့ဘူး မောလို့
Royal express ဘက်က မှားပြီး customer ကို အောက်လားငေါက်လား မာရေကြောရေ အထက်စီးကနေ မောက်မောက်မာမာ လာပြောတဲ့ အကျင့်နဲ့ဆိုလည်း ဆက်လုပ်စားမနေ‌နဲ့တော့ 🙃👎
တောင်းပန်ချင်တဲ့စိတ်တော့ နင်တို့တရုံးလုံး အမေမွေးထဲက မပါလာတာနေမယ်

pH no 6 လုံးရယ် ... Voice record တွေတော့ မတင်တော့ဘူး ... ကျန်တာတွေတော့ အကုန်တင်ပါတယ်
pH no. 6 ခုကိုတော့ သိချင်ရင် direct message ကနေ လာတောင်းလို့ရပါတယ်

06/10/2026

Post တွေ မတင်ဘဲ ပျောက်နေရတာက ... Royal express နဲ့ ပွဲတွေ ဖြစ်ထားလို့ ...
တပွဲတောင် မဟူတ်ဘူး ၂ ပွဲ 🙂

သူတို့ system က လုံးဝလုံးဝ အသုံးမကျ လွန်းလို့ ... သူတို့နဲ့ တခါမှ လက်မတွဲဖူးဘူးနော်
သူတို့နဲ့ စာချုပ်ချုပ်လက်တွဲထားပီး သူတို့နဲ့ ရန်ဖြစ်တယ် ထင်နေကြမှာ စိုးလို့

အခုက တဖက်ကနေ မင်မင်တို့ဆီကို ပစ္စည်းပို့လို့ မင်မင်တို့က လက်ခံ ယူဖို့ အရေးကို ပြသနာတက်ကြတာ

အခု ထိ ပစ္စည်းက ရုံးမာ သောင်တင် ဘောလီဘောပုတ်ခံနေရတာ ပစ္စည်းက ရောက်မလာသေးဘူး
နက်ဖြန် လောက်မှ ရောက်တော့မယ်ထင်တယ် ...
အဲ့ အချိန်ကျ မှ အစအဆုံး bad review တင်ပေးမယ်

တောင်းပန်ဖို့ မပြောနဲ့ ... အရမ်းအရမ်းလူပါးဝ တာ royal express က ....

မင်မင် 7 ရက်နေ့ / 8 ရက်နေ့ ... Post တင်ပြီးရှင်းပါမယ်

သူတို့ ဆီ က ပြသနာက နေ့တိုင်း လာတာနော် ... ပို့လာတဲ့ပစ္စည်းကို လက်ခံယူရတာက ... 2 ခါထဲရယ်ကို

၇ ရက်လောက် ပြသနာ တက်နေတာ ...
Deli ခ လည်း ပေးရသေးတယ် ပြသနာလည်းရှင်းရသေးတယ်
တဖက်ကလည်း royal express လို အဆင့်မရှ်တဲ့ဟာနဲ့ ပြသနာ ဖြေရှင်းရတာ အတော်စိတ်မောလူမော

မင်မင့် page ညစ်နွမ်းမှာစိုးလို့ မင်မင့်ဆီကို လာမှာပြီး customer လုပ်သွားတဲ့ customer တွေကိုတောင် တခါမှ bad review မတင်ဖူးဘူးနော် ( page ထောင်လာတဲ့ ၄ နှစ်တာ ကာလပတ်လုံး top fan တွေဆို သိကြမယ် ... Blessings ဖြစ်တာလေးတွေပဲ တင်တာ )

အခုဟာကတော့ တခါလည်း မဟုတ် ၂ ခါကိုမှ ၇ ရက်လောက် ရန်ဖြစ်ရတာကြီးကျ ... အတော်ဆ်ုးရွားလွန်းလို့ကို အားလုံးသိအောင် bad review တင်ပေးပါ့မယ်

တောင်းပန်ခံချင်လို့ တင်တာလည်း မဟုတ်ဘူးနော်
သူတို့ မတောင်းပန်မှန်းလည်း သိတယ်
အရမ်းလူပါးဝပီး ဗလောင်းဗလဲ တအားပြော တဲ့ deli ဆိုတော့ ရှောင်လို့ရအောင်ကို တင်ပေးမှာပါ

Address

Baho Road, Hlaing Township
Yangon

Telephone

+959260922866

Website

Alerts

Be the first to know and let us send you an email when Eaint Floral posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category