The Bucket List - Live Music Band

The Bucket List - Live Music Band - County/Blues/Classic/Pop/Hard rock live music
- Experienced and English speaking performers
- Good personalities and working attitude
- Musical

25/11/2022
31/10/2022
05/10/2022

တစ်ခါတော့ မင်းသားကြီးဦးကျော်ဟိန်းက
ကိုဗစ်လို့ ခေါ်ကြတဲ့ ဆလိုင်းဇာလျန်းကို အိမ်အပြန် လိုက်ပို့တယ်။
လိုက်ပို့တော့ ဆင်းရဲသားရပ်ကွက်ပဲလေ။
လမ်းကြိုလမ်းကြားက ဝင်ရမှာမို့ ကိုဗစ်က လမ်းထိပ်ကနေ ဆင်းချင်တယ်။ ဦးကျော်ဟိန်းကလည်း အိမ်အထိ လိုက်ပို့ပါ့မယ်တွေ လုပ်တော့
ကိုဗစ်က ဒေါကန်ပြီး ဦးကျော်ဟိန်းရဲ့ ကားအကောင်းစားကြီးကို သုံးချက်လောက် ဆောင့်ကန် ထားခဲ့သတဲ့ဗျာ။

ဂီတသမားတိုင်းက လေးစားကြရတဲ့ ဆလိုင်းဇာလျန်းဆိုတာ အဲ့သလို ဂီတအနုပညာရှင်မျိုးပါ။

ဒီနေရာမှာတော့ ကိုယ်တိုင်လည်း သီချင်းတွေအများကြီး သီဆိုခဲ့တဲ့ ဦးကျော်ဟိန်းဟာ ဂီတအနုပညာသမားတွေအပေါ် နားလည်တဲ့စိတ် လေးစားရင်းစွဲစိတ် ရှိတယ်လို့ ထင်ပါတယ်။

တစ်ခါသားမှာလည်း သူ့ရုပ်ရှင်ဇာတ်ဝင်တေးမှာ သီဆိုဖို့ ကိုငှက်(ထူးအိမ်သင်) ကို လာခေါ်တယ်။ လာခေါ်တော့ ကိုငှက်က ခနစောင့်ဦးဗျာ ကျွန်တော် အိမ်သာတက်လိုက်ဦးမယ်ဆိုပြီးသွားလိုက်တာ၊ ဦးကျော်ဟိန်းက ထိုင်ခုံမရှိတဲ့ ကြမ်းပြင်မှာ နာရီဝက်လောက်ထိ ထိုင်စောင့်နေခဲ့ရဖူးပါတယ်တဲ့။
ထားပါတော့ဗျာ၊ ဒါက စကားစပ်မိလို့ပါ။

ကိုဗစ်(ဗစ်တာ)လို့ ခေါ်ကြတဲ့ ဆလိုင်းဇာလျန်းကို ချင်းပြည်နယ် ဖလမ်းမြို့မှာ မွေးဖွားပါတယ်။
ဖခင်ဖြစ်သူက ဆရာဝန်ဖြစ်တာကြောင့် တာဝန်ကျတဲ့ နေရာဒေသမျိုးစုံမှာ လိုက်လံနေထိုင်ပြီး ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းကနေ ဆယ်တန်းအောင်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကနေ ဓာတု‌ဗေဒ နဲ့ ဘွဲ့ရကျောင်းပြီးခဲ့ပြီး ၊GTIမှာလည်း ပညာဆက်သင်ခဲ့ပါသေးတယ်။

တစ်နေ့မှာတော့ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ နိုင်ငံခြားဆေးကိုယ်စားလှယ်တစ်ဦး‌ဆီကနေ ဂီတာသင်ရိုးစာအုပ်တစ်အုပ်ကို လက်ဆောင် ရခဲ့တယ်။

ဒါဟာ သူ့အတွက်တော့ ဘုရားသခင်ပေးတဲ့ ပထမဆုံး လက်ဆောင်ပါပဲ။
အဲ့ဒီစာအုပ်ထဲက သင်ရိုးတွေကို လေ့ကျင့်ရင်းနဲ့ ဂီတပညာကို သင်ယူခဲ့တယ်။
အပျော်တမ်းတီးဝိုင်းလေးတွေဖွဲ့ပြီး ဂီတလမ်းကြောင်း‌ေပါ်ကို ရောက်လာခဲ့တယ်။
ကိုဗစ်က အစကတော့ လိဒ်တီးတာပါပဲ။
နောက်မှ ဘေ့စ် တီးတာပါ။

ဒီနေရာမှာ ကျွန်တော့်ဆရာ ဆလိုင်းတင်မိုး ပြောဖူးတာလေး ပြန်အမှတ်ရပါတယ်။
ဆရာစောဘွဲ့မှူးက အဲ့ဒီ ဦးဇာလျန်းကြီးနဲ့ ပတ်သက်ပြီး ပြောတာလေ။
"တော်သေးတယ်ကွာ ကိုဇာလျန်းကြီး လိဒ် မကိုင်လို့၊ သူသာ လိဒ်ကိုင်ရင် ငါ ဘုံပျောက်လောက်တယ်" လို့ ပြောဖူးတယ် ဆိုပါတယ်။
ဦးဇာလျန်းကြီးကို ချီးကျူးဂုဏ်ပြုချင်လို့ ဒီလိုပြောတာ ဖြစ်မှာပါ။

စကားစပ်မိလို့ ထပ်ပြီးဖောက်သယ်ချရဦးမယ်။
IC က ဘေ့စ်တီးတဲ့ ဆလိုင်းခင်မောင်သန့်နဲ့ ပတ်သက်ပြီး ဦးဇာလျန်းက
"ဒီကောင်လေး ဘေ့စ်ပဲတီးနေလို့၊ လိဒ်သာတီးရင် ဘယ်သူမှ လိုက်မှီမှာ မဟုတ်ဘူး" လို့ မှတ်ချက်ပြုဖူးပါတယ်တဲ့။
ကိုသစ္စာ ရေးတဲ့ ဆောင်းပါး အင်တာဗျူးထဲမှာ ဖတ်ဖူးတာပါ။

ဦးဇာလျန်း နဲ့ The Aces တီးဝိုင်းရဲ့ ပုံပြင်တွေကတော့ အများကြီးပါ့။
The Aces ကို ရောက်လာရတာကတော့ The Aces က ဘေ့စ်သမား ထွက်သွားပြီးတဲ့နောက် ဘေ့စ်သမား ရှာရင်း ဦးဇာလျန်းကို ခေါ်လို့ ရောက်လာရတာလို့ သူက ပြောပြပါတယ်။
ကျွန်တော်တို့ရဲ့ ဂီတနတ်သားလေးတစ်ပါး ဖြစ်တဲ့ ကိုငှက်(ထူးအိမ်သင်)နဲ့လည်း ဇာတ်လမ်းလေး ရှိခဲ့ဖူးသေးတယ်။

ကိုငှက်နဲ့ အမှတ်တရ ဖြစ်ခဲ့ပုံကို ဦးဇာလျန်းက ဒီလို ပြောပြပါတယ်။
“ထူးအိမ်သင်က ရှေးရိုးအစဉ်အလာအတိုင်း တည့်တည့်တီးပေးစေချင်တယ်။ ကျွန်တော်က စောင်းကန်း စောင်းကန်းတီးတာ။ အဲဒီ အရသာကို သူကမသိဘူး။ မသိတော့ ပြောတာပေ့ါ။ တည့်တည့်တီးပေးဖို့။ ကျွန်တော်က ဟေ့ကောင် မင်းဟာကို မင်းတည့်အောင်ဆို ငါတို့က ငါတို့ဘာသာသွားမယ်။ မင်းဆိုမယ့် အပိုင်းကို ဖြောင့်ဖြောင့်တန်းတန်း တည့်အောင်ဆိုလို့ ပြောတယ်။ ဒါပေမဲ့ သူနောက်တော့ သဘောပေါက်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာမှာ ထွက်နေတဲ့ သီချင်းတွေက အဲဒီပုံစံတွေပဲ။ အစောင်း ခေါ်တာပေ့ါ”
ဂီတနတ်သားလေးနဲ့ ဂီတပညာရှင်ကြီးတို့ရဲ့ ချစ်စရာ အမှတ်တရပါပဲ။

တစ်ခါတော့ ဟော်တယ်တစ်ခုမှာ မင်္ဂလာဧည့်ခံပွဲတီးဖို့ရှိတာ၊ အဲ့ဒီမှာ ဦးဇာလျန်းရဲ့ ဘော်ဒါအပေါင်းအသင်းတွေလည်း ဦးဇာလျန်း မျက်နှာနဲ့ ခန်းမထဲ ရောက်လာကြတယ်။
ကုတ်အင်္ကျီကို အထဲခံမပါဘဲ ဝတ်တဲ့သူနဲ့ အားကစားဘောင်းဘီတို ဝတ်ထားတဲ့သူနဲ့၊
အန်တီနွဲ့ယဉ်ဝင်းက Country roads, take me home လည်း ဆိုရော သူ့ဘော်ဒါတွေက ထကတဲ့သူက က၊ ဟာမိုနီ လိုက်တဲ့သူကလိုက်နဲ့ ဝရုန်းသုန်းကား ဖြစ်ကုန်ရော ဆိုပဲ။
ဦးဇာလျန်းကြီးကတော့ ပြုံးလို့တဲ့ဗျာ။

ဦးဇာလျန်း ဂစ်တာတီးတာကို Live မမြင်ဖူးလိုက်တဲ့ ကျွန်တော်တို့အတွက် အတော်နာတာပါပဲ။
ဆလိုင်းဇာလျန်း လို့ ဟုန်းဟုန်းတောက်အောင် နာမည်ကြီးပြီး တစ်သက်တာဂီတထူးချွန်ပညာရှင်ဆု ရတဲ့သူကို။
စောဘွဲ့မှူးကို လိဒ်ဂီတာမှာ ဘုရင်လို့ သတ်မှတ်ရင် ဆလိုင်းဇာလျန်းကို ဘေ့စ်ဂီတမှာ ဘုရင်အဖြစ် သတ်မှတ်ရမှာပဲလို့ ဆိုကြတာကို။

ဦးဇာလျန်းက ဘေ့စ်တီးရုံတင်မကဘဲ သီချင်းတွေကိုလည်း ကိုယ်တိုင်ရေး သီဆိုခဲ့ပါသေးတယ်။
နောက်ဆုံး ကိုလေးဖြူနဲ့ လုပ်တဲ့အခွေလည်း ထွက်မလာခဲ့ဘူး ထင်ပါတယ်။
ကိုလေးဖြူရဲ့ အင်တာဗျူးတစ်ခုမှာတော့
"ကျွန်တော် အဲ့ဒီ ကိုဇာလျန်းရဲ့အခွေကို သီးသန့်လေး သိမ်းထားပါတယ်၊ ခင်ဗျားတို့သိပါတယ်ဗျာ ဒီလူကြီး ဘယ်လောက်တော်တယ် ဆိုတာကို"
လို့ ပြောခဲ့ဖူးတယ်။

ဦးဇာလျန်းရဲ့ သီချင်းတွေထဲမှာ နေဝန်းနီ ပေါ်ထွက်ပြီ၊ လိုရင် အကုန်လုံးယူ၊ ဖိုးသာထူး၊ ပြုံးပြလိုက်ပါ အချစ်ရယ်၊ ပန်းကလေးငိုတို့ စစ်နဲ့ငြိမ်းချမ်းရေးတို့ကို လူသိများကြပါတယ်။
သီချင်းတွေက ပြုံးမိနေရင်းကနေ တွေးစရာ ဆွေးစရာ ဘဝဒဿနအချို့ကို ရလိုက်နိုင်တာမျိုးတွေလေ။

ဦးခိုင်ထူး သီဆိုထားတဲ့ အဲ့ဒီ စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ သီချင်းလေးကတော့ မကြာခဏ နားထောင်ဖြစ်တဲ့ သီချင်းလေးပါပဲ။
စပါးနှံချီကာ ချိုးဖြူငှက်ငယ်တွေ
အာကာတစ်ခွင်မှာ ဝဲလို့ မြူးပျော်စေ
သာယာနားဝင်ချို အေးတဲ့တေးသံဝေ
ညီညီညာညာ ငြိမ်းချမ်းရေးကို လှမ်း..... တဲ့။

ကျွန်တော်တို့ ချစ်ရတဲ့ အလေးအမြတ်ပြုရတဲ့ ဆလိုင်းဇာလျန်းဟာ ၂၀၂၁ မတ်လ ၆ ရက်နေ့မှာတော့ မငြိမ်းချမ်းတဲ့ ကမ္ဘာမြေကြီးကို စွန့်ခွာသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးတေးသံနဲ့ ချိုးဖြူငှက်တွေ ဝဲပျံနေမယ့် ကောင်းကင်ရွှေပြည်တော်မှာ ဆလိုင်းဇာလျန်း ငြိမ်းချမ်းစွာဖြင့် ပျော်ရွှင်ပါစေ...။

ခေတ်လင်းနေ
27.9.2022

မှတ်ချက်။ ။ ကော်ပီကူးယူမယ် ဆိုရင် ကျွန်တော့်ရဲ့ နာမည်ကို မဖြုတ်ပစ်ဖို့ကို လေးစားစွာဖြင့် မေတ္တာရပ်ခံပါရစေ ခင်ဗျာ။

ကိုးကား;
၁။ The Aces ရဲ့ ပဉ္စမံတပ်မှူးကြီး ဆလိုင်းဇာလျာန်း (ခ) ကိုဗစ်နဲ့ စကားစမြည်၊ ကိုသစ္စာ၊ အလင်္ကာဂီတဂျာနယ်။
၂။ တစ်သက်တာဂီတထူးချွန်ဆုရှင် ဗေရိဥယျာဥ်ခြံထဲက ခြံစောင့်ကြီး၊ EMG။
၃။ အရှင်လတ်လတ် တွေ့ဖူးခဲ့သူများ၊ သိမ်းတင်သား။
၄။ About the Salai Za Lian, Chin World Media.

ကို ဂီတသတင်းမျှဝေကြမယ် မှ ရယူထားခြင်း ဖြစ်ပါသည်။
တစ်သက်တာဂီတထူးချွန်ဆု ကို လက်ခံရယူချိန်က ပုံဖြစ်ပါသည်။

03/08/2022

Like a pro!

Oh yeah!
22/07/2022

Oh yeah!

Address

Min Dhamma Road
Yangon

Telephone

+959956684595

Website

Alerts

Be the first to know and let us send you an email when The Bucket List - Live Music Band posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Bucket List - Live Music Band:

Share