22/08/2026
အခုရက်ပိုင်း မြစ်ကြီးနား-ရန်ကုန်/မန္တလေး လက်မှတ်ဈေးတွေ ပြန်ရောင်းဖို့ခက်ခဲတဲ့အထိ ဈေးတွေအရမ်းများတာမို့လို့ အရောင်းရပ်ထားပါတယ်နော်
Page messenger/ Viber ကနေ နေ့တိုင်းလာမေးကြတဲ့သူတွေကို တကယ်အားနာပါတယ်ရှင်
AeroWay ခံယူချက်က ခရီးသည်ရော ထိုက်သင့်တဲ့ဈေးတစ်ခုနဲ့ သွားခွင့်ရဖို့ရယ် ကိုယ့်အတွက်လည်း ထိုက်သင့်တဲ့တန်ဖိုးတစ်ခုရရင် လုံလောက်ပီလို့ ခံယူထားတာမို့လို့ မတန်တဆ ဈေးများလွန်းနေရင် ဝယ်မယ့်သူတွေကိုလည်း မဝယ်ဖို့ ပြောပါတယ်
အကုန်လုံးခက်ခဲနေကြတဲ့ ကာလမှာ အပူစာတွေ မယူပါရစေနဲ့ရှင်
အစောပိုင်းတွေမှာရောင်းခဲ့သလို သင့်တင့်တဲ့ဈေးရရင် အရင်လို Page မှာ ထပ်တင်ပေးပါ့မယ်ရှင်
ဈေးအရေးမကြီးဘူး လိုက်ရဖို့ပဲလိုတယ်ဆိုရင်တော့ လာဝယ်လို့ရပါတယ်နော်
တခြားခရီးစဉ်တွေအတွက်ကိုလည်း System ဈေးအတိုင်းယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်ရှင့်
#လေယာဉ်လက်မှတ်
#ပြည်တွင်းပြည်ပ
#မြစ်ကြီးနား