04/05/2026
ဗီဒီယိုနဲ့ ဓာတ်ပုံပညာကို ဝါသနာပါပြီး Professional နယ်ပယ်ထဲမှာ လက်တွေ့ပညာသင်ယူရင်း အတူလက်တွဲ အလုပ်လုပ်ချင်သူတစ်ယောက်ဆိုရင် ဒီ အခွင့်အရေး သင့် အတွက်ပါပဲ။
ကျွန်တော်တို့ SWARM Production မှ တက်ကြွထက်သန်သော လူငယ်များကို ဖိတ်ခေါ်ပါတယ်။
ဒီအခွင့်အရေးဟာ ရိုးရိုးသင်တန်းတက်ရုံမဟုတ်ဘဲ Real-world Projects များတွင် တိုက်ရိုက်ပါဝင်လုပ်ကိုင်ရမည့် Intensive Training & Work အစီအစဉ်ဖြစ်ပါတယ်။
Pre Production , Production နှင့် Post Production ကဏ္ဍ သုံးရပ်လုံး တွင် မိမိ ဝါသနာပါရာ အားသန်ရာတွင် လုပ်ကိုင်ရမှာပါ။
✅ လိုအပ်သော အရည်အချင်းများ
* ပညာအရည်အချင်း: အခြေခံပညာအထက်တန်းအောင်မြင်ထားသူ ( သို့မဟုတ် )တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
* ဗီဒီယိုနှင့် ဓာတ်ပုံပညာရပ်ကို အမှန်တကယ် စိတ်ဝင်စားပြီး ရေရှည်လက်တွဲလိုသူ ဖြစ်ရမည်။
* ပညာရပ်ကို အလျင်အမြန် လေ့လာဆည်းပူးနိုင်စွမ်းရှိပြီး တီထွင်ဖန်တီးမှုအားကောင်းသူ ဖြစ်ရမည်။
* အချိန်တိကျမှုရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
* ကွန်ပျူတာ အခြေခံ ကျွမ်းကျင်ထားလျှင် ပိုမို ထိရောက်ပါသည်။
✅ ကျွန်တော်တို့ ဘာတွေ ပံ့ပိုးပေးမလဲ?
* Direct Mentorship: ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုဆိုင်ရာ နည်းပညာများ၊ အလင်းအမှောင်နှင့် Production Process တစ်ခုလုံးကို လက်တွေ့ အနီးကပ် သင်ကြားပြသပေးခြင်း။
* Professional Experience: Project များတွင် Professional Gears များကို အသုံးပြု၍ လက်တွေ့နယ်ပယ်အတွေ့အကြုံ ရရှိခြင်း။
* Portfolio Building: မိမိ၏ နောင်ရေးအတွက် ခိုင်မာသော Portfolio တစ်ခု တည်ဆောက်နိုင်ခြင်း။
✅ အလုပ်ပုံစံနှင့် ချီးမြှင့်ငွေ
* ပုံသေလစာမဟုတ်ဘဲ မိမိပါဝင်ဆောင်ရွက်ရသည့် Project အလိုက် Duty ကြေး (Project-based Payment) ကို ခံစားခွင့်ရရှိပါမည်။
* အလုပ်ချိန်သည် Project ရှိမည့်ရက်နှင့် အချိန်ပေါ်မူတည်၍ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရပါမည်။
📍 လျှောက်ထားရန် -
https://forms.gle/ARBqpHwX2AVviKPq6