23/10/2026
🙏 မင်္ဂလာပါရှင်၊
📣 ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် (Myanmar Airways International - MAI) မှ ပေးပို့ထားသော ခရီးသွားလာရေးဆိုင်ရာ အရေးကြီးအသိပေးချက်။
📢 ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့နှင့် ယင်းနောက်ပိုင်း လက်မှတ်ဝယ်ယူ/ပြန်လည်ထုတ်ယူမည့် ခရီးစဉ်များအတွက် စတင်အကျုံးဝင်မည်ဖြစ်ပါသည်။ (ICN - ဆိုးလ်ခရီးစဉ်မှလွဲ၍ ကျန် MAI မှ တိုက်ရိုက်ပျံသန်းသော အပြည်ပြည်ဆိုင်ရာခရီးစဉ်များအတွက်)
၁။ ကြိုတင်ဝယ်ယူသည့် အပိုဝန်စည် (Prepaid Baggage)
SIN-RGN (စင်ကာပူ-ရန်ကုန်)၊ KUL-RGN (ကွာလာလမ်ပူ-ရန်ကုန်) နှင့် PEN-RGN (ပီနန်-ရန်ကုန်) ခရီးစဉ်များအတွက် အပြည်ပြည်ဆိုင်ရာ ကြိုတင်အပိုဝန်စည် ဝယ်ယူခွင့်ကို ယာယီရပ်ဆိုင်းထားပါသည်။
အထက်ပါ ရပ်ဆိုင်းထားသော ခရီးစဉ်များမှအပ ကျန်ခရီးစဉ်များအတွက် လေယာဉ်မထွက်ခွာမီ ၂၄ နာရီအလိုအထိ တစ်ဦးလျှင် အနည်းဆုံး ၅ ကီလို မှ အများဆုံး ၂၀ ကီလို အထိ (၅ ကီလို စီ တိုး၍) ကြိုတင်ဝယ်ယူနိုင်ပါသည်။
၂။ လေဆိပ်တွင် ဝယ်ယူသည့် အပိုဝန်စည် (Excess Baggage at Airport Check-in)
အခမဲ့သယ်ဆောင်ခွင့်ပြုထားသော ဝန်စည်အလေးချိန် (FBA) အပါအဝင် စုစုပေါင်း အများဆုံး ၆၀ ကီလို အထိ အပိုဝန်စည်ကို လေဆိပ်တွင် ဝယ်ယူနိုင်ပါသည်။
📚 မှတ်ချက်များ-
လေဆိပ်တွင် အပိုဝန်စည် လက်ခံပေးနိုင်မှုကို လေယာဉ်၏ ဝန်တင်ဆောင်နိုင်မှု (Payload) နှင့် နေရာလွတ်ရှိမှုပေါ် မူတည်၍ လေဆိပ်လုပ်ငန်းဆိုင်ရာအဖွဲ့မှ တင်းကြပ်စွာ ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။
ICN (ဆိုးလ်) ခရီးစဉ်များအတွက် FBA ဝန်စည်မူဝါဒသည် ပြောင်းလဲမှုမရှိဘဲ မူလအတိုင်း တည်ရှိနေမည်ဖြစ်ပါသည်။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်:
RGN : 01 822 9245 , 01 837 8535 , 95 9 977 891 024 , 95 9 977 808 930
MDL : 95 9 694 391 049 , 95 9 694 391 045
✈ လေယာဥ်ပျံလက်မှတ် ကိုလံဘတ်(စ်) ✈