13/08/2025
DJ တစ်ယောက်ကို အောင်မြင်စေသည့် နောက်ကွယ်က ထောက်တိုင်များ
ယနေ့ခေတ် အောင်မြင်နေသည့် နာမည်ကြီး DJ တိုင်းကို ကြည့်လိုက်မယ်ဆိုရင် DJ ရဲ့ အရည်အချင်းကလဲ အရေးကြီးသလို သူ့နောက်ကွယ်ကနေ သူ လိုအပ်သမျှ ကို ပံ့ပိုးပေးနေတဲ့ Team ကလဲ ထပ်တူ အရေးကြီးပါတယ် .. Stage ပေါ်မှာ DJ တစ်ယောက်ထဲ Perform လုပ်နေလို့သာ DJ ကို ပဲ သတိထားမိကြပေမယ့် သူ့နောက်က Team ရဲ့ အရေးပါပုံကိုတော့ တော်တော်များများက သတိမထားမိကြပါဘူး .. ဒါကြောင့် ကမ္ဘာကျော် DJ တွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေက ဘာတာဝန်တွေ ယူပြီး အလုပ်လုပ်ပေးနေတယ်ဆိုတာကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်..
1. Stage / Event Manager
Stage setup တွေ timing တွေ မှန်ကန်အောင် စီစဉ်ပေးပါတယ် .. co
ကိုယ်သွားဖွင့်ရမယ့်နေရာမှာရှိတဲ့ လူတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ပေးပါတယ် .. Dj ရဲ့ Schedule နဲ့ Set time တွေကို ကြီးကြပ်ပေးတဲ့သူ ဖြစ်ပါတယ်..
2. . Sound Engineer / Technician
Speakers, mixers, audio interfaces, monitors စတဲ့ gear တွေကို manage လုပ်ပေးပါတယ်
Sound check, EQ, volume balance, feedback control စတာတွေကို ပြုလုပ်ပေးပါတယ်
3. Lighting Technician / Visual Jockey (VJ)
Light show, strobe effects, lasers & visuals control ထိန်းပေးပါတယ်
Music rhythm နဲ့ တစ်ပြေးညီနေရအောင် visuals တွေချိန်ညှိပေးတယ်
Anyma ကိုကြည့်ရင် VJ တွေ ဘယ်လောက်အရေးကြီးလဲ သိပါလိမ့်မယ်
Videographer / Photographer
Event coverage (promo videos, recap, BTS, etc.) ရိုက်ကူးပေးပါတယ် ..
Social media / marketing material အတွက် content တွေဖြစ်စေမယ့် Media တွေ ဖန်တီးပေးပါတယ်
Social Media / Marketing Manager
Event promotions, live updates, DJ branding & campaigns တွေကို စီမံပေးပါတယ်
Fan engagement & content schedule plan စတာတွေ ဖန်တီးပေးပါတယ်
Logistics / Equipment Manager
Gear transportation, setup & security များကို တာဝန်ယူပေးတဲ့သူ ဖြစ်ပါတယ် ..
DJ booth, cables, backup gear, power supply စတာတွေစစ်ဆေးပေးရပါတယ် ..
Booking Agent / Manager
အလွယ်ပြောရရင်တော့ ကိုယ့် artists ကို Gigs တွေ ရအောင် ချိတ်ဆက်ပေးတဲ့သူပါ .. ကိုယ့် Artist ရဲ့ သီချင်း တွေကို Record Label တွေ ပို့ပေးတာတွေ Email တွေ Check Up လိုက်ပေးတာတွေ လုပ်ပေးပါတယ် ..
Security / Crew Assistants
Festival ပွဲအကြီးတွေမှာ ကိုယ့်လုံခြုံရေးနဲ့ လိုအပ်တာတွေ လုပ်ခိုင်းဖို့ အနားမှာ ရှိပေးရတဲ့သူတွေပါ ..
ဒီလူတွေအားလုံးက ပရိသတ်တွေရဲ့ Spotlight ထဲမှာ ရှိမနေပေမယ့် အောင်မြင်တဲ့ Artist တစ်ယောက်ဖြစ်ဖို့ နောက်ကွယ်ကနေ ကြိုးစားပေးနေတဲ့ ထောက်တိုင်တွေပဲဖြစ်တာမို့ Artist တစ်ယောက်ကို သဘောကျတယ်ဆိုရင် သူ့နောက်ကွယ် က team တစ်ခုလုံးကိုလဲ Appreciate လုပ်သင့်ကြောင်း အသိပေးချင်ပါတယ် ..