25/11/2021
ဘ၀ရဲ့အရေးပါဆုံးအခိုက်အတန့်တွေကိုအလှပသိမ်းဆည်းထားနိုင်ဖို့ ... 💖📸
ကိုယ့်ရဲ့ချစ်ရသူနဲ့ထာ၀ရဆုံဆည်းနိုင်ဖို့အစပြုတဲ့နေ့လို့ဆိုရမယ့် မဂ်လာရက်မြတ်နေ့ဟာတော့ မဂ်လာမောင်နှံတွေအတွက်အရေးအပါဆုံးနေ့တစ်နေ့လိုဆိုရမှာပါ ။
မဂ်လာမောင်နှံတွေရဲ့အရေးပါတဲ့နေ့ကို ဘ၀တစ်လျှောက်လုံးတသသနဲ့နှစ်ယောက်အတူတူအိုမင်းသွားတဲ့အထိ အမှတ်တရအဖြစ်ထင်ကျန်နေဖို့ဆိုရင်တော့ အခိုက်အတန့်တိုင်းကိုသိမ်းဆည်းထားဖို့လိုအပ်မှာပါ ။
ချစ်သူတွေအတွက် အမှတ်တရအခိုက်အတန့်တိုင်းကို Photos,Videos တွေနဲ့ အကောင်းဆုံးသိမ်းဆည်းထားနိုင်ဖို့ Marry me , Marry you က အရေးပါတဲ့အချက်လေးတချို့ကိုပြောပြပေးလိုက်ပါတယ်နော် ။ 🤗
❤ အသားအရည်ကိုကြိုတင်ပြီးဂရုစိုက်ထားပါ ...
Prewedding မရိုက်ကူးခင် နှစ်ပတ်အလိုလောက်ကစတင်ပြီး မဂ်လာမောင်နှံတို့အနေနဲ့ ကိုယ့်ရဲ့အသားအရည်ကိုကြိုတင်ဂရုစိုက်ထားဖို့လိုအပ်ပါတယ် ။ ဒီအချက်ကတော့ မဂ်လာမောင်နှံတို့ရဲ့ အမှတ်တရအခိုက်အတန့်တွေဟာ အကောင်းဆုံးပုံရိပ်တွေအဖြစ်သိမ်းဆည်းထားနိုင်ဖို့အလွန်အရေးကြီးလှပါတယ် ။
❤ ရေဓါတ်ပြည့်၀အောင်နေပေးပါ ...
ရိုက်ကူးရေးမစခင်နေ့မှာ တနေ့တာလုံးရေဓါတ်ပြည့်၀အောင်သောက်သုံးဖို့ဟာလည်း မဂ်လာမောင်နှံတို့အတွက်အရေးကြီးပါတယ် ။ အငန်ဓါတ်ပါတဲ့အစားအသောက်တွေကိုရှောင်ပြီးရေဓါတ်ပြည့်၀အောင်သောက်သုံးခြင်းဟာ အမှတ်တရပုံရိပ်တွေထဲမှာ အလှပဆုံးစုံတွဲတွေအဖြစ်ထင်ကျန်နေစေဖို့ အဓိကသော့ချက်ပါပဲ ။ 🔑
❤ ရိုက်ကူးမယ့် location နဲ့ကိုက်ညီတဲ့၀တ်စုံကိုရွေးချယ်ပေးပါ ...
👕👗 မဂ်လာမောင်နှံတို့အနေနဲ့ရိုက်ကူးရေးလုပ်မယ့်နေရာနဲ့အလိုက်ဖက်ဆုံး၀တ်စုံကိုရွေးချယ်ဆင်မြန်းဖို့ကတော့ အလှပဆုံးပုံရိုပ်တွေရရှိဖို့အတွက်အရေးပါဆုံးအချက်တချက်ပါပဲ ။ Marry me , Marry you ကနေလည်း မဂ်လာမောင်နှံတို့အတွက် ရိုက်ကူးမယ့်နေရာနဲ့ကိုက်ညီမယိ့ အ၀တ်အစားအရောင်၊ဒီဇိုင်း ရွေးချယ်အကြံပြုပေးခြင်းကို အခမဲ့၀န်ဆောင်မှုပေးလျက်ရှိနေတာမလို့ အားနာစရာမလိုပဲလာရောက်တိုင်ပင်နိုင်ပါတယ်နော် ။
❤ ကောင်းမွန်စွာအိပ်စက်ထားပါ ...
ကိုယ့်ရဲ့ချစ်ရသူနဲ့ထာ၀ရဆုံစည်းနိုင်ဖို့တရက်ထက်တရက်နီးစပ်လာတာနဲ့အမျှ မဂ်လာမောင်နှံတို့အနေနဲ့လည်း ကြည်နူးရင်ခုန်ပြီး အိပ်မရဖြစ်လာကြမှာပါ ။ ဒါပေမယ့်အိပ်ရေးပျက်ခြင်းဟာ ကိုယ့်ရဲ့အလှအပရေးရာကိုထိခိုက်စေနိုင်တာမလို့ နေ့ရက်တိုင်းမှာ တရက်ရှစ်နာရီတော့အနည်းဆုံးအိပ်စက်ထားဖို့လိုအပ်ပါတယ်နော် ။ 😴
❤ ရယ်ပါ ၊ ပြုံးပါ ၊ ခံစားမှုရဲ့ခေါ်ဆောင်ရာအတိုင်းစီးမျောပါ ...
ဒီအချက်ကတော့မဂ်လာမောင်နှံတို့ရဲ့အရေးအပါဆုံးအခိုက်အတန့်တွေကိုအလှပဆုံးသိမ်းဆည်းထားနိုင်ဖို့အရေးအပါဆုံးအချက်ပါပဲ ။ ရိုက်ကူးရေးပြုလုပ်နေစဥ်အတွင်းမှာ ရိုက်ကူးနေတဲ့ကင်မရာကိုမေ့ပစ်ထားပြီး ကိုယ့်ရဲ့ချစ်ရသူနဲ့နီးစပ်ဖို့အရေးကိုပဲတွေးပြီး ကြည်ကြည်နူးနူးသဘာ၀အတိုင်းစီးမျောခြင်းအားဖြင့် အလှပဆုံးပုံရိပ်တွေကိုသိမ်းဆည်းထားနိုင်မှာပါ ။ ကိုယ့်ရဲ့ချစ်ရသူနဲ့ပထမဆုံးစတင်တွေ့ရှိခဲ့စဥ်ကအချိန်လေးတွေအကြောင်း ၊ အတူတူအပျော်ရွှင်ခဲ့ရဆုံးအခိုက်အတန့်လေးတွေကိုတွေးပြီးခံစားချက်အတိုင်းပြန်လည်စီးမျောကြည့်ဖို့အကြံပြုလိုက်ပါတယ်နော် ။ 🥰
Marry me , Marry you အနေနဲ့လည်းလက်ရှိမှာ ချစ်သူတို့ရဲ့အရေးပါဆုံးအခိုက်အတန့်တွေကိုအလှပဆုံးသိမ်းဆည်းထားနိုင်ဖို့အတွက် photo and video sevices မျိုးစုံကိုရိုက်ကူးပေးလျက်ရှိပါတယ် ။ အသေးစိတ်သိရှိလိုပါက 09-5045774 ကိုဆက်သွယ်ပြီးပဲဖြစ်ဖြစ် ၊ page cb ကနေပဲဖြစ်ဖြစ်အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် ။
ဒီ post လေးကို like & share လုပ်ပြီး comment မှာမန့်ပေးထားတဲ့မဂ်လာမောင်နှံတို့ထဲကမှမောင်နှံ (၃)ဖော်ကိုပြန်လည်ရွေးချယ်ပြီး Marry me , Marry you ရဲ့ photo package တခုခုကိုရွေးချယ်ရိုက်ကူးပါက video package ကိုမဂ်လာလက်ဖွဲ့အနေနဲ့အခမဲ့ရိုက်ကူးပေးသွားမှာပါ ။ 💐
Capturing memorable moments with us