လေယာဉ်လက်မှတ်-Ticket For All

လေယာဉ်လက်မှတ်-Ticket For All Online Ticketing for all

https://www.facebook.com/share/p/17hXUHbtqH/
02/03/2026

https://www.facebook.com/share/p/17hXUHbtqH/

■ Update News

■ ယူအေအီး အာဏာပိုင်များက နိုင်ငံအတွင်း ပိတ်မိနေသည့် ခရီးသွားများအတွက် တည်းခိုစရိတ်၊ အစားအသောက်စရိတ်အပါအဝင် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူမည်ဟု ကြေညာ

အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား စစ်ပွဲအရှိန်မြင့်တက်နေချိန်တွင် ယူအေအီးနိုင်ငံအတွင်း ပိတ်မိနေသည့် ခရီးသွားများအတွက် ဟိုတယ်များတွင် တည်းခိုစရိတ်၊ အစားအသောက်စရိတ်နှင့် လေယာဉ်လက်မှတ်ပြန်လည် ဘွတ်ကင်တင်မှု အစရှိသည့် ကုန်ကျစရိတ်အားလုံးကို အစိုးရက တာဝန်ယူကျခံပေးမည်ဟု ကြေညာခဲ့သည်။

ဒေသတွင်း ပဋိပက္ခများကြောင့် လေဆိပ်များတွင် ခရီးစဉ်များပြောင်းလဲခြင်း သို့မဟုတ် ခရီးစဉ်ဖျက်သိမ်းခြင်းတို့ကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာမရသည့် ခရီးသွားများကို ယူအေအီး အာဏာပိုင်များက ကုန်ကျစရိတ်များ တာဝန်ယူပေးခြင်းဖြစ်သည်။

ဟိုတယ်များတွင် တည်းခိုနေသည့် ဧည့်သည်များကိုလည်း ဆက်လက်တည်းခိုခွင့်ပြုရန် ဒူဘိုင်းနှင့် အဘူဒါဘီ အာဏပိုင်များက ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်များအရ ဟိုတယ်များအနေဖြင့် ဧည့်သည်များ၏ သက်သာချောင်ချိရေးကို ဦးစားပေးရန်၊ တည်းခိုနေထိုင်မှု အခက်အခဲမရှိစေရန် နှင့် နိုင်ငံအတွင်းမှ ထွက်ခွာနိုင်ခြင်းမရှိသေးသူများ သို့မဟုတ် တည်းခိုစရိတ်အတွက် ချက်ချင်းငွေမပေးနိုင်သေးသူများကို အခန်းများမှ ထွက်ခွာခိုင်းခြင်းမျိုး မပြုလုပ်ရန် ထုတ်ပြန်ထားသည်။

■ Read more >>>>>https://news-eleven.com/article/310233

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

ဟဲဟိုး ညောင်ဦး သွားချင်ရင်MAI ✈️   လေကြောင်းရှိပါတယ်ရန်ကုန် ဟဲဟိုး(နေ့စဉ်)415500 KSရန်ကုန် ညောင်ဦး(တနင်္လာ ၊ ဗုဒ္ဓဟူး ၊ ...
21/02/2026

ဟဲဟိုး ညောင်ဦး သွားချင်ရင်
MAI ✈️ လေကြောင်းရှိပါတယ်

ရန်ကုန် ဟဲဟိုး
(နေ့စဉ်)
415500 KS

ရန်ကုန် ညောင်ဦး
(တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ တနင်္ဂနွေ)
337500 KS

တကြောင်းစာ အနည်းဆုံးဈေးများဖြစ်ပါတယ်
လေကြောင်းလိုင်းမှ လက်မှတ်ဈေးများ အ
အပြောင်းအလဲရှိနိုင်ပါတယ် ။

✈️ 𝐃𝐚𝐢𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐇𝐞𝐡𝐨
✈️ 𝟒𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐍𝐲𝐚𝐮𝐧𝐠 𝐔
✅ Inflight snack
✅ Baggage allowance

လေယာဉ်လက်မှတ်-Ticket For All
09692007762

တားမြစ်ထားပါတယ် https://www.facebook.com/share/p/1C1hVSH7Ho/
20/02/2026

တားမြစ်ထားပါတယ်

https://www.facebook.com/share/p/1C1hVSH7Ho/

မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များအား သုံးစွဲခွင့်တားမြစ်

ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များအား သုံးစွဲခွင့်တားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းအားလုံးကို ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များအကြား သုံးစွဲမှု တိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ထို့အပြင် တားမြစ်ချက်ကို ချိုးဖေ-ာက်သူများအား သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိအချိန်တွင် အီးစီးကရက်များကို အွန်လိုင်းနှင့် အော့ဖ်လိုင်းဈေးကွက်များတွင် ရောင်းချနေမှုများ ရှိနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

အီးစီးကရက်အသုံးပြုမှုသည် နီကိုတင်းအလွန်အကျွံ သုံးစွဲမှုနှင့် အဆုတ်နှင့် နှလုံးရောဂါဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားပြီး ပြည်သူများအနေဖြင့် ဥပဒေများကို လိုက်နာရန် ကျန်းမာရေးကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ရန်ကုန် မော်လမြိုင်MAI ✈️ လေကြောင်း 11 MAR ရက်နေ့မှ စပြီး ပြေးပါမယ်✈️ရန်ကုန် မှ မော်လမြိုင် : ၃၃၀၀၀၀ , ၃၅၅၀၀၀ ကျပ်‌✈️မော...
20/02/2026

ရန်ကုန် မော်လမြိုင်
MAI ✈️ လေကြောင်း 11 MAR ရက်နေ့
မှ စပြီး ပြေးပါမယ်

✈️ရန်ကုန် မှ မော်လမြိုင် : ၃၃၀၀၀၀ , ၃၅၅၀၀၀ ကျပ်‌
✈️မော်လမြိုင် မှ ရန်ကုန် : ၃၂၀၀၀၀, ၃၄၅၀၀၀ ကျပ်

တကြောင်းစာ အနည်းဆုံးဈေးများဖြစ်ပါတယ်
လေကြောင်းလိုင်းမှ လက်မှတ်ဈေးများ အ
အပြောင်းအလဲရှိနိုင်ပါတယ် ။

အသက်သာဆုံးဈေးနဲ့ ရချင်ရင် လက်မှတ် ကြိုဝယ်ထားပါ ခင်ဗျာ ။

လေယာဉ်လက်မှတ်-Ticket For All
09692007762

မန္တလေး ကနေ ရှမ်းအရှေ့ တာချီလိတ်မြို့ ကို သွားချင်ရင်Air Thanlwin ✈️ လေကြောင်း ရှိပါတယ် ။✈ မန္တလေး - တာချီလိတ်- 681000 M...
20/02/2026

မန္တလေး ကနေ ရှမ်းအရှေ့
တာချီလိတ်မြို့ ကို သွားချင်ရင်
Air Thanlwin ✈️ လေကြောင်း ရှိပါတယ် ။

✈ မန္တလေး - တာချီလိတ်- 681000 MMK
(အင်္ဂါ ၊ တနင်္ဂနွေ)

✈ တာချီလိတ် - မန္တလေး- 471000 MMK
(တနင်္လာ ၊ ဗုဒ္ဓဟူး)

တကြောင်းစာ အနည်းဆုံးဈေးများဖြစ်ပါတယ်
လေကြောင်းလိုင်းမှ လက်မှတ်ဈေးများ အ
အပြောင်းအလဲရှိနိုင်ပါတယ် ။

လေယာဉ်လက်မှတ်-Ticket For All
09692007762

အိန္ဒိယ နိုင်ငံ ဒေလီ ၊ ကာလကတ္တား ၊ ချန်နိုင်းမြို့တွေကို ✈️ 𝐌𝐀𝐈 လေကြောင်းလိုင်းရှိပါတယ်ရန်ကုန် ဒေလီတနင်္လာ ၊ ဗုဒ္ဓဟူး ၊ ...
14/02/2026

အိန္ဒိယ နိုင်ငံ ဒေလီ ၊ ကာလကတ္တား ၊ ချန်နိုင်း
မြို့တွေကို ✈️ 𝐌𝐀𝐈 လေကြောင်းလိုင်းရှိပါတယ်

ရန်ကုန် ဒေလီ
တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ
837400 KS

ရန်ကုန် ကာလကတ္တား
အင်္ဂါ ၊ ကြာသပတေး ၊ တနင်္ဂနွေ
671500 KS

ရန်ကုန် ချန်နိုင်း
အင်္ဂါ ၊ စနေ
1002800 KS

တကြောင်းစာ အနည်းဆုံးဈေးများဖြစ်ပါတယ်
သွားမဲ့ရက်ပေါ်မူတည်ပြီး လေကြောင်းလိုင်းမှ
ဈေးများ အပြောင်းအလဲရှိနိုင်ပါတယ်

✈️ 𝟑𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐃𝐞𝐥𝐡𝐢
✈️ 𝟑𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐊𝐨𝐥𝐤𝐚𝐭𝐚
✈️ 𝟐 𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐂𝐡𝐞𝐧𝐧𝐚𝐢
✅ Inflight Meal
✅ Baggage allowance

လေယာဉ်လက်မှတ်-Ticket For All
09692007762

Biometric passport တွေ e-passport တွေများ ပြောင်းမလားhttps://www.facebook.com/share/p/1MmA35Ltoy/
13/02/2026

Biometric passport တွေ e-passport
တွေများ ပြောင်းမလား

https://www.facebook.com/share/p/1MmA35Ltoy/

လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေမည် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ ပြဌာန်းနိုင်ရေးလုပ်ဆောင်နေ

မြန်မာ နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (မူကြမ်း)ကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ကပြောသည်။

လက်ရှိအသုံးပြုလျက်ရှိသည့် ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် ၃၄ ဖြင့် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံကူး လက်မှတ်အက်ဥပဒေသည် လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေမှုမရှိကြောင်း သိရသည်။

ထိုကြောင့် နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲ၍ အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြုစေခြင်း စသည့် မဟုတ်မမှန် လိမ်လည်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ဥပဒေအသစ်ရေးဆွဲရခြင်းဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကိုယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)တွင် ပါဝင်သောအကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာ နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (မူကြမ်း)ကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်းသုံးသပ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

၇၉ ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုပါ၏၁၂ ဖေဖော်ဝါရီ ၂၀၂၆
12/02/2026

၇၉ ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုပါ၏

၁၂ ဖေဖော်ဝါရီ ၂၀၂၆

အနည်းဆုံးဈေး (တကြောင်းစာ)827000 Kyats နဲ့တရုတ်ပြည် ကွမ်ကျိုး ကို သွားမလားရန်ကုန် ကွမ်ကျိုး အပတ်စဉ် ၄ ကြိမ်အင်္ဂါ ၊ ကြာသပ...
11/02/2026

အနည်းဆုံးဈေး (တကြောင်းစာ)
827000 Kyats နဲ့

တရုတ်ပြည် ကွမ်ကျိုး ကို သွားမလား
ရန်ကုန် ကွမ်ကျိုး အပတ်စဉ် ၄ ကြိမ်
အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ ၊ တနင်္ဂနွေ
MAI ပြေးပါတယ်

✈️ 𝟒𝐱 𝐰𝐞𝐞𝐤𝐥𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐆𝐮𝐚𝐧𝐠𝐳𝐡𝐨𝐮
✅ Inflight meal
✅ Baggage allowance

ထုံးစံအတိုင်း လေကြောင်းလိုင်းမှ
ခရီးစဉ်အချိန်အပြောင်းအလဲ ဈေးအပြောင်းအလဲ
ရှိနိုင်ပါတယ် ။

လေယာဉ်လက်မှတ်-Ticket For All
09692007762

Address

No 31 U Tun Lin Chan Lane, Kamayut Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959692007762

Website

Alerts

Be the first to know and let us send you an email when လေယာဉ်လက်မှတ်-Ticket For All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လေယာဉ်လက်မှတ်-Ticket For All:

Share

Category