12/06/2026
"Creative Wellness Workshop"
🌿 Creative Wellness Workshop 🎨
🥳 Fabric ပိတ်စပေါ်မှာ ကိုယ်ပိုင် artwork ဖန်တီးပြီး mental resilience တည်ဆောက်ပြီး artwork ဖန်တီးခြင်းရဲ့ အရသာ ကို တစိမ့်စိမ့် ခံစားရမယ့် Creative Wellness Workshop ကနေဖိတ်ခေါ်လိုက်ရပါတယ်။
🌱 မနက် 10 နာရီက နေ ညနေ 3 နာရီအထိ အေးအေး ဆေးဆေး နဲ့ artwork လေး ဖန်တီးလိုက်၊ ကော်ဖီလေးသောက်လိုက်၊ မုန့်လေးစားလိုက်၊ နားလိုက်၊ ကိုယ်စိတ်ကြိုက် ဆေးရောင်လေးတွေစပ်လိုက်၊ ကိုယ့်အတွင်းအဇ္ဈတ္တထဲ အလည်သွားလိုက်၊ နောက်ခံဂီတလေး နဲ့ အနားယူလိုက် နဲ့ တစ်နေ့တာ ကို ညဏ်ကွန့် ဖန်တီးမှုတွေနဲ့ ဖြတ်သန်းသွားမှာပဲ ဖြစ်ပါတယ်။🍀
👌ကိုယ်က artwork ဖန်တီးမှုတွေနဲ့ ရင်းနှီးတယ်၊အလေ့အကျင့် ရှိတယ် ဆိုရင်လည်း ကိုယ့်စိတ်တိုင်းကျ ဖန်တီးနိုင်မယ်။
🧐အလေ့အကျင့်မရှိဘူး အတွေ့အကြုံ မရှိဘူးဆိုရင်လည်း Art Therapy Practitioner ဆရာမ မှ သေချာလမ်းညွှန်ပြသ ပေးသွားမှာဖြစ်လို့ စိတ်ပူစရာမလိုပါဘူးနော်။
🥰ဒါ့အပြင် artwork တွေကို မျှဝေခံစားကြပြီး mental health နဲ့ ဘယ်လိုချိတ်ဆက်လုပ် ဆောင် ရတယ် ဆိုတာကိုလည်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
📍 နေရာ – စိတ္တရန်ကုန်ရုံး
📅 နေ့စွဲ – ၁၄ ဇွန် ၂၀၂၆ တနင်္ဂနွေနေ့
⌚ အချိန် _ မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ
🔗Registration Link: https://forms.gle/tL9sJGeFugg8839VA
💕Grounding Exercises များ၊ လွယ်ကူပျော်ရွှင်စရာ Art Activities များနှင့် Creative Fabric Painting တို့မှတဆင့် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ပြနိုင်ပြီး လက်ရှိအချိန် (Present Moment) ကို ပိုမိုသတိရှိစွာ ခံစားနိုင်မယ့် အတွေ့အကြုံတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
✨စိတ္တကပြုလုပ်မယ့် ဒီ workshop လေးကနေပြီးတော့ မိမိကိုယ်ကို ဂရုစိုက်ရင်း ဖန်တီးမှုတွေကနေတစ်ဆင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေရုံသာမက စိတ်နဲ့ ခန္ဓာ ပိုမိုချိတ်ဆက်မိကာ ငြိမ်သက်အေးချမ်းမှုတွေ ရရှိနိုင်ဖို့ ရည်ရွယ်တာမို့ ဆက်ဆက်လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။🥰
Register လုပ်ရာမှ အခက်အခဲရှိပါက 📩 CITTA Consultancy - Psychological Services Page Messenger ကို ဆက်သွယ်နိုင်ပါတယ်။
#စိတ္တ #စိတ်ကျန်းမာရေးအတွက်စိတ္တ