25/02/2026
🤍🌱Lily ပန်းလေးတွေက ပြောပြတဲ့ လျှို့ဝှက်စကား 🕊️✨
လီလီပန်း (Lily) လေးတွေက လှရုံတင်မကဘူး... အရောင်တစ်ရောင်ချင်းစီမှာ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေတာ သိကြလား? 🪴
ကိုယ့်ရဲ့ ခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ခဲနေတဲ့အခါဖြစ်ဖြစ် Lily ပန်းလေးတွေကတစ်ဆင့် ပြောပြကြည့်လိုက်ပါ။ လီလီပန်းလေးတွေရရှိလာတဲ့အခါမှာရော ဘယ်လိုအဓိပ္ပါယ်ရှိနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။
🤍အဖြူရောင်ရဲ့ သန့်စင်မှုကနေ 💜ခရမ်းရောင်ရဲ့ အောင်မြင်မှုတွေအထိ... အရောင်တိုင်းမှာ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။
ကိုယ့်ရဲ့ စားပွဲတင်အိုးလေးထဲမှာပဲဖြစ်ဖြစ်၊ ချစ်ရသူကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်
ဒီအဓိပ္ပာယ်လေးတွေ သိထားရင် ပိုပြီး Feel ရတာပေါ့။💓
ကျမတော့ ခရမ်းရောင် လီလီပန်းလေးတွေကိုတော့ မမြင်ဖူးသေးဘူး။☺️
💡 ထိန်းသိမ်းနည်း 💡
လီလီပန်းလေးတွေ ပွင့်လာပြီဆိုရင် အလယ်က ဝတ်ဆံအညိုတံ/အဝါရောင် ဝတ်ဆံမှုန်လေးတွေကို ဖယ်ပေးဖို့ မမေ့နဲ့နော်။ ဒါဆို ပွင့်ဖတ်လေးတွေ မပေတော့ဘဲ ပိုပြီး သန့်သန့်လေးနဲ့ ကြာရှည်ခံမှာပါ။
ဒီနေ့တော့ ဘယ်အရောင်လေးနဲ့ စိတ်ကို အပန်းဖြေချင်လဲ? 🌸