12/02/2023
ဘဝမှာလေ ငါတို့က ငါတို့ကိုယ် ငါတို့ပဲ
စောင့်ရှောက်ရမှာ ။
ရုပ်ရှင်တွေထဲမှာလို ပိုးစိုးပက်ဆက်အသဲတွေကွဲပြီးတာနဲ့ သေချာပေါက် တုန်နေအောင်ချစ်မယ့်လူကို တွေ့လာမှာဆိုတာလည်း လက်တွေ့ဘဝမှာ မဟုတ်ဘူးရယ်။
နှစ်တွေအကြာကြီး အချစ်ကြောင့်နာကျင်ပြီး ရည်းစားမထားဘဲနေလည်း ရည်းစားပြန်ထားကြည့်
လူမှန်ဟုတ်နေရင်တော့ ဒါကောင်းသောပေါ့
အဲ့လိုမဟုတ်ဘဲ အသဲပဲထပ်ကွဲတာမျိုးလည်း
ကြုံနိုင်သေးတာပဲ ။
ရှေ့က တစ်ယောက်က ဒီလိုပုံစံနဲ့ နာကျင်စေတာပါလို့
ချစ်ခင်ကြင်နာနေတုန်း အခုလက်ရှိလူကိုရင်ဖွင့်ထားပါစေဦး ၊ ချစ်ခင်ကြင်နာတုန်းတော့ ကိုယ်က ဒါမျိုး မလုပ်ပါဘူးပေါ့ တကယ်လည်း သူကမတူညီတဲ့တစ်ခြားတစ်နည်းနဲ့ပဲ ထပ်နာကျင်စေမှာမျိုးပါ။
ဖောက်ပြန်ခံရတဲ့ traumaကြောင့် ဖောက်ပြန်ခံရရင်တော့ th-yမှာပါလို့ ပြောလည်း ဖောက်ပြန်ချင်ဖောက်ပြန်မှာပဲ ။ ထပ်ပြီးဆုံးရှုံးလိုက်ရရင် အသက်တိုမှာပါလို့ပြောထားလည်း သူတို့ထွက်သွားချင်တဲ့အခါ
ထထွက်သွားကြတာပါပဲ။
အဓိကက ငါတို့က ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်ရမှာ …ဒါဟာ ခါးသော အမှန်တရားပဲ။
အချိန်မရွေး ခွဲခွါရနိုင်တဲ့ အသိစိတ်ကို လက်ကိုင်ထားရင်း ၊ အချိန်မရွေးစွန့်လွှတ်ပေးဖို့ အသင့်ဖြစ်ပေးနေနိုင်ရင်တော့အကောင်းဆုံးပေါ့။
အိမ်ထောင်ကျပြီးရင်တောင် ပြန်ကွဲကြသေးတာပဲ
တစ်ချိန်ကျ သေကွဲက ကွဲကြရမှာပဲ
ငါတို့က ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်ကြရမှာ
ငါတို့နှလုံးသားတွေကိုလည်းငါတို့ပဲ စောင့်ရှောက်ရမှာ
ကြားဖူးတယ်မလား…
တွယ်ငြိရာသာ ဆုံးရှုံးမှာ ဆိုတာ ။
🌻🤍