16/02/2023
ချစ်သူကို စိတ်မချရင် Same Guy မှာ သူပုံတင်ပြီး စစ်လို့ရပါတယ်
မတ်မတ်၊ ညီမလေး၊ တီတီတို့က မိမိ၏ ချစ်သူအမျိုးသားကို စိတ်မချဘူး ဖြစ်နေရင်၊ ချစ်သူက ခြေလှမ်းတွေရှုပ်နေသလား သံသယတွေ ရှိနေရင် N-Social ၏ mini App တွေထဲက Same Guy App မှာ ချစ်သူပုံလေးကို တင်ထားပြီး စစ်ဆေးထားနိုင်ပါတယ်။ အခြားသူက မိမိ အရင်လာတင်ထားရင် ချက်ချင်းသိရမှာ ဖြစ်သလို၊ နောက်တစ်ဦးက လာစစ်ရင်လည်း ၎င်းက သိရှိပြီး မိမိကို အသိပေးနိုင်မှာ ဖြစ်တာကြောင့် မိမိ၏ ချစ်ရသူ မျက်နှာပေါ်သည့်ဓါတ်ပုံ တစ်ပုံကို Same Guy မှာ လာတင်ထားပြီး စစ်ဆေးထားဖို့ လိုပါမယ်နော်။
ဒါဆိုရင် Are we Dating the Same Guy မဖြစ်နိုင်တော့ဘူးပေါ့ . . ကိုကို၊ မောင်မောင်၊ ဦးဦးတို့ ခြေရှုပ်မရတော့ဘူးလေ . . အမျိုးသမီးတိုင်း ချစ်သူရဲ့ ဓါတ်ပုံလာတင်ကြဖို့ လိုသလို၊ အမျိုးသမီးတွေတိုင်း သုံးဖို့ အမျိုးသမီးထုကြီးရဲ့ တာဝန်ပါရှင့် . . .
အသုံးပြုပုံကတော့ N-Social App ကို ဖွင့် > ၎င်း App ၏ menu ဘားမှ ဈေးကွက် (market) ကို သွား > ၎င်းအထဲမှာ Apps ကို ဝင် > Same Guy ကို ဖွင့်ပြီး၊ ပုံတင်ရန် နေရာမှာ ပုံတင်ပါ၊ ပြီးရင် စစ်ဆေးရန်ကို နှိပ်ပြီး စစ်ဆေးထားရုံပါပဲ၊ ဆာဗာက လူများစွာနှင့် စစ်ဆေးပေးရတာကြောင့် အချိန်တစ်ခုတော့ စောင့်ပေးရပါတယ်။ ပြီးရင် Safe ဖြစ်မဖြစ် ပြန်ဖွင့်ကြည့်ရုံပါရှင့်။
N-Social Application ကို Google Play Store မှ ရယူနိုင်ပါတယ်။