Pundits In Town

Pundits In Town Shows of awesome pundits

ဘာမှန်မသိပဲ ပျက်သွားတဲ့ ဒီပေ့ချ်က ဘာမှန်းမသိပဲ နိုတီတခုနဲ့အတူ publish ပြန် ဖြစ်သွားပါတယ်။ ဘာပဲပြောပြောကောင်းပါတယ်။ ကြားထ...
10/12/2023

ဘာမှန်မသိပဲ ပျက်သွားတဲ့ ဒီပေ့ချ်က ဘာမှန်းမသိပဲ နိုတီတခုနဲ့အတူ publish ပြန် ဖြစ်သွားပါတယ်။ ဘာပဲပြောပြောကောင်းပါတယ်။ ကြားထဲမှာ ပုံမတင်ဖြစ်ပဲ ပွဲတူတူကြည့်ကြတာ ဘာညာတော့ရှိပေမယ့် ကြီးကြီးမားမားတော့မဟုတ်။

ဒါနဲ့ အဲ့ဒီနေ့ (The Dream Restaurant- North Dagon ) တုန်းက King Sales and DISTRIBUTION က အကျီတွေလက်ဆောင်ပို့ပေးထားတာ ကျနော့်ဆီမှာ အများကြီးကျန်ပါသေးတယ်။ ကျောနံပါတ်မှာ နာမည်များလဲ ပါပါတယ်။ ဒါပေမယ့် လာမဆက်သွယ်ကြသေး (ဆက်သွယ်တာကို ကျနော် မမြင်တာလဲဖြစ်ပါလိမ့်မယ်) ဒါ့ကြောင့် မြောက်ဒဂုံကိုရောက်လာပြီး အကျီမရသူတွေ Chatbox ကို လာပြောလို့ရပါတယ်နော်။

အားလုံး ကျေးဇူးပါခင်ဗျား

Ko Pyae
Organizer
Pundits in Town

ပြီးခဲ့သော တန်ဂနွေက အကြောင်းကို ခုမှပဲရေးရပါတော့တယ်။  ပွဲရလဒ်ကြောင့် ပျော်ရွှင်နေကြတယ်ထင်ပါတယ်။တကယ်တော့ Pundits In Town ...
10/08/2023

ပြီးခဲ့သော တန်ဂနွေက အကြောင်းကို ခုမှပဲရေးရပါတော့တယ်။ ပွဲရလဒ်ကြောင့် ပျော်ရွှင်နေကြတယ်ထင်ပါတယ်။

တကယ်တော့ Pundits In Town Episode 3 အပြီးမှာတော့ ဒီလိုလုပ်တာတွေကို တော်ပြီလို့တောင်မှန်းခဲ့တာပါ။ ဒါက အရိုးသားဆုံးပြောတာ။ သို့သော် ဒီတကြိမ်မှာ ပိုပြီးအားတက်သွားရပါတော့တယ်။ အားပေးမှုတွေ ၊ နိုင်သလောက်ပံ့ပိုးမှုတွေဟာ ပိုပိုများလာပါတယ်။ ငွေကြေးအရလဲ တနိုင်တပိုင်တွေသုံးပေးကြလို့ ကျွန်တော် အိတ်စိုက်ရအသက်သာဆုံးပါပဲ။ ဒါကြောင့် လက်ဆောင်ဖိုးမှာ ပိုသုံးလိုက်ပါတယ်။

တက်ရောက်ခဲ့သူတွေအားလုံးကို NOVA Brand တွေထုတ်တဲ့ King Sale & Distribution ကနေ မိမိနာမည်နဲ့ ကျောနံပါတ်ရေးထိုးထားတဲ့လက်ဆောင်တွေပေးမှာပါ။ Chat Box မှာ ကျောနံပါတ်တွေရောက်နေကြပါပြီ။ (တခုလေးပြောချင်တာက အာဆင်နယ်ဂျာစီမဟုတ်ပါဘူး .. NOVA အမှတ်တံဆိပ်တွေပါ။ သို့ပေမယ့် အာဆင်နယ်အမှတ်အသား လိုင်စင်ဗားရှင်းကို ထည့်သွင်းရိုက်နှိပ်ပေးသွားမှာမျိုးပေါ့ ) _ နားလည်မှုလွဲမှာစိုးတာပါ။

ဒီလိုဖြစ်ရဖို့အတွက် Ep ထဲကအားပေးခဲ့ကြသူတွေက အလွန်အရေးပါပါတယ်။ Punditry Talk တွေကို နှစ်သက်ရစေဖို့အတွက် သူတို့တွေမျိုးစေ့ချခဲ့ကြတာပါ။ ညီအကို မောင်နှမများကို ကျေးဇူးလို့ ပြောပါရစေ။

ပွဲမှာ ပြောဆိုခဲ့ကြတာတွေကိုတော့ မရေးတော့ဘူး။ အပြင်မှာဆုံကြတဲ့အရသာကို ခံစားဖို့လုပ်တာဖြစ်လို့ နောက်တကြိမ်လုပ်ကြတဲ့အခါ အရောက်လှမ်းခဲ့ဖို့ဖိတ်ပါတယ်။

နိုင်သလောက်ရှင်းပေးမယ့်သူတွေ ၊ ကြိုပို့ကားကို ဝိုင်းဆွဲပေးမယ့်သူတွေ ၊ တက်ရောက်အားပေးကြသူတွေ အားလုံးက ကြီးမားတဲ့အထောက်အပံ့များဖြစ်ပါတယ်။

အားလုံးကို လှိုက်လှဲစွာ စိတ်အရင်းခံဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်။

Organized By
Ko Pyae

ကိုဝင်းကျော်မိုး နဲ့  ကိုသူရဿဝါ  တို့က  - အာဆင်နယ်အသင်း နဲ့ EPL- အာဆင်နယ်အသင်း နောက်တဆင့်တက်ဖို့ ဘာတွေလိုအပ်နေသလဲ- မန်ယူ...
05/08/2023

ကိုဝင်းကျော်မိုး နဲ့ ကိုသူရဿဝါ တို့က

- အာဆင်နယ်အသင်း နဲ့ EPL
- အာဆင်နယ်အသင်း နောက်တဆင့်တက်ဖို့ ဘာတွေလိုအပ်နေသလဲ
- မန်ယူ ၊ အာဆင်နယ်တို့လို အသင်းတွေ တဖန်ပြန် လွှမ်းမိုးနိုင်ဖို့ ဘယ်လောက်ကြာဦးမလဲ .. ဒီရာသီစပြီလား ဆိုတာကို ဆွေးနွေးပေးကြပါလိမ့်မယ်။

လာတဲ့သူတွေထဲက အချို့အတွက် လက်ဆောင်လေးတွေ မဲဖောက်ပေးပါ့မယ်။

နေရာကတော့ _ Dream Bar & BBQ ဖြစ်ပါတယ်။ မြောက်ဒဂုံ ၊ ပင်လုံလမ်းမကြီးပေါ်ကပါ။ အချိန်ကတော့ ညနေ ၃ နာရီစပါမယ်ခင်ဗျာ။

Thanks
Ko Pyae

Finally, we are here again ပါ။ ထုံးစံအတိုင်း  အဝင်း (ဝင်းကျော်မိုး) တို့  ၊ ကိုမိုးညီထက်နိုင်တို့ကတော့ ပါမှာပါ။ MC အဖြစ်...
04/08/2023

Finally, we are here again ပါ။

ထုံးစံအတိုင်း အဝင်း (ဝင်းကျော်မိုး) တို့ ၊ ကိုမိုးညီထက်နိုင်တို့ကတော့ ပါမှာပါ။ MC အဖြစ်ကတော့ ပရိုဖက်ရှင်နယ်တဦးကို ခေါ်ယူအကူအညီတောင်းထားပါတယ်။

နေ့စွဲက တန်ဂနွေ ၊ ၆ ရက်နေ့ ... နေရာ မြောက်ဒဂုံက Dream Bar and Restaurant (ဆက်သွယ်ရေး နဲ့ ကျောင်းလမ်းမှတ်တိုင်ကြား ၊ ပင်လုံလမ်းမကြီး ) ဖြစ်ပါတယ်။ လာတဲ့သူတွေအတွက် အစီအစဥ်လေးတွေလဲထုံးစံအတိုင်းလုပ်ထားပေးပါတယ်။

ခေါင်းစဥ်အရ အာဆင်နယ်များနေတယ်လို့ ထင်ရပေမယ့် အခြားအသင်းတွေရဲ့ အနေအထားတွေကိုလည်း သက်ဆိုင်ရာ Blogger များက ဝင်ရောက်ဆွေးနွေးပေးပါလိမ့်မယ်။

ဆုံကြရအောင်ပါခင်ဗျား။

20/07/2023

Pundits In Town ... ဘောလုံးနဲ့ပတ်သတ်သူတွေက အကြောင်းအရာတခုခုကို ဆွေးနွေးကြမယ်။ ကျန်သူတွေက နားထောင်ကြမယ်။ ဆုံရပ်လေးတခုခုဖြစ်တယ်။ ဒါက PIT Talk တွေရဲ့ မူလသဘောပေါ့။ အဲ့တာရဲ့နောက်မှာတော့ စီစဥ်သူဖြစ်သော ကျွန်တော်က ကိုယ့်ဘယ်အချိန်ခေါ်ခေါ်ထလာပေးတဲ့ ဝင်းကျော်မိုး (အဝင်း) ၊ ထိုင်းမှာ ရောက်နေတဲ့ ကိုဘုန်းသစ်အောင် ၊ Authentic City ဆိုင်က ကိုစိုးသက်ပိုင် နဲ့ စာရေးဆရာ ကိုမိုးညီထက်နိုင် တို့ကလွဲရင် ကျန်တဲ့အတွဲအစပ်တွေကိုတော့ အလျဥ်းသင့်သလိုခေါ်ရပါတယ်။

ဒီလိုခေါ်ရာမှာ ဖုန်းရှိသူတွေကို ဖုန်းဆက်ပြီး မရှိသူတွေကိုတော့ စာပို့ရပါတယ်။ ဖုန်းဆိုရင်တော့ အလုပ်က ညီ / ညီမ တဦးဦးကို ပြောပြီးဆက်ခိုင်းလို့ရပေမယ့် စာပို့တဲ့အခါတော့ ကျွန်တော်ပဲ မြန်သွားအောင် တလေးတစားရေးပို့ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးမဆိုပါ။

ကျွန်တော့်အနေနဲ့ ဒီလိုစကားပြောပွဲတပွဲဖြစ်ဖို့ အားထုတ်ရတာများပါတယ်။ အသက်မွေးဝမ်းကျောင်းက ဝန်ဆောင်မှုလုပ်ငန်းဖြစ်လို့ အချိန်မရွေးဖုန်းထလာတတ်တဲ့သဘော ၊ ပိတ်ရက်လဲမနားရတဲ့သဘောရှိချိန်မှာ ဒီလို Talk တွေကိုလုပ်ရတာဟာလည်း ဝန်လေးပါတယ်။ ဒါ့အပြင် လာပြောပေးသူတွေအတွက် စားရေးသောက်ရေး ၊ ကြိုပို့စီစဥ်ရတာတွေလဲပါတော့ အကုန်အကျလဲရှိပြန်ပါတယ်။ သို့သော် ဘောလုံးအားကစားကို မှီတည်၍အသက်မွေးသူ ၊ Gambling Ads များနဲ့ရှောင်လိုသူတွေအတွက် Space တခုဖြစ်လိုတဲ့ ဆန္ဒပိုကဲတော့ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အားထုတ်ပါတယ်။

ဒီနေရာမှာ သွားပြီး Approach ရတဲ့ ပုဂ္ဂိုလ်တွေကို စိစစ်သလားဆိုရင်တော့ Yes and No ပါပဲ။ စိစစ်ပါတယ်။ သို့သော် အသေးစိတ်တော့လည်း သိပ်မကြည့်နိုင်။ ဒိတော့ သူတို့ရဲ့ ပညာဝမ်းစာ ၊ တင်ဆက်ပုံအနေအထားအရ နားဆင်သူတွေ မနှစ်သက်တာမျိုးလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိချပ်စေလိုတာက အားလုံးဟာ ဘောလုံးဝါသနာရှင်တွေဖြစ်ပါတယ်၊ ပြီးတော့ ဘယ်လောက်ဆိုးတဲ့သူဖြစ်ဖြစ် စကားဝိုင်းမှာ ကိုမိုးညီထက်နိုင်တို့လိုလူမျိုး ပြီးတော့ ကျွန်တော့်ရဲ့ Request လုပ်မှုတွေလိုမျိုးရှိလာရင် ထိမ်းထိမ်းသိမ်းသိမ်းဖြစ်လေ့ရှိပါတယ်။

ဒီကြားထဲတော့ ဘာမှသိပ်မလုပ်ဖြစ် ၊ လုပ်ဖို့ရည်ရွယ်ပေမယ့် ကမကထလုပ်တာက ကိုယ်ဆိုတော့ ကိုယ်အချိန်ကြပ်တဲ့အခါ ဒီလို အပျော်ကိစ္စတွေလဲ နောက်ရွေ့ရတာပေါ့။ မကြာခင်တော့ နေရာပံ့ပိုးပေးတဲ့တနေရာရာမှာ လုပ်ဖြစ်ဦးမယ်ထင်ပါတယ်။ ကြေငြာပေးပါ့မယ်။

အားနဲချက်တွေ ၊ စိတ်အလိုမကျမှုတွေရှိပါက ကျွန်တော့်အပြစ်သာဖြစ်ပါကြောင်း ၊ လိုအပ်တာတွေကို ဝိုင်းဝန်းထိမ်းကြောင်းနိုင်ကြပါကြောင်း ၊ မိမိဖက်က ကြိုးပမ်းမှုများကိုလည်း လာရောက်ချီးမြင့်စေလိုပါကြောင်း။

Ko Pyae
Organizer

22/03/2023

Yo Lads

I don't forget our events .. Trust me.. I am a bit busy with my project so that has been paused for a while. But make yourself alert for our new announcement. I m for you guysss..

Ko Pyae
Organizer

05/03/2023

Open to public ကိုစပြီးကြိုးစားခဲ့ပါတယ်။ ရှိတဲ့လူတွေထဲကပဲ လက်ခုပ်သံအချို့စပြီးကြားရတဲ့ အချိန်ပါပဲ။ နောက်ထပ် Episode တွေမှာဆုံကြတာပေါ့။

Organized by
Ko Pyae
Gunners' Side

ပြီးခဲ့တဲ့ အပတ် Pundits In Town မှာက အချိန်အခြေအနေကြောင့်  ၂ ဦးထဲနဲ့ပဲ ပြောဆိုဖြစ်ခဲ့ပေမယ့် ထူးခြားတာအချို့ရှိခဲ့ပါတယ်။...
03/03/2023

ပြီးခဲ့တဲ့ အပတ် Pundits In Town မှာက အချိန်အခြေအနေကြောင့် ၂ ဦးထဲနဲ့ပဲ ပြောဆိုဖြစ်ခဲ့ပေမယ့် ထူးခြားတာအချို့ရှိခဲ့ပါတယ်။ အဲ့တာကတော့ ပွဲပြီးလက်ခုပ်သံပါပဲ။

ကျွန်တော်နဲ့ အဝင်းတို့ စကားကိုအဆုံးသတ်ချိန်မှာ မွေးနေ့ပွဲလုပ်နေတဲ့ဝိုင်းတဝိုင်းက လက်ခုပ်တီးပါတယ်။ ကျွန်တော်က ဟာသလုပ်ပြီး “ နားအေးပြီမို့ တီးတာထင်တယ် “ ပြောတော့ အဲ့ဒီဝိုင်းက အကိုတစ်ယောက်က ကျွန်တော့်ဆီလာပြီး သူတို့နားထောင်နေကြောင်းပြောပါတယ်။ အဲ့ဒီနောက် သူတို့ဝိုင်းနဲ့အတူ Selfie ရိုက်ခဲ့ပါတယ်။

တန်ဂနွေရဲ့သဘောအရ ဘားမှာလူနဲတတ်တာကြောင့် ကျွန်တော်တို့ပြောချိန်မှာ ၃ ဝိုင်းသာရှိပါတယ်။ ဒါပေမယ့် ရှိတဲ့သူတွေရဲ့ Reaction ကိုလေ့လာကြည့်တော့ ဒီလို Talk တွေဆက်လုပ်သွားလို့အဆင်ပြေနိုင်တယ်ဆိုတဲ့ခံစားချက်ကိုရရှိပါတယ်။


ဆက်ပြီးကြိုးစားပါဦးမယ်။ ဗီဒီယိုကို ခနနေရင်တင်ပေးပါ့မယ်။ ပြင်ပ Activity ကိုအသားပေးတဲ့ Event မို့ အမြည်းသဘော အတိုချုပ်ကိုပဲ ခံစားပေးပါ။ တကယ်စိတ်ဝင်စားရင်တော့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို လာရောက်နားထောင်ကြည့်ပေါ့။

ps: Pro Player အချို့လည်း လာရောက်ခဲ့တာဖြစ်လို့ ပုံအတူတွဲရိုက်ဖြစ်ခဲ့ပါတယ်။

𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞𝐝 𝐛𝐲 𝐊𝐨 𝐏𝐲𝐚𝐞 (𝐆𝐮𝐧𝐧𝐞𝐫𝐬’ 𝐒𝐢𝐝𝐞)
𝐏𝐮𝐧𝐝𝐢𝐭𝐬 𝐢𝐧 𝐓𝐨𝐰𝐧

26/02/2023

Lovely Reminder

Flamingo Bar မှာ EPL နဲ့ ဒီညပွဲအကြောင်းပြောဖို့ A Winn နဲ့ Ko Pyae ရှိပါမယ်။ လာရောက်အားပေးကြပါဦး။

Time
6:30 pm to 8:00 pm

Cheers!

ဒီအပတ်လည်း Pundits In Town ရဲ့ Ep 02  ရှိပါတယ်။  တန်ဂနွေ  ၈ နာရီပွဲကြီးတွေမတိုင်ခင် ညနေခင်းမှာ EPL အကြောင်းတွေကို ပြောဆိ...
23/02/2023

ဒီအပတ်လည်း Pundits In Town ရဲ့ Ep 02 ရှိပါတယ်။ တန်ဂနွေ ၈ နာရီပွဲကြီးတွေမတိုင်ခင် ညနေခင်းမှာ EPL အကြောင်းတွေကို ပြောဆိုကြမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဝင်းကျော်မိုး (A Winn) နဲ့ ကိုပြည့် (Gunners' Side) တို့က ပါဝင်ဖို့ သေချာနေပြီဖြစ်ပြီး ၊ နောက်ထပ်တဥိးကိုတော့ မနက်ဖြန်မှာ ကြေငြာပေးဖို့ရှိပါတယ်။

ကျွန်တော့်အထင်မမှားရင် Bar တခုရဲ့ Band တီးခတ်နေတဲ့ နေရာမှာ ဘောလုံးအကြောင်းတက်ပြောကြတာ ပထမဆုံးများဖြစ်နေမလားပါပဲ။

ညနေခင်းမှာ တူတူဆုံကြရအောင်ပါဗျာ။

𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞𝐝 𝐛𝐲 𝐊𝐨 𝐏𝐲𝐚𝐞 (𝐆𝐮𝐧𝐧𝐞𝐫𝐬’ 𝐒𝐢𝐝𝐞)
𝐏𝐮𝐧𝐝𝐢𝐭𝐬 𝐢𝐧 𝐓𝐨𝐰𝐧

20/02/2023

𝐄𝐩 𝟏 𝐕𝐨𝐥 𝟏
𝐏𝐮𝐧𝐝𝐢𝐭𝐬 𝐈𝐧 𝐓𝐨𝐰𝐧

ပထမဆုံး Episode မှာ ကိုခန့် ၊ ကိုစိုးလွင်ထွန်းနဲ့ ကိုမိုးညီထက်နိုင်တို့ က အာဆင်နယ် နဲ့ ချဲလ်ဆီးတို့ရဲ့ the first bounce back အကြောင်းဆွေးနွေးခဲ့ပါတယ်။ တိုက်ဆိုင်စွာ အာဆင်နယ်က ပြန်လာနိုင်ခဲ့ပြီး ချဲလ်ဆီးကတော့ဆက်လက်ရုန်းကန်ရဦးမှာဖြစ်ပါတယ်။

Punditry Talk တွေကို တန်ဖိုးထားနားထောင်ပေးလို့ကျေးဇူးပါ။ Video Quality ကိုတော့ တောင်းပန်ပါရစေဗျာ။ ကျွန်တော်လူမရှိတော့ တယောက်ထဲပြေးပြေးလုပ်လုပ်ဖြစ်သွားလို့ပါ။

Pundits in Town ရဲ့ Vol 1 – Ep 1  မှာ အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့ ဘယ်အချက်နဲ့အတူအောင်ပွဲတွေဆီ ပြန်လာကြမလဲဆိုတာကို အဓိကထ...
19/02/2023

Pundits in Town ရဲ့ Vol 1 – Ep 1 မှာ အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့ ဘယ်အချက်နဲ့အတူအောင်ပွဲတွေဆီ ပြန်လာကြမလဲဆိုတာကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ စကားဝိုင်းအသွားအလာအရတော အာဆင်နယ်အကြောင်းပိုများသွားခဲ့ပြီး အာဆင်နယ်ကို ပြင်ပအမြင်အရဆွေးနွေးသွားတာတွေကြောင့် ပိုပြီးမြင်ကွင်းစုံသွားခဲ့ပါတယ်။

အပူချိန်ကြောင့် နာရီဝက်လောက် နောက်ဆုတ်ပြီး စဖြစ်ခဲ့ပေမယ့် ပွဲကိုလာနားထောင်သူတွေဟာ မှန်းထားတာထက်များခဲ့ပါတယ်။ လူစိတ်ဝင်စားကြမယ်ဆိုတာသိပေမယ့် ကပ်ပြီးမှ ဖိတ်တာရော ၊ ပထမဆုံးဖြစ်တာကြောင့်ရောမို့ လူ ၁၅ ဦးလောက်လာရင်ပဲ ကျေနပ်စရာထင်ခဲ့ပေမယ့် Flamingo Bar ရဲ့ Roof Top ဟာတရွေ့ရွေ့နဲ့ ပြည့်သွားခဲ့ပါတယ်။

ဆွေးနွေးချက်တွေဟာ တော်တော်လေးကို ကောင်းမွန်ပါတယ်။ ကိုခန့် ဟာလည်း တကယ့် Showmanship ကိုပေါ်လွင်ခဲ့ပြီး ကိုစိုးလွင်ထွန်းကလည်းပဲ ပရိတ်သတ်တွေအတွက်နားလည်လွယ်တဲ့ပြောဆိုမှုတွေနဲ့ ကူညီသွားခဲ့ပါတယ်။ ကိုမိုးညီထက်နိုင်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ ဝါကတော့ အထွေအထူးပြောစရာမလိုပါဘူး။

အဖွင့်စကားပြောပေးတဲ့ အဝင်း (ဝင်းကျော်မိုး) ကလည်းပဲ အားလုံးကို မပျင်းအောင်စတင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်လဲ ကူပေးမယ့်သူတွေအသင့်မဖြစ်တာနဲ့ ရုံးက အောင်ကျော်ဆန်းနဲ့ ၂ ဦးထဲပဲ ကြည့်ပြီးစီစဥ်သွားရင်းအဆင်ချောသွားတာမို့ ကျေနပ်ပါတယ်။ ဒီလို Mini Event တခုဖြစ်မြောက်သွားတာကတော့ PIT အတွက် အဖွင့်လှတယ်ပဲဆိုရပါမယ်။

ဆွေးနွေးထားကြတဲ့ Video ကိုထပ်မံတင်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပွဲတွေကိုလည်း ဆက်ပြီးလုပ်သွားမှာပါ။ ဘောလုံးနဲ့ပတ်သတ်ပြီး အများအမြင်မှာအထင်မှားနေကြတာတွေကိုလဲ တခုခြင်းရှင်းသွားဖို့ရှိပါတယ်။ အဲ့တာကတော့ ဘောလုံးဆိုတာ ရန်ဖြစ်တတ်ကြတယ် ၊ ငြင်းကြတယ်၊ ထိန်းရခက်တယ်ဆိုတာမျိုးတွေဟာ အဆိပ်အတောက်ဖြစ်နေတဲ့ ရပ်ဝန်းတခုသာဖြစ်ပြီး ဘောလုံးဝါသနာရှင်တွေကို ကိုယ်စားမပြုဘူးဆိုတာကို အားလုံးနားလည်လာကြဖို့ပဲဖြစ်ပါတယ်။

နောက်ပြီး ..အားပေးသူတွေအနေနဲ့ ဘယ်အရာက ဘောလုံးရသ အစစ်ဖြစ်တယ်ဆိုတာကိုလည်း အမြည်းပေးနိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်။

လာပြီး စကေးပြဖျော်ဖြေပေးတဲ့ Free Style Fooballers ၂ ဦးဖြစ်တဲ့ သူရနဲ့မောင်မောင်တို့အကြောင်းကတော့ လာတဲ့သူတော်တော်များများရဲ့ Myday မှာမြင်နေရပါပြီ။

Video တွေမတက်သေးခင် ပုံလေးတွေကြည့်ပေးကြပါဦး။ Pundits တွေမြို့ထဲဝင်လာနေပါပြီ။

𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞𝐝 𝐛𝐲 𝐊𝐨 𝐏𝐲𝐚𝐞 (𝐆𝐮𝐧𝐧𝐞𝐫𝐬’ 𝐒𝐢𝐝𝐞)
𝐏𝐮𝐧𝐝𝐢𝐭𝐬 𝐢𝐧 𝐓𝐨𝐰𝐧

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pundits In Town posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category