06/12/2024
နှစ်တစ်နှစ်ရဲ့အဆုံး ဒီဇင်ဘာလကို ရောက်လို့လာပြန်ပါပြီ။
နှစ်ကုန်ခါနီးရင် နောက်နှစ်အတွက် New Year Resolution တွေ ရေးကြတယ်။ ဒီနှစ် မလုပ်ဖြစ်လိုက်တဲ့အရာတွေအတွက် နှမြောတသဖြစ်ကြတယ်။
အရင်နှစ်ထက် ဘာတွေပိုကောင်းလာလဲ မတွေးဘဲ ဘာတွေပိုမဆိုးသွားလဲလို့ ပြောင်းတွေးရင်း 2024 ရဲ့ ကျန်တော့တဲ့ တစ်လတာကို ဖြတ်သန်းကြရအောင်လား။
အရင်နှစ်ကထက် ကျန်းမာရေး ချို့ယွင်းတာမျိုး မရှိဘဲ စားသောက်ချင်စိိတ်ရှိတယ် စားသောက်နေနိုင်တဲ့အတွက် ဒီတစ်နှစ်တာက အချည်းနှီး မဖြစ်ခဲ့ပါဘူး။
သူများတွေအပေါ် မနစ်နာစေဘဲ ဖြတ်သန်းနိုင်ခဲ့တဲ့အတွက်လည်း ကောင်းမွန်တဲ့တစ်နှစ်တာ ဖြစ်ခဲ့ပါတယ်။
ကိုယ့်နံဘေးမှာ ကိုယ်ချစ်ရသူတွေနဲ့ ရှိနေသေးတယ်ဆိုလည်း အောင်မြင်တဲ့ တစ်နှစ်တာပါပဲ။
ပိုမကောင်းလာတဲ့အခြေအနေမှာ ပိုဆိုးမသွားအောင် နေနိုင်တယ်ဆိုရင် 2024 တစ်နှစ်တာကို အောင်မြင်စွာဖြတ်သန်းခဲ့တာပါ။
နောက်လာမယ့် 2025 မှာလည်း တည်ငြိမ်စွာ ဖြတ်သန်းနိုင်ကြဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။