09/05/2024
MSC 2024
MSC ဆိုတာကတော့ Moonton က ၂၀၁၇ခုနှစ်မှစတင်ကာတရားဝင်ကျင်းပပေးတဲ့ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းရဲ့ နှစ်လယ်မှာကျင်းပနေကျပြိုင်ပွဲတစ်ခုဖြစ်ပါတယ်(၂၀၂၀မှာတော့ကိုဗစ်ကြောင့်ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး)။ပြီးခဲ့တဲ့ MSC 2023 မှာတော့ ယခင်ယှဉ်ပြိုင်နေကျအရှေ့တောင်အာရှအသင်းတွေအပြင် Turkey၊Mena၊NACT က အသင်းတွေပါ ပါဝင်လာခဲ့ပါတယ်။ဒီနှစ်မှာတော့
MSC ကို Mid Season Cup လို့ပြောင်းလဲခေါ်တွင်ခဲ့ပြီးဆုကြေးဟာလဲ ယခင်ထက် ၁၀ဆ အထိတိုးမြှင့်ထားတဲ့အတွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရုံဖြင့်အကျိုးခံစားခွင့်အတော်များများရရှိနိုင်မှာပါ။MSC 2024 ကို Wild Card, Group State, Knockout State ဆိုပြီး ၃ပိုင်းခွဲခြားထားပါတယ်။
Wild Card
ဒီနှစ်မှာတော့ ယခင် MSC တွေနဲဲ့မတူဘဲ M5 မှာမှ စတင်အသုံးပြုခဲ့တဲ့ Wild Card Slot ကိုပါထပ်မံထည့်သွင်းထားပါတယ်။ Wild Card မှာတော့
Group State နဲ့ Decider Stage ဆိုပြီး ၂မျိုးထပ်ကွဲပါတယ်။ Wild Card Group State မှာတော့
အသင်း၈သင်းပါဝင်မှာဖြစ်ပြီး ၄သင်း၂အုပ်စုခွဲကာယှဉ်ပြိုင်ကြရမှာပါ။ထူးခြားတာကတော့ပြီးခဲ့တဲ့ M5 Wild Card တုန်းကလို BO3 ကစားရမှာမဟုတ်ဘဲ BO1 သာကစားရမှာဖြစ်တာကြောင့်အသင်းတိုင်းဟာဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိပါတယ်။ဒါ့အပြင်အုပ်စု၁ခုစီရဲ့ထ်ိပ်ဆုံးအသင်းတွေသာလျှင် Decider Stage ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒီအဆင့်မှာတော့ BO5 ကစားရမှာဖြစ်ကာ
ထိုပွဲစဥ်မှအနိုင်ရရှိတဲ့အသင်းသာMSC 2024 Group State ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။
Group State
Group State အဆင့်မှာတော့ အသင်း၁၆သင်းကို၄သင်း၁အုပ်စုစီဖြင့်၄အုပ်စုခွဲကာယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးပွဲစဉ်အားလုံးကို BO2 ဖြင့်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ဒါ့အပြင်အုပ်စု၁စုစီမှထိပ်ဆုံး၂သင်းသာ Play-off အဆင့်ကိုတက်ရောက်န်ိုင်မှာဖြစ်တာကြောင့်ယခင် MSC 2023 ထက်စာရင်ပွဲစဉ်တိုင်းဟာပိုမိုအရေးကြီးလာတယ်လို့ဆိုရမှာပါ။
Play-off(Knockout State)
Play-off အဆင့်မှာတော့ ယခင် MSC 2023 အတိုင်း Single Elimination Bracket(ရှုံး/ထွက်) ပုံစံယှဉ်ပြိုင်ရမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ တတိယနေရာလုပွဲပါဝင်တော့မှာမဟုတ်ပါဘူး။
Play-off အဆင့်ပွဲစဉ်တိုင်းကို BO5 ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး Grand Final ကတော့ BO7 ကစားရမှာဖြစ်ပါတယ်။
MSC 2024 ရဲ့ Slot ခွဲဝေထားမှုအရ
Wild Card အဆင့်အတွက်
- MPL MY S13 ရဲ့ 1st Runner Up အသင်း
- MPL LATAM S1 ရဲ့ 1st Runner Up အသင်း
- MCC S3 ရဲ့ 1st Runner Up အသင်း
- MTC S3 ရဲ့ 1st Runner Up အသင်း
- Mekong Challenge Cup S3 ရဲ့ Winner အသင်း
- MCB S3 ရဲ့ Winner အသင်း
- Mongolia Qualifier ရဲ့ Winner အသင်း
- China Qualifier ရဲ့ 1st Runner Up အသင်း
တို့က Wild Card Slot တွေကိုရရှိထားပါတယ်။
Group State အဆင့်အတွက်ကတော့
- MPL PH S13 ရဲ့ Winner အသင်း
- MPL PH S13 ရဲ့ 1st Runner Up အသင်း
- MPL ID ရဲ့ Winner အသင်း
- MPL ID S13 ရဲ့ 1st Runner Up အသင်း
- MPL SG S7 ရဲ့ Winner အသင်း
- MPL MY S13 ရဲ့ Winner အသင်း
- MPL KH S6 ရဲ့ Winner အသင်း
- MPL LATAM ရဲ့ Winner အသင်း
- MPL Mena ရဲ့ Winner အသင်း
- MPL Mena ရဲ့ Best KSA အသင်း
- MCC S3 ရဲ့ Winner အသင်း
- MTC S3 ရဲ့ Winner အသင်း
- NACT Spring ရဲ့ Winner အသင်း
- Myanmar Qualifier ရဲ့ Winner အသင်း
- China Qualifier ရဲ့ Winner အသင်း
- Wild Card ရဲ့ Winner အသင်း
တို့က Slot တွေအသီးသီးရရှိထားတာဖြစ်ပါတယ်။
ယနေ့(မကြာခင်)မှာ MSC Myanmar Qualifier စတင်တော့မှာဖြစ်တဲ့အတွက် ဘယ်အသင်းက MSC 2024 မှာ မြန်မာကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်မလဲဆိုတာစောင့်ကြည့်ရတော့မှာလဲဖြစ်ပါတယ်။