ပေါင်းလောင်းမြို့ - Paunglaung Town

ပေါင်းလောင်းမြို့ - Paunglaung Town ပေါင်းလောင်းမြို့

20/02/2026

မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များအား သုံးစွဲခွင့်တားမြစ်

ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များအား သုံးစွဲခွင့်တားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းအားလုံးကို ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များအကြား သုံးစွဲမှု တိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ထို့အပြင် တားမြစ်ချက်ကို ချိုးဖေ-ာက်သူများအား သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိအချိန်တွင် အီးစီးကရက်များကို အွန်လိုင်းနှင့် အော့ဖ်လိုင်းဈေးကွက်များတွင် ရောင်းချနေမှုများ ရှိနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

အီးစီးကရက်အသုံးပြုမှုသည် နီကိုတင်းအလွန်အကျွံ သုံးစွဲမှုနှင့် အဆုတ်နှင့် နှလုံးရောဂါဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားပြီး ပြည်သူများအနေဖြင့် ဥပဒေများကို လိုက်နာရန် ကျန်းမာရေးကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

မြန်မာမှာ v**e လို့ခေါ်တဲ့ E cigarette သုံးစွဲ ဖြန့်ဖြူးခွင့်ပိတ်ပါပြီ။ ဆိုင်ဖွင့်ထားသုံးစွဲသူများ သတိပြုကြပါ ဖမ်းဆီးခံရ...
20/02/2026

မြန်မာမှာ v**e လို့ခေါ်တဲ့ E cigarette သုံးစွဲ ဖြန့်ဖြူးခွင့်ပိတ်ပါပြီ။ ဆိုင်ဖွင့်ထားသုံးစွဲသူများ သတိပြုကြပါ ဖမ်းဆီးခံရနိုင်ပါသည် ။

 #ကန့်အိကျောက်တန်းဘုရားတချိန်က ဆံရှည်ဆရာတော်တည်ထားခဲ့တဲ့ဘုရား ဖြစ်တယ်လို့ ပြောပါတယ်အခုတော့ ရေအောက်ထဲ ရောက်သွားပြီဖြစ်ပါတ...
15/11/2025

#ကန့်အိကျောက်တန်းဘုရား
တချိန်က ဆံရှည်ဆရာတော်တည်ထားခဲ့တဲ့ဘုရား ဖြစ်တယ်လို့ ပြောပါတယ်
အခုတော့ ရေအောက်ထဲ ရောက်သွားပြီဖြစ်ပါတယ်

ပေးပို့တဲ့Moe Aung ကျေးဇူးတင်ပါတယ်
#ပေါင်းလောင်းမြို့
#တချိန်ကပေါင်းလောင်းအမှတ်တရများ

 #ဝင်ကြေး #လူကြီး  2000 #ကလေး 1000ကျနော့တစ်ဦးတည်းဆန္ဒအရတော့ မပေးနိုင်ပါ။ပေး၍လည်းမကြည့်ပါ။ ပေးစရာလည်း လိုမယ်မထင်ပါ။(ချွင...
13/11/2025

#ဝင်ကြေး
#လူကြီး 2000
#ကလေး 1000
ကျနော့တစ်ဦးတည်းဆန္ဒအရတော့ မပေးနိုင်ပါ။
ပေး၍လည်းမကြည့်ပါ။ ပေးစရာလည်း လိုမယ်မထင်ပါ။(ချွင်းချက်အနေနဲ့ ဒီနေရာအတွက် နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်ထားရရင်တမျိုးပေါ့ဗျာ)

ဒီနေရာဒီဒေသဟာ ဒီ​ဒေသကလူထုတွေ အားလုံးပိုင်တယ်လို့ ထင်ပါတယ်

ဒီဒေသအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ အရမ်းလိုအပ်တာပါ
ခရီးသွားဆိုတဲ့နေရာမှာ #အခြားဒေသကလာလည်တဲ့ဧည့်သည်တွေရှိသလို ဒေသခံတွေလည်းလာလည်ကြမှာပါ အိမ်သာရင် ဧည့်လာမှာပါ...
ခုဆို အခုလိုခရီးသွားအလည်ပတ်လာသူတွေအတွက် ဆန်းပြားတဲ့အတွေးခေါ်နဲ့ ဖန်တီးထားပေးတာကို ကျေးဇူးအထူးတင်ပါတယ်
​ဒေသရဲ့အခြားထင်ရှားတဲ့နေရာတွေဖြစ်တဲ့
#လိန်းလီတံတား
#နမ့်မွန်ကြီးရေတံခွန်
#ဟားရေတံခွန်
#နမ်ကုံးရေတံခွန်
#တိမ်ပင်လယ် တို့လို(အခြားနေရာတွေကျန်သေး) ဘာကြေး ညာကြေးမသတ်မှတ်ဘဲ Free (အခမဲ့)ဝင်လည်ခွင့်ပြုပေးရင်တော့ သိပ်ကောင်းတာပေါ့ဗျာ
ခုက တိမ်ပင်လယ်ကြည့်ရင်း အထူးအဆန်းလေးဖန်တီးထားတဲ့နေရာလေးကို တောင်အောက်(ပေါင်းလောင်းမြို့)ကနေ (5)မိုင်အကွာထိ သွားမိပါတယ်
#လူကြီး 2000/ ကလေး 1000 ရေးထားတဲ့ ဆိုင်းဘုတ်မြင်ပြီး မဝင်ချင်တော့၍ ပြန်ခဲ့လိုက်ပါတယ်
အဲ့အစား အာ့နေရာရဲ့အောက်က
#တိမ်ပင်လယ်View Point ဆိုင်မှာ လည်ရင်းစားရင်း တိမ်တွေရဲ့အလှကိုကြည့်ရင်း ပြန်ခဲ့လိုက်တယ်(ဘာကြေးမှမပေးရပါ)
အချို့ကျတော့လည်း ရောက်လာမှတော့ မပေးချင်လည်း ပေးပြီးဝင်လည်းကြတဲ့သူအချို့လည်း ရှိကြတယ်

#အကြံပြုလိုတာကတော့
ဝင်ကြေးကောက်မဲ့အစား အစားအသောက်တို့ ​ဒေသထွက်ကုန်ပစ္စည်းတို့ ရောင်းချရတဲ့နေရာကနေ ဝင်ငွေပြန်ရှာရင် အဆင်ပြေမယ်လို့ထင်ပါတယ်
အစားအသောက်စျေးတင်ရောင်းတာ နားလည်ပေးလို့ရပါတယ်
တန်ရာတန်ကြေးရဲ့ (၂)ဆ(၃)ဆ ကြီးသာ တင်မရောင်းရင် ရပါပြီ။

#ဧည့်လာရင်အိမ်သာယာမှာပါ
သို့ပေမဲ့
#ဧည့်မရွေးဖို့တော့လိုပါတယ်

ပေါင်းလောင်းတိမ်ပင်လယ်ကြည့်ဖို့ View Point Photo ပေါင်းလောင်းရှန်ဂရီလာpage မှယူသည်PhotoCredit #တိမ်ပင်လယ် #နေပြည်တော်ပင်...
05/11/2025

ပေါင်းလောင်းတိမ်ပင်လယ်ကြည့်ဖို့ View Point

Photo ပေါင်းလောင်းရှန်ဂရီလာpage မှယူသည်
PhotoCredit

#တိမ်ပင်လယ်
#နေပြည်တော်ပင်လောင်းလမ်း
#ပေါင်းလောင်းမြို့

တန်ဆောင်းလပြည့်နေ့(သာမညဖလ အခါတော်နေ့)မြတ်စွာဘုရားက အဇာတသတ်မင်းအားတန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြား...
04/11/2025

တန်ဆောင်းလပြည့်နေ့(သာမညဖလ အခါတော်နေ့)
မြတ်စွာဘုရားက အဇာတသတ်မင်းအား
တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို အကြောင်းပြု၍... တန်ဆောင်မုန်းလပြည့်နေ့၌ သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်းဖြစ်ပါသည်။

၁။ သာမညဖလဆိုသည်မှာ ရဟန်းပြုခြင်း၏အကျိုးဟု အဓိပ္ပာယ်ရပါသည်။

၂။ ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်၍
တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု
ခေါ်ဆိုနိုင်ပါသည်။

၃။ သာမညဖလသုတ်သည် ဒီဃနိကာယ်
သီလက္ခန္ဓ ဝဂ္ဂပါဠိတော်၌ လာရှိပါသည်။

၄။ သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီး သဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည်
မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမညဖလသုတ်သည် လူဒါယကာများအဖို့
ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော
ဆရာသမားများ၏ ကျင့်ကြံမှုဟုတ်မဟုတ် မှန်မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

၆။ အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို
ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္မိသာရ
မင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး
အိပ်မပျော်သော ဝေဒနာစွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏
အကြံပြုချက်အရ တိတ္ထိဆရာကြီး ခြောက်ယောက်တို့ထံ
သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) ကို
စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သောအဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီဝက လှူထားသော သရက်ဥယျာဉ်တော၌
သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး
လျှောက်ထားသောအခါမှ သူသိလိုသော
ရဟန်းပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို
ကြားနာရသည့်အချိန်မှစ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို
အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို
ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ "ဝိဇိတာဝီ"မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

၁၁။ အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏
ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီးတည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်းဟူသော သာသနာပြုလုပ်ငန်းကြီး သုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ
ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူးကြီးလှပါပေသည်။

၁၂။ ပိဋကတ်တော်များကို မပျက်စီးရအောင်
သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့တိုင်အောင်
ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏
ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်းစုဆောင်းထားသော
ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက
စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍Credit
သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့
ဖူးမြော်ခွင့်ရရှိ နေကြခြင်းဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ
သုံးစွဲခွင့် ရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊ သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

[ မာဂဓီ(သာစည်)၏ "အခါတော်နေ့များ"မှ ]

#

အိပ်စက်မှုနဲ့ ပတ်သက်သော အံ့ဩဖွယ်ရာ အချက်များ။———-၁ ။ တစ်ညလောက် အိပ်ရေးပျက်ရုံနဲ့  အရက်သောက်ထားသလိုမျိုး ဦးနှောက်လုပ်ဆောင...
03/11/2025

အိပ်စက်မှုနဲ့ ပတ်သက်သော အံ့ဩဖွယ်ရာ အချက်များ။
———-
၁ ။ တစ်ညလောက် အိပ်ရေးပျက်ရုံနဲ့ အရက်သောက်ထားသလိုမျိုး ဦးနှောက်လုပ်ဆောင်ချက် နှေးကွေးနိုင်ပါတယ်။

၂ ။ နေ့တိုင်း အိပ်ချိန်နည်းနေတာကြောင့် အချိန်ကြာလာရင် နှလုံးနဲ့ စွမ်းအင် ထိခိုက်နိုင်ပါတယ် ။

၃ ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် သင့်ဦးနှောက်က အဆိပ်တွေကို ဖယ်ရှားရှင်းထုတ်နိုင်ပါတယ်။

၄ ။ အိပ်ရေးမဝတာကြောင့် ဆာလောင်မှု အချက်ပြတာကို ဇဝေဇဝါ ဖြစ်ကာ အစာ ပိုမို စားသုံးနိုင်ပါတယ်။

၅ ။ အိပ်ရေးဝတာက မှတ်ဥာဏ်၊ သင်ကြားမှုကောင်းမွန်နိုင်ပြီး စိတ်တည်ငြိမ်အေးချမ်းမှု ရရှိအောင် ကူညီနိုင်ပါတယ် ။

၆ ။ လူကြီးတစ်ယောက်က အိပ်ချိန် ၇-၉ နာရီလိုအပ်ပါတယ်။ ၄-၆ နာရီ မဟုတ်ပါ။

၇ ။ အိပ်ရေးမဝတာကြောင့် စိတ်ဓာတ်ကြတာ၊ စိုးရိမ်စိတ်များတာ ဒါမှမဟုတ် ဒေါသထွက်လွယ်တတ်ပါတယ်။

၈ ။ နေ့ခင်းပိုင်း မိနစ် ၂၀ -၃၀ တစ်မှေးအိပ်တာကြောင့် စိတ်လန်းဆန်းပြီး အာရုံစူးစိုက်နိုင်ပါတယ်။

၉ ။ ဖုန်း ဒါမှမဟုတ် တီဗီမှလာတဲ့ အပြာရောင်အလင်းတန်းကြောင့် အိပ်စက်ရ ခက်ခဲနိုင်ပါတယ်။

၁၀ ။ အိပ်ရေးပျက်ထားတာကြောင့် လိုအပ်တဲ့ အိပ်ချိန်တွေကို အပြည့်အဝ အစားထိုးလို့ မရနိုင်ပါ။

အားလုံးကျန်းမာကြပါစေ။

ဒေါက်တာခင်မိုးမိုး

လူကြီးမိဘတွေပေးနေကြတောင်းဆုလေး #သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေတဲ့”ဗျာကျွန်တော်တို့ #စျေးကုန်း #လယ်ပြင်ကြီးရှမ်းကုန်း #သ...
01/11/2025

လူကြီးမိဘတွေပေးနေကြတောင်းဆုလေး
#သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေတဲ့”ဗျာ

ကျွန်တော်တို့
#စျေးကုန်း
#လယ်ပြင်ကြီးရှမ်းကုန်း
#သပြေကုန်း
#မဲလီ
#ကံလှ
#သင်္ဘောကုန်း
#ဟင်္သာကုန်း
#ရွာကြီး
#သာယာဝတီပင်ရင်း စတဲ့ရွာတွေက ပြည်သူတွေအတွက်တော့ လူကြီးမိဘတွေပေးတဲ့ #ဆု က မပြည့်ဘူး ထင်ပါရဲ့ဗျာ...

ခုဆို
#ဖိုကုန်း #ရွာကြီး ကျေးရွာချင်းဆက်လမ်းက ယခင်ထက် ဆိုးသထက်ဆိုးပါတယ်

ယခုနှစ်လမ်းတံတား ဘတ်ဂျက်မှာ
မိမိဒေသ ကျေးရွာချင်းဆက်လမ်းပြုပြင်ရန်ဘတ်ဂျက်လေး ကျပါစေကြောင်း တောင်းဆုပြုရင်း.......

ရှမ်းပြည်နယ်နှင့် Arabica Coffee ရှမ်းပြည်နယ် တောင်ကုန်းဒေသများသည် ကော်ဖီစိုက်ပျိုးရန် သင့်တော်သောဒေသများဖြစ်ပြီး အောင်မ...
25/10/2025

ရှမ်းပြည်နယ်နှင့် Arabica Coffee

ရှမ်းပြည်နယ် တောင်ကုန်းဒေသများသည် ကော်ဖီစိုက်ပျိုးရန် သင့်တော်သောဒေသများဖြစ်ပြီး အောင်မြင်သောစိုက်ပျိုးရေးအတွက် မှန်ကန်စွာရွေးချယ်စိုက်ပျိုးရန် အထူးအရေးကြီးပါသည်။

☕ ကော်ဖီမျိုးစိတ် ရွေးချယ်ခြင်း

ရှမ်းပြည်နယ်ကဲ့သို့ ပင်လယ်ရေမျက်နှာပြင်အမြင့်ရှိသော တောင်ကုန်းဒေသများအတွက် Arabica (အာရေးဗီကား) ကော်ဖီမျိုး သည် အသင့်တော်ဆုံးဖြစ်သည်။

🌸အဓိကစိုက်ဒေသများ ~
ရှမ်းပြည်နယ်အတွင်း ရွာငံ၊ ဟိုပုံး၊ နောင်ချို၊ တာချီလိတ်၊ ကျိုင်းတုံ၊ ရပ်စောက်၊ ပင်းတယ နှင့် ပင်လောင်း ဒေသများတွင် Arabica ကော်ဖီကို စိုက်ပျိုးကြသည်။
🌸 အရည်အသွေး~
ဤဒေသထွက် Arabica ကော်ဖီများသည် ချောကလက်ဆန်သောအရသာ၊ မွှေးကြိုင်သောအနံ့ရှိပြီး အရည်အသွေးအလွန်ကောင်းမွန်ကာ ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်အထိ နာမည်ကျော်ကြားသည်။

🌱 စိုက်ပျိုးနည်း အဆင့်ဆင့်

1. မြေနေရာနှင့် ရာသီဥတု အခြေအနေ

· မြေပြင်အမြင့်: ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၅၀၀ (မီတာ ၈၀၀) ကျော် ရှိသောနေရာများသည် ကော်ဖီစေ့အရည်အသွေးကောင်းမွန်စေရန်အတွက် သင့်တော်သည်။
· မြေဆီလွှာ: မြေချဉ်ငံဓာတ် (pH) ၄.၅ မှ ၆.၅ ကြားရှိပြီး ရေစီးဆင်းမှုကောင်းမွန်သည့် မြေစောင်း ၁၅% အောက်နိမ့်သောနေရာကို ရွေးချယ်ပါ။
· ရာသီဥတု: ပျမ်းမျှအပူချိန် ၁၅°C မှ ၂၄°C အတွင်းရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ၁,၅၀၀ မှ ၂,၀၀၀ မီလီမီတာအထိ လိုအပ်သည်။

2. မြေပြင်ဆင်ခြင်းနှင့် စိုက်ပျိုးခြင်း

· စိုက်ကျင်းပြင်ဆင်ခြင်း: စိုက်ကျင်းကို ၁.၅ ပေ x ၁.၅ ပေ x ၁.၅ ပေ အရွယ်တူးပါ။ နွားချေး၊ တီစူပါ (သို့) ကြက်ချေးစသော သဘာဝမြေဩဇာများကို မြေဆွေးနှင့်ရောစပ်ကာ ထည့်သွင်းပေးပါ။
· ပင်ကြားတန်းကြား: ပင်ကြား ၄ ပေ နှင့် တန်းကြား ၈ ပေ ထားကာ စိုက်ပျိုးပါက တစ်ဧကလျှင် ကော်ဖီပင် ၁,၃၆၀ ပင် စိုက်နိုင်သည်။
· ပျိုးပင်ရွေးချယ်စိုက်ပျိုးခြင်း: ကျန်းမာသန်စွမ်းသော ပျိုးသက် ၈ လမှ ၂ နှစ်အတွင်း ပျိုးပင်ကိုရွေးချယ်ပါ။ ပျိုးအိတ်ခွာပြီး မြေလုံးမကွဲအောင် ဂရုတစိုက်စိုက်ပျိုးရန် အရေးကြီးသည်။

3. အရိပ်ပင်စိုက်ပျိုးခြင်း

ရှမ်းပြည်နယ်တောင်ပိုင်းကဲ့သို့ မိုးပျံ့နှံ့စွာရွာသွန်းပါက အရိပ်မဲ့စိုက်နိုင်သော်လည်း ရာသီဥတုဖောက်ပြန်မှုဒဏ်ခံနိုင်ရန် အရိပ်ပင်များ စိုက်ထားရန် အထူးအကြံပြုပါသည်။

· သင့်တော်သောအရိပ်ပင်များ~ ခါတော်မှီပင် (Silver Oak) သည် အရိပ်ကောင်းပြီး အမြစ်နက်နက်ဆင်းသက်သဖြင့် ကော်ဖီပင်များနှင့် အာဟာရအတွက် မယှဉ်ပြိုင်နိုင်သောကြောင့် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
· စိုက်ချိန် ~ အရိပ်ပင်များကို ကော်ဖီပင်မစိုက်မီ ၂ နှစ်ခန့် ကြိုတင်၍ စိုက်ပျိုးထားရှိသင့်သည်။

4. ပြုစုစောင့်ရှောက်ခြင်း

· မြေဩဇာကျွေးခြင်း ~ ဓာတုမြေဩဇာထက် စနစ်တကျပြုလုပ်ထားသော သဘာဝမြေဩဇာ၊ နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများ ကဲ့သို့သော သဘာဝမြေဩဇာများကို အသုံးပြုပါ။
· ပေါင်းမြက်ရှင်းလင်းခြင်း ~ အပင်ငယ်စဉ် ပေါင်းမြက်ကင်းစင်အောင် ထားရှိပါ။
· ရေပေးသွင်းခြင်း ~ မိုးခေါင်ပါက ရေမှန်မှန်ပေးသွင်းရန် လိုအပ်သည်။

💎 အချုပ်ပြောရမယ်ဆိုရင်

ရှမ်းပြည်နယ် တောင်ကုန်းဒေသများတွင် Arabica ကော်ဖီမျိုး ကို ရွေးချယ်စိုက်ပျိုးရန် သင့်တော်ပါသည်။ အောင်မြင်သောကော်ဖီစိုက်ပျိုးရေးအတွက် မြေနေရာ၊ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုနှင့် သင့်တော်သောအရိပ်ပင်များ ရွေးချယ်စိုက်ပျိုးမှုတို့သည် အထူးအရေးကြီးသော အချက်များဖြစ်သည်။

Credit

Address

Main Road, Nay Pyi Taw<>Pinlaung
Pinlaung

Telephone

+959766161399

Website

Alerts

Be the first to know and let us send you an email when ပေါင်းလောင်းမြို့ - Paunglaung Town posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share