Royal Palace Hotel, Bagan

Royal Palace Hotel, Bagan At Royal Palace Hotel, Bagan - you will be immersed in the culture and history of the ancient city of Bagan, once the capital of the great Myanmar Empire.

ဝါဆိုလပြည့်နေ့သည် 🌝 သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တ...
29/07/2026

ဝါဆိုလပြည့်နေ့သည် 🌝 သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း
ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်း များ ပြုခဲ့ ပါတယ်။

🌝✨ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်ပြီး တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ် သလို သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်

🙏 ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ထို့ပြင် ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။

🌿၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသား အပေါင်း ဘေးရန်ကင်းကွာ၍ ကောင်းကျိုးလိုရာမှန်သမျှပြည့်ဝကြပါစေကြောင်း Royal Palace Hotel (Bagan) မိသားစု မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏🌿

ချစ်သောရေ... မိုးရာသီရဲ့ ပုဂံဆီ လာခဲ့ပါ 🌧️မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ လူနေမှုပုံစံတွေ ကြားထဲမှာ စိတ်တွေ ပင်ပန်းနွမ်းနယ်န...
20/07/2026

ချစ်သောရေ... မိုးရာသီရဲ့ ပုဂံဆီ လာခဲ့ပါ 🌧️

မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ လူနေမှုပုံစံတွေ ကြားထဲမှာ စိတ်တွေ ပင်ပန်းနွမ်းနယ်နေပြီ မဟုတ်လား။ 🥺 အချိန်လေး နည်းနည်းလောက် ပေးနိုင်ရင် စိမ်းစိုပြီး အေးချမ်းလှတဲ့ မိုးကာလ ပုဂံမြေဆီကို လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်နော်။ 💚

ပုဂံကို လာမယ်ဆိုရင် အမြဲတမ်း စီးနေကျ ကားတွေထက် ရထားလေးနဲ့ လာခဲ့ဖို့ တိုက်တွန်းပါရစေ။ 🚂💨 "ရ... ရထားကြီး ပျော်ပျော်စီး" ပြီး လာခဲ့ပေါ့။ ဖုန်း Screen တွေကို ခေတ္တပိတ်၊ Screen Time တွေကို လျှော့ချပြီး ရထားလမ်းတစ်လျှောက်က စိမ်းစိုနေတဲ့ သဘာဝအလှတရားတွေကို တဝကြီး ခံစားရင်း လာခဲ့ရအောင်နော်။ 🌾🌳

ပုဂံကို ရောက်ပြီဆိုတာနဲ့...👇 🍃 အေးမြတဲ့ မိုးလေ အေးလေးတွေကြားထဲ 🛵 E-bike လေး ငှားစီးပြီး လေပြေညှင်းတွေကို ထိတွေ့မယ် E-bike လေးပတ်စီးရင်း ပုဂံရဲ့ အငွေ့အသက်ကို အပြည့်အဝ ကြမယ်။ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာတွေ ဟိုးအဝေးကို လွင့်ထွက်သွားတဲ့ အထိ ပျော်ကြမယ်

🗼 Bagan Viewing Tower ကို ရောက်ဖြစ်အောင် သွားမယ် 🏛️ တနေရာထဲကနေ ပုဂံရဲ့ ရာစုနှစ်ချီ ဘုရားပုထိုးတွေ၊ စိမ်းလန်းနေတဲ့ ရှုခင်းတွေအပြင်၊ ဧရာဝတီမြစ်ကြီးနဲ့အပြိုင် တည်ရှိနေတဲ့ တန့်ကြည်တောင်ရဲ့ ပုံရိပ်ကိုပါ တပြိုင်နက် မြင်ရတဲ့ မြင်ကွင်းက ခိုင်မာတဲ့ ရဲရင့်တည်ကြည်တဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ်တွေကို ပုံဖော်နေသလိုပါပဲ။ 🥰

⛩️ သမိုင်းဝင် သရပါတံခါးနဲ့ နန်းတော်ရာ 👑 ပုဂံမြို့ကြီးရဲ့ ဝင်ပေါက်တစ်ခုဖြစ်သလို မြို့တစ်မြို့ရဲ့ အစပြုရာ "သရပါတံခါးကြီး" လေ့လာမယ် သရပါတံခါးကြီး ကို ကျော်လာခဲ့ရင်တော့ "နန်းတော်ရာ" ကို ဝင်လည်ဖို့ မမေ့နဲ့ဦးနော်။ အဲ့ဒီမှာ ချစ်စရာ ရုပ်ပြောင်ပုံတွေ ရေးကြမယ်၊ ပုဂံခေတ်ဝတ်စုံလေးတွေ ဝတ်ပြီး နန်းဆောင်တွေထဲမှာ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ တူတူရိုက်ကြမယ်လေ။ 📸💃

🙏 မသွားမဖြစ် လောကနန္ဒာဘုရား 🌅 ဒီနေရာက ပုဂံခေတ်တုန်းကတော့ သင်္ဘောဆိပ် (လှေဆိပ်ကြီး) ဖြစ်ခဲ့ပြီး လူမျိုးစုံ၊ နေရာစုံက ကုန်သည်တွေ စည်ကားသိုက်မြိုက်စွာ ရောင်းဝယ်ဖောက်ကားခဲ့တဲ့ ရောင်စုံလှပခဲ့တဲ့ နေရာလေးပေါ့။ အခုအချိန်မှာတော့ ဘုရားထီးတော်ဆီက လာတဲ့ ခေါင်းလောင်းသံငြိမ့်ငြိမ့်လေးရယ်၊ တန့်ကြည်တောင်ဘက်ကနေ ဧရာဝတီမြစ်ပြင်ကျယ်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးတွေရယ်ကြောင့် တခတ်တခါက ပုဂံအလှကို တမျိုးလေး ခံစားရစေမှာ အသေအချာပါပဲ။ 🌬️🔔

🛍️ အိမ်ပြန်လက်ဆောင် ဝယ်ကြမယ် 🎁 တစ်နေ့တာ လည်ပတ်လို့ ဝပြီဆိုရင်တော့ ရွှေစည်းခုံဘုရားနားက အမှတ်တရ ဈေးတန်းလေးမှာ အညာဒေသထွက် ပစ္စည်းလေးတွေနဲ့ အိမ်ပြန်လက်ဆောင်တွေ တူတူရွေးကြတာပေါ့။

🏨 တည်းခိုဖို့အတွက် စိတ်မပူနဲ့နော် 🛏️ စိတ်ချမ်းသာကိုယ်လူနားဖို့အတွက် ဝန်ဆောင်မှုကောင်းပြီး အစစအရာရာ အဆင်ပြေတဲ့ Royal Palace Hotel ရှိတယ်နော်။ လေဆိပ်လမ်းဆုံနားမှာမို့ သွားရလာရလည်း လွယ်ကူသလို၊ အခန်းတွေကလည်း သန့်ရှင်းသပ်ရပ်ပြီး စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မှာမို့... အမြန်ဆုံး လှမ်းလာခဲ့ဖို့ စောင့်မျှော်နေမယ်နော် ချစ်သောရေ... 🥰✨

#ခရီးသွားကြမယ် #ပုဂံအလှတရား

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မုဒ်ဉီးကို မြင်ရရင် Royal Palace Hotel ကို ရောက်ပြီ ဆိုတာ သင် သိပါသလားအခန်းကြိုတင်ဘိုကင်...
15/07/2026

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မုဒ်ဉီးကို မြင်ရရင် Royal Palace Hotel ကို ရောက်ပြီ ဆိုတာ သင် သိပါသလား

အခန်းကြိုတင်ဘိုကင်လုပ်ဖို့အတွက် အခုပဲ ဖုန်းဆက်လိုက်ပါနော်။ 📞👇

📞 Reservation: 09 5062764, 09 5095735, 09 5078320
🏢 Yangon Office: 01 8657268
🤝 Travel Agents: 09 894798544
📧Email: [email protected]
📍 Location: လေဆိပ်လမ်းဆုံ၊ ပုဂံ။

ပုဂံကို ရောက်ရင် 'မန်ကျည်းလက်ဖက်' ကို မဖြစ်မနေ မြည်းစမ်းဖို့ မမေ့နဲ့နော် ✨"ဒီပုံထဲက လက်ဖက်သုတ်လေးက တကယ်ကို ဆွဲဆောင်မှုရှ...
10/07/2026

ပုဂံကို ရောက်ရင် 'မန်ကျည်းလက်ဖက်' ကို မဖြစ်မနေ မြည်းစမ်းဖို့ မမေ့နဲ့နော် ✨

"ဒီပုံထဲက လက်ဖက်သုတ်လေးက တကယ်ကို ဆွဲဆောင်မှုရှိလိုက်တာ။

ပုံထဲကလိုပဲ မန်ကျည်းလက်ဖက်က တကယ့်ကို ထူးခြားတဲ့ အရသာနဲ့ ပြည့်စုံတာပါ။"

လက်ဖက် ဆိုတာ ရှမ်းပြည် က ထွက်တဲ့ ဒေသအစားအစာ ဆိုပြီး လူသိများကြပါတယ် 😊

အညာမှာလည်း လက်ဖက် ထွက်တယ် ဆို ယုံမလား၊ 🤔

ဟုတ်ပါတယ် မညာပါဘူး "မန်ကျည်း လက်ဖက်" ပါ ။ 😉

မန်ကျည်းရွက် နုနုလေးတွေ ကို သေချာရေဆေးပြီး ထောင်းထားပြီး လက်ဖက် အစား သုတ်စားကြတာပါ 🌱

လုပ်စားဖို့က လည်း မခက်ပါဘူး နော် 👇

ပုံထဲကလိုပဲ လက်ဖက်သုတ်လိုပဲ မန်ကျည်းလက်ဖက်ရယ်၊ အကြော်စုံရယ် ရှိရင်ကို သုတ်စားလို့ ရနေပါပြီ။ ✨

(စားကြည့်လိုက်တဲ့အခါ..) 😉

အရသာကတော့ ချဉ်စပ် လက်ဖက် အရသာနဲ့ တူပါတယ် 😋😋😋

ကဲ ပုဂံရောက်ရင်တော့ မန်ကျည်းလက်ဖက်သုတ် တခါလောက် မြည်းစမ်းဖို့ မမေ့နဲ့နော် 🏯🌅

ပန်းပွင့်တယ် ဆိုတာ သဘာဝ ပါRoyal Palace Hotel မှာ ပွင့်လန်းနေတဲ့ ပန်းလေး တွေ 💐🌷
05/07/2026

ပန်းပွင့်တယ် ဆိုတာ သဘာဝ ပါ

Royal Palace Hotel မှာ ပွင့်လန်းနေတဲ့ ပန်းလေး တွေ 💐🌷

မိုးတွေ ရွာတဲ့အခါ ပုဂံဟာ မိုးရေစက်တွေ ကြား လှပတင့်တယ် နေဆဲပါမိုးရာသီမှာ ပုဂံရဲ့ အလှတရားကို ခံစားနိုင်ဖို့အတွက် ဟိုတယ်ရှာ...
02/07/2026

မိုးတွေ ရွာတဲ့အခါ ပုဂံဟာ မိုးရေစက်တွေ ကြား လှပတင့်တယ် နေဆဲပါ

မိုးရာသီမှာ ပုဂံရဲ့ အလှတရားကို ခံစားနိုင်ဖို့အတွက် ဟိုတယ်ရှာနေရင်တော့ Royal Palace Hotel က "Monsoon Promotion" တွေ ပြုလုပ်ပေးနေပါပြီ။

အခန်းအားလုံးကို 20% OFF (အထူးလျှော့စျေး) ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ 💸🎉

အခန်းကြိုတင်ဘိုကင်လုပ်ဖို့အတွက် အခုပဲ ဖုန်းဆက်လိုက်ပါနော်။ 📞👇
📞 Reservation: 09 5062764, 09 5095735, 09 5078320
🏢 Yangon Office: 01 8657268
🤝 Travel Agents: 09 894798544
📧Email: [email protected]
📍 Location: လေဆိပ်လမ်းဆုံ၊ ပုဂံ။

အချိုပွဲဆို "အသီးအနှံ" လား "ကိတ်မုန့်" လား
29/06/2026

အချိုပွဲဆို "အသီးအနှံ" လား "ကိတ်မုန့်" လား

မိုးရွာလို့ အိမ်ထဲမှာပဲ ပျင်းနေပြီလား? စိတ်အပန်းပြေဖို့ ခရီးတစ်ခုခု ထွက်ချင်ပေမယ့် ရာသီဥတုကြောင့် စိုးရိမ်နေပါသလား။ 🌧️🍃မ...
26/06/2026

မိုးရွာလို့ အိမ်ထဲမှာပဲ ပျင်းနေပြီလား? စိတ်အပန်းပြေဖို့ ခရီးတစ်ခုခု ထွက်ချင်ပေမယ့် ရာသီဥတုကြောင့် စိုးရိမ်နေပါသလား။ 🌧️🍃

မိုးရာသီပုဂံရဲ့ အလှတရားက တခြားရာသီတွေထက် ပိုပြီး ထူးခြားပါတယ်။ ဖုန်တလုံးလုံးနဲ့ ပူပြင်းတဲ့ဒဏ်တွေ မရှိတော့ဘဲ၊ စိမ်းစိုနေတဲ့ သစ်ပင်ပန်းမန်တွေနဲ့ အေးမြတဲ့ လေညင်းလေးတွေက ပုဂံမြေကို ပိုမိုသက်ဝင် အသက်ရှူရလွယ်ကူစေပါတယ်။ ဒါပေမယ့် ခရီးထွက်တဲ့အခါ သွားလာရအဆင်ပြေပြီး စိတ်ချမ်းသာဖို့ ကောင်းတဲ့ ဟိုတယ်တစ်ခု ရှာရခက်နေတတ်ပါတယ်။ 🏨✨

ဒီအခက်အခဲတွေအားလုံးကို ဖြေရှင်းပေးဖို့ Royal Palace Hotel (Bagan) က အသင့်ရှိနေပါတယ်ခင်ဗျာ။

Royal Palace Hotel ဟာ ပုဂံရဲ့ အချက်အချာကျတဲ့ လေဆိပ်လမ်းဆုံမှာ တည်ရှိတာကြောင့် ပုဂံမြို့သစ်၊ မြို့ဟောင်း နဲ့ ညောင်ဦး ဘယ်နေရာကိုပဲသွားသွား သွားလာရ အလွန်လွယ်ကူ အဆင်ပြေစေမှာပါ။
အခန်းပေါင်း ၁၀၀ ကျော်ရှိပြီး ခေတ်မီစုံလင်လှတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ နွေးထွေးပျူငှာစွာ ကြိုဆိုနေပါတယ်။ 🥰

အထူးသတင်းကောင်းအနေနဲ့... ဒီမိုးရာသီမှာ ပုဂံရဲ့ အလှတရားကို အမိအရ ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ Royal Palace Hotel ရဲ့ "Monsoon Promotion" အနေနဲ့ အခန်းအားလုံးကို 20% OFF (အထူးလျှော့စျေး) ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ ခင်ဗျာ။ 💸🎉

ဒီမိုးရာသီမှာ စိမ်းစိုတိတ်ဆိတ်တဲ့ ပုဂံမြေဆီကို ဘယ်သူနဲ့အတူတူ လာလည်ချင်လဲ အောက်က Comment မှာ Mention ခေါ်သွားပေးပါဦးဗျာ။ အခန်းကြိုတင်ဘိုကင်လုပ်ဖို့အတွက် အခုပဲ ဖုန်းဆက်လိုက်ပါနော်။ 📞👇

📞 Reservation: 09 5062764, 09 5095735, 09 5078320
🏢 Yangon Office: 01 8657268
🤝 Travel Agents: 09 894798544
📧Email: [email protected]
📍 Location: လေဆိပ်လမ်းဆုံ၊ ပုဂံ။

ချစ်ရတဲ့ ဧည့်သည်တော်ကြီးများ အတွက် ကျင်းပပေးဖြစ်ခဲ့တဲ့  Private Dinner မှ ပုံရိပ်လေးများ ဖြစ်ပါတယ်✨Royal Palace Hotel ကိ...
24/06/2026

ချစ်ရတဲ့ ဧည့်သည်တော်ကြီးများ အတွက် ကျင်းပပေးဖြစ်ခဲ့တဲ့ Private Dinner မှ ပုံရိပ်လေးများ ဖြစ်ပါတယ်✨

Royal Palace Hotel ကို ယုံကြည်စွာ ရွေးချယ်ပေးခဲ့တဲ့ အတွက်လည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 🙏✨

Address

No (6), Anawrahta Road, Aung Myay Thar Quarter
Nyaung-u
MANDALAY REGION

Alerts

Be the first to know and let us send you an email when Royal Palace Hotel, Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Palace Hotel, Bagan:

Shortcuts

Share