SKY HTOO Wedding & Event Planning

SKY HTOO Wedding & Event Planning Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SKY HTOO Wedding & Event Planning, Wedding planning service, Myaungmya.

⚜️ကျွန်တော်တို့ရဲ့ ထူးမိသားစုအလှူလေးကိုဖိတ်ကြားအပ်ပါသည် ခင်ဗျာ …… ⚜️ Share လေးလုပ်ပြီး ကုသိုလ်ယူပေးကြပါဦး ခင်ဗျာ 🙏🏻🙏🏻🙏🏻 ...
11/08/2026

⚜️ကျွန်တော်တို့ရဲ့ ထူးမိသားစုအလှူလေးကိုဖိတ်ကြားအပ်ပါသည် ခင်ဗျာ …… ⚜️

Share လေးလုပ်ပြီး ကုသိုလ်ယူပေးကြပါဦး ခင်ဗျာ 🙏🏻🙏🏻🙏🏻

#၁၈မိုင်တောရ #တရားပွဲအလှူ #ထူးမိသားစု #ထူး

မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းအရ... ဝါတွင်းသုံးလမှာ မင်္ဂလာမဆောင်ရဘူးလို့ ဘာကြောင့် ယူဆခဲ့ကြတာလဲ⁉️ဝါဆို၊ ဝါခေါင်၊ တော်သလင်း ...
09/08/2026

မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းအရ... ဝါတွင်းသုံးလမှာ မင်္ဂလာမဆောင်ရဘူးလို့ ဘာကြောင့် ယူဆခဲ့ကြတာလဲ⁉️

ဝါဆို၊ ဝါခေါင်၊ တော်သလင်း ဆိုတဲ့ ဝါတွင်းသုံးလမှာ မင်္ဂလာပွဲတွေ မကျင်းပဖြစ်ကြတာဟာ ရှေးရိုးရာ အယူအဆတွေအပြင် လက်တွေ့ကျတဲ့ အကြောင်းအရင်းလေးတွေလည်း ရှိနေပါသေးတယ်။

ဘယ်လိုအကြောင်းအရင်းလေးတွေလည်း ဆိုတော့ ..

▫️သံဃာတော်တွေ ဝါဆိုဝါကပ်ပြုသလိုပဲ၊ လူတွေကလည်း ဒီကာလမှာ အလှူအတန်းနဲ့ သီလဆောက်တည်ခြင်းကို ပိုပြီး အာရုံစိုက်ကြတဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေကို ရှောင်ကြဉ်ခဲ့ကြတာပါ။

🌱ရှေးအခါက မိုးတွင်းကာလဟာ လယ်ယာလုပ်ငန်းခွင် အလုပ်အများဆုံးအချိန်ဖြစ်လို့ မင်္ဂလာပွဲလို လူစုလူဝေးပွဲတွေကို ကျင်းပဖို့ အချိန်မအားလပ်ကြတာကြောင့်လည်း ဖြစ်ပါတယ်။

🌱မိုးသည်းထန်စွာ ရွာသွန်းတဲ့ ရာသီဖြစ်လို့ ဧည့်သည်တွေ လာရောက်ဖို့ ခက်ခဲတာကြောင့် မင်္ဂလာပွဲကို အဆင်ပြေချောမွေ့တဲ့ ဝါကျွတ်ကာလမှာမှ ပြောင်းလဲကျင်းပလေ့ ရှိကြတာပါ။

ဒါကြောင့် "ဝါတွင်းမှာ မင်္ဂလာဆောင်လို့မရဘူး" ဆိုတာထက် "ဝါတွင်းမှာ အေးအေးချမ်းချမ်းနဲ့ ကုသိုလ်ယူပြီး၊ ဝါကျွတ်တဲ့အခါမှ ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပကြတာ" လို့ ဆိုရမှာပါပဲ။

ဆို‌တော့ … ဝါမဝင်ခင်မှာပဲ ဆောင်မလား ဒါမှမဟုတ် ဝါကျွတ်ပွဲတွေအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်မလား ⁉️

မျှော်လင့်ထားတဲ့ Budget နဲ့ချိန်ညှိပြီး တိုင်ပင်၊ စီစဉ်ပေးမဲ့ Sky Htoo ကိုသာလာခဲ့လိုက်ပါနော်။

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ( ရတီထူးဟိုတယ်တစ်ခြံကျော်)
&Decoration

✨အခုခေတ်မှာ မင်္ဂလာဆောင်ပွဲတွေဆိုရင် သတို့သမီးလေးတွေက ဖြူဖွေးနုနယ်တဲ့ မင်္ဂလာဝတ်စုံကိုပဲ မဖြစ်မနေ ရွေးချယ်ဝတ်ဆင်ကြတာ ထုံ...
06/08/2026

✨အခုခေတ်မှာ မင်္ဂလာဆောင်ပွဲတွေဆိုရင် သတို့သမီးလေးတွေက ဖြူဖွေးနုနယ်တဲ့ မင်္ဂလာဝတ်စုံကိုပဲ မဖြစ်မနေ ရွေးချယ်ဝတ်ဆင်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ ဒါပေမဲ့ ရှေးရှေးတုန်းကတော့ သတို့သမီးတွေဟာ အဖြူရောင်ကို မဝတ်ဆင်ခဲ့ကြဘူးဆိုတာ သိပါသလား။

တကယ်တော့ ရှေးခေတ် (၁၉) ရာစုမတိုင်ခင်အထိ သတို့သမီးတွေဟာ မိမိတို့အကြိုက်ဆုံး အရောင်စုံဝတ်စုံတွေကိုသာ ရွေးချယ်ဝတ်ဆင်ခဲ့ကြတာပါ။ အဖြူရောင်ကိုတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အရောင်အဖြစ် သတ်မှတ်ခဲ့ကြလို့ မင်္ဂလာပွဲတွေမှာ သိပ်မဝတ်ကြပါဘူး။

ဒီထုံးစံကို ပြောင်းလဲပစ်ခဲ့ပြီး သတို့သမီးဝတ်စုံကို အဖြူရောင်အဖြစ် ကမ္ဘာတစ်ဝှမ်း ခေတ်စားသွားစေခဲ့တဲ့ သမိုင်းကြောင်းကတော့...

ဘုရင်မကြီး ဗစ်တိုးရီးယား (Queen Victoria) ရဲ့ သမိုင်းဝင်မင်္ဂလာပွဲဖြစ်တဲ့ ၁၈၄၀ ပြည့်နှစ်၊ မင်္ဂလာပွဲတစ်ခုမှာ ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီး ဗစ်တိုးရီးယားက ကမ္ဘာ့ပထမဆုံးအနေနဲ့ ဇာပန်းပွင့်တွေပါတဲ့ အဖြူရောင်မင်္ဂလာဝတ်စုံကို စတင်ဝတ်ဆင်ခဲ့ပါတယ်။🤍🤍

ထိုခေတ်ကာလက အဝတ်အထည်တွေကို လက်နဲ့ပဲ လျှော်ဖွတ်ရတာမို့လို့ အဖြူရောင်ဝတ်စုံကို တစ်ခါပဲဝတ်နိုင်တဲ့ အထက်တန်းလွှာနဲ့ တော်ဝင်မိသားစုတွေရဲ့ ချမ်းသာကြွယ်ဝမှု ပြယုဂ်အဖြစ် သတ်မှတ်ပြီး လိုက်လံဝတ်ဆင်လာကြရာကနေ အခုလို ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။

ဖြူစင်ခြင်းနဲ့ သစ္စာတရားကို ကိုယ်စားပြုတဲ့ အဖြူရောင် Wedding Dress လေးတွေရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို သဘောကျတယ်ဆိုရင် သတို့သမီးလောင်းလေးတွေကိုပါ မျှဝေပေးလိုက်ပါဦးနော်။👰‍♀️

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎
☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ( ရတီထူးဟိုတယ်တစ်ခြံကျော်)
&Decoration

ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးကို ဘယ်လို Theme မျိုးနဲ့ ကျင်းပရင် အလိုက်ဖက်ဆုံး ဖြစ်မလဲဆိုတာ ရာသီခွင်အလိုက် စိတ်...
03/08/2026

ဒီတစ်ခေါက်တော့ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးကို ဘယ်လို Theme မျိုးနဲ့ ကျင်းပရင် အလိုက်ဖက်ဆုံး ဖြစ်မလဲဆိုတာ ရာသီခွင်အလိုက် စိတ်ကူးယဉ်ကြည့်ရအောင်။ Elements (၄) မျိုးရဲ့ သဘာဝအတိုင်း ကိုယ့်ရဲ့ ရာသီခွင်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် မင်္ဂလာပွဲစတိုင်လေးတွေကို Fun ဖြစ်ဖြစ် Sharing လုပ်ပေးလိုက်ပါတယ်နော်။

💧 Water Signs (Scorpio, Pisces, Cancer)
ဆရာ့ ဆရာကြီးတွေ စုနေတဲ့ Water Signs တွေကတော့ စိတ်ကူးယဉ်ဆန်ပြီး ခံစားချက်နက်ရှိုင်းတဲ့ ရာသီခွင်တွေမို့လို့ ပင်လယ်ကမ်းခြေ သို့မဟုတ် ဖယောင်းတိုင်မီးမှိန်မှိန်လေးတွေ၊ ပန်းအနုလေးတွေနဲ့ ဖန်တီးထားတဲ့ ရိုမန်တစ်ဆန်ဆန် ပုံစံလေးတွေက အလိုက်ဖက်ဆုံးပါ။🌊🐚

🌱 Earth Signs (Ta**us, Virgo, Capricorn)
သစ်တောစိမ်းလေးတွေဆိုပေမယ့် မထင်ရင်မထင်သလို ထထဖောက်တတ်တဲ့ Earth Signs တို့ အဖွဲ့ကတော့ တည်ငြိမ်ပြီး ရိုးရှင်းမှုကို မြတ်နိုးသူတွေမို့လို့ Outdoor Garden Wedding မှာ သစ်သားအပြင်အဆင်၊ အစိမ်းရောင် Theme လေးတွေနဲ့ ရိုးရိုးရှင်းရှင်းနဲ့ ကျော့ရှင်းသပ်ရပ်နေမယ့် ပုံစံလေးတွေက အသင့်တော်ဆုံးပါ။🍀🍃

💨 Air Signs (Gemini, Libra, Aquarius)
အလံနီလေးတွေများတဲ့ Air Signs တွေကတော့ ခေတ်မီပြီး လွတ်လပ်မှုကို ကြိုက်တဲ့ ရာသီခွင်တွေမို့လို့ ရိုးရိုးပုံစံတွေထဲက ခွဲထွက်ပြီး Glass House ထဲမှာဖြစ်ဖြစ်၊ ထူးခြားဆန်းသစ်တဲ့ Art Gallery ဆန်ဆန် ခေတ်မီတဲ့ အပြင်အဆင်တွေက အမိုက်ဆုံး ဖြစ်မှာပါ။🌪️💨

🔥 Fire Signs (Aries, Leo, Sagittarius)
ကြီးကျယ်ပြီး မာနကြီးတတ်တဲ့ Fire Signs တို့ကတော့ အမြဲတက်ကြွပြီး ထင်ရှားပေါ်လွင်ချင်တဲ့ ရာသီခွင်တွေမို့လို့ Luxury Hotel Wedding ရဲ့ မီးရောင်စုံအောက်မှာ အနီရင့်ရင့် ဒါမှမဟုတ် ရွှေအိုရောင် Theme မျိုးနဲ့ ဧည့်သည်တွေအားလုံး ငေးကြည့်ရလောက်မယ့် ခမ်းနားထည်ဝါတဲ့ စတိုင်က အကိုက်ညီဆုံးပါပဲ။❤️‍🔥

ချစ်ရသူတို့ရဲ့ ရာသီခွင်ကော ဘာ Element ထဲမှာ ပါဝင်နေလဲ... ကိုယ့်ရဲ့ စိတ်ကူးထဲက Wedding Type လေးနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ကော်မန့်မှာ သူငယ်ချင်းတွေကို Tag တွဲပြီး ပြောပြခဲ့ဦးနော်။

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ( ရတီထူးဟိုတယ်တစ်ခြံကျော်)
&Decoration

တစ်သက်မှာတစ်ခါ စိတ်ကူးယဉ်ခဲ့ရတဲ့ မင်္ဂလာပွဲလေးကို ချစ်ရသူနဲ့အတူ ဘယ်လိုအငွေ့အသက်မျိုးနဲ့ ဆင်နွှဲချင်ကြလဲ။ ဒီနေ့တော့ Sky H...
31/07/2026

တစ်သက်မှာတစ်ခါ စိတ်ကူးယဉ်ခဲ့ရတဲ့ မင်္ဂလာပွဲလေးကို ချစ်ရသူနဲ့အတူ ဘယ်လိုအငွေ့အသက်မျိုးနဲ့ ဆင်နွှဲချင်ကြလဲ။ ဒီနေ့တော့ Sky Htoo ကနေ သတို့သမီး၊ သတို့သားလောင်းလေးတွေ သဘောအကျဆုံးဖြစ်မယ့် မင်္ဂလာပွဲပုံစံ (၃) မျိုးကို ရွေးချယ်ပေးထားပါတယ်နော်။

💕Hotel Wedding: လှပတဲ့မီးရောင်စုံအောက်မှာ ခမ်းနားထည်ဝါပြီး လူကြီးတွေအကြိုက် တည်တည်ငြိမ်ငြိမ်ကျင်းပချင်သူများအတွက်။
💕Romantic Outdoor Wedding: စိမ်းစိုတဲ့ မြက်ခင်းပြင်ပေါ်မှာ ပန်းအလှဆင်မှုတွေနဲ့အတူ ရိုမန်တစ်ဆန်ဆန် သဘာဝအတိုင်း ကျင်းပချင်သူများအတွက်။
💕Beach Wedding: လှိုင်းသံလေးတွေ၊ ပင်လယ်လေညင်းလေးတွေနဲ့အတူ ဆန်းသစ်ပြီး လွတ်လပ်ပေါ့ပါးစွာ ကျင်းပချင်သူများအတွက်။

မမေ့နိုင်စရာ အမှတ်တရနေ့ရက်လေးကို ဖန်တီးဖို့ ချစ်သူနှစ်ဦးရဲ့ ရင်ထဲက ပုံစံလေးက ဘယ်တစ်ခု ဖြစ်မလဲဆိုတာ Comment မှာ ပြောခဲ့ပေးပါဦးနော်။

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ( ရတီထူးဟိုတယ်တစ်ခြံကျော်)
&Decoration

🌕မြတ်ဗုဒ္ဓက မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီ (၅) ပါးတို့အား တရားဦးဟောတော်မူရာ ဝါဆိုလမြတ်အခါသမယမှစ၍ မိသားစုအပေါင်း ကိုယ်စိတ်နှစ်ဖြ...
28/07/2026

🌕မြတ်ဗုဒ္ဓက မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီ (၅) ပါးတို့အား တရားဦးဟောတော်မူရာ ဝါဆိုလမြတ်အခါသမယမှစ၍ မိသားစုအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ဘေးဥပဒ်အန္တရာယ်မှန်သမျှ ကင်းဝေးငြိမ်းချမ်းကြပါစေကြောင်း Sky Htoo မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းဆုခြွေအပ်ပါသည်။ 🙏🌟

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ( ရတီထူးဟိုတယ်တစ်ခြံကျော်)
&Decoration

သတို့သမီးလေးတွေမှာ Bridal Shower ရှိသလိုမျိုးပဲ ..သတို့သားလောင်းတို့အတွက်လည်း လူပျိုလူလွတ်ဘဝရဲ့ နောက်ဆုံးညကို သူငယ်ချင်း...
27/07/2026

သတို့သမီးလေးတွေမှာ Bridal Shower ရှိသလိုမျိုးပဲ ..

သတို့သားလောင်းတို့အတွက်လည်း လူပျိုလူလွတ်ဘဝရဲ့ နောက်ဆုံးညကို သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းရတဲ့ Bachelor Party ဆိုတာ ရှိတယ်နော် 😎

ဒီနေ့မှာတော့ ယောကျာ်းလေးတွေ သီးသန့်ပါတီလုပ်ရင် ဘာတွေလုပ်ကြလဲဆိုတာကို Sky Htoo ကပြောပြပေးသွားပါမယ်။

🍀ဂိမ်းတွေ ညလုံးပေါက် အပီအပြင်ထိုင်ဆော့ခြင်း

🍀Road Trip သွားခြင်း ( ကမ်းခြေ သို့ တခြားမြို့တစ်ခုကို Camping သွားကြပါတယ်။ )

🍀သတို့သားကို စပရိုက်တိုက် စနောက်ခြင်း ( သူငယ်ချင်းတွေ စုစီစဥ်ပြီး သတို့သားကို ရှက်အောင်၊ ကြောက်အောင် ဝိုင်းစနောက်တဲ့ အစီအစဥ်တွေလည်း လုပ်တတ်ကြပါသေးတယ်)

Bachelor Party ဆိုတာ သတို့သားတစ်ယောက်အတွက် အိမ်ထောင်သည်ဘဝ မကူးပြောင်းခင် သူငယ်ချင်းတွေနဲ့အတူ စိတ်လွတ် ကိုယ်လွတ် ပျော်ကြတဲ့ အချိန်လေးတစ်ခုပါပဲ။

ကဲ… ဝါကျွတ်ရင် လက်ထပ်တော့မယ့် သူငယ်ချင်းအတွက်ရော Bachelor Party မှာ ဘာတွေလုပ်ဖို့ Plan ထားလဲ?

Sky Htoo ရဲ့ Comment မှာပြောခဲ့ကြဦးနော် 👇

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 ( ရတီထူးဟိုတယ်တစ်ခြံကျော်)
&Decoration

မင်္ဂလာပွဲတစ်ခုမှာ အလှဆုံးတောက်ပနေရမှာက သတို့သမီးလေးတွေတင် မဟုတ်ပါဘူး။ တစ်သက်မှာတစ်ခါ အမှတ်တရနေ့ရက်လေးမှာ လိုက်ဖက်ညီညီ ခ...
24/07/2026

မင်္ဂလာပွဲတစ်ခုမှာ အလှဆုံးတောက်ပနေရမှာက သတို့သမီးလေးတွေတင် မဟုတ်ပါဘူး။ တစ်သက်မှာတစ်ခါ အမှတ်တရနေ့ရက်လေးမှာ လိုက်ဖက်ညီညီ ခန့်ညားနေဖို့ သတို့သားတွေမှာလည်း အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။

ပြီးပြည့်စုံတဲ့ သတို့သားတစ်ယောက် ဖြစ်လာဖို့အတွက် အနည်းဆုံး တစ်လအလိုမှာ ဒါလေးတွေကို ကြိုတင်ဂရုစိုက်ထားလိုက်ပါနော်။

💞Skin Care: ပွဲနေ့မှာ ကြည်လင်ကြည့်ကောင်းနေစေဖို့ အနည်းဆုံး တစ်လကြိုပြီး အစိုဓာတ်ထိန်းတာနဲ့ နေလောင်ဒဏ်ကာကွယ်တာကို ပုံမှန်လုပ်ပေးပါ။
💞Hair Style: ကိုယ်နဲ့လိုက်ဖက်မယ့် ပုံစံကို ကြိုတင်ရွေးချယ်ထားပြီး ပွဲမတိုင်ခင် တစ်ပတ်အလိုလောက်ကတည်းက အဆင်ပြေအောင် ညှပ်ထားသင့်ပါတယ်။
💞သွားနှင့်နှုတ်ခမ်းသား: တစ်နေ့လုံး ယုံကြည်မှုရှိရှိ ပြုံးနိုင်ဖို့ Scaling နဲ့ နှုတ်ခမ်းသားမခြောက်သွေ့အောင် Lip Balm လိမ်းတာမျိုး ကြိုလုပ်ထားပါ။
💞ဝတ်စုံနှင့်ခန္ဓာကိုယ်: Suit အင်္ကျီကို ခန့်ခန့်ညားညား ဝတ်ဆင်နိုင်ဖို့ အစားအသောက်နဲ့ ကိုယ်အလေးချိန်ကို ကြိုတင်ထိန်းသိမ်းထားပါ။

မင်္ဂလာခန်းမရဲ့ အလင်းရောင်အောက်မှာ သတို့သားတစ်ယောက်က စမတ်ကျကျ၊ ယုံကြည်မှုအပြည့်နဲ့ မိမိရဲ့ Suit အင်္ကျီကို သေသပ်စွာ ပြင်ဆင်ဝတ်ဆင်နေတဲ့ ထိုခဏဟာ အားလုံးရဲ့အကြည့်ကို ဖမ်းစားနိုင်မယ့် အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

အသေးစိတ်လေးတွေကအစ ကြိုတင်ပြင်ဆင်ပြီးမှ သတို့သမီးလေး အခါခါ ရင်ခုန်ရတဲ့ အခန့်ညားဆုံး သတို့သားအဖြစ် မင်္ဂလာပွဲကို စိတ်အေးချမ်းသာစွာ ဆင်နွှဲလိုက်ပါ။👰🤵

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 (ရတီထူးဟိုတယ်တစ်ခြံကျော်)

&Decoration

Wedding တွေမှာ သတို့သမီးလေးတွေ ကိုင်တဲ့ ပန်းစည်းလေးတွေက ဒီတိုင်းအလှကိုင်တယ်လို့ပဲ ထင်နေကြတဲ့သူတွေရှိလား ⁉️မင်္ဂလာပွဲမှာ ...
20/07/2026

Wedding တွေမှာ သတို့သမီးလေးတွေ ကိုင်တဲ့ ပန်းစည်းလေးတွေက ဒီတိုင်းအလှကိုင်တယ်လို့ပဲ ထင်နေကြတဲ့သူတွေရှိလား ⁉️

မင်္ဂလာပွဲမှာ ပန်းစည်းကိုင်တဲ့ ဓလေ့ဟာ သတို့သမီးကို ကံဆိုးမိုးမှောင်ကျမှုတွေကနေ ကာကွယ်ပေးပြီး ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးတယ်ဆိုပြီး ရှေးခေတ်ကတည်းက အယူရှိခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင်ကိုမှ ပန်းစည်းမှာ သုံးတဲ့ပန်းအမျိုးအစားပေါ်မူတည်ပြီးလည်း ချစ်စရာကောင်းတဲ့ အဓိပ္ပာယ်တွေလည်း ရှိသေးပါတယ်နော် .. (ဒါလေးကိုတော့ နောက်လတွေမှာ ဆက်ပြီးပြောပြပေးသွားပါမယ်)

ဒါကြောင့် .. ကိုယ့်ရဲ့အမျိုးသမီးလေးက မင်္ဂလာပန်းစည်းလေးကို အရမ်းရွေးနေတယ်ဆိုတိုင်းလည်း မငြိုငြင်ကြနဲ့နော် အမျိုးသားတို့ရေ ..👀

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 (ရတီထူးဟိုတယ်တစ်ခြံကျော်)

&Decoration

ဒီနှစ်မှာတော့ တူနှစ်ကိုယ် အတူနီးချင်ပြီဆိုတဲ့ မောင်နှံတွေက အခုမှ ဝါတွင်းပဲရှိပါသေးတယ်ဆိုပြီး အေးဆေးနေလို့မရပါဘူးနော် ..ဝ...
18/07/2026

ဒီနှစ်မှာတော့ တူနှစ်ကိုယ် အတူနီးချင်ပြီဆိုတဲ့ မောင်နှံတွေက အခုမှ ဝါတွင်းပဲရှိပါသေးတယ်ဆိုပြီး အေးဆေးနေလို့မရပါဘူးနော် ..

ဝါတွင်းကာလမှာ မင်္ဂလာပွဲတွေ မကျင်းပကြဘူးဆိုပေမယ့် .. ဒီအချိန်ဟာ စိတ်ကူးထဲက Wedding လေး ‌တစ်ခုဖြစ်လာဖို့ ပြင်ဆင်လို့ အကောင်းဆုံးအချိန်ပါပဲ။

အခုကတည်းက ကြိုတင် Plan မချထားဘူးဆိုရင် အနားနီးမှ Hotel Booking မရတာ၊ Wedding Studio တွေမှာ Bookingပြည့်နေတာ စသဖြင့် ဂယက်ပေါင်းသောင်းခြောက်ထောင်ကို ကြုံတွေ့ရနိုင်ပါတယ်။

ပွဲနားနီးမှ ကပြာကယာ ပြင်ဆင်ရတဲ့ စိတ်ဖိစီးမှုတွေ မရှိရအောင် အခုကတည်းက မင်္ဂလာပွဲ ကုန်ကျစရိတ်၊ လူဦးရေ၊ Location စတာတွေကို အရင်စဉ်းစားပြီး Sky Htoo နဲ့ ကြိုတင်ဆွေးနွေး တိုင်ပင်ထားလိုက်တော့နော် မောင်နှံတို့ရေ … ✨💐

𝐽𝑢𝑠𝑡 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 𝑓𝑜𝑟 𝑦𝑜𝑢𝑟 𝑟𝑜𝑚𝑎𝑛𝑡𝑖𝑐 𝑚𝑒𝑚𝑜𝑟𝑖𝑒𝑠 ♡︎

☎️ 𝟬𝟵 𝟳𝟵𝟯 𝟭𝟭𝟲 𝟳𝟵𝟯
📍𝗦𝗺𝗶𝗹𝗲 𝗛𝘁𝗼𝗼 𝗖𝗮𝗳𝗲' 𝗔𝗻𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 (ရတီထူးဟိုတယ်တစ်ခြံကျော်)

&Decoration

Address

Myaungmya

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959793116793

Website

Alerts

Be the first to know and let us send you an email when SKY HTOO Wedding & Event Planning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SKY HTOO Wedding & Event Planning:

Shortcuts

Share