𝚃𝚊𝚕𝚕𝚎𝚢 - Florist

𝚃𝚊𝚕𝚕𝚎𝚢 - Florist အလှစိုက် ပန်းမျိုးစေ့များကို ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်ရှင့်🩷

နေကြိုက် ရေကြိုက်ပီး အကြမ်းခံတဲ့ Butter daisy မျိုးစေ့လေးရပါမယ်ရှင့်အောက်ကပုံတွေက မျိုးစေ့ကိုစိုက်ပြီးရလာတဲ့အပြင်ပုံလေးတ...
26/07/2026

နေကြိုက် ရေကြိုက်ပီး အကြမ်းခံတဲ့ Butter daisy မျိုးစေ့လေးရပါမယ်ရှင့်

အောက်ကပုံတွေက မျိုးစေ့ကိုစိုက်ပြီးရလာတဲ့အပြင်ပုံလေးတွေပါနော်
အပွင့်တွေအားရပါးရ မြိုင်နေအောင်ပွင့်တာမျိုးမှသဘောကျရင် ဒါလေးစိုက်💛

မျိုးစေ့တစ်ထုတ် ၅၅၀၀ ကျပ်

မုံရွာမှ မြို့အများစု အိမ်ရောက်ငွေချေ

မှာယူပြီး 7/10 ရက်အတွင်း ပို့ပေးပါတယ်

မှာယူပြီး cancelခြင်း သည်းခံပါရှင် ❌❌❌

Page messenger သို့ ဆက်သွယ်မှာယူနိုင်ပါတယ်

အရမ်းလှတဲ့ Tiger Lily ပန်းမျိုးဥလေးတွေမှာလို့ရပြီနော်100g 17500ကျပ်(3- 5 ဥဝန်းကျင် ပါပါမယ်ရှင်)Tiger lilyလေးတွေက ပူနွေးစ...
19/07/2026

အရမ်းလှတဲ့ Tiger Lily ပန်းမျိုးဥလေးတွေမှာလို့ရပြီနော်
100g 17500ကျပ်
(3- 5 ဥဝန်းကျင် ပါပါမယ်ရှင်)

Tiger lilyလေးတွေက ပူနွေးစိုစွတ်တဲ့ရာသီဥတုကိုကြိုက်တာကြောင့် နေရောင်ရပြီးရေဆင်းကောင်းတဲ့မြေနေရာမျိုးမှာစိုက်ဖို့ သင့်တော်ပါတယ်ရှင်

မျိုးဥဖြစ်တာကြောင့် ပေါက်နှုန်းစိတ်ချရပါတယ်နော်🧡

မုံရွာမှ မြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး ၇/၁၀ ရက်အတွင်း ပို့ပေးပါတယ်။

မှာယူပြီး Cancel ခြင်း သည်းခံပါရှင်

Page messenger သို့ ဆက်သွယ်မှာယူနိုင်ပါတယ်

မျိုးစေ့တကာ့မျိုးစေ့ထဲမှာ ဒီဘေဘီကြာလေးက စိုက်ရအလွယ်ဆုံးဆိုတာ ယုံ😇Baby lotusလေးတွေ ပြန်ရပြီနော်ငွေ 6500 ကျပ်တည်းနဲ့ Babyက...
18/07/2026

မျိုးစေ့တကာ့မျိုးစေ့ထဲမှာ ဒီဘေဘီကြာလေးက စိုက်ရအလွယ်ဆုံးဆိုတာ ယုံ😇

Baby lotusလေးတွေ ပြန်ရပြီနော်

ငွေ 6500 ကျပ်တည်းနဲ့ Babyကြာ လှလှလေးတွေ ပျိုးနိုင်ပါပြီ

အရွက်သေးသေး၊ အပွင့်သေးသေးလေး​နဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Baby Lotus လေးတွေဟာဆိုရင် မြန်မာအယူအဆမှာလည်း ကျက်သရေနဲ့ပြည့်စုံခြင်းကို ဖော်ပြတဲ့ ပန်းလေးပါ

Thailand import ဖြစ်လို့ အရည်အသွေး၊ ပေါက်နှုန်းပိုင်းလည်း စိတ်ချရပါတယ်ရှင့်။

အရောင်အနေနဲ့ အဖြူရောင်၊ ပန်းရောင် အရောပါမှာပါရှင့်

မျိုးစေ့ 3စေ့ပါတစ်ထုတ် ~ 6500 ကျပ်
ကြာအားဆေး တစ်ထုတ် ~ 4500 ကျပ်

စိုက်နည်းလေးပါ ပြောပြပေးမယ်နော်

ကြာစေ့စိုက်နည်း

မစိုက်ခင် အညှောင့်ထွက် မြန်အောငျ အညှောင့်ထွက်မယ့်နေရာလေးကို တံစဉ်း/အဆင်ပြေရာ နဲ့ ဖြတ်ပေးရပါတယ်ရှင့်။

1. ကြက်သီးနွေးရေလေးထဲ ကြာစေ့ကိုထည့်စိမ်ပါ။

2. အပင််အညှောင့်နုလေးများ ထွက်လာလျှင် နေရောင်အပြင်းမပြမိအောင်သတိပြုပါ။

3. ၃ ရက်တစ်ခါ ရေလဲပါ။ ရေမလဲပါက ထွက်လာသော အပင်အညှောင့်လေးများရိတတ်ပါသည်။

4. ၁၄ ရက်ဝန်းကျင်ခန့်တွင် ကြာရွက်လေးများပြန့်လာပါမည်။ထိုအချိန်မှ နေရောင်6 နာရီဝန်းကျင်ပြပေးပါ။

5. အလင်းနှင့်နေရောင် အသင့်အတင့်ဝင်သောနေရာတွင်ထား၍စိုက်ပါ (အပင်ကြီးလာမှ နုန်း မြေထည့်ပါ)

ကြာအားဆေးသီးသန့်ဝယ်ကျွေးလို့ရသလို အာလူးကိုစိတ်၍၎င်း၊ ဆားခါးထည့်၍၎င်း အိမ်တွင်းနည်းများဖြင့်လည်း အပင်သန်အောင်ကျွေးလို့ရပါတယ်ရှင့်။

မုံရွာမှ မြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး 7/10ရက်အတွင်း ပို့ပေးပါတယ်။

မှာယူပြီး Cancel ခြင်း သည်းခံပါရှင်

Page messenger သို့
ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

ဒေါင်းဖန်ဝါ (Zinnia)စိုက်ရလွယ်ပြီး အပူပိုင်းတွေမှာလည်း စိုက်လို့အဆင်ပြေတဲ့ဒေါင်းဖန်ဝါလေးပါရှင့်နေရောင်ကြိုက်ပြီး တစ်နွေလ...
17/07/2026

ဒေါင်းဖန်ဝါ (Zinnia)

စိုက်ရလွယ်ပြီး အပူပိုင်းတွေမှာလည်း စိုက်လို့အဆင်ပြေတဲ့
ဒေါင်းဖန်ဝါလေးပါရှင့်

နေရောင်ကြိုက်ပြီး တစ်နွေလုံးအပွင့်မပြတ်ပါဘူးနော်

အရောင်ရောမျိုးစေ့တစ်ထုတ် ၅၅၀၀ ကျပ်

မုံရွာမှ မြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး ၇/၁၀ ရက်အတွင်း ပို့ပေးပါတယ်။

မှာယူပြီး Cancel ခြင်း သည်းခံပါရှင်

Page messenger သို့ ဆက်သွယ်မှာယူနိုင်ပါတယ်

Edit : ကုန်အပင်ပုပုလေးနဲ့ ချစ်စရာကောင်းတဲ့ pentasလေးတွေ❤မျိုးစေ့တစ်ထုတ် ၆၅၀၀ ကျပ်နဲ့ pageမှာ မှာယူလို့ရပါတယ်ရှင်
06/07/2026

Edit : ကုန်

အပင်ပုပုလေးနဲ့ ချစ်စရာကောင်းတဲ့ pentasလေးတွေ❤

မျိုးစေ့တစ်ထုတ် ၆၅၀၀ ကျပ်နဲ့ pageမှာ မှာယူလို့ရပါတယ်ရှင်

ထူးခြားပြီး ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်နဲ့ ပန်းလေး Pancy (Thailand import) ပြန်ရပါပြီရှင်ပစ္စည်းပြတ်နေတာတော်တော်ကြာပြီန...
23/06/2026

ထူးခြားပြီး ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်နဲ့ ပန်းလေး Pancy (Thailand import) ပြန်ရပါပြီရှင်

ပစ္စည်းပြတ်နေတာတော်တော်ကြာပြီနော် ဒါလေးက

သူ့ရဲ့အပွင့်လေးတွေက ပွင့်ဖတ် 5ဖတ်ပါပြီး 1/2 လက်မခန့်ရှိပါတယ်။

အပင်ပုမျိုးမို့ အိုးလေးနဲ့လည်း စိုက်လို့ရတယ်နော်

ရောင်စုံအရော 15စေ့ဝန်းကျင်ပါ မျိုးစေ့တစ်ထုတ် ~ 6500 ပါရှင့်။

အပင်လေးတွေအတွက် လိုအပ်တဲ့ အားေဆးတွေပါ တစ်ခါတည်းလိုချင်ရင်လည်း

အပင်အားဆေး 4500 ကျပ်
အပွင့်အားဆေး 4500 ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

မုံရွာမှ မြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး 7/10 ရက်အတွင်း ပို့ပေးပါတယ်။

မှာယူပြီး Cancel ခြင်း သည်းခံပါရှင်

Page messenger မှတစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။

Pentas ပန်းပင်လေးဟာ သူ့ရဲ့ ကြယ်ပုံစံ ပန်းပွင့်လေးတွေကြောင့် လူကြိုက်များသလို မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း အလွန်ကိုက်ည...
03/06/2026

Pentas ပန်းပင်လေးဟာ သူ့ရဲ့ ကြယ်ပုံစံ ပန်းပွင့်လေးတွေကြောင့် လူကြိုက်များသလို မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း အလွန်ကိုက်ညီတဲ့ ပန်းပင်မျိုး ဖြစ်ပါတယ်ရှင်

မျိုးစေ့တစ်ထုတ် ၆၅၀၀ ကျပ်

Pentas ပန်းပင်ရဲ့ စိုက်ပျိုးချိန်နဲ့ ပန်းပွင့်ချိန်🌱🌸

၁။ ပန်းပွင့်ချိန် 🌸
Pentas ရဲ့ အားသာချက်ကတော့ တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်တာ ဖြစ်ပါတယ်။ ရာသီမရွေး: စနစ်တကျ ဂရုစိုက်မယ်ဆိုရင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးပွင့်ပါတယ်။ အလင်းရောင် ကောင်းကောင်းရပြီး အပူချိန် တည်ငြိမ်တဲ့ နွေဦးနဲ့ နွေရာသီ တွေမှာ ပန်းပွင့်အား အကောင်းဆုံး ဖြစ်ပါတယ်။

၂။ ဒီပန်းပင်ဟာ အပူပိုင်းဒေသပေါက် အပင်မျိုးဖြစ်လို့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အရမ်းအဆင်ပြေပါတယ်။နေရောင်ခြည်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့ကို အနည်းဆုံး နေရောင် ၆ နာရီခန့် ရရှိရင် ပန်းပွင့်အား ပိုကောင်းပါတယ်။ အေးလွန်းတဲ့ ဒေသတွေထက် ပူနွေးစိုစွတ်တဲ့ ဒေသတွေမှာ ပိုမိုဖြစ်ထွန်းပါတယ်။
မိုးများတဲ့အချိန်မှာ ရေဝပ်တာကို မကြိုက်ပါဘူး။ ရေဆင်းကောင်းတဲ့ မြေမျိုးရှိဖို့ အရေးကြီးပါတယ်။

၃။ Pentas ပင်ကို အမြဲလှနေစေချင်ရင် ဒါလေးတွေ လုပ်ပေးဖို့ လိုပါတယ်-
• ပန်းဟောင်းဖြတ်ပေးခြင်း (Deadheading): ပန်းပွင့်တွေ ညှိုးသွားတဲ့အခါ အဲ့ဒီအညှာကို ဖြတ်ထုတ်ပေးပါ။ ဒါမှ အောက်ကနေ အကိုင်းသစ်တွေ ထွက်လာပြီး ပန်းအသစ်တွေ ထပ်ပွင့်မှာပါ။
• ရေလောင်းခြင်း: မြေမျက်နှာပြင် ခြောက်သွေ့မှ ရေလောင်းပါ။ အပင်ခြေကိုပဲ လောင်းပေးတာ ပိုကောင်းပါတယ်။
• မြေသြဇာ: ပန်းပွင့်အားကောင်းစေတဲ့ ပိုတက်စီယမ် (Potassium) ပါဝင်တဲ့ မြေသြဇာကို တစ်လတစ်ကြိမ်လောက် ကျွေးပေးနိုင်ပါတယ်။

မုံရွာမှမြို့အများစု အိမ်ရောက်ငွေချေပါရှင်

09977408411

အစောကြီးကတည်းက အိမ်ရောက်ငွေချေမရပါဘူး ဂိတ်ချ/စာတိုက်ပို့ပဲရပါတယ်လို့လည်း ပြောထားတယ်သူ့ဘက်က စာတိုက်နဲ့ပို့ဖို့ အဆင်ပြေတယ်...
29/05/2026

အစောကြီးကတည်းက အိမ်ရောက်ငွေချေမရပါဘူး
ဂိတ်ချ/စာတိုက်ပို့ပဲရပါတယ်လို့လည်း ပြောထားတယ်

သူ့ဘက်က စာတိုက်နဲ့ပို့ဖို့ အဆင်ပြေတယ်ဆိုလို့ ဆက်ပြီးတော့လည်း မေးသမျှဖြေပေးတယ်

နောက်ဆုံးငွေလွှဲဖို့ totalပေါင်းပေးတော့မှ ငွေကြိုလွှဲရမှာမို့မယူတော့ဘူးတဲ့လေ🙄

ဂိတ်ချ/စာတိုက်ပို့ကို ပစ္စည်းရောက်မှငွေရှင်းရတဲ့ online shoppingလေးများရှိရင် လက်တို့ပါဦး

ကိုယ်ကသဘောကောင်းပြီး ဂိတ်အရင်တင်ပေးလိုက်တယ်
ပစ္စည်းလည်းရောက်ရော ငွေမလွှဲတဲ့အပြင် blockပါသွားရော
ဒီလိုတွေလည်းကျွန်မကြုံဖူးပါတယ်နော်

အဲ့တော့ကျွန်မဆီ၀ယ်ပြီး ငွေလွှဲပြီးကာမှ ပစ္စည်းမပို့တာတို့
ငွေလွှဲပြီးမှ blockသွားတာတို့ရှိရင် ကြိုက်သလို၀င်မန့်နိုင်ပါတယ်ရှင်🤧

ဒီတစ်ယောက်မ၀ယ်သွားလို့ ဘာမှမဖြစ်ပေမယ့် ယုံကြည်မှုနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် ဒီလိုကြီးကပ်ဖြုတ်သွားတော့ ကိုယ့်pageကိုပဲအလိမ်ထင်နေသလို ခံစားရပါတယ်

pageထောင်ထားတဲ့သက်တမ်းလည်း ကြည့်ပါဦးလို့ နော်

Rain Lily  ဆိုတဲ့ပန်းလေးရဲ့ အဓိပ္ပာယ်က“မျှော်လင့်ခြင်း”  “အသစ်ပြန်စခြင်း” နဲ့ “တိတ်ဆိတ်တဲ့အလှ” ကို ကိုယ်စားပြုပါတယ်မိုးရ...
24/05/2026

Rain Lily ဆိုတဲ့ပန်းလေးရဲ့ အဓိပ္ပာယ်က
“မျှော်လင့်ခြင်း” “အသစ်ပြန်စခြင်း” နဲ့ “တိတ်ဆိတ်တဲ့အလှ” ကို ကိုယ်စားပြုပါတယ်

မိုးရွာပြီးမှ ပွင့်တတ်တဲ့ပန်းလေးဖြစ်လို့
အခက်အခဲတွေပြီးသွားရင် လှပမှုတွေ ရောက်ရှိလာမယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရှိပါတယ်ရှင် ✨

အခုမင်မင်က rain lily (မိုးကြိုးပန်း) လေးတွေကိုမှ ရောင်စုံလေးစိုက်ချင်တဲ့သူတွေအတွက် rain lily ရောင်စုံမျိုးဥလေးတွေ ရောင်းပေးပါမယ်ရှင်

rain lily ရောင်စုံမျိုးဥ 100g 15500 ကျပ်
(ဥ ၃၀ ၀န်းကျင် ပါပါမယ်ရှင်)

မှာယူပြီး 7ရက်ကနေ 10 ရက်အတွင်းပို့ပေးပါတယ်ရှင့်

မှာယူပြီး Cancel ခြင်းသည်းခံပါရှင်။

messenger (သို့) ph 09977408411 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

Address

Monywa

Website

Alerts

Be the first to know and let us send you an email when 𝚃𝚊𝚕𝚕𝚎𝚢 - Florist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category