May's Aesthetic

May's Aesthetic မုံရွာမှ ပန်းမျိုးစေ့အစုံအလင် လက်လီ/လက္ကားရောင်းချပေးနေပါပြီ။
🚚 Royal/Arlupost ဖြင့် မြို့အများစုကို အိမ်အရောက်ငွေချေ ပို့ဆောင်ပေးနေပါသည်။

17/08/2026
ငယ်ငယ်က bio မှာ သင်ခဲ့ရတဲ့ ထူးထူးဆန်းဆန်း အင်းစက်စားပင်လေး 🐛♥️Venus Flytrapမြန်မာအမည် - နတ်သမီးထောင်ချောက်အင်္ဂလိပ်အမည် ...
16/08/2026

ငယ်ငယ်က bio မှာ သင်ခဲ့ရတဲ့ ထူးထူးဆန်းဆန်း အင်းစက်စားပင်လေး 🐛♥️

Venus Flytrap

မြန်မာအမည် - နတ်သမီးထောင်ချောက်
အင်္ဂလိပ်အမည် - Venus Flytrap
သိပ္ပံအမည် - Dionaea musipula

သူ့ကို Venus Flytrapအပြင်
-Meadow calms
-Tipitiwitchet
-Tippity twitchetလို့လည်း ခေါ်ကြပါသေးတယ်ရှင့်။

• Carnivorous/Insectivorous flowering plants (အသားစား/အင်းဆက်စားပန်းပင်)အမျိုးအစားဖြစ်ပါတယ်။
• တောရိုင်းပင်တွေထဲမှာတော့ မျိုးသုဉ်းလုနီးပါးမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။
• garden useအတွက်ဆို ရေရော မိုးရေရောနဲ့သင့်တော်တာမို့ တော်တော်များများကြိုက်ကြပါတယ်။
• Indoor useအတွက်ဆိုလည်း ပြုစုရမခက်ခဲတာကြောင့် ယောကျ်ားလေးအများစုပိုကြိုက်နှစ်သက်ကြတာတွေ့ပါတယ်။

■ ဝိသေသလက္ခဏာများ (characteristics)

အပင်အမျိုးအစား - Herb (ပျိုးပင်)
သက်တမ်း - Perennial
(အများဆုံးသက်တမ်းမှာ နှစ် ၂၀ ဖြစ်ပါတယ်)
ပန်းပွင့်ချိန် - နွေဦး၊ နွေ၊ ဆောင်းဦး
အပင်အမြင့် - ၁၀-၁၅စင်တီမီတာ
အပင်အပြန့် - ၁၅-၂၀စင်တီမီတာ
ပန်းပွင့်အရွယ်အစား - ၃စင်တီမီတာ
ပန်းပွင့်အရောင် - အဖြူ၊ အစိမ်း၊ အဝါ

■ မူရင်းဒေသ (Native)

- မြောက်အမေရိကတိုက် ကာရိုလိုင်းနားဒေသတွင် သဘာဝအတိုင်း ပေါက်ရောက်သောအပင်ဖြစ်ပါတယ်။
- ဗွက်မြေများ၊ စိုစွတ်တဲ့နေရာတွေ တောတွေထဲမှာတွေ့နေရဆဲဖြစ်ပါတယ်။

■ Indoorမှာ ဘယ်လိုပွားစာမျိုးနဲ့စိုက်ရင်သင့်သလဲ?

- အမြဲစိုစွတ်တဲ့နေရာမျိုး၊ ပွားစာမျိုးမှာစိုက်ရပါတယ်။
- ရေညှိ၊ အုန်းဆံ perlite၊ mossတွေနဲ့စိုက်ပေးတာအကောင်းဆုံးပါ။
- အိမ်အတွင်း စိုက်လိုသူတွေ အနေနဲ့ကတော့ Grow lightမီးနဲ့စိုက်နိုင်သလို အလင်းအားကောင်းတဲ့မီးလုံး/မီးချောင်းများထွန်းပေးပြီးလည်းစိုက်ပျိုးနိုင်ပါတယ်။

■ မြေ

- မြေသြဇာမကောင်းသောမြေသား ၊low nutrient soil တွင်ပေါက်ရောက်သောအပင်အမျိုးအစားဖြစ်ပြီးစိုက်ပျိုးပါက acidic soil အက်စစ်ဆန်သောအောက်ခံမြေသားကို ဖန်တီးပြီးစိုက်ပျိုးကြပါသည်။
🚫 အယ်ကာလီဆန်သောမြေmineral ဓာတ်များပြည့်ဝသောမြေတွင် စိုက်ပျိုး၍မရပါ။

■ ရေလောင်းခြင်း

- အပင်လေးတွေက ရေညှိအမြဲစိုစွတ်နေတာကိုသဘောကျတာမို့ အပင်အိုးရဲ့အောက်ခြေမှာ ပန်းကန်ချပ်လေးထားပြီးသောက်ရေသန့်ဖြည့်ဖြည့်ပေးခြင်းနည်းဖြင့် အပင်ကိုရေပေးနိုင်ပါတယ်။
- ရေလောင်းပါက မိုးရေ distilled water နှင့် သန့်သောရေကို အပင်အောက်ခြေမြေသားကို စိုစွတ်အောင်လောင်းပေးရန်လိုအပ်ပါသည်။
🚫 Mineral ဓာတ်များသောရေ မလောင်းသင့်ပါ။

■ နေရောင်ခြည်

- နေရောင်ခြည်ကြိုက်တဲ့အပင်ဖြစ်ပါတယ်။
- မနက်ခင်းနေရောင်ခြည်ကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။
- နေရောင်ခြည်ကို တနေ့လုံး၄နာရီပြသင့်ပါတယ်။
- Indoor စိုက်ပျိုးပါကအလင်းရောင် အနည်းငယ်ပေးရန်လိုအပ်ပါသည်။
🚫 Outdoorမှာတော့ နေပြင်းပြင်းကျရောက်တဲ့နေရာတွေမှာမထားသင့်ပါ။

■ အစာကျွေးခြင်း

- သူတို့စားတဲ့ အင်းဆက်လေးတွေကနေပဲ လိုအပ်တဲ့အာဟာရအပြည့်အဝရပြီးသားဖြစ်ပါတယ်။
- တစ်ခြားဆေးတွေဘာတွေထပ်ပြီးကျွေးစရာမလိုပါဘူး။
⚠️အစာကျွေးတာပါးစပ်မပိတ်တဲ့အခါ အစာမကျွေးမီရေဖြန်းဗူးလေးနဲ့အသာဖြန်းပြီးမှကျွေးကြည့်ပါ။ ချက်ချင်းပါးစပ်ပိတ်ပြီးစားပြပါလိမ့်မယ်။

■ သတိပြုရန်အချက်များ

- ထောင်ချောက်တစ်ခုစီသည် အစာကို ၃ ကြိမ်မှ ၆ ကြိမ်အထိ အများဆုံးစားပြီးသောအခါ ခြောက်သွေ့ပြီး သေဆုံးသွားမြဲ ဖြစ်ပါသည်။
- ထို့နောက် အပင် အလယ်မှ အညှောင့်အသစ်များထွက်လာပြီး တဖန်ပြန်လည် အရွက်ဖြစ်လာပါသည်။
- အရွက်မည်းသွားခြင်းသည် အာဟာရ ပြည့်ဝသွားသောကြောင့် သေဆုံးသွားခြင်းဖြစ်ပါသည်။
- မူလ အပင်သေဆုံးခြင်း မဟုတ်ပဲ အပင်၏ အရွက်တစ်ခု သေဆုံးခြင်းဖြစ်ပါသည်။

🚫 ထို့ကြောင့် အလှစိုက်ပါက မလိုအပ်ပဲထောင်ချောက်ထဲ လက်ဖြင့် အစာထည့်ကျွေးခြင်း အကြိမ်များစွာမလုပ်သင့်ပါ။
- အနံ့ဆိုး မထွက်သော အပင်ဖြစ်ပါသည်။
- ကလေးငယ်များအား အန္တရာယ် မပြုပါ။
- အသား မကျွေးရပါ။
- အမှောင်ထဲတွင် အမြဲမထားရပါ။
- လက်ဖြင့် ထောင်ချောက်အပိတ်အဖွင့်မလုပ်ရပါ။
- ပိုးသတ်ဆေးရည်များ မလောင်းရပါ။

■ မျိုးပွားခြင်း

- နတ်သမီးထောင်ချောက်အပင်ကို အရွက်မှ မျိုးပွားလိုပါက အရွက်ကို အောက်ခြေအထိပါအောင် ဖဲ့၍ သတ်မှတ်မြေအနေအထားတွင် စိုက်ပျိုးပါက အပင်ငယ်များ ပြန်ပေါက်လာပါတယ်။
- အကောင်းဆုံး မှာ အပင်အပွင့်ပွင့်သောအရွယ်တွင် အပွင့်ပွင့်သော ရိုးတံကို ဖြတ်မပစ်ဘဲ အပွင့်ခြောက်သွေ့ပြီး အစေ့များ ဖြစ်သောအခါ စနစ်တကျစုဆောင်း၍ ပြန်လည်စိုက်ပျိုးနိုင်ပါတယ်။

■ ၀ယ်ခါစမှာဘယ်လိုပြုစုသင့်သလဲ?

dormancy ကာလ ငုပ်နေသောကာလတွင် အပင်သည် အရွက်များ ခြောက်သွေ့ခြင်း၊အရွက်များသေဆုံးခြင်း အမြဲဖြစ်တတ်ပါသည်။အလင်းရောင် ပေးရန်လိုအပ်ပါသည်။ဝယ်ယူကာစ နတ်သမီးထောင်ချောက်ပင်ကို နေရောင်ပေးပြီး မိုးရေ လောင်းရန်လိုပါသည်။ထိုအခါမှ ပြန်လည် လန်းဆန်းလာပါမည်။

■ အပင်ရဲ့သားကောင်ဖမ်းဆီးဖျက်စီးပုံအဆင့်ဆင့်

- အင်းဆက်လိုမျိုးသားကောင်တွေကို အမွေးနုပုံအာရုံခံဆင်ဆာပါတဲ့ လက်သည်းပုံစံ(claw-shaped)သစ်ရွက်
ထောင်ချောက်တွေကနေ အနံ့ချိုမွှေးပန်း၀တ်ရည်တွေထုတ်ပြီး မြူကြပါတယ်။
- သူတို့ကသားကောင်တွေကို
1) Attract ,
2) Kill ,
3) Digestစတဲ့လုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်ပါတယ်။
- သားကောင်ကသူတို့ကိုထိလိုက်တာနဲ့ စက္ကန့်ရဲ့၁၀ပုံ၁ပုံအချိန်အတွင်းမှာ electrical signal triggersများကြောင့် တိုက်ခိုက်ဖို့စတင်လာပါတယ်။
- ထောင်ချောက်ထဲသားကောင်မိသွားတဲ့အခါမှာတော့ အပင်ရဲ့ အစာချေဖျက်ဂလင်းတွေကနေ သားကောင်ရဲ့ အရည်ရွှမ်းတဲ့အပိုင်းတွေကို စုပ်ယူစားသောက်ကြပါတယ်။
- နောက်တော့ အစာအာဟာရတွေကိုစုပ်ယူလိုက်ပါတယ်။
ဒီလိုနည်းနဲ့ပဲ သားကောင်တွေကိုဖမ်းဆီးစားသောက်ပါတယ်။

(မင်မင်တို့ကို Dataအသုံးပြုခွင့်ပေးတဲ့ ညီမလေးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်)

15/08/2026

ဒီရက်ပိုင်း အရောင်းနည်းနည်းပါးတယ်နော်

အရမ်းလှပြီး ထည်ဝါတဲ့ ခတ္တာပန်းလေးတွေ🧡❤🤍မျိုးဥမို့ ပေါက်နှုန်း100% စိတ်ချရပါတယ်ရှင်ခတ္တာ‌ ရောင်စုံမျိုးဥ 100g 17500 ကျပ်ဥ...
13/08/2026

အရမ်းလှပြီး ထည်ဝါတဲ့ ခတ္တာပန်းလေးတွေ🧡❤🤍

မျိုးဥမို့ ပေါက်နှုန်း100% စိတ်ချရပါတယ်ရှင်

ခတ္တာ‌ ရောင်စုံမျိုးဥ 100g 17500 ကျပ်

ဥအကြီးအသေးပေါ်မူတည်ပြီး 3/4ဥကနေ 7/8ဥထိ ပါနိုင်ပါတယ်ရှင်

အားဆေးလေးတွေပါ လိုချင်ရင်လည်း

အပင်အားဆေး 5000
အပွင့်အားဆေး 5000 ကျပ်ဖြင့် မှာယူနိုင်ပါတယ်ရှင့်။

မုံရွာမှမြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး ၇/၁၀ ရက်အတွင်း ပို့ပေးပါတယ်ရှင့်။

မှာယူပြီး cancel ခြင်း သည်းခံပါရှင်

Page messengerသို့ ဆက်သွယ်မှာယူနိုင်ပါတယ်နော်

🌱 ပန်းမျိုးစေ့များ ဝယ်ယူအားပေးနေကြသော ပန်းချစ်သူမိတ်ဆွေများအတွက် အသိပေးမေတ္တာရပ်ခံချက် 💚မင်္ဂလာပါရှင်။ မင်မင်တို့ရဲ့ ပန်...
12/08/2026

🌱 ပန်းမျိုးစေ့များ ဝယ်ယူအားပေးနေကြသော ပန်းချစ်သူမိတ်ဆွေများအတွက် အသိပေးမေတ္တာရပ်ခံချက် 💚

မင်္ဂလာပါရှင်။ မင်မင်တို့ရဲ့ ပန်းမျိုးစေ့လေးတွေကို ယုံကြည်စွာဖြင့် အားပေးဝယ်ယူနေကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မင်မင်တို့၏ ပန်းမျိုးစေ့များကို ထိုင်းနိုင်ငံမှ တိုက်ရိုက်တင်သွင်းထားခြင်းဖြစ်ပြီး၊ အရည်အသွေးမြင့်မားစေရန်အတွက် စနစ်တကျ စစ်ဆေးရွေးချယ်၍ ဂရုတစိုက် ပို့ဆောင်ပေးလျက်ရှိပါတယ်။ သို့သော်လည်း အပင်မျိုးစေ့များသည် "သက်ရှိအရာဝတ္ထုများ" ဖြစ်သည့်အတွက်ကြောင့် သယ်ယူပို့ဆောင်ချိန် ကြာမြင့်ခြင်းနှင့် လမ်းခရီးအခြေအနေ အပြောင်းအလဲများကြောင့် ပျက်စီးဆုံးရှုံးမှုအနည်းငယ် ရှိလာနိုင်ပါသည်။ ထိုသို့သော မလိုလားအပ်သည့် အခြေအနေမျိုး ကြုံတွေ့ရပါကလည်း မင်မင်တို့အနေဖြင့် အထူးစိတ်မကောင်းဖြစ်ရပြီး ကြိုတင်တောင်းပန်အပ်ပါတယ်။

ထို့ပြင် အပင်ပေါက်နှုန်းနှင့် ပတ်သက်၍လည်း အောက်ပါအချက်များကို မိတ်ဆွေတို့ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် -

ရာသီဥတုနှင့် ဒေသအခြေအနေ - ပန်းမျိုးစေ့တစ်ခုချင်းစီ၏ ပေါက်ရောက်နိုင်မှုသည် အပင်မျိုးစိတ်၊ မြေဆီလွှာ၊ အပူချိန်နှင့် စိုထိုင်းဆတို့အပေါ် များစွာမူတည်ပါသည်။ ဒေသတစ်ခုနှင့်တစ်ခု၊ ရာသီဥတုတစ်ခုနှင့်တစ်ခု မတူညီသည့်အတွက် အပင်ပေါက်နှုန်း ကွာခြားမှုရှိနိုင်ပါသည်။

ပြုစုမှုပုံစံ - ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ အပင်ပေါက်ခြင်း၊ မပေါက်ခြင်း (သို့) ပုပ်သွားခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် မိတ်ဆွေတို့အနေဖြင့် စိုက်ပျိုးမည့် ပတ်ဝန်းကျင်ကို သင့်လျော်စွာ စီမံပေးရန် လိုအပ်ပါသည်။

မင်မင်တို့အနေဖြင့် မိတ်ဆွေတို့၏ အားပေးမှုတိုင်းကို တန်ဖိုးထားပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် အမြဲကြိုးစားနေပါတယ်။ မိတ်ဆွေတို့၏ နားလည်မှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။

အဆင်ပြေချောမွေ့သော စိုက်ပျိုးခြင်း အတွေ့အကြုံများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 🌸

မုံရွာမိုးတေ အရမ်းရွာတယ်ရှင်
11/08/2026

မုံရွာမိုးတေ အရမ်းရွာတယ်ရှင်

မြန်မာလူမျိုးတွေရဲ့အထွဋ်အမြတ်ထားရာတစ်ခုဖြစ်ပြီး ကျက်သရေ အဖြာဖြာ ပြည့်စုံခြင်းဆိုတဲ့အဓိပ္ပါယ်လေးနဲ့ Baby Lotus လေး 🪷ကြာပိ...
10/08/2026

မြန်မာလူမျိုးတွေရဲ့အထွဋ်အမြတ်ထားရာတစ်ခုဖြစ်ပြီး ကျက်သရေ အဖြာဖြာ ပြည့်စုံခြင်းဆိုတဲ့အဓိပ္ပါယ်လေးနဲ့ Baby Lotus လေး 🪷

ကြာပိစိလေးဆိုတော့ super duper cute ပေါ့နော်

Bowl size လေးနဲ့ကွက်စတိပါရှင်

Price 7500 ks🥰

အပင်ပေါက်နှုန်း 80% ရှိပါတယ်ရှင့်

အပင်လေးတွေကို မိမိမြတ်နိုးတဲ့သူတွေဆီ surprise giftလေးတွေပေးပို့ချင်တယ်ဆိုရင် လဲ သေချာ ထုတ်ပိုးပြီးပို့ပေးပါ့မယ်ရှင်

Surprise gift လေးအတွက်ကတော့ မျိုးစေ့တန်ဖိုးငွေလွှဲပြီးတာနဲ့ Confrim ဖြစ်ပါပြီရှင့်

ကိုယ်တိုင်စိုက်ချင်လို့မှာချင်တယ်ဆိုရင်တော့မုံရွာကနေ တစ်နိုင်ငံလုံးအိမ်အရောက်ငွေချေပို့ပါတယ်ရှင့်

ငွေကြိုလွှဲစရာလုံးဝ (လုံးဝ) မလိုဘဲ ပစ္စည်းရောက်မှ ငွေချေစနစ်ဆိုတော့ လိမ်ခံရမှာ စိတ်ပူစရာမလိုဘဲ စိတ်ချမ်းသာရပြီပေါ့

မှာယူပြီး 7ရက်ကနေ 10 ရက်အတွင်းပို့ပေးပါတယ်ရှင့် မှာယူပြီး Cancel ခြင်းသည်းခံပါရှင်

ငွေလည်းကြိုယူထားတာမဟုတ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှုလေးရှိအောင်ပါရှင့်

ဆက်သွယ်မှာယူလိုပါက

နာမည်
ဖုန်း
လိပ်စာ အပြည့်အစုံဖြင့်

Chat box မှ ဆက်သွယ်၍ မှာယူနိုင်ပါတယ်ရှင့်

မင်မင့်ဆီမှာရနိုင်တဲ့ ပန်းမျိုးစေ့ မျိုးဥ အမျိုးအစားပေါင်း 50 ကျော်ကို ဈေးလေးနဲ့တကွ ဒီpost မှာ တခါတည်းတင်ပေးထားပါတယ်ရှင့...
08/08/2026

မင်မင့်ဆီမှာရနိုင်တဲ့ ပန်းမျိုးစေ့ မျိုးဥ အမျိုးအစားပေါင်း 50 ကျော်ကို ဈေးလေးနဲ့တကွ ဒီpost မှာ တခါတည်းတင်ပေးထားပါတယ်ရှင့်

အပင် အပွင့်အားဆေးလေးတေလည်း မင်မင့်ဆီမှာရပါသေးတယ် တစ်ထုပ်ကို 5000ကျပ်စီပါပဲရှင့်
သုံးနည်းလေးတေပါ တခါတည်းတွဲတင်ပေးထားပါတယ်နော်

ကြိုက်နှစ်သက်ရာလေးတွေ ရွေးချယ်မှာယူနိုင်ပါတယ်ရှင့်

မုံရွာကနေ Arlupost , Royal ရောက်တဲ့မြို့အများစုကိုလည်းအိမ်ရောက်ငွေချေနဲ့ ပို့ဆောင်ပေးနေပါတယ်ရှင့်

အိမ်အရောက်ပို့မရတဲ့မြို့‌တေကို‌တော့ ဂိတ်တင် စာတိုက်က‌နေ ပို့ပေးပါတယ် သူတို့ကတော့ ငွေလေးကြိုလွှဲပေးရပါတယ်ရှင့်

မှာယူလိုပါက
အမည်
ဖုန်း
နေရပ်လိပ်စာလေးပေးပြီး page messenger ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်


Address

Monywa

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when May's Aesthetic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category