La Min PhyĂź

La Min Phyü 🌊🌹 Bouquets | 🎂 Cakes | 🎁 Surprise Gifts
📍 Mawlamyine
💌 Order via Messenger
🔮ပေးချင်တဲ့ ချစ်ခြင်းမေတ္တာ‌ တွေကို အလှဆုံးဖန်တီးပေးမယ်...

✨“ လူတစ်ယောက်မှာ မကောင်းတာ ဆယ်ခုရှိနေရင်တောင် ကောင်းတာတစ်ခုကိုပဲ ရွေးပြီး ချီးမွမ်းတတ်တဲ့သူဟာ သူတော်ကောင်းပါ “ တဲ့ -တစ်န...
08/09/2026

✨“ လူတစ်ယောက်မှာ မကောင်းတာ ဆယ်ခုရှိနေရင်တောင် ကောင်းတာတစ်ခုကိုပဲ ရွေးပြီး ချီးမွမ်းတတ်တဲ့သူဟာ သူတော်ကောင်းပါ “ တဲ့
-တစ်နေ့ထက် တစ်နေ့ ပိုပြီး ကြောက်စရာကောင်းလာတဲ့ ကမ္ဘာကြီးမှာ “ဝဋ်“ ဆိုတဲ့အရာဟာ လှည့်ကြည့်စရာမလိုပဲ လိုက်လာမဲ့ အရာမို့ သူတပါးတွေရဲ့အပေါ်မှာ ရက်စက် ကြမ်းတမ်းစွာ ပြောဆို နေခြင်းတွေကို ရှောင်နိုင်အောင် ရှောင်ကြဉ်ကြပါ
- သတိရှိမှ ၊ တရားရှိမှ တော်ကာကျမှာ မို့
ကံကံ၏အကျိုးဆိုတာ ကို မေ့မထားကြပါနဲ့နော်
- အကြောင်းတရားကြောင့်အကျိုးလဲဖြစ်နိုင်သလို
အဆိုးလဲဖြစ်နိုင်ကြတယ်။
- ကိုယ်ကသူတစ်ပါးကိုစကားကြမ်းကြမ်းတွေပြောတော့၊မအေးချမ်းဖြစ်သွားရတဲ့စိတ်က ကိုယ်ကအရင်၊သည့်ခံခြင်းသည်မြတ်သောအရာပါဟုသိနေလဲ ဖြစ်ပေါ်လာတဲ့ တစ်ခဏဒေါသကိုမထိန်းလိုက်နိုင် ခြင်းက ဆိုကျိုးပဲ။

- ဒေါသကြောင့် သံသရာမှာဘယ်နှစ်ဘဝ ခံရမယ်မသိ။ဒါကြောင့်အသိနှင့်သတိထားပါ။

#မေတ္တာဖြင့်
#ပါချုပ်ဆရာတော်

🥺အချိန်မပေးနိုင်တာကို တောင်းပန်တဲ့အနေနဲ့  ပို့ပေးဖြစ်တဲ့ Gift Set ကို  #ထုံးအိုင် ကညီမလေးဆီ ပို့ပေးဖြစ်တာလေး🥰🧩ဒီတခါလည်း ...
03/09/2026

🥺အချိန်မပေးနိုင်တာကို တောင်းပန်တဲ့အနေနဲ့ ပို့ပေးဖြစ်တဲ့ Gift Set ကို #ထုံးအိုင် ကညီမလေးဆီ ပို့ပေးဖြစ်တာလေး🥰

🧩ဒီတခါလည်း ပေးချင်တာလေးတွေကို မင်" ဆီသေချာ လာမှာပေး ထားတာလေး

Thanks you for 𝗢𝗿𝗱𝗲𝗿📥

La Min Phyü 𝐂𝐚𝐤𝐞𝐬 , Flower Floral Service & 𝐒𝐮𝐫𝐩𝐫𝐢𝐬𝐞 𝐆𝐢𝐟𝐭 𝐁𝐨𝐱 🎁

🫶 85 %
01/09/2026

🫶 85 %

🎀🎀🎀ဒီပုံလေးကို ရွေးထားတဲ့သူတွေကတော့ ကိုယ်မလိုအပ်တဲ့အရာတွေ ကိုယ်နဲ့မကိုက်ညီတဲ့အရာတွေကို စွန့်လွှတ်မယ်။ ကိုယ်ကိုယ်တိုင်ကလဲ ရဲရင့်တဲ့စိတ် အနာဂါတ်ကိုပဲ ဦးတည်တဲ့စိတ်မျိုး ရှိနေတာတွေ့တယ်။ ပတ်ဝန်းကျင်နဲ့ပဲ ဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်မှာပဲ ဖြစ်စေ ကိုယ်နဲ့မကိုက်ညီတဲ့အရာတွေကို ကျောခိုင်းတာမျိုး ကိုယ့်ဆီကလဲ သူတို့ကအလိုလိုထွက်သွားတာမျိုးကြုံရလိမ့်မယ်။ ကိုယ့်ရဲ့မိသားစု မိတ်ဆွေ အပေါင်းအသင်း နဲ့လဲ ပိုပြီးတော့ နွေးနွေးထွေးထွေး ဆက်ဆံရေးတွေပိုပြီးတော့ ကောင်းမွန်လာမယ်။ ကိုယ့်အတွက်ကောင်းမွန်တဲ့လူတွေ ရောက်လာတတ်တယ်။ ကိုယ့်အတွက် စစ်မှန်တဲ့လူတွေက ကိုယ့်ဆီကို အနားကိုတဖြည်းဖြည်းနဲ့ရောက်လာတာမျိုးကြုံရတတ်တယ်။ ​

ကိုယ့်အတွက် မကောင်းတဲ့လူတွေက အဝေးကို သူ့အလိုလိုရောက်သွားလိမ့်မယ်။ အလုပ်အကိုင်စီးပွားရေးနဲ့ပတ်သက်လို့ လမ်းကြောင်းသစ်တွေကူးပြောင်းဖို့ ကိုယ့်ဘက်က အဆင်သင့်ရှိပါစေ။ ဒီနေရာကြီးမှာ ဒီလိုနေမယ် မဟုတ်ဘဲနဲ့ပြောင်းလဲမှုကို စတင်ပါ။ အဲလိုပြောင်းလဲမှုတွေကို စတင်ဖို့ စိန်ခေါ်မှုတွေကိုလဲ မကြောက်ပါနဲ့။ ရေရှည်မှာ ကိုယ့်အတွက် ပိုပြီးတော့ ကောင်းတဲ့အောင်မြင်မှုတွေလာ​နေပြီ။ သင်ယူပါ။ ပညာရေးကံ လမ်းကြောင်း အရမ်းကောင်းတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ အဆင်ပြေတယ်။ ဆိုင်တွေ ဖွင့်မယ်ဆိုရင်လဲ မကြာခင် အဆင်ပြေကောင်းမွန်လိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ အသုံးစရိတ်တွေများနေမယ်။ သို့ပေမယ့် ရေရှည် ဝင်ငွေလမ်းကြောင်းအသစ်တွေပွင့်လာမယ်။ ပိုပြီးတော့ ကောင်းမွန်တဲ့အခြေအနေတွေ ကြုံရလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ကိုယ်စိုးရိမ်ရတဲ့ကိစ္စတွေက အဆင်ပြေချောမွေ့သွားလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ရင် ပထမဦးဆုံးဝင်တဲ့ငွေ မိမိစိတ်ထဲမှာ ပျော်ရွှင်သလောက်ကို လှူဒါန်းတာမျိုး ဘုရားပန်းဝယ်တာမျိုး ကောင်းမှုကုသိုလ်တစ်ခုခုကို လုပ်ပေးပါ။ ငွေပိုပြီးတော့ မြဲပါလိမ့်မယ်။

ကျန်းမာရေးနဲ့ပတ်သက်ရင် လေ့ကျင့်ခန်းလုပ်ပေးပါ။ အစားအသောက်ကို ဆင်ခြင်ပါ။ ခြေထောက်အဆစ်အမြစ်တွေ ကိုက်ခဲတတ်တဲ့အတွက် ဂရုစိုက်ပါ။ အသားအရည်ဂရုစိုက်ပါ။ ယားယံတာမျိုးတွေ ဒီအတောအတွင်းမှာ ဖြစ်တတ်တယ် ဂရုစိုက်ပါ။

မမျှော်လင့်ဘဲနဲ့ ခရီးသွားရတတ်တယ်။ အဲကျရင် ခရီးကံကောင်းနေတယ်။ အဲခရီးကိုသွားရပြီးတဲ့အချိန်မှာ ပိုပြီးတော့ ကံဇာတာ တက်တာမျိုးလေးတွေ အဆင်ပြေတာမျိုးလေးတွေကြုံရတတ်တယ်။ ပြီးတော့ ပျော်ပျော်နေပါ။ အခုအချိန်အတွင်းမှာ များများပြုံးပါ။ ပျော်ပျော်နေပါ။ ဘာလို့လဲ​ဆိုတော့ ကိုယ့်ရဲ့ကံဇာတာက ပြုံးလေကံတက်လေ။ လှလှပပနေလေ ကံတက်လေ။ မွှေးမွှေးကြိုင်ကြိုင်နေလေ ကံတက်လေပါ။ နောက်ထပ်တစ်ခုက Social Life မှာပဲဖြစ်စေ စိတ်ညစ်စရာတွေကို Share လုပ်တာမျိုးလေးတွေ တင်တာမျိုးလေးတွေ စိတ်ညစ်စရာတွေပဲ ငြီးတွားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အထူးသဖြင့် ငွေကြေးနဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ ငြီးတွားတာမျိုး လုံးဝမလုပ်ပါနဲ့။

ဒီ ၉လပိုင်းက စတင်ပြီးတော့ ကိုယ့်ရဲ့ကံဇာတာက ပိုပြီးတော့ကောင်းလာမှာ အဆင်ပြေလာမှာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ကံဇာတာကောင်းလာလိမ့်မယ်။ အဆင်ပြေလာလိမ့်မယ်။ ပြီးတော့ဒီအတောအတွင်းမှာ မသိမသာ အလှူအတန်းလေးတွေလုပ်ပေးပါ။ ပြီးတော့ ဒီအတောအတွင်းမှာ သမ္ဗုဒ္ဓေဂါထာကို များများရွတ်ပေးပါ။ ပြီးတော့ ဘုရားမှာသောက်တော်ရေကပ်ပေးပါ။ ပြီးတော့ ကိုယ့်အိမ်မှာရှိတဲ့ခြေအိတ်တွေ မစီးတော့တဲ့ဖိနပ် အဟောင်းအစုတ်အပြတ်တွေကို ပစ်တာမျိုး စီးလို့ရသေးရင် သူများကိုပေးချင်တယ်ဆိုရင်လဲ ပေးလိုက်ပါ။ ကံဇာတာသိသိသာသာ တက်လာပါလိမ့်မယ်။

⚡Good  Bye August 💚°°° To    🩷Hello ". September 💜
31/08/2026

⚡Good Bye August 💚°°° To
🩷Hello ". September 💜

🌙✨ Thank You, August. ✨🌙

ဩဂုတ်လရေ… 🤍
မင်းပေးခဲ့တဲ့ အရာတိုင်းအတွက်
ကျေးဇူးတင်ပါတယ်။

ပျော်ရွှင်စရာတွေရှိခဲ့သလို
မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေလည်း ရှိခဲ့တယ်။
ဆုံးရှုံးမှုတွေရှိခဲ့သလို
ကိုယ့်ဘဝအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေလည်း ရခဲ့တယ်။ 🌙

တချို့အရာတွေက
ဆက်ထားဖို့ မဟုတ်ဘဲ လွှတ်ချဖို့ ရောက်လာခဲ့တာပါ။

တချို့လူတွေက
အမြဲတမ်းနေဖို့ မဟုတ်ဘဲ
ကိုယ့်ဘဝရဲ့ အခန်းတစ်ခန်းကို ဖြတ်သန်းပေးဖို့ ရောက်လာခဲ့တာပါ။

ပြီးတော့ တချို့အဆုံးသတ်တွေက
တကယ်တော့ ပိုကောင်းတဲ့ Beginning တစ်ခုရဲ့အစ ဖြစ်နေတတ်ပါတယ်။ ✨

ဒီနေ့မှာ
ဩဂုတ်လနဲ့အတူ—

🕊️ မလိုအပ်တော့တဲ့ Energy တွေကို လွှတ်ချမယ်
🕊️ အတိတ်က နာကျင်မှုတွေကို ခွင့်လွှတ်မယ်
🕊️ မဖြစ်သေးတဲ့အရာတွေအတွက် စိုးရိမ်မှုတွေကို ချထားမယ်
🕊️ ကိုယ့်အတွက်လာမယ့် Blessings တွေကို ယုံကြည်မယ်

ပြီးတော့…

🌸 September ကို Energy အသစ်နဲ့ ကြိုဆိုမယ်။

September မှာ
💰 ငွေကြေးကံ ပွင့်ပါစေ
💗 အချစ်ရေးကံ လှပါစေ
✨ အခွင့်အရေးကောင်းတွေ ရောက်လာပါစေ
🍀 ကံကောင်းခြင်းတွေ တိုးပွားပါစေ
👑 ကိုယ်တန်ဖိုးထားသင့်တဲ့ ကိုယ့်ဘဝကို ကိုယ်ပြန်ရွေးချယ်နိုင်ပါစေ။

August က သင်ခန်းစာပါ။
September က Blessing ဖြစ်ပါစေ။ 🌙✨

ဒီ Post ကိုတွေ့တဲ့သူတိုင်းအတွက်
September ဟာ အရင်လတွေထက် ပိုကောင်းတဲ့လတစ်လ ဖြစ်ပါစေ။ 🤍

Comment မှာ

“September, I am ready. ✨”

လို့ရေးပြီး ကိုယ်လိုချင်တဲ့ Energy ကို ကြိုတင် Declare လုပ်ထားပါ။ 🌸

— Luna 🌙🤍

🌙

🍓မင်"အရင်ဆုံးမှန်တဲ့ ငယ်လေးတို့  (၂) ယောက် ( Kpay_5000 ) Page _cb မှာ SC ပြပြီး ထုတ် ယူလို့ရပါပီ့းရှင့် 🥰
31/08/2026

🍓မင်"အရင်ဆုံးမှန်တဲ့ ငယ်လေးတို့ (၂) ယောက်
( Kpay_5000 ) Page _cb မှာ SC ပြပြီး ထုတ် ယူလို့ရပါပီ့းရှင့် 🥰

🌊 ဝါခေါင်လ ပြည့်နေ့ 💛💰ပိုက်ဆံ ပန်းစည်းလေးတွေ အားပေးကြလို့ကျေးဇူးပါခ " လက်ခံရရှိတဲ့ အန်တီနဲ့ညီမ လေး‌ေတွ ဝင်ငွေ တိုးပွားကြ...
28/08/2026

🌊 ဝါခေါင်လ ပြည့်နေ့ 💛

💰ပိုက်ဆံ ပန်းစည်းလေးတွေ အားပေးကြလို့ကျေးဇူးပါခ " လက်ခံရရှိတဲ့ အန်တီနဲ့ညီမ လေး‌ေတွ ဝင်ငွေ တိုးပွားကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ရှင့် ✨

La Min Phyü 𝐂𝐚𝐤𝐞𝐬 , Flower Floral Service & 𝐒𝐮𝐫𝐩𝐫𝐢𝐬𝐞 𝐆𝐢𝐟𝐭 𝐁𝐨𝐱 🎁

ဒါလေးမနက်ဖြန်ရွေးပေးမယ်နော်" ဒီည ကတည်းကစစ်ပေးထားမယ်ခ 😚မှန်တဲ့သူတွေထဲကမှ အရင်ဆုံးမှန်တဲ့သူ (၂) ယောက်ရွေးပေးမယ်နော်
28/08/2026

ဒါလေးမနက်ဖြန်ရွေးပေးမယ်နော်" ဒီည ကတည်းကစစ်ပေးထားမယ်ခ 😚
မှန်တဲ့သူတွေထဲကမှ အရင်ဆုံးမှန်တဲ့သူ (၂) ယောက်ရွေးပေးမယ်နော်

🍀___ K-Pay (5000 )__ (၂) ယောက် ယူပါရှင့် 🎁
🚨နောက်ဂဏန်း(၃)လုံး 530 နဲ့ 650 ကြားပါရှင့်
🖤တယောက်ကို ၅ခုလောက်ထိ မူရင်းpostအောက်မှာပဲ မန့်လို့ရတယ်ခ
အရင်မှန်တဲ့သူနှစ်ယောက်ရွေးပေး ပါမယ်ရှင့်

-ခင်ပွန်းကြီး ဆယ်ပါး ကန်တော့တာကို အရင်က ခပ်ပေါ့ပေါ့ပဲ ထင်ခဲ့တာ...မဖြစ်မနေ ကန်တော့တဲ့ အခါ ကြရင်လည်းစိတ်ထဲ သိပ်မလေးအနက်မထာ...
27/08/2026

-ခင်ပွန်းကြီး ဆယ်ပါး ကန်တော့တာကို အရင်က
ခပ်ပေါ့ပေါ့ပဲ ထင်ခဲ့တာ...

မဖြစ်မနေ ကန်တော့တဲ့ အခါ ကြရင်လည်းစိတ်ထဲ
သိပ်မလေးအနက်မထားမိ...

-ဘုန်းဘုန်းကြီး အရှင် ပညာစက္က ပြောပြမှ
သေချာဝန်ချ တောင်းပန်ဖို့ လိုအပ်တာ သိရပါတယ်...

ကန်တော့တဲ့ အခါ ဆိုရင်လည်း
"ပစ်မှားမိခဲ့သည် ရှိသော် လို့ ''မဆိုရဘူးတဲ့။
သံသရာ မှာ ပစ်မှားတာကတော့ ရှိမှာပဲ တဲ့။
အဲ့ဒါကြောင့်
"ပစ်မှား မိခဲ့သည် များကို'' လို့ ဆိုရပါ့မယ်တဲ့။

-ဒီဘဝမှာတောင် စိတ်နဲ့ပစ်မှား မိတာတွေက
အများကြီးရယ်။
သံသရာ နဲ့ ချီရင်တော့ အများကြီးပဲပေါ့။

-အခု ရက်ပိုင်း ကိုယ့်စိတ် ကို သတိထားမိလေ
ပစ်မှားခဲ့ မိတာတွေ သတိထားမိလေမို့
ခင်ပွန်းကြီး ဆယ်ပါးကို သေချာလေး တောင်းပန်
ဝန်ချ ကန်တော့ဖြစ်နေပါတယ်။

-ဘုန်းဘုန်းကြီး ပြောတဲ့နည်း နဲ့ ကန်တော့ဖို့ကိုယ့်မှာ ရှိတဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း ၃ မျိုးကို စုပေါင်းပြီး ဖတ်ရတာ အဆင်ပြေအောင် ရေးပေးထားပါတယ်။

ခင်ပွန်းကြီး၁၀ပါးအား ဝန်ချတောင်းပန်ခြင်း
********************************
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။
မာတာပိတု ဂုရုသတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒဿ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။

(ဗုဒ်ဓါ ပစ်စေကာဗုဒ်ဓါစ၊ အရဟာ အက်ဂ သာဝကာ
မာတာပိတု ဂုရု သတ်ထာ၊ ဓမ်မဒေသကာ စ ဒါယကာ
အိမေ ဒသ မဟာ ဂုဏေ၊ အဟံ ဝန်ဒါမိ သတ်ဗဒါ)

မြတ်စွာ ဘုရား🙏
ဘုရားတပည့်တော် တို့သည် သံသရာ အဆက်ဆက်မှ စ၍ ယခုချိန်ထိ၊

( ၁ ) ဘုရား
**********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးတို့ အပေါ်၌ လည်းကောင်း၊

( ၂ ) ပစ္စေကဗုဒ္ဓါ
**************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင် ကိုယ်တော်မြတ် ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၃ ) အဂ္ဂသာဝကရဟန္တာများ
**********************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၄) ရဟန္တာ
**********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊

( ၅ ) မိခင်
*********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
မိခင်တို့ အပေါ်၌သော် လည်းကောင်း၊
ယခု ပစ္စုပ္ပါန် ဘဝ၌ မိခင်ကြီး (ဒေါ်....) အပေါ်၌ သော်လည်းကောင်း၊

( ၆ ) ဖခင်
*********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
ဖခင်တို့ အပေါ်၌သော် လည်းကောင်း၊
ယခု ပစ္စုပ္ပါန် ဘဝ၌ ဖခင်ကြီး (ဦး....) အပေါ်၌ သော်လည်းကောင်း၊

( ၇ ) ဆရာ
*********
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
လိမ်မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊

( ၈ ) အလေးအမြတ်ထားအပ်သော ပုဂ္ဂိုလ်
*******************************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူး ဖြည့်ကျင့် လျက်ရှိကြ ကုန်သော, လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ် တို့၏ အပေါ်၌ လည်းကောင်း၊

( ၉ ) တရားဟောပြသောပုဂ္ဂိုလ်
*************************
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော တရား ဓမ္မ တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊

( ၁၀ ) ကျွေးမွေးစောင့်ရှောက်သောပုဂ္ဂိုလ်
********************************
မိမိ ဒုက္ခ ကြုံတွေ့နေစဉ် ကာလ၌ ကျွေးမွေး၊ ပေးကမ်း၊ ချီးမြှင့်၊ ထောက်ပံ့ ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌ လည်းကောင်း၊

မိုက်မဲသည့်အလျှောက်၊
တွေဝေမိသည့် အလျှောက်၊
မသိသည့် အလျှောက်၊
ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပစ်မှား ကျူးလွန်
မိခဲ့သည့် များကို သည်းခံ ခွင့်လွှတ် ပေးပါရန် ...

ဘုရားတပည့်တော်တို့မှ
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အရှင်ဘုရား။

မြတ်စွာ ဘုရား🙏
ဘုရားတပည့်တော် တို့ သည် သံသရာ အဆက်ဆက်မှ
စ၍ ယခု ချိန်ထိ၊

၃၁ ဘုံတွင် ကျင်လည်ကြ ကုန်သော, ဝေနေယျ၊
သုခိတာ၊ ဒုက္ခိတ၊ သတ္တဝါ အပေါင်းတို့ အပေါ်တွင်
ကာယကံ ဝစီကံ မနောကံ တို့ဖြင့်
ပစ်မှား ကျူးလွန် ခဲ့သည် များကို
သည်းခံ ခွင့်လွှတ် ပေးပါရန် အကျွန်ုပ်တို့မှ

အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏

-အကျွန်ုပ်ပေါ်တွင် လည်း အသင်တို့မှ ပြစ်မှား မိခဲ့သော
အပြစ် များကို သည်းခံပါတယ်၊ ခွင့်လွှတ်ပါတယ်၊
ကျေအေး ပါတယ်။

ဤသို့🙏 ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ရသော ကောင်းမှု့ကံ စေတနာ တို့ကြောင့် ...

-အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်း မှ ကင်းဝေးပြီးလျှင် မြတ်စွာ ဘုရားရှင် ဟောကြား တော်မူသော၊ သစ္စာလေးပါး မြတ်တရား ကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန် သို့ ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင် ဘုရား။

-လောကီ မဂ်လာ အဖြာဖြာ တို့သည် လည်း စိတ်ကြံတိုင်း၊ တောင့်တ တိုင်း၊ လွယ်ကူ လျင်မြန်စွာ ပြည့်စုံ ၍ နှလုံး စိတ်ဝမ်း အေးချမ်း ရပါစေသား အရှင်ဘုရား။

Credit

🌹နှင်းဆီအတုစည်း Orders လေးတွေတဖြတ်ရှင့် 🥰🖤ရိုးရိုးလေးနဲ့ ထင်ရှားတဲ့အလှ ( အတုစည်းလေး တွေကိုလည်း ၁ ပွင့်က စ °°° လိုချင်တဲ့...
25/08/2026

🌹နှင်းဆီအတုစည်း Orders လေးတွေတဖြတ်ရှင့် 🥰

🖤ရိုးရိုးလေးနဲ့ ထင်ရှားတဲ့အလှ ( အတုစည်းလေး တွေကိုလည်း ၁ ပွင့်က စ °°° လိုချင်တဲ့ colour အပွင့်အရေတွက်ထိ မှာလို့ရတယ်ရှင့် )❤️

Thanks you for 𝗢𝗿𝗱𝗲𝗿📥

La Min Phyü 𝐂𝐚𝐤𝐞𝐬 , Flower Floral Service & 𝐒𝐮𝐫𝐩𝐫𝐢𝐬𝐞 𝐆𝐢𝐟𝐭 𝐁𝐨𝐱 🎁

Address

Mawlamyine
12017

Alerts

Be the first to know and let us send you an email when La Min PhyĂź posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to La Min PhyĂź:

Shortcuts

Share

Category