01/01/2025
" သ တိ ထား ပြီး လုပ် ကြ ပါ "
လက်တလော နာမည်ကြီးနေတဲ့ ကေပေးကနေ ကိုယ် မလွဲပါဘဲ ပိုက်ဆံတွေပါသွားခြင်း အကြောင်းရင်း...
(ရုံးပိတ်ရက်မှာ ဘဏ်သွားမရ ရှင်းမရ အချိန်ကိုက် ဖြစ်ပေါ်နေတာပါ)
KBZ Pay ပြဿနာ ထပ်ဖြစ်ကြပြန်ပြီ။ ဖြစ်လိုက်တဲ့ သူတော်တော်များများက ပုံစံတူတူပဲ။ ပြန်မရတာချင်းလည်း ပုံစံတူတယ်။ KBZ Pay ရဲ့ Customer care ကလည်း အားရစရာပဲဆိုတော့ ဖြစ်ပြီဆိုရင် "တာ့တာ" "ဘိုင့်ဘိုင်" "ပလုံ" ပါ။
ဖြစ်တဲ့ပုံစံက -
၁။ တဖက်မှာ Login ဝင်တာကြောင့် ကိုယ့်ဆီမှာ Logout ဖြစ်မယ်၊ OTP ဝင်လာမယ်။ အဲ့ဒီ OTP နဲ့ပဲ တဖက်က ကိုယ့်ရဲ့ KBZ Pay ကို Login ဝင်လိုက်ပြီ။
၂။ ကိုယ့် KBZ Pay က ငွေကို အခြားသူဆီကို လွှဲတယ်။ KBZ Pay ထဲမှာ မရှိရင် ချိတ်ထားတဲ့ Banking Account ထဲကနေ ဆွဲထုတ်ပြီး လွှဲမယ်။
ကိုယ်လည်း မလုပ်ဘူးနော်။ ကိုယ့်ဆီမှာလည်း KBZ Pay Number ဆိုတာလောက်ပဲ Access ရှိတော့တာပါ။
၃။ Login OTP ကျလာတာကို ချက်ချင်းသိလို့ ၁မိနစ်အတွင်း ပြန်ဝင်နိုင်ရင်တောင် အချိန်မမှီပါဘူး။
Login OTP အဆင့်မှာကတည်းက မဟုတ်တော့ဘူး။ ကျန်တာတွေတော့ ဆက်ပြောစရာမရှိတော့ပေ .. ပေါ့။
အမှုဖွင့်မယ်ဆိုရင် Kpay သုံးတဲ့ဖုန်း၊ SIM Card, Account တွေနဲ့ ဆက်စပ် အချက်အလက်တွေအကုန်လုံးကို ရဲစခန်းမှာ ထားခဲ့ပေးရမယ်။ KBZ Pay ကလည်း ငွေလက်ခံအကောင့်ကို (၃)ရက်အထိပဲ ပိတ်ပေးထားမယ်။
ထပ်ဆင့်ပြန်လွှဲလိုက်တဲ့အကောင့်တွေကိုလည်း လိုက်ဖို့ မစဉ်းစားနဲ့။ ကိုယ့်မှတ်ပုံတင်နဲ့လုပ်ထားတဲ့ KBZ Pay အကောင့်ကို မြန်မာငွေ သောင်းဂဏန်းနဲ့ရောင်းစားနေတဲ့စျေးကွက်က သပ်သပ်ရှိတယ်။ Privacy Knowledge က အနှုတ်ပြနေပြီ။ ဆိုတော့ကာ ... ပြန်မရတဲ့သူတွေချည်းပဲ 99% ဖြစ်ပါတယ်။
မဖြစ်မနေသုံးနေကြရတဲ့သူတွေချည်းပဲဖြစ်လို့ လုပ်ဆောင်ရမှာက -
၁။ KBZ Pay ထဲမှာ ပမာဏများများကို (အချိန်ကြာကြာ) ထည့်မထားနဲ့။
၂။ KBZ Pay နဲ့ KBZ Bank Account ချိတ်ထားတာကို Unlink လုပ်ထား။
၃။ SIM card အသစ် သွားပြန်လဲ (ဒီအချက်ကတော့ လိုရမယ်ရပါပဲ)
နောက်ဆုံး သတိပြုရမှာက တွေ့ကရာ Link တွေကို နှိပ်ထားမိသလား ? Official App Store တွေကမဟုတ်တဲ့ App တွေ ထည့်ထားမိသလား ? ပါပဲ။ အဲ့လို သံသယရှိရင်တော့ ဖုန်းကို Factory Reset လုပ်သင့်ရင် လုပ်ကြဖို့နဲ့ ဘဏ်ကိုသွားပြီး KBZ Pay Number ကို ကိုယ့်မှတ်ပုံတင်နဲ့ မှတ်ပုံတင်ထားတဲ့ နောက်ထပ် SIM Number အသစ်တစ်ခုနဲ့ ပြန်ပြောင်းဖို့ တိုက်တွန်းချင်ပါတယ်။
- Kyi Zin Latt
#ဘဏ်