LOON’s Floral Shop

LOON’s Floral Shop Made with love

Hello Everyone!!!!!ဩဂုတ်လ (၁) ရက်နေ့မှာကျရောက်မည့် National GF’s Day အတွက် ချစ်ရသူဆီကအမှတ်လေးတွေရဖို့ ခုကတည်းက LOON မှာအ...
21/07/2025

Hello Everyone!!!!!

ဩဂုတ်လ (၁) ရက်နေ့မှာကျရောက်မည့် National GF’s Day အတွက် ချစ်ရသူဆီကအမှတ်လေးတွေရဖို့ ခုကတည်းက LOON မှာအော်ဒါကြိုတင်ပြီး လက်ဆောင်ပစ္စည်းလေးတွေမှာလို့ရပါပြီနော်



Found you
10/07/2025

Found you

JULY လရဲ့မွေးနေ့ရှင်လေး “ Happy Birthday to Goe Goe “တန်ဖိုးရှိလှတဲ့ လူကြီးမင်းတို့ရဲ့အမှတ်တရနေ့လေးတွေကို LOON နဲ့အတူတူဖ...
10/07/2025

JULY လရဲ့မွေးနေ့ရှင်လေး “ Happy Birthday to Goe Goe “

တန်ဖိုးရှိလှတဲ့ လူကြီးမင်းတို့ရဲ့အမှတ်တရနေ့လေးတွေကို LOON နဲ့အတူတူဖန်တီးရအောင်နော် 💛💛💛

Burma,Mandalay
09262009090




အခက်ဆုံးအချိန်တွေမှာတောင်  နှင်းဆီပန်းလေးတွေလို အလှပဆုံး ပွင့်ဖူးနိုင်ပါစေ  ... ချစ်ခြင်းမေတ္တာက ဘယ်တော့မှ ညိုးမယ့်အပွင့...
06/07/2025

အခက်ဆုံးအချိန်တွေမှာတောင် နှင်းဆီပန်းလေးတွေလို
အလှပဆုံး ပွင့်ဖူးနိုင်ပါစေ ...

ချစ်ခြင်းမေတ္တာက ဘယ်တော့မှ ညိုးမယ့်အပွင့် မဟုတ်ဘူးနော်...

#နှင်းဆီပန်း

လူတွေရယ် ပန်းစည်းလေးမှာချင်လို့ဆိုရပါပြီရှင် 🥹💔
02/07/2025

လူတွေရယ် ပန်းစည်းလေးမှာချင်လို့ဆိုရပါပြီရှင် 🥹💔

Single Daisy ❤️တစ်ရက်ကို တစ်ပွင့် သဘောကျနေတဲ့ ကောင်မလေးဆီ ဒါမှမဟုတ် ကောင်လေးဆီ နေ့တိုင်းပို့ပေးလို့နေရပါပြီရှင် 🤭😝😉အဲ့လိ...
28/06/2025

Single Daisy ❤️

တစ်ရက်ကို တစ်ပွင့် သဘောကျနေတဲ့ ကောင်မလေးဆီ ဒါမှမဟုတ် ကောင်လေးဆီ နေ့တိုင်းပို့ပေးလို့နေရပါပြီရှင် 🤭😝😉

အဲ့လိုမျိုးလေးပို့ချင်တယ်ဆိုရင် တစ်ပွင့်စျေးနဲ့မယူပဲ package စျေးလေးနဲ့ရမှာပါနော်

ပေးဖို့ဆန္ဒလေးရှိဖို့ပဲလိုပါတယ်

Burma,Mandalay
09262009090

View
28/06/2025

View

“ အထိမ်းမှတ်နေ့လေးတွေအတွက် အမှတ်တရနဲ့ အလှပဆုံးဖြစ်ပြီး ကျန်ရှိနေချင်တယ် မှတ်တမ်းလေးတွေထဲမှာလည်းအသက်ဝင်ချင်နေတယ်ဆိုရင် “ ...
27/06/2025

“ အထိမ်းမှတ်နေ့လေးတွေအတွက် အမှတ်တရနဲ့ အလှပဆုံးဖြစ်ပြီး ကျန်ရှိနေချင်တယ် မှတ်တမ်းလေးတွေထဲမှာလည်းအသက်ဝင်ချင်နေတယ်ဆိုရင် “ အခုလိုပန်းစည်းလှလှလေးတွေအတွက် LOON ကိုမမေ့နဲ့နော် 🌸💕😉

Available
Burma,Mandalay

You are my sunshine 🌥️🌻ပန်းစည်းလေးတွေနေ့ရက်တိုင်းမှာယူနိုင်ပါတယ်ရှင် ပန်းစည်းလှလှလေးတွေရချင်ရင် တစ်ရက်ကြိုပြီး order တင်...
25/06/2025

You are my sunshine 🌥️🌻

ပန်းစည်းလေးတွေနေ့ရက်တိုင်းမှာယူနိုင်ပါတယ်ရှင်

ပန်းစည်းလှလှလေးတွေရချင်ရင် တစ်ရက်ကြိုပြီး order တင်ခြင်းဖြင့် မှာယူနိုင်ပါတယ်နော်

Burma,Mandalay
09262009090

Netherland roses bouquet for birthday girl (19stalks)19 နှစ်ပြည့်တဲ့မွေးနေ့ရှင်ကောင်မလေးအတွက် နှင်းဆီပန်းလေး (၁၉)ပွင့်ပါ...
21/06/2025

Netherland roses bouquet for birthday girl (19stalks)

19 နှစ်ပြည့်တဲ့မွေးနေ့ရှင်ကောင်မလေးအတွက် နှင်းဆီပန်းလေး (၁၉)ပွင့်ပါတဲ့ရှင်

Burma,Mandalay
09262009090

ဒီ LOON လေးကတော့ အသည်းမခွဲတတ်တဲ့အတွက် ရှောင်စရာလိုပါဘူးနော်
18/06/2025

ဒီ LOON လေးကတော့ အသည်းမခွဲတတ်တဲ့အတွက် ရှောင်စရာလိုပါဘူးနော်

“အသည်းကွဲတာ သက်သာချင်ရင် လွန်း ၃ လွန်းကို ရှောင်”

🔳 စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး လာတိုင်ပင်ကြ၊ ရင်ဖွင့်ကြတဲ့အခါ တွေ့ရတဲ့ ပြဿနာ အများစုကတော့ Relationship နဲ့ သက်ဆိုင်တာပဲ။

မိသားစု၊ အိမ်ထောင်ဖက်၊ ချစ်သူရည်းစား စတဲ့သူတွေကြောင့် စိတ်ပင်ပန်းကြရတာ များတယ်။ တကယ်လည်း ကျွန်တော်တို့ကို ထိခိုက်စေတာ ကိုယ်နဲ့ အနီးဆုံးလူတွေ၊ တစ်နည်းအားဖြင့် ကိုယ့်စိတ်ထဲ ထည့်ထားတဲ့သူတွေပဲ ဖြစ်တယ်။ အပြင်သူစိမ်းတွေက ဘာမှ များများစားစား လုပ်နိုင်တာ မဟုတ်ဘူး။

အဲဒီမှာမှ အသည်းကွဲတဲ့ကိစ္စကိုပဲ ဇောင်းပေးပြီး ပြောချင်တယ်။

🔳 သုတေသနတွေလည်း ရှိတယ်။ တစ်ကိုယ်တည်းသမားတွေထက်စာရင် ဘဝလက်တွဲဖော် ရှိတဲ့သူတွေက အသက်ပိုရှည်ကြသတဲ့။ လူတွေကို အသက်ရှည်စေ၊ ပျော်ရွှင်စေတဲ့ အချက်တွေထဲမှာ Deep and committed relationship ဆိုတာလည်း ပါတယ်။

သေချာစဉ်းစားကြည့်တော့ ကိုယ်နဲ့အတူ ဘဝတလျှောက်လုံး ရှိနေမဲ့လူက လိုကိုလိုတယ်။ ကိုယ့်ကို မွေးလိုက်တဲ့ မိဘကလည်း ကိုယ်နဲ့အတူ ရှိမှာ မဟုတ်ဘူး။ အလုပ်လုပ်တဲ့အရွယ် ရောက်ပြီဆိုရင်ကိုပဲ မိဘနဲ့က ခွဲကြရပြီ။ ကိုယ်မွေးလိုက်တဲ့ သားသမီးကလည်း အတောင်အလက်စုံတဲ့အခါ သူ့ဟာသူ ပျံထွက်သွားမှာ။ သူငယ်ချင်းဆိုတာကလည်း ဘယ်လောက်ခင်ခင် သူ့မိသားစုနဲ့သူ ဖြစ်နေမှာ။

ကိုယ်နဲ့ အမြဲအတူရှိနေမှာက ကိုယ့်လက်တွဲဖော်ပဲ။ တစ်သက်လုံးမှာ တစ်ဦးတစ်ယောက်တည်းတော့ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်ပေါ့။ ဒါပေမဲ့ တစ်ယောက်ယောက်တော့ လိုတယ်လို့ ပြောချင်တာ။

🔳 ဆက်ဆံရေးက နက်ရှိုင်းရမယ်။ အပေါ်ယံ ရွှေမှုန်ကြဲ မဟုတ်ရဘူး။ ပစ္စည်းဥစ္စာ၊ ဂုဏ်ပကာသန မက်မောလို့ တွဲနေကြတာမျိုး မဖြစ်ရဘူး။ တစ်ခါ၊ Committed ဖြစ်ရမယ်။ လေးနက်ရမယ်။ သစ္စာရှိရမယ်။ အဲဒီလို လက်တွဲဖော်မျိုးသည် ဘဝကို ပျော်ရွှင်စေတယ်။ အဓိပ္ပါယ်ရှိစေတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရာမှာလည်း ခံနိုင်ရည်အား ကောင်းစေတယ်။

တစ်ဖက်မှာလည်း သူ့ကြောင့်ပဲ စိတ်ဒုက္ခ ရောက်နိုင်တယ်။ ဘဝနဲ့ချီပြီး ပြိုပျက်သွားတာမျိုးအထိ ဖြစ်နိုင်တယ်။ ဓါးသွားပေါ်က ပျားရည်စက်လို့ပဲ ဆိုပါတော့။ အခန့်မသင့်ရင် ဓါးရှသွားနိုင်တယ်။

🔳 လာရင်ဖွင့်သမျှကို နားထောင်ကြည့်တဲ့အခါ Pattern တစ်ခု သွားတွေ့ရတယ်။ ချစ်တဲ့သူကို ဆုံးရှုံးရရင်တော့ ဘယ်သူမဆို အသည်းကွဲကြတာချည်းပါပဲ။ ဒါပေမဲ့ ဖြစ်နေကျထက် ပိုပြီး အသည်းကွဲတဲ့သူ မှန်သမျှဟာ လွန်း ၃ လွန်းထဲက တစ်လွန်းလွန်းနဲ့တော့ ငြိနေကြတာ များတယ်။

ဘာတွေလဲဆိုတော့ -

• မျှော်လင့်လွန်း
• ယုံကြည်လွန်း
• တွယ်ငြိလွန်း

ဒီ ၃ ခု ဖြစ်တယ်။

🔳 သူနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ထားတယ်။ ယုံကြည်မှုလည်း ပေးရတယ်။ တွယ်ငြိမှုရှိမှလည်း စည်းနှောင်ထားနိုင်တာ ဖြစ်တယ်။

သို့သော် လွန်သွားတာမျိုးတော့ မဖြစ်စေချင်ဘူး။ တသမတ်တည်း သွားနေရင် ပြဿနာ မရှိပေမဲ့ တစ်ချိန်ချိန် သူ့ဘက်က ပြောင်းလဲသွားတဲ့အခါ ခံစားနေရလိမ့်မယ်။

🔳 သူ့ဆီကနေ ကိုယ်ချစ်သလို ပြန်ချစ်တာမျိုး၊ ကိုယ်ဂရုစိုက်သလို ဂရုစိုက်တာမျိုး မျှော်လင့်တယ်။ ကိုယ် တစ်ခုခုကောင်းတာ လုပ်လိုက်ပြီးရင် သူ့ဆီကနေ ချီးကျူးတာ ခံချင်တယ်။ သူ့အတွက် တစ်ခုခု လုပ်ပေးလိုက်ပြီးရင် အသိအမှတ်ပြုတာ လိုချင်တယ်။ ကိုယ့်ပို့စ်မှာ သူ့ Reaction တွေ မြင်ချင်တယ်။ ရရင် ပျော်ပြီး မရရင် ဝမ်းနည်းတယ်။ အချိန်ပြည့် ကိုယ့်ဘဝကြီးက သူ့ကို ဗဟိုပြုပြီး လည်ပတ်နေတယ်။ ဒါဆို မျှော်လင့်လွန်းနေပြီ ပြောလို့ရတယ်။

တစ်ဖက်ကလည်း အမြဲတမ်းတော့ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။ Expectation ကို Reality က မလိုက်နိုင်တဲ့အခါ Stress စဖြစ်တော့တာပဲ။

🔳 ယုံကြည်လွန်းခြင်းကလည်း ကိုယ်ယုံထားသလို မဟုတ်နေတဲ့အခါ အကြီးအကျယ် ပြိုလဲရတတ်တယ်။ သစ္စာဖောက်ခံရဖူးသူတွေ ဒီခံစားချက်ကို နားလည်လိမ့်မယ်။ အခု ကိုယ့်ရှေ့မှာ ထိုင်နေတဲ့သူက ကိုယ်တချိန်က သိခဲ့ဖူးတဲ့လူမှ ဟုတ်သေးရဲ့လားဆိုတဲ့ မယုံနိုင်ခြင်းတွေပေါ့။

နောက်ဆုံးတစ်ချက်၊ တွယ်ငြိလွန်းတာ။ ဒီကာလမှာ အထီးကျန်ကြတာ သိပ်များတယ်။ မိဝေးဖဝေးမှာ နေကြရတယ်။ သူငယ်ချင်းအရင်းတွေနဲ့ ခွဲခွာရတယ်။ အဲဒီအခါ မှီတွယ်စရာ လူလိုလာတယ်။ လိုတာထက် ပိုပြီး တွယ်ငြိမိတယ်။ အနာကပ်ခွာကို ပြန်ခွာရင် သိပ်မနာပေမဲ့ အပြင်းစားကော်နဲ့ ကပ်မိရင်တော့ ခွာတဲ့အခါ အရေပြားပါ လှန်သွားသလိုမျိုးပဲ။ ကပ်တွယ်ထားတဲ့ အတိုင်းအဆပေါ် မူတည်ပြီး ခွဲခွာရတဲ့အခါ နာကျင်မှုကို ခံစားကြရတယ်။

🔳 ဒါကြောင့် လွန်း ၃ လွန်းကို ရှောင်နိုင်ကြရင်တော့ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။

ဒါတွေက ကိန်းဂဏန်းလို ရေတွက်လို့ ရတာမဟုတ်သလို၊ သွေးပေါင်ချိန်တို့၊ နှလုံးခုန်နှုန်းတို့လို တွယ်ငြိမှု ဘယ်လောက်ရှိနေလဲ ဆိုပြီး မော်နီတာမှာ ကြည့်လို့ရတာမျိုးလည်း မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ချိန်ဆကြရမှာပဲ ဖြစ်ပါတယ်။

🔳 ကိုယ့်ငယ်ဘဝနဲ့ အများကြီး ပတ်သက်ဆက်စပ်နေတယ် ဆိုတာကိုလည်း သတိပြုမိဖို့ အရေးကြီးတယ်။ ဥပမာ မိသားစုဆီက နွေးထွေးမှု မရခဲ့တဲ့သူဟာ ကြင်ကြင်နာနာ ဆက်ဆံတတ်တဲ့သူနဲ့ တွေ့ရင် ပိုပြီး ငြိတွယ်လွယ်တယ်။ အချစ်မခံခဲ့ရသူဟာ အချစ်ခံရဖို့ကိုပဲ ကြိုးစားနေမိတတ်တယ်။

ရိုးရိုးလမ်းခွဲတာမျိုး မပြောနဲ့၊ တစ်ဖက်လူက သစ္စာဖောက်သွားရင်တောင် “သူ ဒီလိုလုပ်သွားရလောက်အောင် ငါ့မှာ ဘာချို့ယွင်းချက် ရှိလို့လဲ” ဆိုတာမျိုး တွေးမိနေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်မြင်နေမိတတ်တယ်။

🔳 လက်ရှိရှင်သန်နေရတဲ့ အခြေအနေနဲ့လည်း ဆိုင်ပြန်သေးတယ်။ တိုင်းတစ်ပါး ရောက်နေတယ်။ အလုပ် သို့မဟုတ် ကျောင်းကိစ္စ ဖိအားတွေရှိတယ်။ ယုံကြည်ရတဲ့ မိတ်ဆွေမရှိဘူး။ အဲဒီလိုအချိန်မှာ Relationship ပါ ပြဿနာဖြစ်ရင် ပုံမှန်အခြေအနေထက် ပိုပြီး ပြိုလဲရတတ်တယ်။

ဒါကြောင့်ပဲ အသည်းကွဲတာချင်းတူတောင် ခံစားရတဲ့ အတိမ်အနက်ချင်း မတူကြတာပါ။ တချို့တွေ ခဏနဲ့ Move on လုပ်နိုင်သွားချိန်မှာ တချို့တွေ သတ်သေဖို့ထိ စဉ်းစားဖြစ်၊ ရွေးချယ်ဖြစ်ကြတယ် ဆိုတာ ငယ်ဘ၀ အတွေ့အကြုံ၊ လက်ရှိဘဝအခြေအနေတွေနဲ့ အများကြီး ဆက်စပ်ပါတယ်။

🔳 ဒီအရွယ်ရောက်လာတော့လည်း Relationship နဲ့ ပတ်သက်တဲ့ အမြင်တွေ ပြောင်းလာတယ်။ ကံတရား သက်သက်ပဲလားလို့တောင် ထင်လာမိတယ်။ Healthy Relationship ဆိုတာ ဘယ်လိုတည်ဆောက်ရတယ် အကုန်သိနေပေမဲ့၊ ရုပ်ရည်၊ ပညာ၊ စီးပွားရေး၊ အကျင့်စရိုက် ဘာတစ်ခုမှလည်း ချို့ယွင်းမနေပေမဲ့ ကံမကောင်းတဲ့သူက မကောင်းဘူး။ ကောင်းတဲ့သူကျတော့လည်း ဘာမှ ထူးထူးခြားခြား မရှိဘဲ ကောင်းချင် ကောင်းနေပြန်ရော။

ဒါနဲ့ ပတ်သက်လို့ ရေရာတဲ့အဖြေ မရှိပေမဲ့ ကိုယ့်လက်ထဲ ရှိတာကတော့ ကိုယ့်စိတ်ကို စီမံဖို့ပါပဲ။ လွန်း ၃ လွန်းကို အတတ်နိုင်ဆုံး သတိထားနိုင်မယ် ဆိုရင်တော့ အသည်းကွဲရလည်း နည်းနည်းတော့ သက်သာလိမ့်မယ် ထင်ပါတယ်။

🔳 ကိုယ့်မှာ သိန်းတစ်ရာ ရှိတယ်။ အဲဒါကို ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းထဲ လူတစ်ယောက်ကို ယုံမှတ်ပုံအပ်ပြီး ထည့်ထားတဲ့သူဟာ လက်ရှိဘယ်လောက်ပဲ မြတ်နေပါစေ၊ အန္တရာယ် သိပ်များပါတယ်။

တွဲလုပ်မဲ့ Partner တော့ ရှာမယ်။ သူ့အပေါ် အလွန်အကျွံ မှီခိုမထားဘူး ဆိုတဲ့သူကတော့ ရေရှည်မှာ ပိုအဆင်ပြေရပါလိမ့်မယ်။

🔳 လူမှုဆက်ဆံရေးတွေနဲ့ ပတ်သက်ရင်လည်း ဒီသဘောပါပဲ။

- အပြန်အလှန် အမှီသဟဲ ပြုပါ။ လိုတာထက်တော့ ပိုပြီး မမှီခိုပါနဲ့။

- ယုံကြည်မှု ထားပါ။ လိုတာထက်တော့ မပိုပါစေနဲ့။

- တွယ်ငြိပါ။ လိုတာထက်တော့ ပိုပြီး စွဲလမ်းမသွားပါစေနဲ့။

ဒါဟာ ကိုယ်တိုင်အတွက်ရော၊ ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းအတွက်ပါ Healthy ဖြစ်စေမဲ့ ဖော်မြူလာတွေပဲ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Address

Mandalay

Telephone

+959262009090

Website

Alerts

Be the first to know and let us send you an email when LOON’s Floral Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LOON’s Floral Shop:

Share

Category