MC Khatar Kyaw

MC Khatar Kyaw MC & Presenter

သာယာအေးချမ်းလှတဲ့ တောင်ကြီးမြို့မှာ အသစ်တိုးလာတဲ့ လည်စရာ​တစ်နေရာကို သိပြီးသွားပြီလား🧐❓❓Helios Park လို့ခေါ်တဲ့ သဘာဝနေရော...
10/01/2026

သာယာအေးချမ်းလှတဲ့ တောင်ကြီးမြို့မှာ အသစ်တိုးလာတဲ့ လည်စရာ​တစ်နေရာကို သိပြီးသွားပြီလား🧐❓❓

Helios Park လို့ခေါ်တဲ့ သဘာဝနေရောင်ခြည်အောက်က ပန်းမျိုးစုံတွေနဲ့ ပန်းခြံ​တစ်ခုကို ခေါ်သွားမယ်နော်🏞

ဟီးလိယော့စ် အပန်းဖြေဥယျာဉ်ကို ၃.၁.၂၀၂၆၊ စနေနေ့မှာ စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်🎉🎉🎉

ဖွင့်ပွဲနေ့မှာဆိုရင် နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ ချောစုခင်၊ ဇွဲပြည့်နဲ့ နေမင်းအိမ် တို့အပြင်🎶🎼 ဒေသခံအဆိုတော်တွေ၊ ရှမ်းတိုင်းရင်းသား အကတွေ၊ Zumba 💃🕺အကအလှတွေနဲ့ပါ အားပါးတရ ဖျော်ဖြေတင်ဆက်ရင်း အောင်မြင်စွာ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်

🌻🌺 ပန်းမျိုးစုံကို လှလှပပနဲ့ စနစ်တကျ စိုက်ပျိုးထားတဲ့အပြင် သဘာဝစမ်းချောင်းတွေ 🏞 ၊ ရေပန်းအလှတွေ⛲ နဲ့ အလှဆင်ထားတာကြောင့် ဓာတ်ပုံရိုက်ဝါသနာပါသူတွေ 📸၊ သဘာဝအလှနဲ့ အပန်း​ဖြေချင်သူတွေ 🏕၊ သဘာဝအလှကို ချစ်မြတ်နိုးတဲ့ သူတွေအတွက် တကယ်ကို အပန်းဖြေစရာ သွားသင့်တဲ့နေရာတစ်ခုဆိုတာ အသေချာပါပဲ

ဒါ့အပြင် သဘာဝဆန်တဲ့ပန်းခြံကြီးထဲမှာ Romantic ဆန်တဲ့ မင်္ဂလာပွဲပဲ လုပ်မလား 🤵👰၊ private ဆန်ဆန် ညစာစားပွဲပဲလုပ်မလား🍾 လှပတဲ့နောက်ခံရှုခင်းတွေနဲ့ ကျင်းပလို့ရဉီးမှာလဲ ဖြစ်တယ်နော်

🏞 လိပ်စာ - ခေမာရာမလမ်း၊ ရေဖြူကျေးရွာ၊ ကန်ကြီးရပ်ကွက်အနီး၊ တောင်ကြီးမြို့။

📍မြေပုံလမ်းညွှန်
maps.app.goo.gl/maLDV5xz584pqVct9

လိပ်စာလဲ ညွှန်ပြီးပြီဆိုတော့ Helios Park ကို ခတ္တာနဲ့အတူတူ စာဖတ်နေတဲ့ ချစ်ပရိသတ်ကြီးတို့ကို အလည်ခေါ်သွားမယ်နော်

အော်တစ်ခုတော့ရှိတယ်...❗❗
Helios Park က သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီး သဘာဝဆန်ဆန်လှပအောင် အနုစိတ်ဖန်တီးထားတဲ့ပန်းခြံ ဖြစ်တာကြောင့် အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ၊ ပန်းပင်တွေကို လက်လွတ်စပယ်ခူးတာ ၊ တက်နင်းမိတာမျိုးတွေ လုံးဝမလုပ်ဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်ရှင်🙏

ကဲတစ်ပုံချင်းစီကြည့်လိုက်ရအောင်.....🤗🤗



ဒီနေ့ဟာဆိုရင် ပြင်းအား 7.7 ရှိ ငလျင်လှုပ်ခတ်မှုရဲ့ တစ်လပြည့်နေ့လေးမို့ အမှတ်ရစရာလေး တစ်ခု သိမ်းထားပါရစေရှင် 🙏၂၈.၃.၂၀၂၅ (...
28/04/2025

ဒီနေ့ဟာဆိုရင် ပြင်းအား 7.7 ရှိ ငလျင်လှုပ်ခတ်မှုရဲ့ တစ်လပြည့်နေ့လေးမို့ အမှတ်ရစရာလေး တစ်ခု သိမ်းထားပါရစေရှင် 🙏

၂၈.၃.၂၀၂၅ ( သောကြာနေ့ ) ချမ်းသာ မိသားစုဝန်ထမ်းစုံညီပွဲကို Oriental House မှာ ဆရာ Wai Yan Maung Maung နဲ့အတူ MC မောင်နှမ အပါအဝင် ချမ်းသာ မိသားစု ဝန်ထမ်းတွေ ပျော်ပျော်ပါးပါး စားကြပျော်ကြ Game တွေဆော့ကစားနေတဲ့အချိန်လေးပါ☺

ရုတ်တရက်ငလျင် ထလှုပ်တာကြောင့် အကုန်လုံး ကြောက်ကြောက်လန့်လန့်နဲ့ ပြေးခဲ့ရပါတယ် ပြင်းအားများတာကြောင့် အပျက်အစီးများနဲ့ အတူတူ ပွဲကို တဝက်နဲ့ ရပ်ခဲ့ရပါတယ်😓

ဘဝမှာ အမှတ်ရဆုံး ပွဲလို့ မေးလာရင် နေ့ရက် ၊ အချိန် ၊ နေရာ ကစ အမြဲတမ်း သတိရနေတော့မယ်ဆိုတာ စိတ်မကောင်းခြင်းများစွာနဲ့ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး 🥺

📸 Ko Moe Zaw

#ငလျင်

#28.3.2025

29/03/2025

မနေ့က OH မှာ ပွဲလုပ်နေရင်း ငလျင်လှုပ်တာ
MC တွေက အတွင်းပိုင်းမှာဆိုတော့ အပြင်ကိုထွက်လို့ကလည်းမလွယ်
ခုံအောက်မှာ ဝပ်နေရတယ်
တကယ်ကို ကြီးမားတဲ့ အမှတ်တရပါပဲ


📸 Yair Yint Aung
12/03/2025

📸 Yair Yint Aung



Sunflower International School 2024-2025 Academic Year End Ceremony ပုံရိပ်များDesigner Makeup Suu Myint Myat San Hair S...
28/02/2025

Sunflower International School 2024-2025 Academic Year End Ceremony ပုံရိပ်များ
Designer
Makeup Suu Myint Myat San
Hair Stylist Pont
Photographer Yint Aung




Fat Tea...☕
12/02/2025

Fat Tea...☕

ဝါသနာပါတဲ့ ပညာရပ်ဆိုတာ ပင်လယ်ရေလို သောက်လေငတ်လေ ငတ်မပြေပါပဲရှင်🤗တင်ဆက်သူပညာကို ဝါသနာပါတာကြောင့် ပညာရပ်တစ်ခုကိုထပ်မံဖြည့်...
11/01/2025

ဝါသနာပါတဲ့ ပညာရပ်ဆိုတာ ပင်လယ်ရေလို သောက်လေငတ်လေ ငတ်မပြေပါပဲရှင်🤗
တင်ဆက်သူပညာကို ဝါသနာပါတာကြောင့် ပညာရပ်တစ်ခုကိုထပ်မံဖြည့်ဖို့ တီချယ် MC Htet Wai Sen ဆီမှာ Professional MC & Presenter Batch - 5 ကို တက်ရောက်ခဲ့ပါတယ်
ပွဲအခမ်းအနားမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို စာတွေ့သင်တန်းပို့ချမှု တစ်ခုတည်းသာမက ပွဲအခမ်းအနားတွေမှာပါ လက်တွေ့ကျကျသင်ကြားပေးခဲ့တဲ့အတွက် တီချယ့်ကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်🙏🙏🙏



02/01/2025

၁ - ၁ - ၂၀၂၅ ( ဗုဒ္ဓဟူးနေ့ ) မှာ ပြုလုပ်ခဲ့တဲ့ လှူဒါန်းမှုလေးတစ်ခုဖြစ်ပါတယ်ရှင်... 🙏

Bright Star English School မှ ကြာဇံကြော် ဘူး ( ၁၀၀ )
ပရိတ္တဝါ - ဂယ်လာရီကဖေး မှ ပေါင်မုန့်ပဲနို့ဆမ်း ဘူး ( ၁၀၀ ) နှင့်
ရှေ့နေကြီး ဉီးကျော်ခိုင် မှ ဖက်ထမင်း အထုပ် ( ၂၀၀ )
လှူဒါန်းခဲ့တာဖြစ်ပါတယ်ရှင်...🙏

အတူတကွ ပါဝင်ကူညီပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်...🙏



#ပရိတ္တဝါ

Address

Mandalay
05041

Website

Alerts

Be the first to know and let us send you an email when MC Khatar Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share