ORCHIT

ORCHIT Wedding Mart
(1)

01/12/2025

Orchit Wedding Mart ကို ဘယ်လိုလာရမလဲ❓

လက်ရှိမှာ ဆိုင်ကို ဘယ်လိုလာရောက်ရမလဲဆိုတာ မသိသေးတဲ့ ချစ်ခင်ရတဲ့ Customer တွေအတွက် လွယ်ကူမြန်ဆန်စွာ ရောက်ရှိနိုင်မယ့် လမ်းညွှန် ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ် 🚏

ဒီဗီဒီယိုလေးထဲမှာ ဆိုင်တည်နေရာကို အစအဆုံး အသေးစိတ် ရိုက်ကူးပြသထားပြီး ဘယ်လမ်းကနေ ကွေ့ရမလဲ၊ ဘယ်အမှတ်အသားတွေကို သတိထားရမလဲ၊ ဆိုင်ရှေ့ မျက်နှာစာက ဘယ်လိုပုံစံလဲဆိုတာကိုပါ သေချာလေး လိုက်ပြထားတာကြောင့် ဘယ်သူမဆို လွယ်လွယ်ကူကူနဲ့ လမ်းမမှားဘဲ အရောက်လှမ်းလာနိုင်မှာပါ ✨

ဒါကြောင့် ဒီလမ်းညွှန်ဗီဒီယိုလေးကို သေချာကြည့်ရှုပြီး စိတ်အေးချမ်းသာစွာနဲ့ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ရင်း၊ Orchit Wedding Mart ရဲ့ တစ်နေရာတည်းမှာ စုံလင်စွာရရှိနိုင်မယ့် အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ စောင့်ကြိုနေမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 🤗

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 - 𝟎𝟗𝟗𝟕𝟔𝟔𝟔𝟑𝟑𝟑𝟕/ 𝟎𝟗𝟗𝟓𝟎𝟎𝟖𝟎𝟗𝟎𝟎
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟓𝟖𝐭𝐡 𝐒𝐭 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲




Send a message to learn more

သင့်ရဲ့ စီးပွားရေးအိပ်မက်ကို အချိန်မဆွဲဘဲ လက်တွေ့အကောင်အထည်ဖော်ချင်ပါသလား❓ဒါဆို Orchit Wedding Mart ရဲ့ ချက်ချင်းပြောင်း...
29/11/2025

သင့်ရဲ့ စီးပွားရေးအိပ်မက်ကို အချိန်မဆွဲဘဲ လက်တွေ့အကောင်အထည်ဖော်ချင်ပါသလား❓

ဒါဆို Orchit Wedding Mart ရဲ့ ချက်ချင်းပြောင်းရွှေ့အသုံးပြုနိုင်တဲ့ (Ready-to-Use) ဆိုင်ခန်းတွေက သင့်အတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။

ဆိုင်ခန်းအလှဆင်ဖို့၊ ပြင်ဆင်ဖို့ အချိန်နဲ့ ငွေကုန်ခံစရာ မလိုဘဲ သင့်လုပ်ငန်းကို ချက်ချင်းစတင် လည်ပတ်နိုင်မှာပါ 🤩

Orchit Wedding Mart က မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ တည်ရှိပြီး မင်္ဂလာပွဲဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဗဟိုချက်ဖြစ်လာစေဖို့ ရည်ရွယ်တည်ဆောက်ထားတာပါ။

ဒါကြောင့် သင်က မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကိုင်သူဖြစ်တယ်ဆိုရင် လာရောက်သူ ဖောက်သည်တွေက သီးသန့်ရည်ရွယ်ချက်ရှိရှိ လာရောက်သူတွေဖြစ်လို့ သင့်လုပ်ငန်းရဲ့ အရောင်းအဝယ်ဖြစ်နိုင်ခြေကိုလည်း အလွန်မြင့်မားစေမှာပါ 📈

ဒါ့အပြင် လျှပ်စစ်မီး၊ ရေ၊ လုံခြုံရေး စတဲ့ အခြေခံလိုအပ်ချက်တွေ အားလုံးကို ပြည့်စုံစွာ စီစဉ်ပေးပြီးသားဖြစ်လို့ အချိန်ကုန်၊ ငွေကုန်သက်သာစွာနဲ့ လုပ်ငန်းအပေါ်သာ အပြည့်အဝ အာရုံစိုက်နိုင်မှာပါ။

ဒါကြောင့် Orchit Wedding Mart နဲ့ လက်တွဲပြီး ချက်ချင်းငှားရမ်း၊ ချက်ချင်းပြောင်းရွှေ့အသုံးပြုကာ၊ ချက်ချင်း အောင်မြင်မှုလမ်းကြောင်းကို စတင်လိုက်ပါ ✨

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 - 𝟎𝟗𝟗𝟕𝟔𝟔𝟔𝟑𝟑𝟑𝟕/ 𝟎𝟗𝟗𝟓𝟎𝟎𝟖𝟎𝟗𝟎𝟎
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟓𝟖𝐭𝐡 𝐒𝐭 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲




မင်္ဂလာပွဲရက် နီးကပ်လာတဲ့အခါ စိတ်လှုပ်ရှားမှုတွေနဲ့အတူ နောက်ဆုံးလိုအပ်တဲ့ ပြင်ဆင်မှုတွေကို သေသေချာချာ စစ်ဆေးဖို့ အရေးကြီ...
29/11/2025

မင်္ဂလာပွဲရက် နီးကပ်လာတဲ့အခါ စိတ်လှုပ်ရှားမှုတွေနဲ့အတူ နောက်ဆုံးလိုအပ်တဲ့ ပြင်ဆင်မှုတွေကို သေသေချာချာ စစ်ဆေးဖို့ အရေးကြီးပါတယ်❗

ဒါကြောင့်မို့ Orchit Wedding Mart က မင်္လာပွဲရက် နီးလာချိန်မှာ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို ‌ဝေမျှပေးလိုက်ပါတယ် 👇🏻

ကျင်းပမယ့် နေရာ (Venue) အတွက် Decorators၊ Catering Service နဲ့ Photography/Videography အဖွဲ့တွေနဲ့ နောက်ဆုံးအချိန်ဇယား၊ အစီအစဉ်တွေကို ဖုန်းဆက်ပြီး အတည်ပြုရပါမယ်။

ဒါ့အပြင် ဖိတ်ကြားထားသူ စာရင်းကိုလည်း နောက်ဆုံးပိတ် စစ်ဆေးပြီး VIP ဧည့်သည်တွေအတွက် ထိုင်ခုံ နေရာချထားမှုကို သေသေချာချာ စီစဉ်ထားဖို့လိုပါတယ်။

မင်္ဂလာပွဲ အစီအစဉ် (Program Flow) တစ်ခုလုံးကိုလည်း တင်ဆက်သူ (MC) နဲ့အတူ ပြန်လည်သုံးသပ်ပြီး အချိန်ကိုက်ညီမှုရှိစေဖို့ သေချာပြင်ဆင်ထားသင့်ပါတယ်။

ပြီးရင်တော့ မင်္ဂလာဝတ်စုံနဲ့ ဖိနပ်ကို ကြိုတင်ဝတ်ဆင်ကြည့်ပြီး အဆင်ပြေရဲ့လားဆိုတာ စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ မျက်နှာပေါင်းတင်တာ၊ လက်သည်း/ခြေသည်း ပြင်ဆင်တာတွေကို လုပ်ဆောင်သင့်ပါတယ်။

မိသားစုဝင်‌တွေ၊ သူငယ်ချင်းတွေကို လက်ဆောင်ပစ္စည်း လက်ခံမယ့်တာဝန်၊ ဧည့်ခံကျွေးမွေးမယ့် တာဝန် ဒီလိုမျိုး တာဝန်ခွဲဝေမှုတွေကို သေချာစွာ ပြုလုပ်ထားမယ်ဆိုရင် ပွဲနေ့မှာ စိတ်ဖိစီးမှုကင်းနေစေမှာပါ။

အရေးအကြီးဆုံးကတော့ ပွဲနေ့ မတိုင်ခင် အိပ်ရေးဝဝ အိပ်စက် အနားယူပြီး ဖြစ်ပျက်လာနိုင်တဲ့ အသေးအမွှား အမှားလေးတွေအတွက် စိတ်မပူဘဲ ဘဝရဲ့ အမှတ်တရနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထား ဖို့လည်း လိုအပ်ပါတယ်လို့ အကြံပြုလိုပါတယ်ရှင် 🤗



မင်္ဂလာပွဲစီစဉ်တဲ့အခါ စိတ်ဖိစီးမှုတွေ၊ ပူပင်စရာတွေနဲ့ ရင်ဆိုင်ရတာကလည်း မလွဲမသွေပါပဲ 💁🏻‍♀️ဒီလို စိတ်ရှုပ်ထွေးမှုတွေ၊ အလုပ...
28/11/2025

မင်္ဂလာပွဲစီစဉ်တဲ့အခါ စိတ်ဖိစီးမှုတွေ၊ ပူပင်စရာတွေနဲ့ ရင်ဆိုင်ရတာကလည်း မလွဲမသွေပါပဲ 💁🏻‍♀️

ဒီလို စိတ်ရှုပ်ထွေးမှုတွေ၊ အလုပ်ရှုပ်တာတွေ ကင်းဝေးပြီး စိတ်အေးလက်အေး၊ အနားယူရင်းနဲ့မှ ကိုယ့်ရဲ့မင်္ဂလာပွဲလေးကို ပုံဖော်ချင်တယ်ဆိုရင်တော့ Orchit Wedding Mart ကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။

Orchit Wedding Mart က မင်္ဂလာဝတ်စုံကစလို့ မိတ်ကပ်၊ ဓာတ်ပုံ/ဗီဒီယို၊ ပန်းအပြင်အဆင် စတဲ့ ဝန်ဆောင်မှုအားလုံးကို One Stop Service အနေနဲ့ တစ်နေရာတည်းမှာ စိတ်တိုင်းကျ ရွေးချယ်နိုင်အောင် စီစဉ်ပေးထားတာပါ 🤗

ဒါ့အပြင် ကိုယ့်ရဲ့ Budget နဲ့ ကိုက်ညီမယ့် Package မျိုးစုံကို အရည်အသွေးအကောင်းဆုံး၊ မျှတတဲ့စျေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနေတာကြောင့် စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။

စိတ်ဖိစီးမှုကင်းကင်းနဲ့ လှပတဲ့ အမှတ်တရမင်္ဂလာမော်ကွန်းတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် Orchit Wedding Mart ကို အခုပဲ ဆက်သွယ်လိုက်တော့နော် ✨

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 - 𝟎𝟗𝟗𝟕𝟔𝟔𝟔𝟑𝟑𝟑𝟕/ 𝟎𝟗𝟗𝟓𝟎𝟎𝟖𝟎𝟗𝟎𝟎
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟓𝟖𝐭𝐡 𝐒𝐭 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲




နူးညံ့ချိုဆိမ့်တဲ့ Latte လား?ဒါမှမဟုတ် ကော်ဖီအရသာ ပြင်းပြီး လန်းဆန်းစေတဲ့ Cappuccino လား?ကိုယ်အကြိုက်ဆုံးနဲ့ အမြဲလိုလိုသ...
27/11/2025

နူးညံ့ချိုဆိမ့်တဲ့ Latte လား?

ဒါမှမဟုတ် ကော်ဖီအရသာ ပြင်းပြီး လန်းဆန်းစေတဲ့ Cappuccino လား?

ကိုယ်အကြိုက်ဆုံးနဲ့ အမြဲလိုလိုသောက်ဖြစ်တဲ့ ကော်ဖီလေးကို React လေးတွေပေးပြီး ရွေးပေးခဲ့‌ပါဦးနော် 🤗


ဒီတစ်ခေါက် Date တဲ့အခါ အရင်ကထက် ထူးခြားပြီး နှစ်ကိုယ်တည်း သီးသန့်အချိန်လေးတွေဖန်တီးဖို့ စိတ်ကူးနေပြီလား?ရိုးအီနေတဲ့ ရုပ်...
26/11/2025

ဒီတစ်ခေါက် Date တဲ့အခါ အရင်ကထက် ထူးခြားပြီး နှစ်ကိုယ်တည်း သီးသန့်အချိန်လေးတွေဖန်တီးဖို့ စိတ်ကူးနေပြီလား?

ရိုးအီနေတဲ့ ရုပ်ရှင်ရုံတွေ၊ ရှုပ်ထွေးတဲ့ စားသောက်ဆိုင်တွေကနေ ခွဲထွက်ပြီး ကိုယ်ချစ်ရသူနဲ့ နှစ်ကိုယ်တည်း အေးအေးဆေးဆေးနဲ့ စိတ်ကူးယဉ်ဆန်တဲ့ အချိန်တွေကို ဖန်တီးချင်တယ် ဆိုရင် သင်ရှာနေတာက Orchid Love Cafe ပါပဲ ☕

Orchit Love Cafe လေးက ဆိတ်ငြိမ်အေးချမ်းတာကြောင့် ချစ်ရသူနဲ့ အေးအေးဆေးဆေး စကားပြောဆိုရင်း အချိန်ဖြုန်းဖို့အတွက် အသင့်တော်ဆုံးပါပဲ။

Cafe လေးထဲမှာ သဘာဝအလင်းရောင်နဲ့ လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့၊ Romantic ဆန်တဲ့ Photo Spot လှလှလေးတွေ အများကြီးရှိတာကြောင့် ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ ကောင်မလေးတွေ အတွက်ရော၊ အမှတ်တရ ဓာတ်ပုံရိုက်ချင်တဲ့ ချစ်သူစုံတွဲတွေ အတွက်ပါ အကြိုက်တွေ့စေမယ့် နေရာလေးတစ်ခုပါပဲ။

ဒါ့အပြင် အေးအေးဆေးဆေး စကားပြောရင်း ခံတွင်းလိုက်ဖက်မယ့် Specialty Coffee အစုံ၊ လန်းဆန်းစေမယ့် Drinks အမျိုးမျိုးနဲ့ အချစ်ကို ပိုတိုးစေမယ့် Snack လေးတွေကိုလည်း မှာယူနိုင်ပါသေးတယ် 🧇

ဒါကြောင့် ဒီတစ်ခေါက် Date လေးကို Orchid Love Cafe မှာ ကိုယ်ချစ်ရသူနဲ့အတူ ငြိမ်းချမ်းနွေးထွေးတဲ့ အမှတ်တရကောင်းလေးတွေ ထပ်မံဖန်တီးလိုက်တော့နော် 🤗

🕰️ 𝐎𝐩𝐞𝐧 𝐓𝐢𝐦𝐞: 𝟗:𝟎𝟎 𝐀𝐌 𝐭𝐨 𝟓:𝟎𝟎 𝐏𝐌
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝟓𝟖𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐎𝐫𝐜𝐡𝐢𝐭 𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐌𝐚𝐫𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

အရေးကြီးတဲ့ Business Meeting၊ Training Session၊ Workshop ဒါမှမဟုတ် Team Discussion တွေလုပ်ဖို့အတွက်......Professional ဆန...
25/11/2025

အရေးကြီးတဲ့ Business Meeting၊ Training Session၊ Workshop ဒါမှမဟုတ် Team Discussion တွေလုပ်ဖို့အတွက်......

Professional ဆန်ဆန်နဲ့ အေးဆေးတည်ငြိမ်တဲ့ နေရာကောင်းတစ်ခု လိုအပ်နေပြီလား?

လူကြီးမင်းတို့ရဲ့ Productive Session တွေကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့ မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက် သင့်တော်တဲ့ Room တွေကို Orchit မှာ ရွေးချယ် ငှါးရမ်းနိုင်ပါပြီ။

✨ ဘာကြောင့် Orchit ရဲ့ Rental Room တွေကို ရွေးချယ်သင့်တာလဲ?

1️⃣ Orchit ရဲ့ အခန်းတွေက Fully Equipped ဖြစ်တာကြောင့် Meeting ပဲလုပ်လုပ်၊ Training ပဲပေးပေး၊ Presentation ပဲလုပ်လုပ် ဘာအခက်အခဲမှ မရှိဘဲ ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်စေမှာပါ။

2️⃣ Professional ဆန်ဆန် သပ်သပ်ရပ်ရပ်နဲ့ ခေတ်မီပစ္စည်းအစုံအလင် ပါဝင်တာကြောင့် အပြင်ကနေ ဘာပစ္စည်းမှ ထပ်ယူလာစရာမလိုပါဘူး။

3️⃣ ကားပါကင်နေရာ အလုံအလောက်ရှိသလို၊ လုံခြုံရေးအတွက်လည်း လုံးဝစိတ်ချလို့ရပါတယ်။

ဒီလိုမျိုး အဘက်ဘက်ကပြည့်စုံနေတဲ့ Orchit ရဲ့ Fully Equipped Rental Room လေးတွေက သင့်ရဲ့လိုအပ်ချက်တိုင်းကို ကွက်တိ ဖြစ်စေမှာမို့ အမြန်ဆုံးသာ Booking တင်ထားလိုက်တော့နော် ✨

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 - 𝟎𝟗𝟗𝟕𝟔𝟔𝟔𝟑𝟑𝟑𝟕/ 𝟎𝟗𝟗𝟓𝟎𝟎𝟖𝟎𝟗𝟎𝟎
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟓𝟖𝐭𝐡 𝐒𝐭 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲





လက်ရှိဖွင့်ထားတဲ့ ဆိုင်ခန်းနေရာမှာ မင်္ဂလာပွဲစီစဉ်နေတဲ့ ဖောက်သည်စစ်စစ်တွေရဖို့ ခက်ခဲနေပြီလား? ကြော်ငြာတွေ အများကြီး သုံး...
25/11/2025

လက်ရှိဖွင့်ထားတဲ့ ဆိုင်ခန်းနေရာမှာ မင်္ဂလာပွဲစီစဉ်နေတဲ့ ဖောက်သည်စစ်စစ်တွေရဖို့ ခက်ခဲနေပြီလား?

ကြော်ငြာတွေ အများကြီး သုံးနေရပေမယ့် ရလဒ်က ထင်သလောက်မဖြစ်ဘဲ နည်းနေပြီလား?

ဒီလိုဖြစ်‌နေပြီဆိုရင် သင့်လုပ်ငန်းကို ဈေးကွက်ရဲ့ အဓိကအချက်အချာကျတဲ့နေရာကို ရွှေ့ပြောင်းဖို့ အချိန်ကျပါပြီ။

ဒါဆို သင့်လုပ်ငန်းကို အောင်မြင်မှုလမ်း‌ကြောင်းမ်း‌ကြောင်းဆီ ပို့ဆောင်ပေးမယ့် Orchit Wedding Mart နဲ့သာ လက်တွဲလိုက်ပါ

Orchit Wedding Mart ဆိုတာ မင်္ဂလာပွဲအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ အကြီးဆုံးနေရာဖြစ်တာကြောင့် -

✅ Customer တွေကို အထူးတလည်လာရောက်ဖို့ ဖိတ်ခေါ်နေစရာမလိုဘဲ သင့်ဆိုင်ခန်းကို အလိုလို ရောက်လာနိုင်မယ်

✅ လူမြင်များတဲ့ နေရာ၊ လူလာများတဲ့ နေရာဖြစ်တဲ့အတွက် ရောင်းအားနဲ့ အမြတ်ငွေ တိုးလာမယ်
စတဲ့ အကျိုးကျေးဇူးတွေကို ချက်ချင်းခံစားနိုင်မှာပါ။

မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ဘယ်လုပ်ငန်းပဲ ဖြစ်နေပါစေ Orchit Wedding Mart ရဲ့ ဆိုင်ခန်းတွေက သင့်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာမှာမို့ အခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်ဆုံးဆက်သွယ် စုံစမ်းလိုက်တော့နော် 🤗

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 - 𝟎𝟗𝟗𝟕𝟔𝟔𝟔𝟑𝟑𝟑𝟕/ 𝟎𝟗𝟗𝟓𝟎𝟎𝟖𝟎𝟗𝟎𝟎
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟓𝟖𝐭𝐡 𝐒𝐭 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲




သိထားမှ စိတ်ချရမယ့် မင်္ဂလာဝတ်စုံ ရွေးချယ်ခြင်း လျှို့ဝှက်ချက်များ❗မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အခါ ...
24/11/2025

သိထားမှ စိတ်ချရမယ့် မင်္ဂလာဝတ်စုံ ရွေးချယ်ခြင်း လျှို့ဝှက်ချက်များ❗

မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အခါ အမှားအယွင်းမရှိဘဲ စိတ်ကျေနပ်စရာ အကောင်းဆုံးဖြစ်စေဖို့ ရှောင်ကြဥ်သင့်တဲ့ အဓိကအချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

1️⃣ အချိန်ကိုက် မစီစဥ်ခြင်း
❌ မင်္ဂလာပွဲရက်နီးမှ ကမန်းကတန်း ရွေးချယ်တာ၊ ချုပ်ဖို့စီစဥ်တာ။
✅ မင်္ဂလာပွဲမစမီ အနည်းဆုံး (၄)လကနေ (၆)လအတွင်း ဒီဇိုင်းရွေးချယ်တာ၊ အပ်နှံတာနဲ့ စမ်းဝတ်ကြည့်တာတွေကို စတင်ပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ကြိုက်ချုပ်လုပ်မယ်ဆိုရင်တော့ အချိန်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်။

2️⃣ ပွဲကျင်းပမယ့်နေရာနဲ့ ရာသီဥတုကို ထည့်မတွက်ခြင်း
❌ ပူပြင်းတဲ့ရာသီမှာ အလွှာများလွန်းပြီး လေးလံလွန်းတဲ့ ဝတ်စုံကို ရွေးချယ်တာ။
✅ ပွဲကျင်းပမယ့် နေရာရဲ့ ပတ်ဝန်းကျင်နဲ့ ရာသီဥတု ကို အခြေခံပြီး အထည်အသား (Fabric)နဲ့ ပုံစံ (Style) တွေကို စဥ်းစားပါ။

3️⃣ စိတ်ကူးထဲက ပုံစံတစ်ခုတည်းကိုသာ စွဲကိုင်ထားခြင်း
❌ မင်းသမီးတစ်ဦး ဝတ်ဖူးတဲ့ပုံစံ၊ မဂ္ဂဇင်းထဲက ပုံစံကိုတစ်မျိုးကို သဘောကျပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှု ရှိ/မရှိ မစမ်းသပ်ဘဲ ရွေးချယ်တာ။
✅ ပုံစံတစ်မျိုးတည်းကို ရွေးချယ်တာထက် မင်္ဂလာပွဲမတိုင်ခင် ဒီဇိုင်းအမျိုးမျိုးကို ကိုယ်တိုင် စမ်းဝတ်ကြည့်တာက အသင့်တော်ဆုံးပါပဲ။

မင်္ဂလာဝတ်စုံ ရွေးချယ်တဲ့အခါ ဒီအချက်တွေကို သေချာလိုက်နာမယ်ဆိုရင် စိတ်ကျေနပ်စရာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်မှာအသေအချာပါပဲ 🤗



#မင်္ဂလာဝတ်စုံရွေးချယ်ခြင်း

နှစ်ကုန်ပိတ်ရက်မှာ မင်္ဂလာပွဲကျင်းပတာက ချစ်သူစုံတွဲတွေအတွက် တကယ့်ကို အမှတ်ရစရာပါပဲ 🤗အကြီးမားဆုံး အားသာချက်ကတော့ ဧည့်သည်တ...
22/11/2025

နှစ်ကုန်ပိတ်ရက်မှာ မင်္ဂလာပွဲကျင်းပတာက ချစ်သူစုံတွဲတွေအတွက် တကယ့်ကို အမှတ်ရစရာပါပဲ 🤗

အကြီးမားဆုံး အားသာချက်ကတော့ ဧည့်သည်တွေ အားလုံးနီးပါး အဆင်ပြေပြေ တက်ရောက်နိုင်တာပါပဲ။ ဒီဇင်ဘာ ဒါမှမဟုတ် နှစ်သစ်ကူးပတ်ဝန်းကျင်မှာ အားလပ်ရက်ရှည်တွေ ဆက်တိုက်ရှိနေတဲ့အတွက်၊ ဖိတ်ထားတဲ့သူတွေဟာ အလုပ်ကနေ ခွင့်ထပ်ယူစရာ မလိုတော့ဘူးပေါ့ 💁🏻‍♀️

အဝေးကလာမယ့်သူ၊ နိုင်ငံခြားက ပြန်လာမယ့်သူတွေအတွက်လည်း ခရီးသွားလာဖို့ အချိန်လုံလုံလောက်လောက် ရတာမို့၊ သူငယ်ချင်းတွေ၊ မိသားစုတွေ စုံစုံညီညီနဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲတစ်ခု ဖြစ်လာစေမှာပါ။

နောက်တစ်ခုကတော့ ပွဲရဲ့ အငွေ့အသက်နဲ့ အလှဆင်မှုပါပဲ။ နှစ်ကုန်ပိုင်း၊ ဆောင်းဦး/ဆောင်းတွင်းရဲ့ ရိုမန်တစ်ဆန်ပြီး နွေးထွေးတဲ့ ခံစားချက်က မင်္ဂလာပွဲကို အလိုလို လှပစေပါတယ်။

နောက်ဆုံးတစ်ခုကတော့ နှစ်ပတ်လည်နေ့ကို မှတ်ရလွယ်ပြီး အမြဲတမ်း ပျော်နေရစေတာပါပဲ။ နှစ်သစ်ကူးအားလပ်ရက်နဲ့ တိုက်ဆိုင်ပြီး မင်္ဂလာဆောင်လိုက်ရင် ကိုယ့်ရဲ့ Anniversary ကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး။ နှစ်တိုင်း နှစ်သစ်ကူး ပွဲလမ်းသဘင်တွေနဲ့အတူ ကိုယ့်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကိုပါ ပိုပြီး ပျော်ရွှင်စွာ ကျင်းပလို့ရတာပေါ့။

ဒီလို အားသာချက်တွေကြောင့် နှစ်ကုန်ပိတ်ရက်မှာ မင်္ဂလာပွဲကျင်းပတာဟာ တကယ်ကို အစီအစဉ်ချသင့်တဲ့ Idea တစ်ခုပါပဲနော် ✨


Weekend Date Challenge ကံထူးရှင်များ ကြေညာခြင်း ✨Orchit Love Cafe ရဲ့ Set Menu တစ်စုံစာကို ကံစမ်းနိုင်မယ့် Weekend Date ...
21/11/2025

Weekend Date Challenge ကံထူးရှင်များ ကြေညာခြင်း ✨

Orchit Love Cafe ရဲ့ Set Menu တစ်စုံစာကို ကံစမ်းနိုင်မယ့် Weekend Date Challenge မှာ ပါဝင်ခဲ့ကြတဲ့ Customer တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ပါဝင်သူများထဲကနေ ကံအကောင်းဆုံး ကံထူးရှင် (၂) ဦးကို Random Comment Picker နဲ့ ရွေးချယ်ပြီးပါပြီ 🤩

Giveaway မှာ မပါဝင်လိုက်ရသူတွေနဲ့ ကံမစပ်ခဲ့သူတွေလည်း စိတ်မပူပါနဲ့။

နောက်ထပ် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကံစမ်းမဲအစီအစဉ်တွေနဲ့ Promotion တွေကိုလည်း ဆက်လက်ပြုလုပ်ပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 🤗

🕰️ 𝐎𝐩𝐞𝐧 𝐓𝐢𝐦𝐞: 𝟗:𝟎𝟎 𝐀𝐌 𝐭𝐨 𝟓:𝟎𝟎 𝐏𝐌
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝟓𝟖𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐎𝐫𝐜𝐡𝐢𝐭 𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐌𝐚𝐫𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

💖 Orchit Wedding Mart နဲ့အတူ စိတ်ချမ်းသာစွာနဲ့ လှပတဲ့ မင်္ဂလာပွဲလေးကို ဖန်တီးလိုက်ပါ 💖ချစ်ရတဲ့ သတို့သားနဲ့ သတို့သမီးတို့...
20/11/2025

💖 Orchit Wedding Mart နဲ့အတူ စိတ်ချမ်းသာစွာနဲ့ လှပတဲ့ မင်္ဂလာပွဲလေးကို ဖန်တီးလိုက်ပါ 💖

ချစ်ရတဲ့ သတို့သားနဲ့ သတို့သမီးတို့ရေ......
Orchit Wedding Mart ကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ မင်္ဂလာပွဲလေးကို လုံးဝ စိတ်ပူစရာ မလိုဘဲ အလှပဆုံး ပုံဖော်နိုင်ပြီနော် 🤩

ဘာကြောင့်လဲဆိုတော့ Orchit မှာ မင်္ဂလာဝတ်စုံကအစ၊ Pre-Wedding ဓာတ်ပုံ၊ မိတ်ကပ်ဆံပင်၊ ခန်းမအပြင်အဆင်တွေအဆုံး "A To Z" အထိ လိုအပ်သမျှ ဝန်ဆောင်မှုအားလုံးကို အရည်အသွေးမြင့်မြင့်နဲ့ တစ်နေရာတည်းမှာ စုစည်းပေးထားလို့ပါပဲ။

ဒါကြောင့် အလုပ်ရှုပ်ခံပြီး လိုက်လံရှာဖွေနေစရာ မလိုတော့ဘဲ အချိန်ကုန် လူပင်ပန်း သက်သာစေမှာ အသေအချာပါပဲ ✅

ဘတ်ဂျက်နဲ့ ကိုက်ညီမယ့်၊ စိတ်ကူးထဲကအတိုင်း ဖြစ်စေမယ့် ဝန်ဆောင်မှု Package တွေကိုလည်း ကျွမ်းကျင်သူတွေနဲ့အတူ အနီးကပ် တိုင်ပင်ဆွေးနွေးနိုင်ပါသေးတယ်။

ဒီလိုမျိုး ဘဝရဲ့ အရေးအကြီးဆုံးနေ့မှာ စိတ်အေးချမ်းသာစွာနဲ့ အပြုံးပန်းတွေ ဝေဆာနေစေဖို့ Orchit Wedding Mart က စိတ်ချရတဲ့ လက်တွဲဖော် အဖြစ် အမြဲရှိနေမှာမို့ ယုံကြည်စိတ်ချစွာ လက်တွဲလိုက်တော့နော် 🤗

📞 𝐂𝐨𝐧𝐭𝐚𝐜𝐭 - 𝟎𝟗𝟗𝟕𝟔𝟔𝟔𝟑𝟑𝟑𝟕/ 𝟎𝟗𝟗𝟓𝟎𝟎𝟖𝟎𝟗𝟎𝟎
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟓𝟖𝐭𝐡 𝐒𝐭 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟓 𝐱 𝟐𝟔, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲




Address

58 Street, Bet 25 X 26 St
Mandalay

Telephone

+959982888158

Website

Alerts

Be the first to know and let us send you an email when ORCHIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ORCHIT:

Share