24/04/2024
နွားသိုးကြိုးပျက် ထိုးတိုင်းကံထူး
မင်းနဲ့အရူးအမူး နှစ်ကိုယ်ထဲထူး
ပထမဆုရောက် ဘတ်12သန်းပေါက်
မျှော်လင့်ခြင်းတွေကိုယ်စီ အနာဂတ်ကိုချီ
MyanThaiလေးနဲ့ ဒို့အမှီ
Ta**us ♉️
ဒီတပတ်ရဲ့ MyanThai e-ticket ပေါ်က လာဘ်ကောင်ကတော့ ပြိဿရာသီကိုယ်စားပြု လူတပိုင်း/နွားရိုင်းတပိုင်း Minotaur ကြီးပဲဖြစ်ပါတယ်။ Ta**us ပ်ြိဿရာသီခွင်ရဲ့ ဇာတ်လမ်းအစက ဒီလို ...
သမုဒ္ဒရာရဲ့အရှင်သခင် (Poseidon) ရေနတ်ဘုရားက ခွန်အားကြီးမားတဲ့ နွားရိုင်းကြီးကို Crete ကျွန်းရဲ့ ရှင်ဘုရင် Minos ထံ လက်ဆောင်ပဏ္ဏာပေးလိုက်ပါတယ်။ နတ်ဘုရားတွေဟာ သတ္တဝါတွေကို လက်ဆောင်အနေနဲ့ ပေးတာက သူတို့ချင်းကြားမှာ ညှိုနှိုင်းထားတဲ့ကိစ္စကို လက်ခံပေးဖို့ ကမ်းလှမ်းတာ ဖြစ်ပြီး လက်ဆောင်ကို လက်ခံရရှိတဲ့နတ်ဘုရားက ဒီသတ္တဝါကို ယဇ်ပူဇော်ကာ လက်ခံကြောင်း ပြသလေ့ရှိကြပါတယ်။ ဒါပေမယ့် ဘုရင် Minos က ထွားထွားကြိုင်ကြိုင်နဲ့ သန်မာလွန်းလှတဲ့ နွားရိုင်းကြီးကို ယစ်ပူဇော်ဖို့ရာ နှမြောတသဖြစ်တာကြောင့် ယဇ်မပူဇော်တော့ဘဲ ဒီအတိုင်းထားလိုက်ပါတော့တယ်။
ဒီလုပ်ရပ်ဟာ နတ်ဘုရားတွေရဲ့ အစဥ်အလာကို ချိုးဖောက်သလိုဖြစ်သွားပြီး ဘုရင် Minos ရဲ့လုပ်ရပ်ကို ရေနတ်ဘုရား Poseidon က အလွန်ဒေါသထွက်ခဲ့ပါတယ်။ အမျက်တော်ရှသွားပြီးမို့ ဘုရင် Minos ကို အပြစ်ပေးတဲ့အနေနဲ့
အဲ့ဒီကျွဲရိုင်းကြီးကို ဘုရင် Minos ရဲ့မိဖုရား Pasiphaë နဲ့
ချစ်ကျွမ်းဝင်သွားစေဖို့ နတ်ဘုရားတွေရဲ့ တန်ခိုးနဲ့ ဖန်ဆင်းခဲ့ကြတယ်။ ဒီလိုနဲ့ပဲ လူသားနဲ့ သတ္တဝါကြီးတို့ ချစ်ကျွမ်းဝင်ရာကနေ လူတပိုင်း/နွားရိုင်းတပိုင်း သတ္တဝါကြီး Minotaur ကိုမွေးဖွားလာခဲ့တာပေါ့ကွယ် ....
သာမာန်မဟုတ်တဲ့ စွမ်းအားနဲ့ ပုံသဏ္ဍန် ရှိတဲ့ Minotaur က အန္တရာယ်ဖြစ်စေမှာက တကြောင်း၊ Minotaur ရဲ့တည်ရှိမှုက အပြစ်ပေးခံရခြင်းကနေ လာတာက တစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် Minos က ဝင်္ကပါ တခုကို တည်ဆောက်စေခဲ့ပြီး Minotaur ကိုချုပ်ထားခဲ့ပါတယ်။ ဒါဟာ ဘုရင် Minos ရဲ့ အာဏာ ပါဝါကို ပိုကြီးစေဖို့ Minotaur ကို လက်နက်တခုအနေနဲ့ အသုံးချခြင်းလည်း ဖြစ်ပါတယ်။
တဖက်မှာလည်း အေသင်မြို့ နဲ့ Crete ကျွန်း တို့ကြားက တင်းမာမှုကို ဖြေလျော့ပေးတဲ့အနေနဲ့ ရှင်ဘုရင် Minos က အေသင်မြို့ကနေ ယောက်ျားလေး ၇ ယောက်နဲ့ မိန်းမပျို ၇ ယောက်တို့ကို (၉)နှစ်တခါ Minotaur ဆီကို ယဇ်ယူဇော်စေဖို့ ဖိအားပေးခဲ့ပါတယ်။
ဒီလိုနဲ့ (၃) ကြိမ်မြောက် ပို့ဆောင်ရမယ့်အချိန်မှာ အေသင်မြို့ရဲ့ သူရဲကောင်း Theseus ဟာ စတေးခံယဇ်ကောင်အနေနဲ့ Crete ကိုလာရောက်ခဲ့ပြီး ဘုရင် Minos ရဲ့ သမီးတော် Ariadne ရဲ့အကူအညီနဲ့ Minotaur ကို အနိုင်ယူတိုက်ခိုက်ကာ အေသင်မြို့သူ၊မြို့သားတွေအတွက် အတင်းအကျပ်ဖိအားပေးခံရတဲ့ အစဥ်အလာကို နိဂုံးချုပ်ခဲ့ပါတယ်။
ဒီအောင်နိုင်ခြင်းအဖြစ်အပျက်ကို ကိုယ်စားပြုတဲ့အနေနဲ့ လူတပိုင်း/နွားရိုင်းတပိုင်း သတ္တဝါကြီး Minotaur ကို ကောင်းကင်မှာ မသေမျိုး အဖြစ် ထားလိုက်ရာကနေ ယနေ့ ကျွန်တော်တို့သိကြတဲ့ Ta**us ရာသီခွင်ကြယ်စု ဖြစ်တည်လာတာ ဖြစ်ပါတယ်။
Ta**us ရာသီခွင်နိမိတ်အောက်မှာ မွေးဖွားသူတွေဟာ လက်တွေ့ကျသူ၊ သစ္စာရှိသူတွေဖြစ်ကြပါတယ်။ Ta**us ရာသီခွင်ရဲ့ ကံကောင်းစေတဲ့ပန်းဟာ ချစ်ခြင်းမေတ္တာ၊ အလှတရား၊ ခွန်အား စတာတွေကို တင်စားတဲ့ "နှင်းဆီပန်း" ပဲဖြစ်ပါတယ်။
ယခုအပတ် MyanThai e-ticket ပေါ်က လာဘ်ကောင်ဖြစ်တဲ့ နွားရိုင်းကြီးနဲ့ နှင်းဆီပန်း အကြောင်းက ဒီလောက်ပါပဲ။ ☺️
**us #လိုရာအိပ်မက်MyanThaiနဲ့မက်