17/08/2026
🧐အစစအရာရာ သေချာစီစဉ်ထားပါလျက်နဲ့ Audio Error တက်ခဲ့တဲ့တစ်နေ့ပေါ့ 🎙️❌
မမျှော်လင့်ထားတဲ့အခြေအနေတွေ ဖြစ်လာတဲ့အခါ ပွဲမပျက်အောင် စိတ်အေးအေးနဲ့ မှန်ကန်စွာဖြေရှင်းပေးနိုင်ဖို့က Event Management Team တစ်ခုရဲ့ တာဝန်ဖြစ်တယ်လို့ Paradise က ယုံကြည်ထားပါတယ်💯
ဒါပေမဲ့ Event ဆိုတာ နတ်ကြီးတယ်လို့ဘဲတင်စားရမလား❓❓
Event တစ်ခုကို စီစဉ်တဲ့အခါ Venue ကနေ Stage, Sound, Lighting, Program, Guest Flow အထိဖြစ်နိုင်သမျှ အရာအားလုံးကို ကြိုတင်စဉ်းစားပြီး Plan ချထားကြပါတယ်✅
👉🏻ဒါပေမယ့် အစစအရာရာကို ဘယ်လောက်ပဲ သေချာစီစဉ်ထားပါစေ
Event တစ်ခုမှာ အရာအားလုံးကို 100% ကြိုတင်ခန့်မှန်းထားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။❌
👉🏻တစ်ခါတလေ ကိုယ်မျှော်လင့်ထားတဲ့အရာတွေထက်
မမျှော်လင့်ထားတဲ့အရာတစ်ခုကပဲ Event Team ရဲ့ တကယ့်အရည်အချင်းကို စမ်းသပ်လာတတ်ပါတယ်။
-------------------------
Paradise Mangement Team Member တွေအားလုံး လိုအပ်တဲ့ Check list တွေစစ်ဆေးပြီးချိန်
Stage Ready.✅
Technical Ready.✅
Artist Ready.✅
Audience Ready.✅
Event စဖို့ အားလုံး အဆင်သင့်ဖြစ်နေပြီ✅
Event Time ရောက်လာတာနဲ့ Artist တွေ Stage ပေါ်မှာ နေရာယူပြီး Program ကို စတင်လိုက်ပါတယ်။
Facebook Live Streaming ကိုလည်း စတင်လွှင့်လိုက်ပြီ✨
🤩အားလုံးက Plan အတိုင်းပါပဲ...
🧐အဲ့ဒီအချိန်မှာပဲ
“Facebook Live Stream မှာ Audio Signal မလာတော့ဘူး…”🎙️⁉️
Technical Team ဆီက အဲ့ဒီစကားကြားလိုက်ရတဲ့အချိန်မှာ
စက္ကန့်တိုင်းက အရေးကြီးနေတဲ့အချိန်ပါ။⏱️❕
Event Team တစ်ခုအတွက် ဒီစကားက
ပွဲမစခင် ကြားရတာနဲ့ Event Run နေချိန်မှာ ကြားရတာ မတူပါဘူး။
ဖြစ်နေတဲ့အချိန် Artist က Stage ပေါ်မှာ ရှိနေပြီ။❗️
Audience တွေကလည်း အဆင်သင့်ဖြစ်နေပြီ။❗️
Program ကလည်း စနေပြီ။❗️
Facebook Live ကလည်း လွှင့်နေပြီ။❗️
အဲ့ဒီအချိန်မှာ ပထမဆုံးလုပ်ခဲ့တာက ပွဲကို ရပ်ပစ်မလိုက်ဘဲနဲ့ Client နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အခြေအနေကို ချက်ချင်းအသိပေးပြီး၊
Main Event ကို မထိခိုက်စေဖို့ Event Flow ကို ပုံမှန်အတိုင်း ဆက် Run ခဲ့ပါတယ်။✅
Stage ပေါ်မှာတော့ ပွဲက ပုံမှန်အတိုင်းပါပဲ။✨
👉🏻အောက်မှာတော့ Technical Team က Live Streaming Audio ကို သီးသန့် Troubleshoot လုပ်နေပါတယ်။
Audio မရတဲ့ Facebook live stream မှာ Title Annimation Video နဲ့အစားထိုးထားခဲ့ပါတယ်
တစ်ဖက်က Event ကို ဆက်ထိန်းထားရင်း တစ်ဖက်က Problem ကို အမြန်ဆုံး ရှာဖွေဖြေရှင်းနေခဲ့တာပါ။✨
ကျွန်တော်တို့ နောက်ဆုံးမှာ ပြဿနာရဲ့အကြောင်းရင်းကို တွေ့ခဲ့ပါတယ်🧐❕
Live Streaming အတွက် လိုအပ်တဲ့ Audio Signal ကို Cable တစ်ချောင်းက မပို့နိုင်တာ ဖြစ်နေခဲ့တာပါ။❌
အချိန်ဆွဲမနေဘဲ Cable ကို ချက်ချင်းအစားထိုးပြီး လိုအပ်တဲ့ Audio Setting တွေကို ပြန်လည်ချိန်ညှိခဲ့ပါတယ်။✨
အချိန်ပိုင်း ခဏ ( ၅) မိနစ်ခန့်အတွင်း Audio ပြန်ရခဲ့ပါတယ်။🤩✅
Live Stream က ပုံမှန်ပြန်ဖြစ်သွားတဲ့အချိန်မှာတော့ Stage ပေါ်က Event Flow ကလည်း မပျက်ခဲ့ဘူး။✅
Guest တွေအနေနဲ့လည်း Technical
Issue တစ်ခုဖြစ်တယ်လို့ ခံစားလိုက်ရတာမျိုး မရှိခဲ့ပါဘူး။✅
နောက်ကွယ်မှာတော့ Team တစ်ဖွဲ့က Problem ကို အမြန်ဆုံး ဖြေရှင်းနေခဲ့ပါတယ်။✨
အဲ့ဒီနေ့မှာ ကျွန်တော်တို့ Paradise Team အနေနဲ့ သဘောပေါက်ခဲ့တာက Event တစ်ခုရဲ့ အောင်မြင်မှုကို “ဘာ Error မှ မဖြစ်ခဲ့ဘူး” ဆိုတာနဲ့ပဲ တိုင်းတာလို့မရပါဘူး။❌
တစ်ခါတလေ Error တစ်ခု ဖြစ်လာနိုင်ပါတယ်။
အရေးကြီးတာက Error ဖြစ်လာတဲ့အချိန်မှာ Event ကို ဘယ်လောက်တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့လဲ၊
Problem ကို ဘယ်လောက်မြန်မြန် ဖြေရှင်းနိုင်ခဲ့လဲ၊❔
ပြီးတော့ အဲ့ဒီအခက်အခဲကို Guest တွေ မခံစားရအောင် ဘယ်လောက်ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့လဲ ဆိုတာပါ။✨
Event ဆိုတာ နတ်ကြီးတယ်လို့ပဲ တင်စားရမလားဆိုတဲ့စကားရဲ့အဖြေက.. ❔❔
နတ်ကြီးတာ ဖြစ်နိုင်ပါတယ်👏🏻
ဒါပေမယ့် Professional Event Management Team တစ်ခုရှိရင်
မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်လာတဲ့အခါမှာတောင်
Event ကို “မပျက်အောင်” ထိန်းထားနိုင်ပါတယ်ဆိုတာပါပဲ။ 👏🏻✨
Error ဖြစ်လာတာကို ကြိုတင်တားဆီးလို့မရနိုင်ပေမယ့်
Error ကြောင့် ပွဲမပျက်အောင်တော့ Paradise က ထိန်းထားပေးနိုင်ပါတယ်🤩✅
လူကြီးမင်းတို့ရဲ့ Event တိုင်း အတွက် “Plan B” ထက်ပိုတဲ့ Professional Team တစ်ခုကို
စိတ်ချယုံကြည်စွာ အပ်နှံချင်တယ်ဆိုရင် Paradise Event Management Team ကို အချိန်မရွေး ဆက်သွယ်တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။🥰✨
☎️ 09-797739123 / 09-765017218
📧 [email protected]
📍 65th (A) Street, Between 101st × 102nd Street, Chan Mya Tharzi Township, Mandalay.