Nway Oo Kapyar - Kapyar Phat Yin Hlu

Nway Oo Kapyar - Kapyar Phat Yin Hlu The crush project မှာပါဝင်ပြီး crush အတွက် surprise တိုက?

01/04/2022
31/03/2022
30/03/2022

အချိန်နှောင်းရင်ဖြစ်လာမဲ့အခြေအနေတွေကအားလုံးဂွမ်းမယ်နော သက်ဆိုင်ရာလူကြီးမင်းများ...
**********
***************
KNU နဲ့ PDF အင်အားကို စစ်ကောင်စီက ထိုးခွဲဖို့ပြင်နေတယ်လို့ KNU ဆို

ကရင်ပြည်နယ် အတွင်းစစ်ကောင်စီတပ်တွေ တပ်အင်အားအလုံးအရင်းတိုးချဲ့လာတာဟာ KNU နဲ့ PDF ကို ထိုးခွဲချင်တာဖြစ်တယ်လို့ KNU နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ ပဒိုစောတာနီက ပြောလိုက်ပါတယ်။

ဒီလို ထိုးခွဲလိုက်ရင် PDF အနေနဲ့ ရပ်တည်လို့ရတော့မဟုတ်သလို တခြားဒေသတွေက PDF တွေနဲ့ ချိတ်ဆက်ဖို့ခက်ခဲ သွားလိမ့်မယ်လို့ စစ်ကောင်စီကတွက်ဆထားတယ်လို့ ပဒိုစောတာနီက ပြောပါတယ်။

နောက်တစ်ချက်အနေနဲ့စစ်အင်အားအလုံးအရင်းနဲ့ KNU ကိုဖိအားပေးလိုက်ရင် ဒေသခံလူထုဟာ စစ်ဘေးရှောင်ရတာ ၊ ဒုက္ခသည်တွေဖြစ်လာပြီး နောက်ဆုံးမှာတော့ KNUအနေနဲ့ အပတ်ခတ်ရပ်ရေးလုပ်ရမယ်လို့ စစ်ကောင်စီဘက်ကတွက်ကိန်းချထားပုံရတဲ့အကြောင်း ပဒိုစောတာနီက ဆိုပါတယ်။

စစ်အင်အားအလုံးအရင်းနဲ့ ဖိအားပေးလာသလို တဖက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာတဲ့အကြောင်း ပဒိုစောတာနီက ပြောပါတယ်။

ဒါဟာ မီးစတဖက် ရေမှုတ်တဖက်ဖြစ်ပြီး အပစ်ရပ်ရေးလုပ်ကာ KNU ကို ထိန်းထားချင်ပုံရတယ်လို့လည်းပြောပါတယ်။

" အဲဒီနည်းနဲ့ ကျွန်တော်တို့ ကို ထိန်းထားလိုက်ပြီးတော့ အသာလေးခွေထားလိုက်မယ်" လို့ စစ်ကောင်စီရဲ့ခြေလှမ်း ကို ပဒိုစောတာနီက သုံးသပ်ပါတယ်။

KNU အနေနဲ့ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ ပဒိုစောတာနီက ဆက်ပြောပါတယ်။

လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာ KNU တပ်မဟာ ၆ နယ်မြေထဲကို စစ်အင်အားတိုးချဲ့နေတာပါ။

ဒီလို တိုးချဲ့ရာမှာလည်း အရပ်ဘက်ကားတွေကိုအသုံးချတာကြောင့် အာရှလမ်းမကြီး မှာ ယာဉ်သွားယာဉ်လာတွေကို KNU က ယာယီပိတ်ပင်ထားရပါတယ်။

ဒါဟာ စစ်ရေးအရ ယာယီလုပ်ဆောင်ရတာဖြစ်လို့ လူထုအနေနဲ့ ပူးပေါင်းပေးကြဖို့ကိုလည်း KNU က ဆိုထားပါတယ်။

"လိုအပ်တဲ့အခါမှာပဲ တောင်းဆိုတာပါ ကျန်တဲ့အချိန်မှာ ကျွန်တော်တို့မလုပ်ချင်ပါဘူး" လို့ ပဒိုစောတာနီက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတွေရဲ့ တပ်စခန်းတွေကို KNU နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအရှင်ဖမ်းမိတာတွေရှိနေပါတယ်။

ထိုင်းဘက်ကနေစခကားတွေဝင်ပြီ.ရှေ့နောက်ညှပ်ပြီး KNU နဲ့ PDFကိုတိုက်မဲ့အခြေအနေတွေချိုးလာပြီ၊ အင်အားအလုံးရင်းဖြည့်နေတာလည်းသိနေရတယ်...

ပြည်သူအထိနာမှာစိုးလို့ပြင်ဆင်နေတာကပြည်သူကုန်အောင်လုပ်နေသလိုဘဲ (အဲလိုပြောတော့ ဒလန်လား???ပြောကြလိမ့်မယ်)၊အခုစမအလဟာအကွက်စုံနဲ့ ဘာကိုမှ ဂရုမစိုက်ရဲတင်းစွာရှေ့တိုးလုပ်နေတာအားလုံးသိကြတယ်၊ ပတ်ဝန်းကျင်နိုင်ငံဟူသမျှကလည်းပြိုကျနေတဲ့နိုင်ငံကိုအချိန်အမျိုးမျိုးဆွဲပေးပြီး မြန်မာပျောက်အောင်ဝိုင်းကြိုးစားနေတာဘဲ...

အခြေအနေတွေကိုအမြန်ဆောင်ရွက်သင့်ပါပြီ၊နိုင်ငံရေးအောင်မြင်အောင်ဆောင်ရွက်သူတွေလုပ်ဆောင်ပေးနေတာလည်းသိတယ်၊ အဲဒီလိုလေးနဲ့ နိုင်ငံကိုကယ်နိုင်မှာမဟုတ်ဘူး၊ပျောက်သွားမှာတော့ကျိန်းသေတယ်၊တိုက်မှရမဲ့အရေး,ပြည်သူမကုန်မဲ့အရေးဘဲ...

ပြည်သူမကုန် နိုင်ငံမပျောက်ဖို့ အားလုံးအစွမ်းကုန်ကြိုးစားအားထုတ်ကြပါစို့.ပြည်သူ, PDF ,UG, EAOsအပေါင်းတို့ရေ...

မှန်ကန်သူ
30.3.22

22/03/2022

"ဘုရားနဲ့တော့ စကားပြောဖို့လိုပြီ"

ကျည်ဆံတွေမှာ ပန်းပွင့်အောင် လုပ်မပေးနိူင်လည်း
အိမ်ရှေ့သစ်ပင်မှာသာ
ကျည်ဆံတွေ သီးအောင် ဖန်ဆင်းပေးတော်မူပါ

ငြိမ်းချမ်းရေးအတွက် ထွန်ယက်ထားပေမယ့်
သွေးတွေချည်း လောင်းနေရတယ်
ပေါင်းမြက်ကို ရှင်းရမယ်ဆိုလည်း
လုံလောက်တဲ့လက်နက်တော့ ပေးသင့်တယ် မဟုတ်လား

ငြင်းဆန်ခွင့်မရှိတဲ့စစ်ဆိုလည်း
မတီးဖြစ်တဲ့ဂီတာကို
သေနတ်တစ်လက် ဖြစ်အောင်လုပ်ပေးပါ

တချို့တွေ အမြင့်ကြီးမှာ ပွင့်ဖို့
တချို့တွေ အောက်ဆုံးကို ခုန်ချခိုင်းနေတယ်
မှားနေတာ တစ်ခုမကတော့ဘူး
တစ်ခုခုတော့ လုပ်ဦး

ကြည့်မကောင်းတဲ့ပွဲ
လူစားလဲသင့်နေပါပြီ
နောက်ဆုံးမှာ ဓမ္မက နိူင်မှာပဲဆိုပြီး
အဓမ္မတွေ လူချကစားနေတာ
ကြည့်လို့ကောင်းပါသလား

ဘုရားတွေအချင်းချင်းတွေ့တော့
ဘာစကားတွေပြောဖြစ်လဲဘုရား
အချိန်ရရင် အိမ်ဘက်ဝင်ပါဦး
လျှောက်ထားစရာဟာ ရင်နဲ့မမျှတော့လို့။

21/03/2022

သြဇီကိုသွားမလား။
လေတပ်လား၊ ကြည်းတပ်လား။
အောက်မှာဖတ်၊ ပုံမှာကြည့် ။

Way to Australia!

Fighter pilots တွေ ဗုံးမကျဲဘဲ
Australia ကို မောင်းပါ။
မလုပ်ခင် မိသားစုကိုတနေရာရှောင်ခိုင်းထား။
နိုင်ငံသား ခိုလှုံ ခွင့်ယူပါ။
A-380 မောင်းတဲ့ သင်တန်းတက်ပြီးရင် တနှစ် USဒေါ်လာ 337000 $ ရပါတယ်။
ဒေါ်လာပေါက်ဈေးနဲ့ဆို တနစ် သိန်း၆၀၀၀!!!
မိသားစုပါ ခေါ်လို့ရပါတယ်။
သိက္ခာရှိတဲ့မိသားစုတွေအဖြစ်နေသွားနိုင်တယ်။

Aircraft Maintenance Engineer တွေလည်း
အလုပ်ကောင်းကောင်းရနိုင်ပါတယ်။
Airforce က လေယာဉ်ပျံနဲ့ ပါတ်သက်တဲ့
အလုပ်တွေ လခ ကောင်းတယ်။
လေယာဉ်ပျံပါ ယူခဲ့ရင် ပို ကောင်းတယ်။
ဗုံးကျဲပြီးကိုယ့်လူမျိုး ကိုယ်သတ်မဲ့အစား
နိုင်ငံခြားထွက် A-380 pilot လုပ်။

Entry requirements
valid CPL with ATPL frozen.
valid ME IR or Type rating.
valid Medical Class I.
fluent English.
500 hours as pilot.
300 hours on EASA / FAR25 aircraft.
200 hours experience as airline, corporate or military transport pilot.

Governmentက သင်တန်းတွေအတွက် ပိုက်ဆံပေးတယ်။
အလုပ်ရတော့မှ အခွန် ထဲက ပြန်ပေးရတယ်။
CPL ပဲ ရဖို့အရင်ကြိုးစားရမယ်။
CPL က 18 months စာအချိန်ပိုင်းသင်။
ကျောင်းတက်ချိန် အစိုးရက ကြွေးထားလိမ်မယ်။

MIG 29 Take off weight က Max:18000kg.
EASA Take off weight ထက် ပိုများတယ်။
MIG29 range က 1500km.
မြန်မာ to Australia က 6629 km.
Australia ထိ မရောက်နိုင်။
ယိုးဒယား /တရုတ် မှာ Crash landing ဖြစ်နိုင်တယ်။

Range ရောက်မယ့် လေယာဉ်ပျံပါ ယူခဲ့။
Win win solution.
လူတွေလဲဗုံးကျဲလို့ မသေ။
ကိုယ်မိသားစု လည်း သူဌေးဖြစ်။

Crd:

ဝယ်ကြပါအုံး
17/03/2022

ဝယ်ကြပါအုံး

Address

83 Street 34 35
Mandalay

Website

Alerts

Be the first to know and let us send you an email when Nway Oo Kapyar - Kapyar Phat Yin Hlu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share