Flavor

Flavor surprise bouquets � , surprise gift … �

14/02/2024
အလုပ်တစ်ဖက်နဲ့ ဝါသနာကြား လွန်ဆွဲမရတဲ့အဆုံးလုပ်နိုင်သလောက်လေး ဒီနေ့ order လေး တစ်ဖြတ် 🤩
14/02/2024

အလုပ်တစ်ဖက်နဲ့ ဝါသနာကြား လွန်ဆွဲမရတဲ့အဆုံး
လုပ်နိုင်သလောက်လေး
ဒီနေ့ order လေး တစ်ဖြတ် 🤩

အဖြူရောင်စာရွက်လေးနဲ့ အနီရဲရဲနှင်းဆီ ၂၄ ပွင့်🌹👸🏻နန်းဆန်တဲ့အလှတရားတွေနဲ့ ပြီးပြည့်စုံနေတဲ့ နှင်းဆီ ၂၄ ပွင့်နဲ့ထုပ်ထားတဲ့ပ...
14/02/2024

အဖြူရောင်စာရွက်လေးနဲ့ အနီရဲရဲနှင်းဆီ ၂၄ ပွင့်🌹

👸🏻နန်းဆန်တဲ့အလှတရားတွေနဲ့ ပြီးပြည့်စုံနေတဲ့ နှင်းဆီ ၂၄ ပွင့်နဲ့ထုပ်ထားတဲ့ပန်းစည်းပါရှင် 🥰

နှင်းဆီ ၂၄ ပွင့် အဓိပ္ပါယ်လေးက ... 🌹🌹
⏰အချိန်တိုင်းသတိရလွမ်းနေတယ် လို့ အဓိပ္ပါယ်ရပါတယ်

ကောင်မလေးသာ ဒီအဓိပ္ပါယ်လေးသိရင် ဘယ်လောက်တောင်ကြွေသွားမလဲနော် 🍃🍂🍃🍂🪹🍂🍃🍂🥰

အဲ့လိုမျိုးလာအပ်လို့ကတော့ မင်မင်က လုံးဝကို အတိအကျပဲ ၂၄ ပွင့်ကို ဇာလေးတွေထပ်ပြီး ရှယ်လှလှလေးစည်းပေးလိုက်တာပေါ့🥰

သေချာချင်ရင် Flavor ကိုလာနော်

ဒီအကောင့်ပိုင်ရှင်လေးက Surprise box & rose bouquet လေး ရထားပါတယ်ရှင်🥰ပုံလေးတွေပို့ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😍💝...
14/02/2024

ဒီအကောင့်ပိုင်ရှင်လေးက Surprise box & rose bouquet လေး ရထားပါတယ်ရှင်🥰

ပုံလေးတွေပို့ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😍

💝Happy Valentine's Day ပါ ကလေးရေ တဲ့💖

You are my Sunshine
You are my Queen ပါပဲတဲ့ 💌

👩🏻‍🦰အရမ်းလှတဲ့ကောင်မလေးအတွက် crown လေးပါတဲ့အပြင် နှင်းဆီပန်း ပန်းနုရောင်လေးကို စာရွက်ပန်းနုရောင်လေးနဲ့ ဇာပါးလေးရောစပ်ပြီးထုပ်ပေးထားပါတယ်💓

အဝေးကနေ ယုံကြည်စွာမှာယူပေးတဲ့ မောင်လေးရေ ကျေးဇူးပါနော် 🙏🏻☺️

13 ရက်နေ့ နေ့လည် V day မတိုင်ခင်တစ်ရက် အကြိုပေးပို့လိုက်တဲ့ Rose & Chocolate bouquet လေးပါ🥰🥰  🌹🍫
14/02/2024

13 ရက်နေ့ နေ့လည် V day မတိုင်ခင်တစ်ရက် အကြိုပေးပို့လိုက်တဲ့ Rose & Chocolate bouquet လေးပါ
🥰🥰 🌹🍫

အဖြူရောင်ကြိုက်တဲ့မောင်လေးရေ အမြဲတမ်းယုံကြည်စွာမှာယူပေးလို့ ကျေးဇူးတင်ပါတယ်နော် 🥰💁🏻‍♀️14 ရက်နေ့မှဆို လူရှုပ်လို့တဲ့13 ရက...
14/02/2024

အဖြူရောင်ကြိုက်တဲ့မောင်လေးရေ အမြဲတမ်းယုံကြည်စွာမှာယူပေးလို့ ကျေးဇူးတင်ပါတယ်နော်
🥰

💁🏻‍♀️14 ရက်နေ့မှဆို လူရှုပ်လို့တဲ့

13 ရက်နေ့မနက်အစော ပို့ပေးလိုက်ရတဲ့ အဖြူရောင်ပန်းစည်းလေး 😍

Baby's Breath အဖြူလေးကို နှင်းဆီအဖြူ ၁၁ ပွင့်နဲ့ စည်းထားပါတယ်

နှင်းဆီ ၁၁ ပွင့်ရဲ့အဓိပ္ပါယ်လေးက မင်းကိုဒီကမ္ဘာမှာအချစ်ဆုံးပဲတဲ့

💁🏻‍♀️ကဲ ဘယ်လောက်တောင် တိကျလိုက်လဲမေး

ချစ်တာတောင် အသေအချာ အတိအကျ သပ်သပ်ရပ်ရပ်ချစ်တတ်လိုက်လေခြင်းနော်

တကယ် idea လေးမိုက်တယ် 🤩

💜🪴🪴🪴🌳🌳🌳💜
11/02/2024

💜🪴🪴🪴🌳🌳🌳💜

"ဖေဖော်ဝါရီအမီ ပန်းပင်စိုက်ပါ"
ဒီစကားလေးပါ ...
ဟာသအဖြစ်ပြောတဲ့စကားလေးပေါ့။
ချစ်သူမရှိတဲ့မိန်းကလေးတွေ ဖေဖော်ဝါရီမှာ ပန်းတွေရချင်ရင် အခုကတည်းက စိုက်ဖို့ပါတဲ့။

ချစ်ပေးမယ့်သူတွေမရှိလို့မဟုတ်ပေမယ့် ကျွန်မကတော့ ကိုယ်လိုချင်တဲ့ပန်းတွေအတွက် ကိုယ်တိုင် စိုက်ပျိုးခဲ့ပါတယ်။

ဇန်နဝါရီလဆန်းမှာ နှင်းဆီပင်စိုက်ဖို့အတွက် ကျွန်မ ပန်းအိုး၊ မြေဆွေး၊ ပျိုးပင်တွေ စုဆောင်းရတယ်။
အားလုံးထည့်စိုက်ပြီးပေမယ့် အပင်မရှင်သန်မှာစိုးလို့ ကျွန်မစိုးရိမ်ပူပန်ခဲ့ရသေးတယ်။
ရေလောင်းရတယ်၊ လုံလောက်တဲ့နေရောင်မှာ ထားရတယ်၊ သူ့အတွက်လိုအပ်တဲ့ ဖြည့်စွက်စာကျွေးဖို့တောင် သေချာလေ့လာခဲ့ရတယ်ပေါ့။

ပထမဆုံး သူအတက်လေးတွေ စထွက်တော့ ကျေနပ်ပျော်ရွှင်ခဲ့ရတယ်။ အရွက်စိမ်းတွေ ထွက်လာတော့ရောပဲ။
ပန်းဖူးလေးစဖူးတော့ ရင်ခုန်ခဲ့ရသလို။
ပန်းပွင့်လေးပွင့်လာတဲ့နေ့ကတော့ မပြောပါနဲ့တော့။ တစ်နေ့လုံး တစိမ့်စိမ့်ကြည့်ရင်းကို ပြုံးနေမိတာ။

ဒီပန်းပွင့်လေးဟာ ကျွန်မအတွက် စပရိုက်အဖြစ်ရောက်လာတာ မဟုတ်ပေမယ့် ကျွန်မကိုယ်တိုင် လိုလိုချင်ချင်နဲ့ သေသေချာချာပြုစုပျိုးထောင်ပြီး ရလာတဲ့ လက်ဆောင်လေးပါ။ လက်ဆောင်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့စိတ်လေးကလည်း တကယ့်ပီတိပါပဲ။

ဟုတ်ပါတယ်။ ပန်းတွေ စပရိုက်လက်ဆောင်ရတဲ့ အမျိုးသမီးလေးတွေဟာ တကယ့်ကို အားကျစရာပါပဲ။
အဲ့သည်လိုပဲ ပန်းတွေကို ကိုယ်တိုင်ပျိုး‌ထောင်နိုင်တဲ့ အမျိုးသမီးကလည်း သူ့ဘဝမှာ တကယ့်ကို ပျော်ရွှင်နေပါလိမ့်မယ်။

ချစ်သော အမျိုးသမီးလေးများသို့ ...
💌💌💌
~M00N~

#ကိုယ်တိုင်ရေးစာစု

Address

41 Street
Mandalay

Alerts

Be the first to know and let us send you an email when Flavor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category