CusCus

CusCus Floral service,gift&book shop💕

Ltnsပါ ကာကာလေးတို့ရေCus Cusလေး ပြန်လာပြီနော် ဘယ်လို promotion လေးတွေနဲ့ပြန်လာမလဲဆိုတာ စောင့်ကြည့်ပေးပါဦး ကာကာလေးတို့ရေ❤️...
28/02/2025

Ltnsပါ ကာကာလေးတို့ရေ
Cus Cusလေး ပြန်လာပြီနော်
ဘယ်လို promotion လေးတွေနဲ့ပြန်လာမလဲဆိုတာ စောင့်ကြည့်ပေးပါဦး ကာကာလေးတို့ရေ❤️❤️

10/02/2025

Vdayနားနီးလာပြီဆိုတော့ ချစ်ရသူတွက် Chocolate လေးတွေမှာလို့ရပြီနော်❤️
ပထမဆုံးဝယ်တဲ့ customer (10)ဦးကို mini ပန်းစည်းလေးတွေပါ မေတ္တာလက်ဆောင်ထည့်ပေးဦးမှာနော်


03/08/2024

တော်ရုံတန်ရုံ တံခါးပေါက်ကိုလည်း
အသည်းအနာခံ၍ မခေါက်တော့ပါ ။

-ကြည်ဇော်အေး

01/08/2024

လွမ်းကြည့်တာက လှမ်းကြည့်တာထက်
မြန်ဆန်လွန်းတဲ့ ယာဉ်
သံယောဇဉ်ကို
ဘယ်ငှက်လေးနဲ့ ကိုယ်စားပြုမလဲ။

-ဝင်းမြင့်

10/06/2024

ကိုယ်တိုင်တောင်မပြည့်ပဲ ငါတို့က
တခြားသူတွေကို ဖြည့်ခဲ့ကြတယ်
ကိုယ့်ဒုက္ခကိုမကြည့်ပဲ
တစ်ဖက်သားမပြေလည်မှာပဲ စိုးရိမ်ခဲ့ကြတယ်
အနစ်နာခံခြင်း ငဲ့ညာခြင်းတွေကို
လွယ်လွယ်ကူကူပဲ ချစ်ခြင်းမေတ္တာလို့
ခေါင်းစဉ်တပ်ကြတယ်
ဒီလိုနဲ့ပဲ
ဒဏ်ရာတွေနဲ့ ပြေးလို့မောတော့မှ
ကိုယ့်ကိုယ်ကို ချစ်ဖို့သတိရတယ်

-ကမ်း ဝေး အိမ်

24/05/2024

တချိန်ကျ
ပြန်ဝေးသွားလိမ့်မယ် ဆိုတဲ့
အကြောက်တရားက
သရဲလိုစီးနေတော့
ဘာကိုမှ
မစတင်ဖြစ်တာကြာခဲ့ပြီ
တကယ်တော့
တစ်စုံတစ်ယောက်ကို
ချစ်ရတယ်ဆိုတာ
အမှောင်ထဲ
လမ်းလျှောက်ရသလိုပါပဲ
ကျတော်တို့အတွက်
အလင်းရောင်ဆိုတာ
အခွင့်အရေးနည်းပါတယ်...။

-နွေသစ်ငြိမ်း

16/05/2024

လူအများ အလကားနီးနီးရသော
အရာကိုမျှ ငါတိုက်ယူခဲ့ရပါတယ် ။

-အောင်ချိမ့်

14/05/2024

တစ်ဘဝစာ
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံတင်‌လေးပါပဲ
ဒီအပြင် ဘာမှမပိုခဲ့ဘူး

-မင်းခိုက်စိုးစန်

11/05/2024

ဘာတစ်ခုမှ မရှိတော့တဲ့မေလမှာ
နောက်ထပ်ဘာမဆိုပေးလိုက်ရပြန်တဲ့မေလမှာ
အဆင်မ​ပြေမှု့တွေ
အစီစဥ်ကျနလွန်းတဲ့မေလမှာ
အလကားရတဲ့ညနေခင်းကတောင်
မထီမဲ့မြင်ပြုခံရသူမေလမှာ
ဒုက္ခတွေအဆုပ်လိုက်အဆုပ်လိုက်
ပွင့်အားကောင်းလှတဲ့မေလမှာ။ ။

-မောင်ချောနွယ်

04/05/2024

အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို မင်းရယ်မယ်
အလ‌ကားနေ
ဘယ်သူမှ အဝေးကိုငေးနေမှာမဟုတ်ဘူး။

-ခင်ဇော်မြင့်

24/04/2024

အဆင်ပြေချင်ဆုံးသူနဲ့
အဆင်မပြေဖြစ်ရတဲ့ ငရဲဟာ
လိုတာထက်ကို ပူပါတယ်။

-မြတ်ခိုင်

13/04/2024

သူဟာ ကျွန်တော်နဲ့ဝေးဖို့
ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး
ထင်ပါတယ်

- စစ်ငြိမ်း

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when CusCus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category