GDS Travels & Tours

GDS Travels & Tours GDS Travels is operating as a full-service Travel Agency especially arranging Inbound and Outbound package tours. Tour Agency

Covid-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသော ခရီးသည်များ ၂၀၂၂ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ စင်ကာပူနိုင်ငံသို့ ဆိုက်...
27/03/2022

Covid-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသော ခရီးသည်များ ၂၀၂၂ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် Entry Approval ပြသရန် နှင့် Quarantine ဝင်ရန် မလိုတော့ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

သတိပြုရန်
◾ခရီးစဉ်ထွက်ခွာချိန်မတိုင်မှီ (၂)ရက်အတွင်း စစ်ဆေးထားသော PCR (သို့) ART test result ပြသ ရပါမည်။
◾ခရီးစဉ်ထွက်ခွာချိန်မတိုင်မှီ (၃)ရက်အတွင်း Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard အား online မှတစ်ဆင့် ဖြည့်ပေးရပါမည်။
◾မြန်မာနိုင်ငံမှ အခြားနိုင်ငံသို့သွားရောက်မည့်ခရီးသည်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သက်မှတ်ချက်များ ကိုအတိအကျလိုက်နာဆောင်ရွက်ရန် အသိပေးအပ်ပါသည်။

အသေးစိတ်အချက်အလက်များကို အောက်ပါသက်ဆိုင်ရာ Link များတွင် ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်။
◾Accepted COVID-19 Vaccinations and Vaccination Certificates: https://safetravel.ica.gov.sg/health/vtsg
◾Vaccinated Travelers and Non-Fully Vaccinated Children: https://safetravel.ica.gov.sg/.../genera.../fully-vaccinated
◾Non-Fully Vaccinated Travelers: https://safetravel.ica.gov.sg/.../non-fully-vaccinated
◾Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard
◾Vaccination Check Portal (VCP): https://eservices.ica.gov.sg/STO1/VCP
◾Recovered Traveler Checker: https://go.gov.sg/recovered-traveller-checker

[English]

Effective 31 March 2022, 2359hrs (Singapore time), all fully-vaccinated travelers can enter Singapore quarantine-free.

Note:
◾PCR, professionally-administered ART, or ART supervised by licensed Singapore providers (including remotely supervised) within 2 days before departure is required.
◾Mandatory to submit Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard before entering Singapore; can submit within 3 days before arrival.
◾Passengers are required to provide the required documents and abide the Covid-19 Restrictions by the respective country.

More information can be found in these links:
◾Accepted COVID-19 Vaccinations and Vaccination Certificates: https://safetravel.ica.gov.sg/health/vtsg
◾Vaccinated Travelers and Non-Fully Vaccinated Children: https://safetravel.ica.gov.sg/.../genera.../fully-vaccinated
◾Non-Fully Vaccinated Travelers: https://safetravel.ica.gov.sg/.../non-fully-vaccinated
◾Singapore Arrival Card (SGAC): https://eservices.ica.gov.sg/sgarrivalcard
◾Vaccination Check Portal (VCP): https://eservices.ica.gov.sg/STO1/VCP
◾Recovered Traveler Checker: https://go.gov.sg/recovered-traveller-checker

ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ နောက်ဆုံးရ ထုတ်ပြန်ကြေညာချက်အရ ပြည်တွင်းခရီးသွားလာရာတွင် ခရီးသည်များအနေဖြင့် COVID-19 ကာကွယ...
25/11/2021

ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ နောက်ဆုံးရ ထုတ်ပြန်ကြေညာချက်အရ ပြည်တွင်းခရီးသွားလာရာတွင် ခရီးသည်များအနေဖြင့် COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး အနည်းဆုံး (၁၄) ရက်ပြည့်မြောက်ပြီးဖြစ်ပါက Rapid Antigen Diagnostic (RDT) Test ထပ်မံစစ်ဆေးရန် မလိုအပ်တော့ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ထား၀ယ်၊ မြိတ်၊ ကော့သောင်းနှင့် ကလေးမှ ထွက်ခွာမည့် ခရီးသည်များအတွက် - ခရီးသည်များအနေဖြင့် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း RDT test kit ဖြင့် စစ်ဆေးထားသည့် COVID-19 ကင်းစင်ကြောင်းထောက်ခံစာ ပါရှိရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန (MOH) မှထုတ်ပြန်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် COVID-19 စစ်ဆေးနိုင်မည့် နေရာများကို ပုံတွင်ပါသည့် ကြေညာစာများမှတဆင့် ကြည့်ရှုဆောင်ရွက်နိုင်ပါသည်။
ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

⚠️အရေးပေါ်လိုနေသူပတွက်ပါ⚠️Oxygen Concentrator KooFire ( dual flow) 10 liter medical grade*******************************...
03/08/2021

⚠️အရေးပေါ်လိုနေသူပတွက်ပါ⚠️

Oxygen Concentrator KooFire ( dual flow) 10 liter medical grade
**********************************************

🏷_20 သိန်းတိတိ

🌿🌿 #လှူဒါန်း လိုသူများအထူးစီစဉ်ပေးပါမည် 🙏🙏🙏

🌿🌿 ညဘက်များအရေးတကြီးလိုပါက Curfew အချိန်မှလွဲ၍ Store ဖွင့်ကူညီရောင်းပေးပါ့မည် 🙏🙏🙏

🌿🌿 German Branded Medical Grade ! Hospital သုံး! EU ရှိဆေးရုံများတွင်သုံးသော !

Brand

🌿🌿 German Technology ဖြင့် German Import Compressor ဖြင့်ထုတ်လုပ်၍ အသံထူးခြားစွာငြိမ်ပါသည် !

🌿🌿 USA imported molecular sieve နှင့် filter ကိုအသုံးပြုထားပါသည် !

🌿🌿 တောင့်တင်းခိုင်မာသော Body နှင့် Touch Screen type ဖြစ်ပါသည် !!!

✅✅✅ EU Medical Certified ဖြစ်ပါသည် !
EU နိုင်ငံများတွင် အသုံးပြုပါသည် !

လက်ရှိရန်ကုန် ဆေးရုံများမှ အများဆုံးမှာ ယူနေကြပါသည် !

🗝_1 year warranty

10 litre ! Dual Flow ! Both have full 10 litre flow !
level 10 အထိဖွင့်ပါကလည်း 93+ Concentration ရပါသည် !

☎️ 0️⃣9️⃣4️⃣5️⃣6️⃣0️⃣8️⃣2️⃣9️⃣7️⃣0️⃣ သို့ဆက်သွယ်ဝယ်ယူနိုင်ပါပြီ !

🚗🚙 ရန်ကုန် မြို့တွင်း အိမ်အရောက်ပို့ !





ပြည်တွင်းခရီးသွားလာခြင်းဆိုင်ရာ COVID-19 Simplified Travel Policy===================================ယခုကာလအတွင်း Air KBZ...
21/12/2020

ပြည်တွင်းခရီးသွားလာခြင်းဆိုင်ရာ COVID-19 Simplified Travel Policy
===================================

ယခုကာလအတွင်း Air KBZ လေကြောင်းလိုင်းဖြင့် ခရီးသွားလာကြမည့် ခရီးသည်များအနက် လက်မှတ်ဝယ်ယူပြီး COVID RDT TEST POSITIVE ရလာဒ်ထွက်သော ခရီးသည်များအနေဖြင့် Simplified Travel Policy အရ အောက်ပါရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၁။ ခရီးစဉ်ပြေးဆွဲသည့်ရက်များသို့ ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့တစ်ကြိမ် ရက်အပြောင်းအလဲပြုလုပ်ပေးပါမည်။

၂။ ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးပါမည်။

*Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ပါသည်။

ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် တိုင်းနှင့်ပြည်နယ်၏ သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များ၊ လေယာဉ်စီးနင်းရန် စာရင်းသွင်းစဉ်ကာလအတွင်း ခရီးသွားရာဇဝင်ပုံစံအားပြည့်စုံမှန်ကန်စွာဖြည့်စွက်ခြင်းနှင့် ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျ လိုက်နာကျင့်သုံးကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

ခရီးသည်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) နှင့် ဒေသဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းလိုအပ်သည့်အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျ လိုက်နာဆောင်ရွက်ကြပါရန်နှင့် လေဆိပ် check-in ကောင်တာနှင့် ဆိုက်ရောက်ရာဒေသများတွင်ပြသရန် လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း စစ်ဆေးထားသော COVID RDT Test Result ပါရှိရမည်ဖြစ်ကြောင်းလေးနက်စွာအသိပေးအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒေသအာဏာပိုင်များမှထုတ်ပြန်ထားသော ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ၊ ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်သော သတ်မှတ်ပြဌာန်းနေရာလမ်းညွှန်မှုများကို ပူးတွဲပါ link များမှတစ်ဆင့်ဖတ်ရှုနိုင်ပါကြောင်းနှင့် တိကျစွာလိုက်နာပေးပါရန်ပြန်ကြားအပ်ပါသည်။

ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။






☎️ 09 4560 829 70

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲရာ တွင် လေကြောင်းလိုင်း၀န်ထမ်းများ၊ လေဆိပ်၀န်ထမ်းများနှင့် လေယာဉ်စီ...
14/12/2020

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲရာ တွင် လေကြောင်းလိုင်း၀န်ထမ်းများ၊ လေဆိပ်၀န်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures-SOP) (Version 2.1)

🌏ကမ္ဘာလှည့် နှင့် ခါးပိုက်နှိုက်ရန်💸များမကြာမီ ကာကွယ်​ဆေးများ ထွက်ရှိကာ ခရီးသွား လုပ်ငန်း များ ပြန်လည် လည်ပတ်လာနိုင်ပါတယ...
12/12/2020

🌏ကမ္ဘာလှည့် နှင့် ခါးပိုက်နှိုက်ရန်

💸များမကြာမီ ကာကွယ်​ဆေးများ ထွက်ရှိကာ ခရီးသွား လုပ်ငန်း များ ပြန်လည် လည်ပတ်လာနိုင်ပါတယ်
မိတ်​ဆွေတို့တ​တွေ သတိမထားမိတဲ့ အချက်​တွေ​ကြောင့် ခရီးသွားရင်း ခါးပိုက်နှိုက်ခံ ရမှု​တွေ ကြုံဖူးသူ​တွေလဲ ရှိမှာပါ
ခရီးသွားရင် ပိုက်ဆံ အိတ်ကို မိမိ ရင်အုပ်မကွာ စောင့်​​ရှောက်ရမဲ့အပြင် ငွေများအား ခွဲထည့်သင့်ပါတယ်

💸Luggage ထဲမှာတန်ဖိုးကြီး ပစ္စည်းများလုံးဝမထည့်ထားသင့်ပါ ရတနာများ လုံးဝ သယ်​ဆောင်မသွားသင့်ပါ

💸ဝါရင့်ဧည့်လမ်း ညွှန်ဖြင့် အတူလည်ပတ်ပါက
သူတို့ရဲ့ သိန်းငှက်တ​ကောင်ကဲ့သို့ ရဲရင့်လျှင်မြန်​သော အ​တွေ့အကြုံ များ ကြောင့်
သင့်ကို တချိန်လုံး သတိ​ပေး​နေမှာပါ

💸သို့​သော် တခါတရံ ယုံကြည်လွယ်လွန်းတဲ့ ကျွန်​တော်တို့ မြန်မာလူမျိုး​တွေအတွက် ဥ​ရောပသား လူလည် ဂျပိုးတို့ရဲ့ မာယာ လှည့်ကွက်ထဲ အေး​ဆေးစွာ ရောက်ရှိနိုင်ပါတယ်
အာရှ နိုင်ငံ တချို့ မှာ ခါးပိုက်နှိုက်များဟာ စျေး နားတဝိုက် အများဆုံး​တွေ့ရှိရတက်ပါတယ်

💸ဘယ်နိုင်ငံဘဲ ရောက်​ရောက် ခါးပိုက်နှိုက်များဟာ စျေးဝယ်​နေတဲ့ ခရီးသွားဧည့်သည်များ လည်း​ကောင်းတို့ ငွေရှင်း​နေချိန် ပိုက်ဆံအိတ် အဖွင့်ကို သေချာ​စောင့် ကြည့်​နေတက်ပီး ငွေပမာဏများသူ ဆီ ခါးပိုက်နှိုက်အဖွဲ့များ အချင်းချင်း သူတို့ သင်​ကေတ ဖြင့် အချက်ပြကာ ခါးပိုက်နှိုက်ယူ​လေ့ရှိပါတယ်

💸ဥ​ရောပနိုင်ငံ တချို့မှာ​တော့ နေရာ အနှံ့ မှာ ခါးပိုက်နှိုက်များရှိ​နေတက်တာပါ
များ​သောအားဖြင့် ကြုံ​တွေ့တက်ရတဲ့ အချက်က​လေးများ သတိပြု​စေရန် ပြန်လည်မျှ​ဝေပါမယ်

💸အဓိက ကျက်စားတဲ့​နေရာများက​တော့ ဧည့်သည် အများဆုံးလာ​ရောက်လည်ပတ်တဲ့ Effiel မျှော်စင် တဝိုက် နာမည်ကြီး ပြတိုက်များ အနီး ရေပန်းဝန်းကျင် နဲ့ Souvenir ဆိုင်နားတဝိုက်မှာ တွေ့ရှိရတက်ပါတယ်

💸အသက်အရွယ် ၁၈ နှစ်မပြည့်​သော လူငယ် ခါးပိုက်နှိုက်များ အများဆုံး လှုပ်ရှားကြတာကို​တွေ့ရှိရပါတယ် သက်မပြည့် သခိုး​လေးမျာမို့ ရဲများကလဲ ဖမ်းမိရင် ပြန်လွှတ်​ပေးကြတာများပါတယ် ဒီလိုနဲ့ သံသရာလည်

💸တချို့ လူငယ် အဖွဲ့များ က​တော့ သင့်အား ဓါတ်ပုံ အတူ ရိုက်ချင်ပါသည်ဟု ဖိတ်​ခေါ်ကာ ဖိတ်​ခေါ်ခံရသူ အေးရှန်းသည် ဘိုထင်ကြီး​ရောဂါ အခံရှိကာ ဂွင်ထဲ​ရောက်သွားပီး ဘိုလူလိမ်သခိုး ဂျပိုး​လေးများက ခင်မင်​အောင် မိတ်ဖွဲ့ စကားများ​ရေပက်မဝင် ဖောင်ဖွဲ့​ပြောဆိုချိန် သေချာပါတယ် သင့်ပိုက်ဆံအိတ် ပါသွားပီ

💸စပိန်မှာအများဆုံးက​တော့ မျက်လှည့် ခါးပိုက်နှိုက်ပါ သင့် ကို လူတ​ယောက်က မျက်လှည့် ပြသလိုလို လာလုပ်ပြ​နေရင် သေချာပါတယ် အိတ်ကို ကျစ်ကျစ်ပါ​အောင် ဖတ်ထား​ပေ​တော့ သူ့ကို အားမနာပါနဲ့ သခိုးရန်​ကြောက်ပါတယ်ဆိုတဲ့ ဟန်သာပြပါ

💸ဒါ့​ကြောင် နိုင်ငံကြီး​တွေမှာ ရှိတဲ့ လူသား​တွေဟာ တဦးနဲ့ တဦး လုံးဝမသိပါက အေးစက်စက် အပြုအမူရှိ​နေတက်ကြတာပါ

💸ယ​နေ့​​ခေတ်မှာ​တော့ ငွေသား အများကြီး လက်ဝယ် ကိုင်​ဆောင်မထားဘဲ လိုအပ်မှသာ ATM မှ ငွေထုတ်ယူပါတယ် ဒါဟာလဲ နိုင်ငံတကာခါးပိုက်နှိုက်များရဲ့ ခွင်​ကောင်းတခုပါ
ခရီးထွက်ချိန် ATM မှာ ငွေထုတ်ယူမည်ဆိုပါက မိမိ မိတ်​ဆွေများနှင့်အတူ သွားပါ လိုသ​လောက်ဘဲထုတ်ယူပါ လူအရမ်းများ တဲ့ ATM တွေမှာ ချောင်း​​နေတက်ကြပါတယ် ငွေ ဘ​လောက်ထုတ်​နေတယ်ဆိုတာကို ATM ထဲက မှန်​ရောင်ပြန်က​နေ ခိုးပြည့်​နေတက်ကြပါတယ်

💸တချို့က​တော့ လမ်း​ပျောက်​နေတဲ့ ဧည့်သည် ဟန်​ဆောင်တာပါ လမ်းညွှန်​မြေပုံ လက်ညှိုးထိုးပီး လာ​ပြောပါလိမ့်မယ် တခါတ​လေ လူ​တွေဟာ ဆရာအတင်ခံရရင် မာန်ခနတက်တက် ကြပါတယ် အဲ့ဒါ သူတို့ဂွင်ထဲ​ရောက်သွားတာပါ
ဘာဘဲဖြစ်ဖြစ် ခရီးထွက်ပါက မိမိ နှင့်အတူ ပါလာတဲ့ အဖွဲ့ သားများမှလွဲ ပြီး မည်သူ့ကိုမျှမယုံ ကြည်သင့်ပါ

💸အကြံပြု​ပေးပါရ​စေ ခရီးသွားမည်ဆိုပါက ဆောင်ရန် ရှောင်ရန်များစွာရှိသလို ယခုကဲ့သို့ ခါးပိုက်နှိုက်ရန် မှ ကြုံ​တွေ့နိုင်ပီး မိမိ Passport ပါဆုံးရှုံး နိုင်သည့်အတွက် မိမိ Email ထဲ သို့မဟုက် Phone Cloud ထဲသို့ Passport အပြင် Travel Documents များအား ဓါတ်ပုံရိုက်ကာသေချာသိမ်းထား​စေလိုပါတယ်

💸Passports ပုံ (၅) ပုံ​နဲ့ Print Documents များကိုလဲ Luggage အကြီးကြီးထဲ တ​နေရာ ထည့်သွား​စေချင်ပါတယ် ( Luggage လိုက်ကြီး တောင် ဟိုတယ်ထဲ အထိ လာခိုးတဲ့ သခိုး​တေရှိလို့ တည်းခိုမဲ့ အခန်းထဲ မ​ရောက်မခြင်း စိတ်မချရ)

💸လုံခြုံပီး ခလုပ်မထိ ဆူးမညိ တဲ့ ခရီးစဥ်တခု ဖြစ်​စေရန် အလို့ငှာ ဖြစ်​လေ့ရှိတဲ့ အ​ကြောင်းအရာများကို ပြန်လည်မျှ​ဝေလိုက်ပါတယ်

🧳HAVE A SAFE JOURNEY SOON

🙊ချစ်ဖြိုး​လေး (ပါ​လေရာဧည့်လမ်းညွှန်)

29/10/2020

💚 ကြည်နူးပျော်ရွှင်စရာသီတင်းကျွတ်အခါသမယမှာ Covid-19 ကြောင့် အပြင်မထွက်ရပေမယ့် Stay at Home ဆိုတော့ အိမ်မှာဘဲ ချစ်ရသော မိသားစု မောင်နှမတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ GDS Travel အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန် Air KBZ အနေဖြင့် လက်ရှိပျံသန်းပြေးဆွဲနေသော ပြ...
27/10/2020

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန် Air KBZ အနေဖြင့် လက်ရှိပျံသန်းပြေးဆွဲနေသော ပြည်တွင်းခရီးစဉ်များအား ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ပျံသန်းပြေးဆွဲခြင်းအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ အဆိုပါ ကန့်သတ်ကာလအတွင်းခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအနေဖြင့် အောက်ပါ (Simplified Travel Policy) ပုံတွင်ဖော်ပြထားသည့် ရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။


Address

18(C), 1st Floor, Padamyar Street
Kamayut
11042

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:00

Telephone

+959456082970

Alerts

Be the first to know and let us send you an email when GDS Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GDS Travels & Tours:

Shortcuts

Share