11/01/2026
သိပ္ပံကိုချစ်သော ကြယ်တွေကိုချစ်သော သူတွေအတွက် မြိုပြရဲ့ ရှုပ်ထွေးမှုတွေ၊ စိတ်ဖိစီးမှုတွေကနေ ဝေးရာကို ခဏတာ ထွက်ခွာလာခဲ့နိုင်ဖို့ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာ ကြယ်ကြည့်ပွဲလေး တစ်ခု စီစဉ်ထားကြောင်း လက်တို့ပေးချင်ပါတယ် ✨🔭
ရန်ကုန်နားမှာပွဲမလုပ်ဘူးလားလို့ မေးကြသူတွေအတွက်အထူးအစီအစဉ်ပေါ့နော်... 😉
Valentine’s Day လည်း ဖြစ်တာကြောင့် ကိုယ့်ချစ်သူနဲ့ အတူတူ အမှတ်တရအချိန်လေးတွေကို ဖန်တီးနိုင်ဖို့အတွက် အချိန်ကောင်းပဲနော်... (ချစ်သူဆိုတာ ကိုယ့် ရည်းစားမှ မဟုတ်ဘူးနော် ကိုယ့် မေမေ၊ ဖေဖေ၊ မောင်နှမတွေ၊ သူငယ်ချင်းတွေ... ကိုယ်ချစ်ရသူတွေအားလုံးက ကိုယ့်ချစ်သူပေါ့ 😉)
📆 ရက်စွဲလေးကတော့ ဖေဖော်ဝါရီလ ၁၃ ရက် နဲ့ ၁၄ ရက် (Valentine's Day) နေ့တွေမှာဖြစ်ပြီးတော့ ရန်ကုန်မြို့ အပြင်ဖက်နားမှာ ရှိတဲ့ Nature Land Camping & Glamping Site မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အခြားဘယ်မှာမှ မရနိုင်ဘဲ ဒီပွဲလေးမှာသာ ရနိုင်တဲ့ experience တွေကိုလည်း ပြောပြမယ်နော်...
🪐IAU (International Astronomical Union) ရဲ့ အသိအမှတ်ပြု ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံရဲ့ Dark Skies Ambassador ကိုယ်တိုင် ဦးစီးပြီး နက္ခတ္တဗေဒ ဗဟုသုတတွေကို သိပ္ပံနည်းကျ မျှဝေပေးသွားမှာပါ။
🔭 အဆင့်မြင့် Telescope အဝေးကြည့်မှန်ပြောင်းတွေနဲ့ နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေကို အနီးကပ် မြင်တွေ့ရမယ့် စိတ်လှုပ်ရှားစရာ အစီအစဉ်။
🧩 ကလေးငယ်တွေအတွက်လည်း အာကာသသိပ္ပံကို စိတ်ဝင်စားလာစေမယ့် ပဟေဠိအဖြေညှိ ပျော်စရာအစီအစဉ်တွေ ပါဝင်ပါတယ်။
🎦 ညဖက် အာကာသသိပ္ပံရုပ်ရှင် တစ်ခု ကို Projector နဲ့ တူတူကြည့်ပြီး Outdoor Movie Experience ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါတွေအပြင် နေ့ခင်းဖက်မှာ Campsite မှာပါဝင်ပြီးသား activities များလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 🛶🚴🏼⛱️
ဝန်ဆောင်မှုတွေအနေနဲ့ကတော့
🚗 ရန်ကုန်မြို့ ဆုံမှတ်ကနေ Campsite အထိ အပို့အကြို ကား၊
⛺️ညဘက် အိပ်စက်နိုင်ဖို့ နွေးထွေးတဲ့ Tent များ၊
🍽️ ညနေစာ၊ နောက်နေ့ မနက်စာ နဲ့ ညလယ်ပိုင်း အအေးဒဏ်ကို အံတုဖို မီးပုံဘေးက ကော်ဖီပူပူလေးနဲ အဆာပြေစားစရာလေးတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီပွဲလေးကို MASES - Myanmar Astronomy & Science Enthusiasts Society က ဦးဆောင်ပြီး At Kalaw၊ Kha Yee Sin - ခရီးစဉ် နဲ့အတူ ပူးပေါင်းစီစဉ်ထားတာဖြစ်လို့ အသေးစိတ် သိရှိလိုရင်တော့ Page Chat Box ဒါမှမဟုတ် ဒီဖုန်းနံပတ်တွေကို 09-953303090၊ 09-5109622 ဆက်သွယ်မေးမြန်းလိုက်ပါနော်...